Advertise Here !



Mi5 သည် Xiaomi နောက်ဆုံးထုတ်ဖုန်းတစ်ခုဖြစ်ပြီး၊ ဈေးနှုန်းနှင့် Specification အသင့်တင့် အမျှတဆုံး ဖုန်းတစ်ခုဖြစ်ပါသည်။ ခုဖော်ပြပေးမှာကတော့ထဲက အမြင့်ဆုံး version ဖြစ်တဲ့ Mi5 Pro ကို ဘာကြောင့် ဝယ်သုံးသင့်တယ်ဆိုတဲ့ အချက်များကို ဖော်ပြပေးမှာဖြစ်ပါတယ်။
Xiaomi-Mi-5 (2)
အကောင်းမွန်ဆုံး Specification
Processor အနေနဲ့ Qualcomm Snapdragon 820 processor ကို အသုံးပြုထားပြီး on-board RAM 4GB အထိ ပါဝင်ပါတယ်။ Internal Storage အနေနှင့်လည်း 128GB အထိပါဝင်တာကြောင့် Android ဖုန်းများတွင် ဖြစ်လေ့ဖြစ်ထရှိသော Memory မလောက်သည့် ပြဿနာကို ကြုံတွေ့ရတော့မဟုတ်ပါဘူး။ ၄င်း Specification များမှာ Android စနစ်သုံးဖုန်းများတွင် အဆင့်အတန်း မြင့်မားသော ဖုန်း တစ်ခု ရပ်တည်နေနိုင်ပြီ ဖြစ်ကြောင်း သက်သေပြနေပြီ ဖြစ်ပါသည်။ အခြား ပါဝင်သော Specification များမှာလည်း အတော်အတန် မဟုတ်ပေ။ Battery အနေနှင့် 3,000mAh ပါဝင်ပါသည်။ ထို့ပြင် ရုပ်ထွက် 1.920 x 1,280 ထိ ရုပ်ထွက်ရှိသော 5.15 လက်မအရွယ် HD Display ပါဝင် ပါသေးသည်။ ရှေ့ Camera အနေနှင့် 16MP(16megapixel) ပါဝင်ပြီး၊ ရှေ့ Camera အနေဖြင့် Selfie ကောင်းကေငာ်း ရိုက်နိုင်ရန် လုံလောက်သော 4MP(4megapixel) Camera ပါရှိပါသည်။ Camera Sensor အနေနှင့်လည်း Sony Sensor ကို အသုံးပြုထားတာကြောင့် Mi5Pro Camera ရုပ်ထွက်မှာ iPhone 6s ရုပ်ထွက်ထပ်ပင် ပိုမို ကောင်းမွန်နေမှာ ပဲဖြစ်ပါတယ်။
Root လုပ်စရာမလိုပဲစိတ်ကြိုက် Customize ပြုလုပ်နိုင်ခြင်း
Xiaomi MI5 Pro ဟာလည်း အခြား နောက်ဆုံးထွက် ဖုန်းများကဲ့သို့ပင် Android 6.0 Marshmallow ကို အသုံးပြုထားပြီး၊ အခြား UI တွေထက် ပိုမို သာလွန်တဲ့ MIUI စနစ်ကို ထပ်မံ ထည့်ပေါင်းထားတာကြောင့် ပြောစရာမလိုလောက်အောင်ပင် စိတ်ကြိုက်ဖြစ်စေမှာဖြစ်ပါတယ်။ Mi5 တွင် မိမိ စိတ်ကြိုက် UI ပုံစံသို့ ရောက်သိအထိ အသေးစိတ်ပြင်ဆင် နိုင်စေ ရန် user interface customize option ပါ ဝင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ Mi5Pro အပြင်ပန်း Design နှင့် အတွင်းပို်င်း User Interface နှစ်မျိုးစလုံးမှာ တကယ့်ကို Classic ဆန်တဲ့ အထိအတွေ့ကို ခံစားရစေမှာပဲဖြစ်ပါတယ်။
Xiaomi-Mi-5 (3)
ဈေးနှုန်းသင့်တော်မှု
Android စနစ်အသုံးပြုသော ဖုန်းများမှာ နောက်ပိုင်းတွင် ဈေးနှုန်း မြင့်တက်လာမှု အမြောက်အမြားရှိလာသည်ကို တွေ့ရှိရပါသည်။ သို့သော် Xiaomi Mi5 မှာ မှု တကယ်ကို သင့်တင့်သော ဈေးနှုန်းဖြင့် ကောင်းမွန်သော ဖုန်းတစ်လုံးကို အသုံးပြုခွင့်ရရှိစေမှာဖြစ်ပါတယ်။ လက်ရှိတွင် Xiaomi Mi5 Pro Pre-Order ဈေးနှုန်းမှာ $539 မြန်မာငွေ ငါးသိန်းခွဲခန့်သာရှိပြီး ပါဝင်သော Specification များ အားလုံးနီးပါး တူညီသော Smasung Galaxy S7 ထက် ဈေးနှုန်းများစွာ သက်သာတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
လှပသော အပြင်အဆင်ရှိခြင်း
Xiaomi Mi5 Pro ၏ Pro Edition ကတော့ အလှပ ဆုံး လို့ ပဲပြောရမှာဖြစ်ပါတယ်။ Pro Edtion နောက်ကျောကို Mi Note Pro , Galaxy Note 5 တို့ကဲ့သို့ ခုံးထားပြီး ပြောင်လက်အောင်ပြုလုပ်ထားပေးတဲ့အတွက် ကောင်းမွန်လှပ တဲ့ Premium Feel ကို ခံစားရစေမှာဖြစ်ပြီး၊ လျှင်မြန်တဲ့ Finger Print System လည်း ပါဝင်တာကြောင့် တကယ်ကို ပြည့်စုံတဲ့ SmartPhone တစ်ခုလို့ တင်စားနိုင်တာပဲဖြစ်ပါတယ်။ ဖုန်း၏ နောက်ကျောဘက်တွင် Gorilla Glass 4 ကို အသုံးပြုထားတာကြောင့် ပွန်းရာ ခြစ်ရာ ထင်မည့် အန္တရာယ်မှလည်း ကာကွယ်ပြီးသား ဖြစ်သွားပါသည်။ ဖုန်း Design တစ်ခုလုံးမှာ အဆင့်အတန်း မြင့်မားတဲ့ ခံစားချက်ကို ခံစားစေမှာဖြစ်ပါတယ်။
AndroidPIT-Xiaomi-MI-5-PRO-5-w782
ထို့ကြောင့် စရိတ် နည်းနည်းနှင့် အကောင်းဆုံး အသွင်အပြင် ခံစားမှုတွေကို ခံစားလိုသူတွေအတွက်တော့ Xiaomi Mi5 ဟာ အကောင်းဆုံး ဖုန်းတစ်ခုပဲဖြစ်ပါတယ်။
-
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !