June 2016
Software Full Version Download and Tech News Update






Tool ရဲ့လုပ်ငန်းစဉ် Functionတွေကို Command အများကြီးနဲ့ ပေါင်းစပ်ပေးထားပါတယ်...။

ဒီ Batch Tool လေးကို Android ဖုန်းနှင့် PC ရှိသောသူတိုင်းအတွက်လည်း အသုံးဝင်နိုင်မှာသေချာပါတယ် ခင်ဗျာ...။

ဒီ Tool လေးနဲ့ ဘာတွေလုပ်နိုင်မှာလဲ?

ဟုတ်ကဲ့ ဘာတွေလုပ်နိုင်သလဲဆိုတော့ ပုံမှာပြထားခဲ့သည့်အတိုင်းအားလုံးသုံးလို့ရပါတယ်...။

နားမလည်သေးသောသူများအတွက် သူ့ရဲ့လုပ်ဆောင်ချက်တွေကို ရှင်းပြပေးမယ်နော်...။

ခေတ္တသည်းခံပြီး ဖတ်ကြည့်ပါ...။

-------------------------------------------------------------------------------------------------------------------------------

>>> ၁၅ စက္ကန့်အတွင်း မည့်သည့် Window အမျိုးအစားကိုမဆို Adb Driver သွင်းပေးနိုင်ပါတယ်...။

>>> Fastboot Devices သိမသိစစ်ပေးပါတယ်...။

>>> Adb Driver Installation... ပြီးနောက် Devices ကို Adb သိမသိစစ်ပေးနိုင်ပါတယ်...။

For Knowledge

-----------------

‪#‎Only_For_Beginner‬-( Adb နဲ့ဘာတွေလုပ်လို့ရလဲ...၊ ဘာတွေလုပ်လို့ရသလဲဆိုတော့ သင့်ရဲ့ Andoird Smart Phone ကို အမျိုးမျိုးသော Command များနဲ့ စိတ်ကြိုက် ပြုပြင်နိုင်ပါတယ်...။ အပြည့်အစုံသိချင်တယ်ဆိုရင်တော့... Myanmar Software Devloper တွေရေးသားခဲ့တဲ့... Adb Comadnd များအကြောင်းဆိုတဲ့ စာအုပ်လေးကို ရှာပြီး ဖတ်ကြည့်ပါ...။ များစွာအသိတို့ ရရှိလာပါလိမ့်မည်။ )

>>> မိမိ ဖုန်းအား Root ရှိမရှိ စမ်းသပ်နိုင်ပါတယ်...။

>>> Fastboot Mode အနေအထားသို့ လျှင်မြန်စွာပြောင်းပေးနိုင်ပါတယ်။

>>> Recover Mode အနေအထားသို့ လျှင်မြန်စွာပြောင်းပေးနိုင်ပါတယ်။

>>> Android အား PC ပေါ်မှ တိုက်ရိုက် Reboot တစ်နည်း Restart ချပေးနိုငပါတယ်...။ (မလှောင်ပြောင်ရ!)

>>> Android ဖုန်းတိုင်းအတွက်မြန်မာဖောင့်ကို မှန်ကန်စွာ သွင်းပေးနိုင်ပါတယ်...။ (Vs: 5.0 ထိ)

>>> မိမိဖုန်းအား Patterm Lock သို့မဟုတ် Face Lock ကိုဖြုတ်ပေးနိုင်ပါတယ်...။

မှတ်ချက် ၊ (Patterm Key ကို ဖြုတ်ပြီးချိန်တွင် သင့်ဖုန်းမှ Patterm Key မှာ ပျောက်သွားမည်မဟုတ်ပါ။ Reboot ပြန်တက်လာပြီးချိန်တွင် Screen ပေါ်မှ သင်ကြိုက်သလို 2 ခုဆွဲလိုက်မှသာ Unlock ဖြစ်သွားမှာပါနော...။)

>>> မိမိဖုန်းရဲ့ Password အားလွယ်ကူစွာဖြုတ်နိုင်ပါတယ်...။

>>> Google Setting မပါတဲ့ အချို့ဖုန်းတွေအတွက် Google Apps & Framwork များကိုသွင်းပေးနိုငပါတယ်။

( Only Supported Above 5.0)

>>> App Editor ( အဲ့ဒါကတော့ မိမိစိတ်ကြိုက် Application များကို ကိုယ်တိုင်ပြန်လည် Editor လုပ်နိုင်ပါတယ်...။

ဥပမာ- Eng လိုရေးသားတဲ့ Apps တွေကို Myanmar သို့ပြန်လည် ရေးသားပြီး ပြင်ဆင်နိုင်ပါတယ်..။)

လိုအပ်ချက် ၊ Java 8 Update 66 ကိုသွင်းထားပေးမှသာ အသုံးပြုနိုင်မှာပါ...။

>>> Wipe Data Formatting (အဲ့ဒါကတော့ မိမိဖုန်းတစ်လုံးလုံးအား User Data အားလုံးကို ဖျက်ပစ်တဲ့ဟာတွေပါ...။)

>>> မိမိရဲ့ PC နောက်ကွယ်မှာ Run နေတဲ့ မလိုလားအပ်တဲ့ File တွေကို ဖျက်ထုတ်ပေးမှာပါ...။

-------------------------------------------------------------------------------------------------------------------------------

2016 FRP LOCK


ဒီ Function ကိုတော့ GSM Team ကနေ ပြန်လည်ပြီးရယူထားတာပါ... ။

အဲ့တာကတော့ နအခုနာမည်ကြီးနေတဲ့ Lock တစ်မျိုးကို ဖြုတ်ပစ်ပေးနိုင်တယ်...။

FRP LOCK အသုံးပြုနည်း...။

------------------------------------

YU5010A နှင့် YU5010 FRP လမ်းညွှန်


C. ဆိုတာကိုမနှိပ်ခင် သင့်ရဲ့ Devices ကို Power Off လိုက်ပါ...။ ပြီးရင် Vol + Key ကိုနှိပ်ပြီး PC နှင့်ချိတ်ဆက်လိုက်ပါ။

ထို့နောက် C.ဆိုတာကို နှိပ်လိုက်ပါ။ ချတ်ဆက်မိမမိကို သူကပြပေးပါလိမ့်မည်။

ထို့နောက် R. ဆိုတာကိုနှိပ်ပေးလိုက်ပါခင်ဗျာ...။

YU471 Remove Guide:


သင့်ရဲ့ Devices ကို Fastboot Mode အနေအထားတွင်ထားပေးပါ။

ထို့နောက် PC နှင့်ချိတ်ဆက်ပြီး... Y. ဆိုသည်ကောင်ကို နှိပ်လိုက်ပါ။

Factory Mode Fix လမ်းညွှန်

သင့်ရဲ့ Devices ကို PC နှင့်ချိတ်ဆက်ပြီး ဆိုတာကိုနှိပ်ရင်ပြီးပါပြီ... ခင်ဗျာ...။



Credit GSM Helper Team

*Make your own risk Guy!

ဒီ Batch Tool လေးကိုရေးထားတဲ့အချိန်က ကွာ့ကိုယ်သုံးဖို့ပါ... ဒါပေမယ့် တစ်ကိုယ်ကောင်းဆန်ရာကျမည်စိုးသည့်အတွက်

ပြန်လည် Share ပေးလိုက်ရချင်းဖြစ်ပါတယ်...။

For Credit >>> ဒီထဲမှာ အသုံးပြုထားတဲ့တစ်ချို့ Command တွေအတွက် သက်ဆိုင်သူ ပညာရှင်များကို ကျွန်တော်ဒီနေရာကနေ Special Credit ပေးပါတယ်။



Tool Created By: CHAN MYAE MAUNG

Tool Version : Beta 2.1

File Size : 142 MB (များတယ်မထင်ပါနဲ့နော်... :p)

Tool Password : 21041997

( Link Traffic ဖြစ်သွားပါက... Pcloud Account ကြိုတင်အသစ်ဖွင့်ထားကြပါနော်... )

Save to pCloud ဆိုတာနျှိပ်ပြီးတော့လည်း သိမ်းထားနိုင်ပါတယ်နော်...

pCloud အကောင့်မဖွင့်တတ်သေးရင်အောက်က Link မှာဝင်ကြည့်နော်...။

=== > pCloud Account Registing


( :: DOWNLOAD :: )

Or

( :: DOWNLOAD ::)

Credit တစ်လုံးပေးဖို့ ဝန်မလေးဘူးဆိုရင် ကျွန်တော် ချမ်းမြေ့မောင်ကို ကျေနပ်အောင် တစ်ခုခုပေးခဲ့ဗျာ... :P

ပိုစ့်တင်သူ - ချမ်းမြေ့မောင်


Advertise Here !

Software Full Version Download and Tech News Update



၂၀၁၄ခုနှစ်တုန်းက အသုံးပြုသူအရေအတွက် သန်း ၃၀၀ ကနေ သန်း ၄၀၀ထိ တိုးတက်လာခဲ့တယ်ဆိုပြီး ယမန်နှစ်၊ စက်တင်ဘာလတုန်းက Instagram ဟာ ထုတ်ပြန်ကြေငြာခဲ့ဖူးပါတယ်။ အဲ့ဒီအချက်ကို ထုတ်ပြန်ပြီး ကိုးလအကြာ ယခုအခါမှာ Facebook ပိုင်ဆိုင်တဲ့ လူမှုကွန်ယက်ဟာ အသုံးပြုသူ သန်း ၅၀၀အထိ တိုးလာခဲ့ပါတယ်။

အဲ့ဒီအထဲက သန်း ၃၀၀ဟာ Instagram ကိုနေ့စဉ် အသုံးပြုလျက်ရှိနေတယ်လို့ ဆိုပါတယ်။ အသုံးပြုသူ အားလုံးရဲ့ ၈၀ရာခိုင်နှုန်းဟာ ယခုအချိန်မှာ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်ပကလူတွေဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာဆိုရင် Instagram ရဲ့ ဝန်ဆောင်မှုတွေ နိုင်ငံတကာထံ ရောက်ရှိမှုနှုန်းဟာ တဖြည်းဖြည်းနဲ့ ကြီးမားကျယ်ပြန့်လာတာလို့လည်း ဆိုလိုပါတယ်။

Facebook ရဲ့ လုပ်ဆောင်ချက်တွေဟာ တဖြည်းဖြည်းနဲ့ ကြီးမားကျယ်ပြန့်လာနေပြီး Instagram ဟာ သန်း ၄၀၀ကနေ ကိုးလအတွင်း သန်း ၅၀၀ ထိခုန်တက်သွားတာပါ။ အဲ့ဒီအပြင် Facebook ကိုယ်တိုင် အသုံးပြုသူအရေအတွက်ဟာ သန်း ၁၆၀၀ ကျော်ရှိပြီး၊ Facebook ပိုင်ဆိုင်တဲ့ WhatsApp ဟာလည်း အသုံးပြုသူ သန်း ၁၀၀၀ ကျော်သွားခဲ့ပါပြီ။ အဲ့ဒီအပြင် Messenger App ဟာလည်း အသုံးပြုသူ သန်း ၉၀၀ နီးပါးရှိနေပြီဖြစ်တယ်လို့ ဆိုပါတယ်။





( :: ပိုစ့်တင်သူ-ချမ်းမြေ့မောင် :: )

CHAN LAY (MCMM)

www.chanmyaemaung.net

Advertise Here !

