February 2020
Software Full Version Download and Tech News Update
 

Illustrator ကို အဆင့်မြင့်မြင့်တတ်မြောက်ကျွမ်းကျင်လိုသူတွေအတွက် Illustrator သင်ခန်းစာတွေကို တင်ပေးလိုက်ပါတယ်..
သင်ခန်းစာထဲက ဘာတွေကို လေ့လာနိုင်မလဲ..
Logo Design ရေးဆွဲနည်းတွေ၊
ကောက်ကြောင်းတွေနဲ့ Vector ပုံရိပ်ဖန်တီးနည်းတွေ
ဓာတ်ပုံတွေ၊ Bitmap ပုံတွေကနေ Vector ပုံဖန်တီးနည်းတွေ စသည်ဖြင့်စသည်ဖြင့် တော်တော် များပါတယ်.. အချို့ ဝေါဟာရတွေက မြန်မာမှုပြုဖို့ အဆင်မပြေတော့ အောက်မှာ မူရင်း အင်္ဂလိပ်လို ရေးထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်..

  • Designing logos
  • Creating vector illustrations
  • Turning photographs into vector artwork
  • Vectorizing and colorizing traced hand drawings
  • Preparing graphics for web and print
  • Designing infographics
  • Working with type in creative ways
  • Mastering advanced Illustrator tools and techniques
  • Learn useful keyboard shortcuts and best practices
  • Practice everything you learn with provided Exercise Files
  • Test your knowledge with quizzes at the end of each chapter
  • Learn Illustrator from the start the way a professional would use it
သင်ခန်း Video စုစုပေါင်း (၉၄) ခုပါဝင်ပြီး နာရီအားဖြင့် စုစုပေါင်း ၁၂ နာရီကြာမြင့်ပါတယ်..
သင်ခန်းစာတစ်ခုပြီးတိုင်း လေ့ကျင့်ခန်းတွေကိုလည်း လက်တွေ့လေ့ကျင့်နိုင်ဖို့ပါဝင်ပါတယ်..
This course includes:

  • 94 Videos (12 hours of total playtime)
  • Interactive quizzes testing what you learnt in each chapter
  • Downloadable working files
  • Course content updated with the latest CC 2020 new features
  • All future updates to Illustrator will be included in this course for no extra payment
  • Estimated finish time: 25 hours (including finishing all exercises and quizzes)
  • Preparation guide for the official Adobe Certified Associate exam: Graphic Design & Illustration using Adobe Illustrator
  • Completion certificate upon finishing the entire course
သင်ခန်းစာအားလုံးကို Martin ကသင်ကြားထားပါတယ်..
Martin ဟာ ကမ္ဘာ့အကောင်းဆုံး Adobe Instrator ၁၀ ယောက်ထဲက တစ်ယောက်ဖြစ်ပြီး ဒီသင်ခန်းစာတွေကို Udemy က ပိုင်ဆိုင်ပါတယ်..
Udemy ဟာ Online Learning Platform တစ်ခုဖြစ်ပြီး 2020 မှာ ကျောင်းသားပေါင်း သန်း ၅၀ ကျော်၊ သင်ခန်းစာပေါင်း ၅၇၀၀၀ ကျော်ကို ဘာသာစကား ၆၅ မျိုးနဲ့ သင်ကြားနေတယ်လို့ ဆိုပါတယ်..
အခုတင်ပေးလိုက်တဲ့ Udemy ရဲ့ Illustrator CC 2020 MasterClass သင်ခန်းစာတွေဟာ အခကြေးငွေပေးပြီး သင်ကြားရတဲ့သင်ခန်းစာတွေဖြစ်ပြီး Online မှာ အခမဲ့ဖြန့်ထားတာတွေ့လို့ ပြန်လည်မျှဝေလိုက်တာပါ...


Who will find it useful:

  • Perfect for anyone looking to start or develop their career in the creative industry.
  • Complete beginners will be able to master the software from the very beginning to the most advanced features.
  • Self-taught users and existing professionals can use the course to take their skills and knowledge to the next level, refine their workflows and learn to do everything the right way!
  • Existing and more experienced users of Illustrator may also discover hidden gems and workflows or catch up with all the new features released in CC 2020.
  • Skills you will gain:
  • Producing vector graphics for print and screen
  • Using all the time-saving features of Illustrator and work efficiently
  • Designing logos and brand identities for clients
  • Creating vector illustrations, infographics and icons
  • Tracing scanned drawings and sketches and turning them into scalable vector graphics
  • Producing repeatable patterns for product packaging, apparels and stationaries.
  • Ready to master and create brand new work with confidence in Adobe Illustrator? Enroll on this course and let’s get started.
Requirements
  • Any version of Adobe Illustrator, preferably not older than Illustrator CS6. Ideally Illustrator CC (Creative Cloud).
  • Prior knowledge is not needed
  • Exercise Files and Study Guides are provided

Who this course is for:
  • This course is aimed at anyone who wants to get into the creative industry and gain a rock solid foundation of Illustrator.
  • Although it is providing a beginner to intermediate level learning experience it can be useful for experienced Illustrator users too as there are many self-taught users who are missing out on a lot of techniques and features.
Learn More Skill at Udemy : https://www.udemy.com/
 

Download  : 1.82 GB

အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org