Software Full Version Download and Tech News Update


အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲ သုံးစားမှုနဲ့ တရားမ၀င် aရာင်းဝယ်မှု တိုက်ဖျက်ရေး aန့မှာ တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ အမေရိကန် aဒ်ါလာ ၅၆.၃၁ သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါး aတွကို မီးရှို့ဖျက်ဆီး ခဲ့ပါတယ်။

မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီး တာကို ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တို့မှာ တပြိုက်နက်တည်း ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ မူးယစ်ဆေးဝါး အမေရိကန်ဒေါ်လာ ၁၉.၇၀ သန်းကျော်ဖိုး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်းမှာ မီးရှို့ဖျက်ဆီးခဲ့တဲ့ အရေအတွက်က အရင်နှစ်တွေထက် စံချိန်တင်များပြားခဲ့ပါတယ်။

ရန်ကုန်တိုင်းအတွင်း ဘိန်းဖြူ ၀.၄၉၅၇ ကီလို၊ စိတ်ကြွဆေး ၄ သန်း ၁ သိန်း ၁ သောင်း ၂ ထောင်၊ အိုက်စ်က ၁၄၃ ကီလို၊ ဆေးခြောက်က ၅၃ ကီလို၊ ဘိန်းစာမှုန့်က ၂၁၃ ကီလို၊ ဘိန်းစာရည် ၉၀ မီလီလီတာ၊ စိတ်ငြိမ်ဆေးပြား ၂၇ ပြားနဲ့ မူးယစ်ဆက်စပ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားကို လှိုင်သာယာမြို့နယ်မှာရှိတဲ့ ကုန်တင်ယာဉ်ရပ်နားကွင်းမှာပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့လည်း တက်ရောက်ခဲ့ပါတယ်။

မူးယစ်ဆေးဝါးဖမ်းဆီးရာမှာ ထူးခြားဖြစ်စဉ်အဖြစ် ရှာတွေ့ခဲ့တဲ့ ဇေကမ္ဘာဝင်းအတွင်းတွေ့ရှိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို ဒီကနေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနဲ့ တရားမဝင်တိုက်ဖျက်ရေးနေ့ မီးရှို့ဖျက်ဆီးတဲ့အထဲမှာ ပါဝင်ခြင်းမရှိဘူးလို့ တိုင်းရဲမှူးကြီးက ထုတ်ဖော်ပြောဆိုထားပါတယ်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအတွက် အရှိန်အဟုန်မြှင့် ဖမ်းဆီးရာမှာ ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း ၇၁၈ မှုကို ဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။

ထူးခြားဖြစ်စဉ်အဖြစ် ၂၀၁၅ ခုနှစ်အတွင်း မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းအတွင်း စိတ်ကြွရူးသွပ်ဆေး ၂၆.၇ သန်းကျော်ကို ဖမ်းဆီးမိရာကနေ ကွင်းဆက်ဖော်ထုတ်ချက်အရ ဒဂုံမြောက်၊ ဒဂုံအရှေ့၊ သာကေတ မြို့နယ်တွေအတွင်းမှာ စိတ်ကြွရူးသွပ်ဆေး စုစုပေါင်း ၃၄.၆သန်းကျော် ဖမ်းဆီးရမိခဲ့ပါတယ်။

၂၀၁၆ မတ်လအတွင်းမှာလည်း ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေက အမှုမပြီးပြတ်သေးတဲ့အတွက် ထည့်သွင်းမီးရှို့ခဲ့ခြင်းမပြုလုပ်ဘူးလို့သိရပါတယ်။ အစိုးရသစ်ရဲ့ ရက် ၁၀၀ အတွင်း ဒဂုံစီမံချက်နဲ့ မူးယစ်ဆေးဝါးအမှု ၂၄၃ မှုကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။


Originally published at - http://burmese.dvb.no/archives/156506


ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

Advertise Here !

Software Full Version Download and Tech News Update
အင်နီယာလိုင်စကူစကာ


အင်နီယာလိုင်စကူစကာအင်နီယာလိုင်စကူစကာ
အမျိုးသား ၁၀၀,၀၀၀ ဦးပြည့်အောင် ကာမစပ်ယှက်လိုသည့် အသက် ၂၁ နှစ်အရွယ် ပိုလန်သူက
၎င်း၏အစီအစဉ်အတွက် ဥရောပနိုင်ငံများ အပါအ၀င် ကမ္ဘာတစ်ဝှန်းသို့ ခရီးဆက်လိုကြောင်း အော်
စတေလီယန်တိုင်း သတင်းစာနှင့် တွေ့ဆုံစဉ် စက်တင်ဘာလ ၅ ရက်နေ့က ပြော ကြားခဲ့သည်။
အင်နီယာလိုင်စကူစကာ အမည်ရှိ အဆိုပါပိုလန်သူသည် ၎င်း၏ လိင်မာရသွန်ကို ယခုနှစ် ဇူလိုင်
လတွင် ပိုလန်နိုင်ငံ၌စတင်ခဲ့ပြီး အမျိုးသား ၂၈၄ ဦးနှင့်ကာမစပ်ယှက်ပြီး ဖြစ်သော်လည်း ပိုလန်နိုင်
ငံတွင် မိမိ၏ လိင်အလိုဆန္ဒကို မိမိစိတ်ကြိုက် ပြည့်ဝအောင်လုပ်ခြင်းကို ဖေါက်ပြန် သည့် အပြု
အမူဟု ယူဆဆဲဖြစ်သဖြင့် ၎င်း၏အစီအစဉ်အောင်မြင်အောင် လိင်ဆက်ဆံဖေါ်များ သတ်မှတ်
ကာလအတွင်း စဉ်ဆက်မပြတ် ရရှိနိုင်ရန် ပြည်ပသို့ ခရီးထွက်လိုခြင်း ဖြစ်ကြောင်း ပြောကြားခဲ့
သည်။
အမျိုးသား ၁၀၀,၀၀၀ ဦးနှင့်ကာမစပ်ယှက်ရာတွင် စုစုပေါင်း ကြာ မြင့်ချိန်ကို ၃၃,၀၀၀ နာရီနှင့်
ပြီးစီးအောင် ရည်မှန်းထားပြီး အမျိုးသား တစ်ဦးနှင့် စပ်ယှက်ချိန်မှာ ၂၀ မိနစ်ခန့်ဟု လိုင်စကူ
စကာက သတ်မှတ် ထားသည်။
"ကျွန်မပျော်ပျော်နေရတာ၊လိင်မှုကိစ္စနဲ့ အမျိုးသားတွေကို မြတ်နိုး တယ်။ ပိုလန်၊ဥရောပနဲ့
တစ်ကမ္ဘာလုံးက အမျိုးသားတွေကို ဒီကိစ္စ အတွက် အလိုရှိပါတယ်"ဟု လိုင်စကူစကာက
ပြောသည်။
လိုင်စကူစကာက ၎င်း၏အစီအစဉ်ကို စနေနှင့်တနင်္ဂနွေနေ့များတွင် သာ အကောင်အထည်ဖေါ်ပြီး
ထိုနှစ်ရက်တွင် အနည်းဆုံးအမျိုး သား ၁၄ ဦးနှင့် ကာမစပ်ကြောင်း သို့ရာတွင် ပိုလန်နိုင်ငံသူ အမျိုး
သမီးတို့၏ သက်တမ်းမှာ ပျှမ်းမျှ ၈၁ နှစ်ဖြစ်သောကြောင့် ၎င်း၏ ရည်မှန်းချက် ပြည့်ရန် တစ်ပတ်
လျှင် အနည်းဆုံး အမျိုးသား ၃၂ ဦးနှင့် စပ်ယှက်ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
လိုင်စကူစကာသည် ၎င်းအသက် ၈၁ နှစ်အထိ အသက်ရှည်နိုင်မည် ဆိုပါက နှစ် ၆၀ ခန့် နေရဦး
မည်ဖြစ်၍ ၎င်း၏ ရည်မှန်းချက် ပြည့်ဝရန် တစ်နှစ်တာကာလ ၃၆၅ ရက်အတွင်း အမျိုးသား ၁,၆၆၆
ဦးနှင့် ကာမစပ်ယှက်မည်ဟု ခန့်မှန်းထားသည်။

From ===> Austin


Credit To... (http://www.mmdailystar.com/2014/11/blog-post_99.html)

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

Advertise Here !

Software Full Version Download and Tech News Update









ဒုတိကမ္ဘာစစ်ကြီးအတွင်း လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်က မြန်မာနိုင်ငံကို ဖြတ်သန်းဖောက်လုပ်ခဲ့သော လမ်းမကြီးနှစ်ခုသည် ကမ္ဘာကျော် စစ်သုံးအဝေးပြေး လမ်းမကြီးများအဖြစ် ယနေ့တိုင်ထင်ရှားစွာ ရပ်တည်လျက်ရှိပေသည်။ တစ်ခုသော လမ်းမှာ မြန်မာလမ်းမကြီးဟု ထင်ရှားကျော်ကြားသည့် (Burma Road) အဝေးပြေးလမ်းမကြီးဖြစ်ပြီး ၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတို့ကို သွယ်တန်းလျက် တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်၊ကူမင်းနှင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်လားရှိုးမြို့တို့ကို ဆက်သွယ်ထားသည်။ ယင်းလမ်းမကြီးကို မြန်မာနိုင်ငံအား ဂျပန်တို့သိမ်းပိုက်ထားခဲ့စဉ်အချိန်က ဖောက်လုပ်ခဲ့သည်။
ဒုတိယလမ်းမှာ လီဒိုလမ်းမကြီးဟု ထင်ရှားပြီး အိန္ဒိယနိုင်ငံ အာသံပြည်နယ်နှင့် တရုတ်နိုင်ငံယူနန်ပြည်နယ်တို့ကို မြန်မာနိုင်ငံ ကချင်ပြည်နယ် ရှင်ဘွေယန်၊ မြစ်ကြီးနားနှင့် ဗန်းမော်မြို့များကို ဖြတ်သန်းဖောက်လုပ်ထားသည်။ အဆိုပါ လမ်းမကြီးများကို ယခုအခါတွင် အသုံးပြုခြင်း မရှိတော့သော်လည်း ဒုတိယကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့သော ဗျူဟာမြောက် လမ်းမကြီးများအဖြစ် သမိုင်းတွင်ရစ်ခဲ့ပေသည်။

မြန်မာလမ်းမ (Burma Road) သည် ၇၁၇ မိုင်ခန့်ရှည်လျားကာ ကြမ်းတမ်းသော တောင်စွယ်တောင်တန်းများကို ဖြတ်သန်းဖောက်လုပ်ထားသည်။ကူမင်းနှင့် မြန်မာနိုင်ငံနယ်စပ် လမ်းဖြတ်ပိုင်းကို ဒုတိယ တရုတ် ဂျပန်စစ်ပွဲ ကာလအတွင်း ၁၉၃၇ ခုနှစ်တွင် ၊မြန်မာ၊ တရုတ် လုပ်သားအင်အား နှစ်သိန်းကျော်ဖြင့် စတင်ဖောက်လုပ်ခဲ့ကာ ၁၉၃၈ ခုနှစ်တွင်ပြီးစီးခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်း ဗြိတိသျှတို့က တရုတ်နိုင်ငံသို့ စစ်ဘက်ထောက်ပံ့ရေးပစ္စည်းများကို ပို့ရာတွင် အဓိက အသုံးပြုခဲ့သည့် လမ်း တစ်ခုဖြစ်သည်။ ဂျပန်နှင့် ဗြိတိသျှတို့ စစ်မဖြစ်မီက ဗြိတိသျှတို့သည် မြန်မာလမ်းမကြီးကို အသုံးပြုကာတရုတ်နိုင်ငံသို့ ထောက်ပံ့ ရေးပစ္စည်းများ ပေးပို့ခဲ့ ရာတွင် ရန်ကုန်မှ လားရှိုးသို့ ထောက်ပံ့ရေးပစ္စည်းများကို ရထားဖြင့် သယ်ယူခဲ့ပြီး မြန်မာ လမ်းမကြီးမှ တစ်ဆင့် တရုတ်သို့ ပို့ဆောင်ပေးခဲ့သည်။ မဟာမိတ်တပ်များက ဂျပန်ကို ခုခံတိုက်ခိုက်နေသော ကူမင်တန် တရုတ်တပ်များ ထံသို့ မြန်မာလမ်းမကြီးကို အသုံးပြုကာ လက်နက် များ၊ ရိက္ခာများပေးပို့ခဲ့ခြင်းဖြစ်ပြီး၁၉၄၂ ခုနှစ် တွင် ဂျပန် တို့က မြန်မာ ပြည် ကို သိမ်းပိုက် လိုက်သောအခါတွင် လားရှိုး မြို့ မှ ကူမင်းမြို့အထိဖောက်လုပ်ထားသော မြန်မာလမ်းမ ကို ဂျပန်တို့က မဟာ မိတ်တပ်များဆက်လက် အသုံးမပြုနိုင်ရန် ဖြတ်တောက် လိုက်ကြသည်။
မြန်မာလမ်းမ လမ်းကြောင်း ပိတ်သွားချိန်တွင် မဟာမိတ်တို့အနေဖြင့်ကူမင်တန် တပ်များထံ အထောက် အပံ့များ ဆက်လက် ပေးပို့နိုင်ရန် လမ်းကြောင်းအသစ် တစ်ခု အလျင်အမြန်လိုအပ်လာခဲ့ပေသည်။ လမ်းအသစ်မရရှိသေးမီ ဗြိတိသျှ တို့သည် အမေရိကန် လေယာဉ် များဖြင့် အိန္ဒိယ မှတစ်ဆင့် ကချင် ပြည်နယ် မြောက်ဖျားပိုင်း ဒေသ၊ဆွမ်ဘရာဘွမ် အထက် ပိုင်း ကို ဖြတ်သန်း ကာ ကူမင်း သို့ စစ်လက်နက် ၊ ရိက္ခာများကို ဆက်လက် ပေးပို့ခဲ့ရသည်။
မြင့်မားသော ဟိမ၀န္တာ တောင်တန်းများ၏ ကြမ်းတမ်းသော ရာသီဥတု များကြောင့် အိန္ဒိယ မြန်မာ တရုတ် လေယာဉ် လမ်းကြောင်းသည် အလွန် အန္တရာယ် ကြီးမားခဲ့ ပြီး ပိုင်းလော့ များက The Hump ဟု ခေါ်ခဲ့ကြသည်။ ၁၉၄၂ – ၄၅ ခုနှစ် အတွင်း အမေရိကန် လေယာဉ် (၄၆) စင်း ပျက်ကျ ခဲ့ပြီး၊ စစ်သား (၇၉၂) ဦး အသက် ဆုံးရှုံး ခဲ့ရသည်။ထို့ကြောင့်ဗြိတိသျှတို့ သည် အမေရိကန်တို့ အကြံပြုသည့်အတိုင်း လီဒို လမ်းမကြီးကိုဖောက်လုပ်ခဲ့ခြင်းဖြစ်ပေသည်။လီဒို လမ်းမကြီးသည် အာသံပြည်နယ် လီဒိုနှင့် မြန်မာနိုင်ငံ မြစ်ကြီးနား ကို ဆက်သွယ်ကာ မြန်မာလမ်းမကြီးနှင့် ၀မ်ဒင်ဇမ် တွင် ပေါင်းဆုံထားသည်။

၁၉၄၅ ခုနှစ် မေ (၂၀) ရက်နေ့ တွင် လီဒို လမ်းကို တရားဝင် ဖွင့်လှစ် ခဲ့သည်။လီဒိုလမ်းမကြီးပေါ်မှ ပထမဆုံး ဖြတ်သန်း မောင်းနှင်လာသော ထရပ်ကားသည် တရုတ် ရှေ့တန်းနယ်မြေသို့ ၁၉၄၅ ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့တွင် ရောက်ရှိ ခဲ့သည်။
လီဒို လမ်းပြီးစီးပြီး နောက် ပထမ ဆုံး ထောက်ပံ့ ယာဉ်တန်း (၁၁၃) စင်းသည် လီဒို မြို့မှ ၁၉၄၅ ခုနှစ် ဇန်န၀ါရီ (၁၂) ရက် က စတင် ထွက်ခွာ လာခဲ့ကာတရုတ် ပြည် ကူမင်း မြို့သို့ဖေဖေါ်ဝါရီ (၄) ရက်နေ့တွင် ရောက်ရှိခဲ့ကြသည်။ လီဒို လမ်းမ ကြီး ကို ဖောက် လုပ်နိုင်ခဲ့သည့်အတွက် အနောက်ဘက် မဟာမိတ်နိုင်ငံများသည် တရုတ်ပြည်သို့ ထောက်ပံ့ရေး ပစ္စည်းများကိုပေးပို့ နိုင်ခဲ့ရာ လီဒိုလမ်း ကို အသုံးပြု ပြီး (၆) လ အတွင်း အထောက်ပံ့နှင့်ရိက္ခာ တန်ချိန် (၇၁၀၀၀) ကို တရုတ်ပြည် သို့ ပို့ဆောင် နိုင်ခဲ့ သည်။ ၁၉၄၅ ခုနှစ်တွင် တရုတ်ခေါင်းဆောင် ချန်ကေရှိတ်၏ တောင်းဆိုချက်အတိုင်း လီဒိုလမ်းမကြီး ကို ဦးစီးဖောက်လုပ် ခဲ့သူ အမေရိကန် ကြည်းတပ်ဗိုလ်ချုပ်ကြီး စတီးဝဲလ်ကို ဂုဏ်ပြုသော အားဖြင့် စတီးဝဲလ် လမ်းဟု အမည် ပြောင်းလဲ ခဲ့သည်။
မဟာဗျုဟာကျသော လီဒိုလမ်းမကြီးကို ဒုတိယ ကမ္ဘာစစ်အတွင်း တည်ဆောက်ခဲ့ရာတွင်လူပေါင်း ၆၃၀၀၀ နှင့် ငွေကြေး အမေရိကန်ဒေါ်လာ ၁၄၈ သန်း သုံးစွဲခဲ့သည်။ လမ်းမကြီး ကိုဖောက်လုပ်ခဲ့သောအမေရိကန်အင် ဂျင်နီယာများသည် သားရဲ တိရိစ္ဆာန် များ၊ ငှက်ဖျားရောဂါ၊ ရွံ့နွံအိုင်များပြည့်နှက်နေသောတောနက်ကြီးများကို ရင်ဆိုင် ကျော်လွှားခဲ့ရသည်။ အင်ဂျင်နီယာ များက အိန္ဒိယနိုင်ငံနယ် စပ်အနီး လီဒိုမြို့မှ ဟူးကောင်းတောင်ကြားမှ ပန်ဆောင်တောင်ကြားကို ဖြတ်ကာဗန်းမော်မှ တစ်ဆင့် တရုတ်နိုင်ငံဝမ်တိန်နှင့် ကူမင်းသို့ဖောက်လုပ်ခဲ့ကြသည်။အမေရိကန်တို့သည် အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာနိုင်ငံသား များနှင့် မြန်မာ နိုင်ငံမှ နာဂ၊ ကချင်၊ ရှမ်းတိုင်းရင်းသားများ၊ တရုတ်အလုပ် သမားများ စုစုပေါင်း အင်အား ၂၅ဝဝဝ ဖြင့် မိုင်တစ်ထောင်ကျော် အရှည် ရှိသော လမ်းမကြီးကို၂နှစ်ကြာ ဖောက်လုပ်ခဲ့ရသည်။ ၁၉၄၃ ခုနှစ်မှ အစပြုဖောက်လုပ်ခဲ့သော ထိုလမ်းမကြီးမှာ ၁၉၄၅ ခုနှစ်တွင် ပြီးဆုံးခဲ့သည်။

လီဒိုလမ်းမကြီးကိုတရုတ်၊အိန္ဒိယ၊ဗြိတိသျှ တပ်များ စစ်လက်နက်၊ရိက္ခာသယ်ယူပို့  ဆောင်ရေးအတွက် အသုံးပြုခဲ့ကြပြီး လီဒိုလမ်းမ တည်ဆောက်စဉ်အမေရိကန်စစ်သား ၁၁၀၀ကျော် နှင့် ထောင်ပေါင်းများစွာသော ဒေသခံတို့သေဆုံးခဲ့ကြသည်။ မဟာမိတ်တို့ ၏ စစ်ဗျုဟာအရ ဖောက်ခဲ့သောလမ်းဖြစ်သောကြောင့် ဗိုလ်ချုပ်ကြီး စတီးဝဲလ်နှင့် စစ်အင်ဂျင်နီယာများ ခက်ခက် ခဲခဲ ဖောက်ခဲ့ကြရသည်။စစ်တိုက်ရင်း ခက်ခဲစွာ ဖောက်ခဲ့ရသောလမ်းဖြစ်သောကြောင့် လီဒိုလမ်းမကြီးကို စစ်တိုက်ရင်းလမ်းဖောက်၊ လမ်းဖောက်ရင်းစစ်တိုက်ဖြင့် တစ်နေ့ ၁ မိုင်မျှပြီးစီးရန်အထူး ကြိုးပမ်းဖောက်လုပ်ခဲ့ကြရသည်။ ဖျားနာ ရင်းသေကြ၊ စစ်တိုက်ရင်း ကျဆုံးကြ ဖြင့် တော တောင်ထူထပ်ပြီး မတ်စောက်သော တောင်တန်းနှင့် ချောက်ကမ်းပါးတို့ အကြား အသက်သွေးချွေးများရင်း ကာ ဖောက်ခဲ့ရသဖြင့် လီဒိုလမ်းမကြီးသည် သမိုင်းတွင် ထင်ရှားခဲ့သည်။
လီဒိုလမ်းမကြီးကို အချို့နေရာများတွင် ချောင်းရိုးတစ်လျှောက် တောင်နံရံဘေးတွင် ဖြတ်ဖောက်ထားသဖြင့် စစ်ယာဉ် တန်းများ ရေဖြည့်ရန် လွယ်ကူ၏။ ယခင်က လမ်းတစ်လျှောက်တွင် အရေးပေါ်စက်သုံးဆီ အလွယ်တကူဖြည့်ရန် သံပိုက်လိုင်းများ တောက်လျှောက်သွယ်တန်းခဲ့သည်။ နောက်ပိုင်း တွင် အဆိုပါ သံပိုက်လုံးများပျက်စီး ကုန်သော်လည်း နာဂရိုးရာအိမ်အချို့ တွင် အိမ်တိုင်ပြုလုပ်ထားသည်ကိုလည်း တွေနိုင်ပါသည်။ လီဒို လမ်းမကိုဖောက်လုပ်ခဲ့သော နေရာများသည် အမြဲစိမ့်အေးနေပြီး အဖိုးတန်သစ် ပေါက်ရောက်ခြင်းမရှိသောကြိုးပြင်သစ်တောများလည်းဖြစ်ပေသည်။

ကချင်ပြည်နယ် တနိုင်းမှရှင်ဘွေယန် အထိ ကားလမ်းသည် အတက်အဆင်းအချို့ နှင့်ချောင်းအချို့ ရှိသော်လည်း လမ်းမှာ လွန်စွာဖြောင့်ဖြူးနေသည်။ မဟာမိတ်များက လေယာဉ်ဖြင့် လမ်းအူကြောင်းရှာရာတွင်လေယာဉ်ပေါ်မှ လောင်စာဆီများသွန်ချပြီး မီးရှို့ လိုက်ခြင်းဖြင့် အူကြောင်းဖော်ခဲ့ကြသည်။ထိုနေရာသည် ကြိမ်ဝါးများသာ အများဆုံးပေါက်ရှိနေသဖြင့်လမ်းက ဖြူးနေပေသည်။ လီဒိုလမ်းမ၏ မတ်စောက်သောအတက်လမ်းသည် ကချင်ပြည်နယ် တနိုင်းမြို့ နယ် ရှင်ဘွေယန်မှ စတင်သည်။ရှင်ဘွေယန်မှ (၁၈) မိုင် စခန်း အထိ အတက်ချည်းသာ ဖြစ်သဖြင့် ကုန်တင်ယာဉ်၊ရိက္ခာပို့ ယာဉ်တန်းများ ငယ်သံပါအောင် အသံမြည်ကာ တက်ကြ ရသည်။
ထိုအချိန်သည် ဂျပန်တို့အင်အား ကောင်း နေပြီး မြန်မာ ပြည် မှ ဗြိတိသျှ တို့ဆုတ်ခွာ နေရချိန် ဖြစ်သောကြောင့် ထောက်ပံ့ ရေး လမ်းကြောင်း တစ်ခုတည်ဆောက် ရန် အမေရိကန် ဗိုလ်ချုပ် ကြီး General Joseph Stilwell ဦးဆောင်မှုဖြင့် SOS (Service of Supply) အဖွဲ့ ဖွဲ့စည်းပြီး အိန္ဒိယ နိုင်ငံ လီဒို မြို့မှမြန်မာ ပြည်မြောက်ပိုင်း ကို ကျော်ဖြတ် ကာ တရုတ် ပြည် ကူမင်း အထိ လမ်းတစ်ခု ဖောက်လုပ်ရန်စီစဉ် ခဲ့ကြသည်။ လီဒို မြို့ကို ရွှေးချယ် ရခြင်းမှာ လီဒို မြို့သည် ကာလကတ္တား မှလာသော မြောက်ဘက် ရထား လမ်းဆုံး မြို့နှင့် နီးစပ် နေပြီး မြန်မာ ပြည် မြောက်ဖျား ပိုင်းမှ တောင်ပတ် လမ်း တစ်ခု၏အဆုံး နှင့်လည်း နီးကပ် နေခြင်းကြောင့် ဖြစ်ပေသည်။
အိန္ဒိယ နိုင်ငံ မြောက်ပိုင်း အာသံ ပြည်နယ် လီဒို မြို့လေးမှ စတင် ဖောက်လုပ် ထားခြင်းကြောင့် “လီဒို လမ်း” ခေါ်ဝေါ် ခဲ့ကြသည်။ လီဒို လမ်း သည်(၁၀၇၉) မိုင် ရှည်လျား ပြီး မြန်မာတရုတ် နယ်စပ် အနီး မုံးယု နှင့်မြန်မာနိုင်ငံ မူဆယ်အနီး တွင် မြန်မာလမ်းမကြီး နှင့် ပြန်ဆုံမိကြသည်။လီဒို လမ်း သည်အိန္ဒိယ ပြည် အတွင်း လီဒို၊ နှင့် နမ်ပေါင်း မြို့များ ကို ဖြတ်သန်း ပြီး၊ ကချင် ပြည်နယ် မှာ ရှင်ဘွေယန်၊ နမ္မတီး၊ မြစ်ကြီးနား၊ ဗန်းမော် နှင့် ရှမ်း ပြည်နယ်မှ နမ်းခမ်း နှင့်မုံးယု မြို့များကို ဖြတ်သွားသည်။ လီဒိုလမ်း ကို ၁၉၄၂ ခုနှစ် ဒီဇင်ဘာ (၁၆) ရက်တွင် စတင် ဖောက်လုပ်ပြီး ၁၉၄၅ ခုနှစ် ဇန်န၀ါရီ လတွင် ပြီးဆုံး ခဲ့သည်။လီဒို လမ်း ကို ဗိုလ်ချုပ်ကြီးစတီးဝဲလ် နှင့် စစ်အင်ဂျင်နီယာ ဗိုလ်မှုးကြီး လူးဝစ်စ် အေ ပစ် တို့က ဦးစီးကြီးကြပ်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပေသည်။ ဒုတိယ ကမ္ဘာစစ် အတွင်း စစ် အင်ဂျင်နီယာ တပ်ကို ပေးအပ် ခဲ့သော အခက်ခဲ ဆုံးသော တာဝန် တစ်ရပ်ဟု ဗိုလ်မှူးကြီး ပစ် က မှတ်ချက်ချ ခဲ့သည်။ အမေရိကန် အင်ဂျင်နီယာ တပ်သား များက လီဒို လမ်း ကို “Pick’s Pike” ဟုခေါ် ခဲ့ကြသည်။

ပထမဆုံး လမ်းပိုင်း (၁၀၃) မိုင် အရှည်ကို အိန္ဒိယ ပြည် လီဒို မြို့မှ စတင် ခဲ့ပြီး အိန္ဒိယ ကချင် ပြည်နယ် နယ်စပ် မှ တောတောင် ထူထပ် ပြီး ကြမ်းတမ်း မြင့်မား သောပန်ဆောင် တောင်ကြား ကို ဖြတ်ကျော် ခဲ့ရာ အချို့ နေရာ များသည် အမြင့်ပေ (၄၆၀၀) အထိ ရှိသည်။အူရောင်ငန်းဖျား၊ တုပ်ကွေး၊ ဌက်ဖျား ရောဂါများ ထူထပ် ပြီး မိုးရေချိန်များသည့် ပန်ဆောင် တောင်ကြား သည် ခက်ခဲ ကြမ်းတမ်း လွန်းသည့် အတွက် စစ် အတွင်းက “Hell Pass” ဟုပင်နာမည် တွင် ခဲ့သည်။ လမ်းဖောက်လုပ်ရန် ရှင်ဘွေယန် မြို့သို့ ပထမ ဆုံး မြေတူး စက် ရောက်ရှိခဲ့သောနေ့သည် ၁၉၄၂ ခု ဒီဇင်ဘာ (၂၇) ရက် ဖြစ် သည်။
ထိုလမ်းပိုင်းသည် အင်အား ကြီး မားသောအမှတ် (၁၈) ဂျပန် တပ်ကို ခုခံ တိုက်ခိုက် နေသည့် ချန်ကေရှိတ် တရုတ် စစ်သားများ အတွက် ထောက်ပံ့ ပစ္စည်းများပေး ပို့ရန်အသုံးဝင် ခဲ့သည်။ ဂျပန် တပ်များတောင်ဖက် သို့ ဆုတ်ခွာ သွားချိန်တွင် ရှင်ဘွေယန် တွင်လီဒိုလမ်း ကို ဆက်လက် ဖောက်လုပ် ရန် လွယ်ကူ သွားခဲ့သည်။ ဂျပန်များဖောက်ထားသည့် လမ်းကြောင်း ကို လိုက်ပြီး ဆက်လက် ဖောက်လုပ် ခဲ့ကာ ထောက်ပံ့ ယာဉ်များ သုံးရန် (၄) လက်မ ပတ်လည်ရှိ ဓာတ်ဆီ ပိုက်လိုင်း နှစ်လိုင်းမှ လေးလိုင်း အထိ လမ်းကြောင်း တစ်လျှောက် ချထား ပေးခဲ့သည်။

လီဒို ရှင်ဘွေယန် (၁၀၃ မိုင်) လမ်းပိုင်း ပြီးစီးပြီးနောက် မြစ်ကြီးနား၊ ဗန်းမော် အထိ (၃၇၂ မိုင်)၊ ရှမ်း ပြည်နယ် နမ်းခမ်း၊ မြန်မာလမ်းမ လမ်းဆုံ မုံးယု မြို့ အထိ စုစု ပေါင်း (၄၆၅) မိုင် ဖောက်လုပ် ခဲ့သည်။ လီဒို လမ်း ဖောက်လုပ် ရာ မှာ စုစုပေါင်း မြစ်ချောင်း (၁၀) ခု နှင့် ချောင်းငယ်(၁၅၅) ခုကို ဖြတ်သန်း ခဲ့ရပြီး ပျမ်းမျှ (၂.၈ ) မိုင်တိုင် တွင် တံတား တစ်ခု ဆောက်ခဲ့ ရသည်။
၁၉၄၅ ခုနှစ် မတ် (၇) ရက်တွင် မဟာမိတ် တပ်ဖွဲ့ များက လားရှိုး မြို့ကို ဂျပန် လက်ထဲက တဆင့် ပြန်သိမ်း ယူခဲ့သည်။ မတ် (၂၀) ရက်တွင်မန္တလေး မြို့၊ မေ (၃) ရက်တွင် ရန်ကုန် မြို့ကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့သည်။သြဂုတ် (၆) ရက်နေ့ တွင် အမေရိကန်က ဂျပန် နိုင်ငံ ဟီရိုရှီးမား မြို့ကို ပထမ ဆုံးသော အနုမြူ ဗုံးကြဲ ချပြီး၊ (၉) ရက်နေ့ တွင် နာဂါစကီ မြို့ပေါ်ကို အနုမြူ ဗုံး နောက်ထပ် တစ်လုံး ချ အပြီး သြဂုတ် (၁၅) ရက်နေ့ တွင် ဂျပန် တို့ လက်နက် ချ ခဲ့သည်။ ၁၉၄၅ ခုနှစ် စက်တင်ဘာ လ (၂) ရက်နေ့ တွင်အမေရိကန် စစ်သင်္ဘော USS Missouri ပေါ်တွင် ဂျပန် က တရားဝင် လက်နက် ချကြောင်း လက်မှတ် ရေးထိုး ခဲ့ပြီး ဒုတိယ ကမ္ဘာစစ် ပြီးဆုံးခဲ့သည်။
လီဒိုလမ်းမကြီးကို ၁၀ လ ခန့်မျှသာ အသုံးပြုခဲ့ပြီး စစ်ပြီးဆုံး ပြီးနောက်ပိုင်းမှစ၍ လီဒို လမ်းမကြီး အားအသုံးပြု ခြင်းမရှိ တော့ပါချေ။ မြန်မာ ပြည် လွတ်လပ်ရေး ရပြီး နောက် လီဒို လမ်းမကြီး သည် တဖြည်းဖြည်း ပျက်စီး ယိုယွင်း လာခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် Land Rover ကား နှစ်စီး ဖြင့် လီဒို မြို့မှ မြစ်ကြီးနား မြို့သို့ ခရီးသွား တက္ကသိုလ် ကျောင်းသား (၆) ယောက် လိုက်ပါ လာခဲ့သည့် Oxford-Cambridge Overland Expedition အဖွဲ့ ရောက်ရှိလာခဲ့သည်။ထိုအဖွဲ့သည် လီဒိုလမ်းပေါ်တွင်နောက်ဆုံး ခရီးသွားခဲ့သော အဖွဲ့ဖြစ်ပေသည်။

ယခုအချိန်တွင် ကချင်ပြည်နယ်ကို အနောက်မြောက်ဖက်မှ အရှေ့တောင်ဖက်သို့ ဖြတ်သန်းသွားသည့် လီဒိုလမ်းမကြီး ကို အိန္ဒိယနှင့် တရုတ်နိုင်ငံအကြား စီးပွားကုန်သွယ်မှုအတွက် အရေးပါသည့် အာရှလမ်းမကြီးတစ်ခုဖြစ်လာစေရန် အိန္ဒိယ နှင့် တရုတ် နိုင်ငံများ က မျှော်လင့်ထားကြသည်။ကချင်ပြည်နယ်၏ အနောက်မြောက် ဟူးကောင်းတောင်ကြား ပန်ဆောင်လမ်းမှ မြန်မာနိုင်ငံ အတွင်းသို့ ဖြတ်ဝင်လာသောလီဒိုလမ်းမကြီးသည် ကချင်ပြည်နယ်အတွင်း ရှင်ဘွေယန်နှင့် တနိုင်းမြို့ များသို့ ဆက်သွယ်ထား သည်။ တရုတ်နယ်စပ် ၀မ်တိန်မှ မိုင်းယု၊ နမ့်ခမ်း၊ ဗန်းမော်၊ မြစ်ကြီးနား၊ တနိုင်း လမ်းပိုင်းကို တရုတ်ဖက် မှပြုပြင်ဖောက် လုပ်နေ ပြီ ဖြစ်ပြီး အိန္ဒိယနယ်စပ်မှ တနိုင်းအထိ လမ်းပိုင်းကို အိန္ဒိယမှ တာဝန်ယူ ဖောက်လုပ်မည်ဟု သိရှိရသည်။ မြစ်ကြီးနား မြို့ကို ဖြတ် သန်းသွားသော လီဒို လမ်းမကြီး၏ဘေးတွင် အံတော်ရှင် ဘုရား၊ စိမ်းမြ ဧရာ ပန်းခြံ၊ နာရီစင်၊ မြစ်ကြီးနား လေဆိပ် တို့ရှိနေကြပေ သည်။
၂၀၁၀ ပြည့်နှစ်နောက်ပိုင်း တွင် အာသံ ပြည်နယ် မှ ဒေသခံ အချိုသည် မြန်မာ ပြည် နယ်စပ် ပန်ဆောင် တောင်ကြား အထိ လီဒို လမ်းကြောင်း အတိုင်း မော်တော် ဆိုင်ကယ်၊ ကား များဖြင့်အုပ်စု လိုက် ခရီး ထွက်ကြ ကြောင်းကြားသိရပေသည်။ ၂၀၀၈ ခုနှစ် တွင် ယူနန် တက္ကသိုလ်မှ သမိုင်း ပညာရှင် ဂီရှူရာ ဦးဆောင် ၍ တရုတ် သတင်း ထောက် (၁၀၀) ကျော် ပါဝင် သော အဖွဲ့သည်လီဒို လမ်းမကြီး အတိုင်း မြစ်ကြီးနား မြို့သို့ရောက်ရှိ လာခဲ့ကြသည်။ဂီရှူရာသည် လီဒို မြို့သို့ ပထမဆုံး ရောက်ဖူး ခြင်းဖြစ်ပြီး လီဒို လမ်းမကြီး ၏အစိတ် အပိုင်း၊ တောတောင်၊ မြစ်ချောင်း၊ မိုင်တိုင် တစ်ခုတိုင်း တွင် ပြောပြ စရာ သမိုင်း အဖြစ် အပျက်များ များစွာရှိကြောင်း ပြောခဲ့ သည်။အမေရိကန်နိုင်ငံရှိ ဒုတိယကမ္ဘာစစ် စစ်မှုထမ်း ဟောင်း အချို့ သည်လည်း လီဒို လမ်း၊ နှင့် မြန်မာလမ်းမ ခရီးစဉ် ကို လာရောက်ခဲ့ကြဖူးသည်။ မြန်မာ ပြည်သူများလည်း တစ်ဆစ်ချိုး အကွေ့ပေါင်း ၂၁ ကွေ့ ရှိကာ ၊ပေတစ်သောင်း ကျော်နက်သောချောက်ကမ်းပါးများရှိသည့် တောင်အသွယ်သွယ် ပေါ်တွင် ဖောက်လုပ် ထားသည့် လီဒိုလမ်းမ ကြီး တစ်လျှောက် ခရီးနှင် လှည့်လည်ရင်းအတိတ် သမိုင်း ကို ပြန်လည် ခံစား နိုင်ကြ မည်ဖြစ်သည် ..


ဗဟုသုတရစေလိုသော စိတ်ဖြင့် ယခုလို ကျွန်တော် ချမ်းမြေ့မောင်မှ တင်ပြပေးခြင်း သပ်သပ်သာ ဖြစ်ပါသည်။

Credit To... (ရဲဗလ)

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

Advertise Here !

Software Full Version Download and Tech News Update



 Samsung Galaxy Core Prime ဖုန်းကိုင်ဆောင်ထားကြတဲ့ ညီအကိုများအတွက်
SM-G360F, SM-G360M, SM-G360G မျာ၏ Stock Firmwares ကိုပြန်တင်ပေးလိုက်ပါတယ်။

ဒီဖုန်းများအတွက် Official ရဲ့ Stock Rom ဗားရှင်းကတော့ Android 4.4.4 မှ 5.1 ဆိုပြီး
ဗားရှင်းများကို ချပေးထားပါပြီ၊ နောက်ထပ် ဗားရှင်းများကို ချပေးမလားတော့မပြောတတ်သေး။

အကြောင်းအမျိုးမျိုးကြောင့် Stock Rom များကို အလိုရှိနေခဲ့ရင်တော့
အောက်ကလင့်များမှာ ဒေါင်းလော့ရယူနိုင်ပါတယ်၊ လင့်များလည်းအဆင်ပြေမယ်ထင်ပါတယ်။


Download Samsung USB Driver for Windows

Download the latest Odin flashing Tool


Download Galaxy Core Prime SM-G360F Firmwares


Download Galaxy Core Prime SM-G360M Firmwares


Download Galaxy Core Prime SM-G360G Firmwares



    How to Install Only tar.file Firmware?

========================
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။

Odin က PDA  ဆိုတဲ့နေရာမှာ Stock Rom.tar ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။

Download mode
volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။

ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်းမှာ Official Firmware လေးကိုတွေ့မြင်ရပါပြီ။


How to Install Full Official Firmware?

========================
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။

Odin က Bootloader/PDA/Phone/CSC  ဆိုတဲ့နေရာမှာ
Firmware Folder ထဲမှ ဖိုင်များကိုထည့်လိုက်ပါ။

ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
volume down + Home + power

ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။

ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်း Official Firmware လေးကိုတွေ့မြင်ရပါပြီ။


 အားလုံးပဲ... ကျေနပ်ကြပါစေနော်... :)

အကိုကြီး ဇူးနစ်(နည်းပညာ) မှပြန်လည်ဝေမျှပေးပါသည်။


ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

Advertise Here !

Software Full Version Download and Tech News Update


Firmware များ ရောင်းပါသည်.
ရှားပါး FIrmware နဲ့ Clone Firmware များပါပါတယ်.
Backup ထုတ်ထားသော Fimware များနဲ့ Error Fix (Edit )လုပ်ထားသော
Error ကင်း Firmware များပါ ပါပါတယ်.

1000 GB or 2000GB (ဈေးနှုန်း သင့်ပါသည်)..

Firmware တစ်ခုချင်းလိုချင်လည်း ရပါတယ် . Online မှ link ချပေးပါတယ်.

ဆက်သွယ် ရန်

ကိုအောင်ခန့် (YGN)
0997305037


သင့်တင့်သော ဈေးနှုန်းဖြစ်စေရပါ့မယ်...
ဖုန်လေးသာ ခေါ်လိုက်ပါ

Advertise Here !

Software Full Version Download and Tech News Update




Mi Pad 2 အတွက် Google Play Store ထည့်သွင်းနည်းကို
Mi Pad 2 ကိုင်ဆောင်ထားကြတဲ့ ညီအကိုများအတွက် တင်ပေးလိုက်ပါတယ်။

Android Tablet တွေထဲမှာ Intel-based chipset အပေါ်မှာ အခြေခံပြီး
CPU & GPU course များဖြင့် ထွက်ရှိထားတဲ့ Xiaomi Mi Pad 2 က အလန်းဆုံးဖြစ်နေပါတယ်။

MIUI 7 China Stable version ကိုပိုင်ဆိုင်ထားသည့်အပြင်
Intel Atom Quad-core 2.24 GHz CPU နဲ့ Intel HD Graphics GPU များလည်း
ပါဝင်နေတာမို့ အားလုံးထက် မသာဘူးဆိုရင်တောင်မှ မညံ့တဲ့ တာထွက်မှုဖြစ်ပါတယ်။

ဒါပေမယ့် Google Service ဆိုင်ရာ Package များတော့သီးသန့်
ထည့်ပေးရမှာဖြစ်တဲ့အတွက် ဖေါ်ပြပါနည်းလမ်းအတိုင်းပြုလုပ်ပေးရမှာပါ။

ဒီအတွက် အခက်ကြီးမဟုတ်ပါ သူ့အတွက် အသင့်ထွက်ရှိပြီးဖြစ်တဲ့
Google GApps installer Tool ဖြင့် အလွယ်တကူ ထည့်သွင်းယူနိုင်ပါတယ်။


List of Google Apps included within the installer package

================================
Google Backup Transport
Market Feedback Agent
Google Service Framework
Google Account Manager
Google One Time Initializer
Google Partner Setup
Setup Wizard
Google Contacts Sync
Google Play services
Google Play Store
Gmail
Google App
Google Plus
Hangouts
Maps
Google Play Games
YouTube
Chrome


GApps_IntelChipset_xiaomitips-com.zip (172 MB)



Google Play Store ထည့်သွင်းနည်း

====================
၁။ ပထမဆုံး GApps Installer Package ကိုဒေါင်းလော့ပြီး zip ဖြည်လိုက်ပါ။

၂။ Settings >> Additional Settings >> Developer Options >> ကိုသွားပြီး
 USB Debugging ကို enable ပြုလုပ်ထားလိုက်ပါ။

၃။ မိမိ Device ကို ကွန်ပျူတာဖြင့် ချိတ်ဆက်ပေးပြီး ကွန်ပျူတာမှ
Device ကို သိပြီးထိ စောင့်နေလိုက်ပါ။

၎။ GApps package ဇစ်ဖြည်ထားတဲ့ Folder သို့သွားလိုက်ပါ။

၅။ GApps Installer Package Tool ကို ဖွင့်လိုက်ပြီး Instruction အတိုင်း
Process တစ်ခုပြီးဆုံးအထိ ပြုလုပ်သွားလိုက်ပါ။






 ကိုကြီး ဇူးနစ်(နည်းပညာ) မှပြန်လည်မျှဝေပေးပါသည်။


ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

Advertise Here !

Software Full Version Download and Tech News Update



Samsung Galaxy J700H ဖုန်းအတွက် နောက်ဆုံးထွက်
ဗားရှင်း Marshmallow 6.0.1 Firmware တင်နည်းကို မျှဝေလိုက်ပါတယ်။

ဒီ Galaxy J700H ဘော်ဒါတွေအတွက် ပျော်လို့ရပါပြီ 2016-06-20 နေ့မှ
Official မှတိုက်ရိုက်ချပေးလာတဲ့ Firmware ဖြစ်တဲ့အတွက် စိတ်ချလက်ချ တင်သုံးနိုင်ပါတယ်။

ဒီ Firmware သိတဲ့အတိုင်းပဲ 1.GB ကျော်ရှိတာမို့ နာရီပေါင်းမနည်း ဒေါင်းလော့ပြီးမှ
အသုံးလိုတဲ့သူတွေလည်း အသုံးပြုလို့ရအောင် Upload တင်ပြီး မျှဝေပေးလိုက်ပါတယ်။

နောက်ဆုံးထွက် ဗားရှင်းများကို တိုက်ရိုက်ဒေါင်းလော့ရယူဖို့ရန်အတွက်
မိမိမှာ သက်ဆိုင်ရာ Official Web တွင် Free register တင်ထားပြီးသား
အကောက်တစ်ခုတော့လိုအပ်ပါတယ်၊ သို့မှသာ အသစ်ထွက်တိုင်း
လိုင်းကောင်းနေတုန်း အချိန်ပေးပြီး ဒေါင်းလော့ရယူနိုင်ကြမှာပါ။

Share ပြုလုပ်ရတဲ့အလုပ်က လွယ်ကူတဲ့အရာတော့မဟုတ်ပါ
ကိုယ်တိုင် အကောက်သစ်တစ်ခုဖွင့်ပြီး ဒေါင်းလောရယူ ပြီးတော့
ပြန်လည် Upload တင်ကြည့်ပါမှ မလွယ်ပါလားဆိုတာကို သိကြမှာပါ

ဘာပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် Official Firmware များကို
ဒေါင်းလော့ရယူရန်အတွက် အခက်အခဲရှိနေတဲ့သူတွေကိုတော့
ကျနော် တတ်နိုင်သလောက် Update New များကို တင်ပေးသွားမှာပါ

Firmware details

===========
Model Name: Galaxy J7 SM-J700H
Country: Russia
Version: Android 6.0.1
Changelist: 8116229
Build date: 02.06.2016
PDA: J700HXXU2BPF2
CSC: J700HOXY2BPF2


Download Samsung USB Driver for Windows


Download the latest Odin flashing Tool


Samsung Galaxy J7 SM-J700H Android 6.0.1 Marshmallow



How to Install Only tar.file Firmware?

========================
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။

Odin က PDA  ဆိုတဲ့နေရာမှာ Stock Rom.tar ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။

Download mode
volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။

ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်းမှာ Official Firmware လေးကိုတွေ့မြင်ရပါပြီ။


မှတ်ချက်။ Share ပြန်လုပ်မယ့်ညီအကိုများအနေဖြင့် လွယ်လွယ်ကူးပြီး
နာမည်ကောင်းမလိုချင်ပါနဲ့ဗျာ ကြိုးစားအားထုပ်ပြီးမှ ထိုက်တန်မှုကို ရယူပါ။


အကိုကြီး ဇူးနစ်(နည်းပညာ) မှဝေမျှပေးပါသည်။


ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

Advertise Here !

Software Full Version Download and Tech News Update


Samsung Galaxy A5 (2016) SM-A510F ဖုန်းကိုင်ဆောင်ထားကြတဲ့
ညီအကိုများအတွက် နောက်ဆုံးထွက် Android 6.0.1 ဗားရှင်းတင်နည်းကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ဒီဖုန်းအတွက် ဒီဗားရှင်းဟာ Jun 23, 2016  ရက်စွဲဖြင့် မနေ့ကမှ
အသစ်တက်လာတာပဲဖြစ်ပါတယ်၊ Official Firmware ဖြစ်တာမို့
စိတ်ချလက်ချ အလွယ်တကူ တင်ယူနိုင်မှာလည်းဖြစ်ပါတယ်။


ဒီ Firmware link ကိုတော့ ကျနော်ကိုယ်တိုင် ဒေါင်းလော့ပြီးမှ
Upload တင်ပေးထားခြင်းမဟုတ်ပါ တွေ့မိတာလေးကို ပြန်လည်
မျှဝေပေးထားခြင်းပဲဖြစ်ပါတယ်၊ အသုံးလိုတဲ့သူတွေကတော့ အောက်ပါ
လင့်တွင် ရယူနိုင်ပါပြီ၊ ဒေါင်းလော့လင့်လည်းအဆင်ပြေမယ်လို့ထင်ပါတယ်။

Firmware details

==========
Model Name: Galaxy A5 (2016) SM-A510
Country: Russia
Version: Android 6.0.1
Changelist: 8208732
Build date: 14.06.2016
PDA: A510FXXU2BPF9
CSC: A510FOXY2BPF9



Download Samsung USB Driver for Windows

Download the latest Odin flashing Tool

Samsung Galaxy A5 2016 (SM-A510F) Android 6.0.1 Firmware


 How to Install Only tar.file Firmware?

========================
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။

Odin က PDA  ဆိုတဲ့နေရာမှာ Stock Rom.tar ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။

Download mode
volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။

ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။

Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။

Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။

ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်းမှာ Official Firmware လေးကိုတွေ့မြင်ရပါပြီ။

မှတ်ချက်။ Share ပြန်လုပ်မယ့်ညီအကိုများအနေဖြင့် လွယ်လွယ်ကူးပြီး
နာမည်ကောင်းမလိုချင်ပါနဲ့ဗျာ ကြိုးစားအားထုပ်ပြီးမှ ထိုက်တန်မှုကို ရယူပါ။

 Ref ===> http://samsung-updates.com


ဇူးနစ်(နည်းပညာ) မှဝေမျှပေးပါသည်။

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

Advertise Here !

Software Full Version Download and Tech News Update


လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သေဆုံးသွားခဲ့တဲ့ အဝတ်ဆိုင်ပိုင်ရှင်ဟောင်းရဲ့ ဝိဥာဉ်ဟာ ညဘက်မှာ လျှောက်သွားနေပြီး အရင်တုန်းက သူအလုပ်လုပ်ခဲ့တဲ့ နေရာမှာ ငြိမ်သက်နေခဲ့တာကို CCTV ကင်မရာကနေ တစ်ဆင့် အမှတ်မထင်ရိုက်ကူးမိခဲ့တယ်လို့ သိရပါတယ်။ ဟော့ပ်ကင်းစတိုးဟာ နော့တင်ဟမ်အရပ်မှာတည်ရှိတာဖြစ်ပြီး ၁၈၈၀ ပြည့်နှစ်တွေတည်းက ဒီလုပ်ငန်းကို ဘိုးဘွားအစဉ်အဆက် ပြုလုပ်လာခဲ့တာဖြစ်ပြီး ဒီအထည်လုပ်ငန်းဟာ ဟော့ပ်ကင်းကုမ္ပဏီဆိုပြီး နာမည်ကျော်ကြားခဲ့တာဖြစ်ပါတယ်။

ဒီ လုပ်ငန်းကိုတော့ နောက်ပိုင်းမှာလည်း အခုလိုပဲ ဆက်လက်ပြုလုပ်နေခဲ့ပြီး တန်ဖိုးနည်း အဝတ်အထည်ဆိုင်တစ်ခုအဖြစ် နော့တင်ဟမ်မှာ နာမည်ကြီးတယ်လို့ သိရပါတယ်။ ဒီဆိုင်မှာတော့ ခေတ်အရ CCTV ကင်မရာတပ်ဆင်ထားခဲ့ပြီး တစ်နေ့မှာတော့ ဟိုးအရင်ဆိုင်ရှင်ဟောင်းဖြစ်သူ မိန်းမကြီးရဲ့ ဝိဥာဉ်ဟာ အခုလို လျှောက်သွားနေခဲ့တာကို အခုလိုပဲ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဆိုင်ရဲ့ လက်ရှိ မန်နေဂျာဖြစ်သူ အစ်ဇီကတော့ "ကျွန်တော် ဒီပုံရိပ်ကို မြင်ရတော့ ဖျားချင်သလိုတောင် ဖြစ်သွားတယ်။ ကျွန်တော် ဒါမျိုးတွေကို အရင်တုန်းက မမြင်ခဲ့ဖူးသလို အယုံအကြည်လည်း မရှိခဲ့ပါဘူး။ ကျွန်တော်ဒီဆိုင်မှာ တစ်ယောက်တည်းမနေရဲတော့ဘူး။ ဈေးဝယ်တွေကတော့ မေးကြတယ်။ ညဆို သရဲမခြောက်ဘူးလားဆိုပြီးတော့ပေါ့။ကျွန်တော်ကတော့ ဒီသရဲ့တွေနဲ့ ရင်းနှီးအောင်နေသွားမယ်။ အခင်ဆုံး ဝိဥာဉ်မိတ်ဆွေတွေပေါ့ " လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီလို CCTV ကင်မရာကနေ ဝိဥာဉ်ပုံဖမ်းယူနိုင်ခဲ့တာဟာဆိုရင်တော့ တမင် Edit လုပ်ထားတာမဟုတ်ဘူးလို့လည်း မန်နေဂျာ အစ်ဇီက ပြောကြားသွားခဲ့ပါတယ်။


Credit ===> သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

Advertise Here !

Software Full Version Download and Tech News Update



မူရင်းခွေကိုလည်း အားပေးကြပါအုန်းနော်...။

ကျွန်တော် မနေ့က ကြိုပြီးတင်ပေးခဲ့တဲ့... Favorite မဟုတ်သော... နင်ဆို တဲ့ သီချင်းလေးကို

ပရိတ်သတ်ပေါင်းများစွာ... အားပေးပြီး.... Download ချကာ နားဆင်ခဲ့သည့်အတွက်

အရမ်းကျေးဇူးတင်ရှိပါတယ်လို့... အဆိုတော် Ko Hein Htet ကိုယ်စား ကျွန်တော် ချမ်းမြေမောင်မှ... ကျေးဇူးတင်ပါတယ် ခင်ဗျာ...။

ပရိတ်သတ်များ၏ နောက်ထပ်တောင်းဆိုမှုများကြောင့်... Favorite မဟုတ်သော...နင် ဆိုတဲ့ တေးစီးရီး Albulm လေးအား...

အစအဆုံးတင်ပေးပါလို့တောင်းဆိုသူ များလွန်းသည့်အတွက်...

Ko Hein Htet မှလည်း... အခွေမှာ ပါဝင်တဲ့ သီချင်းအားလုံးကို ချစ်ပရိတ်သတ်များကို ဝေမျှပေးဖို့...

သဘောတူသည့်အတွက်... ကျွန်တော် Albulm တစ်ခုလုံးကို... နယ်ဝေး၊ သို့မဟုတ် နိုင်ငံရပ်ခြားရောက်ရှိနေကြသော... ချစ်ပရိတ်သတ်များအတွက်

တေးစီးရီး တစ်ပုဒ်စီ၏ Download Link များအား တင်ပေးလိုက်ပြီနော်...။

Downlaod Link ကို လည်း Network Tarffic မဖြစ်စေဖို့အတွက် Top Level Hostiong ကနေ တိုက်ရိုက် Direct Link

ချပေးထားသောကြောင့် ကြော်ငြာ Link များမတွေ့ရပဲ... လွယ်ကူစွာ Download ချယူနိုင်ကြပါလို့...

ကျွန်တော်ချမ်းလေးမှ... Ko Hein Htet ကိုယ်စား ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...နော်...။

အောက်က တေးစီးရီးခေါင်းစဉ်အတိုင်း Download ချယူလိုက်ပါ...။


ချစ်တယ်
http://pc.cd/bndctalK

favorite မဟုတ်သော...နင်
http://pc.cd/5ndctalK

အဆိုတော် Ko Hein Htet ထက်၏... လူမှုကွန်ယက် Facebook Ofiicial Profile သို့လည်းသွားရောက်ပြီး...အကြံညာဏ်များပေးနိုင်ပါသေးတယ်နော်...။

For Singer Official Accoint
===> https://goo.gl/IKwUxT


For Network Composer
===> https://goo.gl/cFEoPY


ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

Advertise Here !

Software Full Version Download and Tech News Update



အိန္ဒိယနိုင်ငံမှ အခိုးခံခဲ့ရတဲ့ ဘာသာရေးဆိုင်ရာ ရှေးဟောင်း လက်မှုပစ္စည်းပေါင်း ၂၀၀ ကျော်ကို အမေရိကန်နိုင်ငံက အိန္ဒိယနိုင်ငံကို ပြန်လည်ပေးအပ်ခဲ့ပါသတဲ့။

ဒီလို ပြန်လည်ပေးအပ်ပွဲအခမ်းအနားကို တနင်္လာနေ့က Washington မှာ ကျင်းပခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ခိုးယူတူးဖော်ခဲ့ကြတဲ့ တန်ဖိုးကြီးမားလှတဲ့ ဘာသာရေးနဲ့ အနုပညာဆိုင်ရာ လက်မှုပစ္စည်းတွေကို အမေရိကန်နိုင်ငံကို ပို့ဆောင်ရောင်းချခဲ့ကြတာဖြစ်ပါတယ်။ နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိ ကြေးသွန်း ဟိန္ဒူနတ်ဘုရား ရုပ်တုဖြစ်တဲ့ Saint Manikkavichavakar နဲ့ ကြေးသွန်း ဟိန္ဒူနတ်ဘုရား Ganesh ရုပ်တုတွေတွေ ပါဝင်ပါသတဲ့။ ဒီလက်မှုပစ္စည်းတွေကို အိန္ဒိယနိုင်ငံကို ဖြည်းဖြည်းချင်း ပြန်လည်ပို့ဆောင် ပေးသွားမယ်လို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးမှုတွေကို ၂၀၀၇ ခုနှစ်ကတည်းက U.S. Homeland Security စစ်ဆေးရေးအဖွဲ့ရဲ့ လုပ်ငန်းတစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ပြီး ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အများစုကိုတော့ အနုပညာပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားသူ၊ ဒေါ်လာသန်းပေါင်းများစွာဖြင့် တရားမ၀င် ကူးသန်းရောင်းဝယ်ဖို့ စီစဉ်နေတဲ့ Subhash Kapoor ထံမှ ပြန်လည်ဖမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ်။


Ref ===>UPI

Credit ===> သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

Advertise Here !

Software Full Version Download and Tech News Update


ကျွန်တော် အခုရေးသားမယ့် အကြောင်းအရာတွေကတော့ ကမ္ဘာပေါ်မှာဖြစ်ပေါ်နေတဲ့ အချက်အလက်တွေဖြစ်ပါတယ်။


၁. ကမ္ဘာ့လူဦးရေရဲ့ ၁၁ ရာခိုင်နှုန်းသော လူတွေဟာ ဘယ်သန်တွေဖြစ်ကြပါတယ်။

၂. ပြက္ခဒိန်မှာ ပါဝင်နေတဲ့ လ ၁၂ လမှာ သြဂုတ်လဟာ ကလေးမွေးဖွားမှု အများဆုံးလဖြစ်ပါတယ်။

၃. အစားအစာတွေဟာ တံတွေးနဲ့မရောမချင်း အစားအစာတွေရဲ့ အရသာ ဆိုတာကို ခံစားလို့မရပါဘူး။

၎. လူတစ်ယောက် အိပ်စက်သွားဖို့ အချိန်ယူချိန်ဟာ ပျမ်းမျှအနေနဲ့ ၇ မိနစ်သာကြာမြင့်ပါတယ်။

၅. ဝက်ဝံတစ်ကောင်မှာ သွား ၄၂ ချောင်းရှိပါတယ်။

၆. ငှက်ကုလားအုတ်ရဲ့ မျက်လုံးဟာ သူ့ရဲ့ ဦးနှောက်ထက်တောင် အရွယ်အစားပိုမိုကြီးမားပါတယ်။

၇. သံပုရာသီးတစ်လုံးမှာ စတော်ဘယ်ရီသီတစ်လုံးထက်တောင် သကြားဓာတ်ပမာဏပါဝင်မှု ပိုမိုများပြားပါတယ်။

၈. ရှစ်ရာနှုန်းသောလူတွေဟာ နံရိုးအပိုပါကြပါတယ်။

၉. ၈၅ ရာနှုန်းသော သက်ရှိအပင်တွေဟာ သမုဒ္ဒရာ ကြမ်းပြင်ရေအောက်မှာ တည်ရှိနေပါတယ်။

၁၀. ကမ္ဘာပေါ်မှာ လူသုံးအများဆုံး အက္ခရာဟာ E ဖြစ်ပါတယ်။

၁၁. ကမ္ဘာပေါ်မှာ လူပြောအများဆုံး ဘာသာစကားသုံးခုကတော့ မန်ဒရင်းတရုတ်ဘာသာစကား ၊ စပိန်ဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကား
တို့ဖြစ်ပါတယ်။
Ref ===> Did U Know

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

Advertise Here !

Software Full Version Download and Tech News Update


လူဦးရေ ၂၂ ပဲကျန်ရှိတော့တဲ့ ဂျပန်က Aoshima ကျွန်းပေါ်မှာတော့ ကြောင်တွေက ဖြန့်ကျက် ကျက်စားလျက်ရှိနေကြတယ်လို့ သိရပါတယ်။

ဒီကျွန်းပေါ်မှာ အရင်တုန်းကတော့  ကြွက်တွေတစ်အားပေါပြီး ငါး ဖမ်းလှေတွေကို ကိုက်ဖြတ်လေ့ရှိတာကြောင့် ကြောင်တွေကို အဲ့ဒီကျွန်းပေါ်မှာ ခေါ်ဆောင်မွေးမြူခဲ့ကြတာဖြစ်ပါတယ်။

 ကြွက်တွေက ကုန်စင်သွားခဲ့ပေမယ့်လည်း ကြောင်တွေကတော့ မျိုးပွားနှုန်း အရမ်းများလာတာကြောင့် ကျွန်းပေါ်မှာ ကြောင်တွေ  အထိန်းအကွပ်မရှိ များပြားလာပြီး နည်းပါးသွားအောင် လုပ်ဖို့လည်း ခက်ခဲ လာခဲ့ပါတယ်။




အခုဆိုရင်တော့ အဲ့ကျွန်းပေါ် ကြောင် အရေအတွက်ဟာ ၁၂၀၀ ဝန်းကျင်ရှိပြီး ၄င်းတို့ထဲမှ ၁၀ကောင်လောက် ကိုသာ သင်းကွပ်ထားရသေးပါတယ်။ ၄င်းကြောင်များသည် ထိုကျွန်းပေါ်ရှိ သီးနှံများနှင့် စွန့်ပစ် အစားအစာများကိုသာ စားသောက်နေထိုင်တယ်လို့ သိရပါတယ်။ ထိုကျွန်းပေါ်ရှိ ရွာလေးတွင် ဆိုင်များ၊ ဟော်တယ်လ်များ မရှိ ဘဲ ကြောင် ကျွန်းဟု နာမည် ကြီးကာ တစ်နေ့လျှင် နှစ်ကြိမ် ဖယ်ရီရှိကာ မြို့ကြီးများမှ လူများကို ဆွဲဆောင်နေနိုင်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

သို့ပေမယ့်လည်း အဲ့ကျွန်းပေါ်မှာ အသက်အရွယ်ကြီးတဲ့ သူတွေနဲ့ ကြောင်တွေသာ ကျန်ရှိနေခဲ့ပြီး ငယ်ရွယ် သူတွေကတော့ အခြား မြို့ရွာများသို့ ပြောင်းရွေ့သွားကြပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်ဖြည်းဖြည်းနဲ့ လူမရှိဘဲ ကြောင်တွေသာ ကျန်ရှိတော့တဲ့ကျွန်းတစ်ခုဖြစ်သွားမှာကို ကြောက်ရွံ့နေရတယ်လို့ သိရပါတယ်။




Ref ===> DailyMail

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

Advertise Here !

Software Full Version Download and Tech News Update



ဒါဟာ သံသယလွန်လွန်ကဲ ဟောလီးဝုဒ် သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ခုလိုပါပဲ။ တစ်ပြိုင်နက်တည်း လူပေါင်းများစွာကို နာရီပေါင်းများစွာကြာအောင် ထောက်လှမ်းနေနိုင်တဲ့ စောင့်ကြည့်နည်းပညာသစ် တစ်ရပ် ထွက်ပေါ်လို့လာပါပြီ။

Transformers ဇာတ်ကားတွေရိုက်တဲ့ ဒါရိုက်တာ Michael Bay ရဲ့ ဇာတ်ညွှန်းတွေတော့ မဟုတ်ပါဘူး။ Washington Postကနေ စေ့စေ့စပ်စပ် ထုတ်ပြန်လာတဲ့ သတင်းတွေအရ ဒီနည်းပညာက တကယ်ကိုရှိတယ်ဆိုတာကို သိရပါတယ်။ ဒီစောင့်ကြည့်နည်းပညာကို ဆိုးဆိုးရွားရွား ရာဇ၀တ်မှုတွေကို ဖြေရှင်းဖို့လည်း အသုံးချပြီးဖြစ်ပါတယ်။

Persistent Surveillance Systems ဆိုတာကတော့ ဒီနည်းပညာရဲ့ နောက်ကွယ်က အဖွဲ့အစည်းပါ။ PSS ကုမ္ပဏီဟာ Ohio ပြည်နယ်၊ Dayton မြို့မှာ အခြေစိုက်ထားပြီး သူ့ကုမ္ပဏီရဲ့ အလုပ်လုပ်ပုံ၊ အလုပ်လုပ်နည်းတွေကို Washington Postကို ရှင်းလင်းတင်ပြသွားပါတယ်။ တတ်နိုင်သမျှ Privacy နဲ့မညိအောင် လုပ်နေတဲ့ တချို့သော လုပ်ငန်းအဆင့်တွေအကြောင်းလည်း ပါပါတယ်။

ကောင်းကင်က မျက်လုံးတစ်လုံးနဲ့ စတာပဲ။ Cessna လေယာဉ်ကုမ္ပဏီက ထုတ်တဲ့ Cessna ဒရုန်းငယ်လေးဟာ အမြင့်ပေ ၈၀၀၀ နဲ့ ၁၀၀၀၀ ကြား အချင်း (၂)မိုင်ပတ်လည်မှာ ပျံသန်းနေပြီး တစ်ကြိမ်မှာ နာရီပေါင်းများစွာ ပျံသန်းနေနိုင်ပါတယ်။ အဲ့ဒီ့ ဒရုန်းအသေးစားလေးမှာ စက္ကန့်နဲ့အမျှ ဓာတ်ပုံတွေရိုက်ယူနေတဲ့ ပုံရိပ်ပြတ်သားမှုမြင့် ကင်မရာ (၁၂)လုံး တပ်ဆင်ထားပါတယ်။ အဲ့ဒီ့ကင်မရာတွေက လူတွေနဲ့ ယာဉ်တွေကို ဘယ်သူဘယ်ဝါမှန်း မစူးစမ်းနိုင်ပေမဲ့ လူတွေနဲ့ ယာဉ်တွေရဲ့ လှုပ်ရှားမှုမှန်သမျှကို အချိန်နဲ့တပြေးညီ ထောက်လှမ်းနေနိုင်ပါတယ်။ ရံဖန်ရံခါမှာ အဲ့ဒီ့ကတဆင့်မှ မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသွားနိုင်ပြီး ဖမ်းဆီးမှုတွေလုပ်သွားနိုင်ပါတယ်။

အမေရိက အနှံ့မှာ ဒီစောင့်ကြည့်နည်းပညာသစ်ကို သုံးသွားချင်တယ် လို့ Persistent Surveillance Systems ရဲ့ ဥက္ကဋ္ဌ Ross McNutt ကပြောသွားပါတယ်။ Baltimore, Philadelphia, Compton, California တွေမှာ ဒီနည်းပညာကို သရုပ်ပြပြီးဖြစ်ပါတယ်။ Ohio ပြည်နယ်၊ Dayton မြို့က ရာဇ၀တ်မှုတစ်ခုကိုလည်း ဒီစောင့်ကြည့်နည်းပညာသစ်နဲ့ ဖြေရှင်းပေးလိုက်နိုင်ခဲ့သေးတယ်လို့ ဥက္ကဋ္ဌ McNutt က Washington Post ကို ပြောသွားပါတယ်။


Ref ===> Washington Post

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

Advertise Here !

Software Full Version Download and Tech News Update






ဆယ်ကျော် သက် ရွယ် ကစလို့ ၊ သွေးဆုံး ပြီး နောက် ၃ - နှစ်ခန့် တိုင် အောင် ဟော်မုန်းေ တွ ပြော င်း လဲမှု ကြောင့် အမျိုးသား၊ အမျိုးသမီး ၁၀ ဦး မှာ ပျမ်းမျှ အား ဖြင့် ၉.၉၉ ဦး ခန့်  အနည်း နဲ့ အများ ဆိုသလို ၀က်ခြံ မပေါက်ဖူး တဲ့ သူရယ် လို့ မရှိ ကြပါဘူး။ ကျန် ၀.၀၁ ဦး က တော့ ရှား ပါးလွန်း တဲ့ အသားအရေ ကံထူးရှင် တွေ လို့ ဆိုနိုင် ပါတယ်။ အသင့် အတင့် ၀က်ခြံ ပေါ က်ပြီးေ နာက် ၃ - ရက် နဲ့ ၁ - ပတ် အတွင်းမှာ အမာရွတ် တွေ သူ့ အလိုလို ပျောက်သွား တတ်ပါတယ်။ ဒါပေမယ့် အချို့ အသား အရေ ပိုင်ရှင်တွေ မှာ တော့ ရုပ် အလှ ပျက် လောက် အောင် ၀က်ခြံ အ မာရွတ် တွေ စွဲကျန် နေရစ် ခဲ့ရှာ တုန်း ပါဘဲ။

အောက်ပါ ရိုးရှင်း လွယ်ကူတဲ့ အိမ်တွင်း ကုထုံး နည်းလမ်း ( ၅ ) သွယ် ထဲက တစ်ခုခု နဲ့  အဆ င်ပြေ သွားပြီ ဆိုရင် တော့ သင့်မျက်နှာ ပေါ် ၀က်ခြံ အမာရွတ် တွေကို ….. တာ့တာ လို့သာ ဆို လိုက် ပါ တော့ နော်။

( ၁ ) နံ့ သာဖြူမှုန့် နဲ့  နှင်းဆီ ရည်


နံ့ သာဖြူ မှုန့် နဲ့ နှင်းဆီရေ ကို ပျစ်ပျစ် ဖျော်စပ် ပြီး၊ အမာရွတ် ပေါ်တိုက် ရိုက် လိမ်းပေး ပါ။ အချိန် ၁ နာရီ ကျော် ထားပါ ( သို့ မ ဟုတ် ) တညလုံး လိမ်း အိပ်နိုင် ပါတယ်။ ပြီးရင် ရေအေး ဖြင့် မျ က်နှာ သစ် လိုက်ပါ။ အသား အရေ အေးမြ တဲ့ ခံစားမှု ကို ချက်ချင်း သိရမှာပါ။ အမာရွတ် တွေ သိ သိ သာသာ လျော့ပါး သက်သာ လာစေ ပါတယ်။

( Rosewater လို့ ခေါ်တဲ့ နှင်းဆီရေ ကို အလှကုန် ပစ္စည်း ဆိုင် တွေ မှာ ၀ယ်ယူ ရရှိ နိုင်ပါတယ် )

( ၂ ) သံလွင်ဆီ



( ၃ ) သခွားသီး

သံလွင်ဆီ နဲ့ အမာရွတ် ကို နေ့ စဉ် လိမ်းပေး ကြည့် ပါနော်။ အစိုဓာတ် ထိန်း ပေးနိုင် တဲ့ အစွမ်း သတ္တိ ပါရှိတဲ့ သံလွင်ဆီ အစွမ်း ကြောင့် အသား အရေ နူးညံ့ ချောမွတ် ကာ အမာရွတ် တွေ လ ည်း ပြေပျောက် သွား နိုင်ပြီ ပေါ့ရှင်။


အသား အရေ ထိန်း အလှကုန် ပစ္စည်း တွေ ကို ဘာ့ကြောင့် သခွားသီး နဲ့ ဖော်စပ် ထုတ်လုပ် ထား ရ ပါသလဲ၊ အဖြေ ကတော့ ရှင်းရှင်း လေးပါ။ သခွား ရည်က အသားရေ ကို နူးညံ့ ချောမွေ့ေ အးမြ စေပြီး၊ ၀က်ခြံ အမာရွတ် တွေကို လည်း ပျောက်ကင်း သက်သာ စေလို့  ပါ ဘဲ။

( ၄ ) ရှားစောင်း လက်ပက်



( ၅ ) ရေ

ရှေးယခင် က စလို့  ရှားစောင်း လက်ပက် ပင်ရဲ့ ဂျယ်လီတွေ ကို အသား အရေ အတွက် အိမ် တွင်း သမားတော် အဖြစ် သုံးစွဲ လာခဲ့ ကြ ပါတယ်။ သူက မျက်နှာ အသား အရေ ကို ကျန်းမာ သိပ် သည်း ကြံ့ခိုင် စေပြီး တင်းတိပ်၊ ၀က်ခြံ နဲ့ ဝက်ခြံ ကြောင့် စွဲကျန်ရစ် တဲ့ အမာ ရွတ် တွေ ကို သက် သာ ပျောက်ကင်း စေတယ် နော်။


တစ်နေ့ ကို သောက် ရေ ဖန်ခွက် ၈ - ခွက် စာထက် မနဲ သောက် ဖြစ်အောင် သောက် ကြနော်။ေ ရသောက် ခြင်း က ခန္ဒာကိုယ် အရေ ပြား ရှိ အဆိပ် အတောက် များ ကို ဖယ်ရှား သန့် စင် စေပြီး၊ အရေပြား ဆဲလ် အသစ်များ ကို မွေးဖွား ပေးကာ၊ ၀က်ခြံ ကြောင့် ဖြစ်တဲ့ ဆဲလ် အသေ တွေ ၊ အ မာရွတ် တွေ ကို ဖယ်ရှား သန့် စင် စေပေးလို့ပါ။

Ref ===> Daily Health

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

Advertise Here !

Software Full Version Download and Tech News Update




ရေသောက်သုံးခြင်းက လူသားတွေရဲ့ အတွေးနဲ့စိတ်အာရုံကို လန်းဆန်းစေပြီး ပြဿနာတွေကိုဖြေရှင်းရာမှာ ပိုပြီး စိတ်အေးအေးနဲ့ ရလဒ်ကောင်းအောင် ဖြေရှင်းနိုင်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် လူတွေဟာ ရေဆာလောင်နေရင် အခက်အခဲ ၊ ပြဿနာများကို ဖြေရှင်းရာမှာ နှေးကွေးလေ့ရှိပြီး ရေဆာပြေချိန်တွင် ဌင်းတို့ ၏စိတ်အာရုံမှာ လန်းဆန်းလာသောကြောင့် အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းရာတွင်ထက်မြက်လာတာဖြစ်တယ်လို့ သုတေသီတွေက ကောက်ချက်ဆွဲခဲ့တာပါ။

ဒါ့အပြင် ရေကိုလုံလောက်စွာ သောက်သုံးမှု မရှိတာဟာ လူသားတွေရဲ့ တွေးခေါ်လုပ်ဆောင်မှုကိုပိုပြီးခက်ခဲ့စေတယ်လို့ သိရပါတယ်။

သုတေသီများ၏လေ့လာစမ်းသပ်မှု့ မှာတော့ စက်ဘီးကို နာရီဝက်ကြာစီးနှင်းခဲ့ကြသည့် ဆယ်ကျော်သက်များ၏ ဦးနှောက်ကို စကင်ဖတ်၍ စစ်ဆေးခြင်းနှင့် ဌင်းတို့ ၏ ချွေးထွက်မှု ပမာဏကို လေ့လာခဲ့ကြပါတယ်။

ဒီလို လေ့လာရာမှာတော့ ချွေးထွက်မှု ပမာဏများပြားသူများ၏ ဦးနှောက်အတွင်းရှိ တစ်သျှုးများသည့် ရှု့ံသွားတာကို တွေ့ခဲ့ရပါတယ်။ အဲ့အချိန်မှာ  ရေတစ်ခွက် သို့ မဟုတ် နှစ်ခွက်သောက်သုံးပြီးချိန်တွင် ဌင်းတို့ ၏ ဦးနှောက်များမှာ မူလအနေအထားကို ပြန်ပြီးရောက်ရှိသွားတယ်လို့ သိရပါတယ်။

သုတေသီတွေရဲ့ အဆိုအရ မိနစ် ၉၀ ကြာပုံမှန်ချွေးထွက်နေမည်ဆိုပါက ဦးနှောက်သည် အသက်တစ်နှစ်ပိုမို ကြီးသွားသကဲ့ သို့ ရှုံ့ သွားနိုင်ကြောင်းလည်း သိရပါတယ်။


Ref ===> Recipe

ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

Advertise Here !

Software Full Version Download and Tech News Update




Micro USB ဆိုတာကတော့ USB connector ရဲ့ မျိုးကွဲအခေါ်အဝေါ်တစ်ခုပဲ ဖြစ်ပါတယ်။ USB ရဲ့ အရှည်ကတော့ Universal Serial Bus ပဲ ဖြစ်ပါတယ်။ အဓိကအားဖြင့် USB စနစ်သုံးကြိုးတွေကို ကျွန်ပျူတာနဲ့ ချိတ်ဆက်ပြီး အချက်အလက်ဖိုင်တွေကို အလွယ်တကူ ကူးပြောင်းနိုင်ဖို့အတွက် အသုံးပြုတာဖြစ်ပါတယ်။ ကွန်ပျူတာနဲ့ ချိတ်ဆက်အသုံးပြုတဲ့ ထုတ်ကုန်ရဲ့ ထောက်ပံ့မှုပေါ်မူတည်ပြီး အထူးသီးသန့် drivers ဒါမှမဟုတ် တခြားသော ဆော့ဖ်ဝဲ အထောက်အပံ့မလိုဘဲ အသုံးပြု နိုင်မှာလည်းဖြစ်ပါတယ်။

အချို့ထုတ်ကုန်တွေကတော့ USB စနစ်အသုံးပြု ကြိုးကို ကွန်ပျူတာမှာချိတ်ဆက်ပြီး ထုတ်ကုန်ရဲ့ ဘက်ထရီကို အားပြန်ဖြည့်နိုင်ပါတယ်။ USB မှာ မတူကွဲပြားတဲ့ မျိုးကွဲတွေရှိသလို MicroUSB မှာ လည်း Micro-A ၊ Micro-B နဲ့ micro USB 3 ဆိုပြီး မျိုးကွဲတွေ ရှိပါတယ်။

Micro USB 3 က micro B နဲ့ ပုံသဏ္ဍာန် ဖွဲ့စည်းပုံမှာတော့ သိပ်မကွာခြားပေမယ့် USB 3 က ပိုမိုမြန်ဆန်မှုရှိတယ်လို့ ဆိုပါတယ်။ အခုလက်ရှိ အသုံးပြုနေကြတာကတော့ အဲဒီအမျိုးအစား တွေထဲက တစ်ခုပဲဖြစ်ပါတယ်။ တကယ်တော့ MicroUSB က USB ရဲ့ အရွယ်အစားထက် ပိုမို သေးငယ်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ USB ရဲ့ စံသတ်မှတ်ချက်အတိုင်းပဲ MicroUSB စနစ်ကို plug-and-play နဲ့ hot-swappable အနေနဲ့ အသုံးပြုနိုင်ပါတယ်။

USB ရဲ့စံသတ်မှတ်ချက်ကို Compaq, IBM, DEC, Intel, Mircrosoft, NEC နဲ့ Northern Telecom စတဲ့နည်းပညာကုမ္ပဏီတွေက ပူးပေါင်းသတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ Portable ထုတ်ကုန်တော်တော်များများဖြစ်တဲ့ စမတ်ဖုန်း၊ Tablet PC, MP3 Players, GPS Devices, Photo Printer နဲ့ ဒစ်ဂျစ်တယ်ကင်မရာတွေမှာ အချက်အလက်ကူးပြောင်းဖို့နဲ့ ဘက်ထရီအားကို ပြန်လည်ဖြည့်သွင်းဖို့အတွက် MicroUSB စနစ်ကို တွင်ကျယ်စွာ အသုံးပြုပြီဖြစ်ပါတယ်။



ပိုစ့်တင်သူ ( ::: ချမ်းမြေ့မောင် ::: )

CHAN LAY (MCMM)

www.chanmyaemaung.net

Advertise Here !

Software Full Version Download and Tech News Update
မင်္ဂလာပါ ကိုယ်ပိုင်နည်းပညာပို့စ်လေးတွေလည်း မရေးဖြစ်တာကြောင့် အခုနည်းလမ်းလေးတစ်ခု ပေးမလို့ပါ ကလေးအထာပါ သိပြီးသားဖြစ်မှာပါ မသိသေးသူတွေအတွက်ပေးလိုက်ခြင်းပါ နောက် ပိုင်း 5.0 to 6.0 တွေအတွက်ရည်ရွှယ်ထားခြင်းပါ Note5 နဲ့စမ်းပြထားခြင်းဖြစ်ပါတယ် နောက် Model တွေ Root လုပ်ချင်ရင် 09-455724355 သို့ဆက်သွယ်မေးမြန်းနိုင်ချင်တာပဲဖြစ်ဖြစ် Samsung ရဲ့ Official Handset များဖြစ်ပြီး firmware ခြားနေရင်လည်း ဖုန်းဆက်ပြီးမေးမြန်းနိုင်တယ်နော့် ကျေးဇူးတင်ရင်ဘေဖြည့်ပေးနော့် တစ်ခုတော့ရှိတယ် ကျန်တာမမေးရဘူး ဒီပို့စ်နဲ့ပတ်သတ်တာပဲမေးရမှာနော် ဆရာမဟုတ်ပါ သင်ယူလေ့လာနေဆဲ ဘ၀တူတွေပါ ကူညီတာပါ ဆရာလုပ်တာမဟုတ်ပါဘူး

ကဲစမယ်

Model မျိုးစုံကိုလိုက်လုပ်မပြတော့ဘူးနော် တစ်မျိုးပဲလုပ်ပြမှာကျန်တာ cf file လေးတွေပေးထားမယ်လေ


Download tools for root Samsung Galaxy Note 5 SM N920T:

File NameDownload link
Samsung Galaxy Note 5 SM N920T Odin ToolClick here to download
Samsung Galaxy Note 5 SM N920T USB DriverClick here to download
Samsung Galaxy Note 5 SM N920T CF-Auto-RootClick here to download


========

Download tools for root Samsung Galaxy Note 5 SM N920I:

File NameDownload link
Samsung Galaxy Note 5 SM N920I Odin ToolClick here to download
Samsung Galaxy Note 5 SM N920I USB DriverClick here to download
Samsung Galaxy Note 5 SM N920I CF-Auto-RootClick here to download

==============

ownload tools for root Samsung Galaxy Note 5 SM N920G:

File NameDownload link
Samsung Galaxy Note 5 SM N920G Odin ToolClick here to download
Samsung Galaxy Note 5 SM N920G USB DriverClick here to download
Samsung Galaxy Note 5 SM N920G CF-Auto-Root LollipopClick here to download
Samsung Galaxy Note 5 SM N920G CF-Auto-Root MarshmallowClick here to download

=========






Note 5 (ALL model 5.o to 6.0 Root file)


Download tools for root Samsung Galaxy Note 5

File NameDownload link
Samsung Galaxy Note5 Odin ToolClick here to download
Samsung Galaxy Note 5  USB DriverClick here to download



Follow these steps to root Samsung Galaxy Note 5 SM N920T:

Step 1: Download and install your Phone USB driver on your PC and download Odin tool and CF-Auto-Root file and extract both file in a same folder.

Image result for extract odin zip file image

Step 2: Now enable USB debugging mode on your Smartphone. Go to system settings then tap on Developer options and tap on x. ( If your phone have Android 4.2 or upper version then see how to enable Developer options here is guide of this Click here

Image result for USB debugging check box image
Step 3: Now we will go to Downloading Mode, So Switch off your phone After then Press and hold volume down key with power button at the same time for 10 second maximum, see in this image.
Image result for odin download mode image
Image result for odin download mode image
Step 4: You will see a warning massage on your phone screen see in first image after then press Volume up key to continue or entering Download Mode. Now your phone entered in the Downloading Mode.
Image result for odin download mode image
Step 5: Now double click on Odin.exe for run Odin tool and connect your device to PC via USB cable in Downloading Mode. When you connect your phone to PC then Odin tool detect your phone automatically and show COM port and give massage in massage box. See in this image.

Image result for odin tool download mode image

Step 6: Now click on AP or PDA button in the Odin tool window and select CF-Auto-Root file. When you click on the PDA button Odin will ask you CF-Auto-Root file location, So browse it and select your CF-Auto-Root file from Odin folder or where you save this file.
Image result for odin tool download mode image
Step 7: After select CF-Auto-Root file, click on Start button in the Odin tool.
Image result for odin tool download mode image



Step 8: Now Root process start and it take few second to root Samsung Galaxy Note 5 SM N920T. When root process will complete, then you will see green box in the Odin. see in this image.
Step 9: In this process your phone automatically reboot and you will get a massage pass in the Odin tool window. Now disconnect your phone and start your phone then go to Application Menu where you will see SuperSU app.
Image result for super user image


Myanmar Font Installing Process
---------------------------------

CWM or TWRP ဆိုတဲ့ Custom Recovery ကို odin ကနေ Model အလိုက် Flash လိုက်ပါ

ပြီးရင် အောက်ကလင့်က mmfont zip လေးကို ဒေါင်းပြီး Recovery ကနေ install လုပ်ပေးလိုက်ပါ

Final Solution 3.0 Download Link – http://www.mediafire.com/download/r99ho7yvf6mmh0k/TotalSolution_3.0_ZawgyiBase.zip


Andorid Version အလိုက် cf root file & Custom Recovery ကွဲခြားမူရှိတာကြောင့် မမှန်ရင် softbrick ဖြစ်သွားနိုင်ပါတယ် ဒါကြောင့် သူ့နဲ့တူတာရှာကြံ(မရရင်ဖုန်းဆက်ပေါ့)ပြီး လုပ်နိုင်ပါတယ်

 

အားလုံးအဆင်ပြေကြပါစေ. . .

သီဟထိုက်
www.thihahtike.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !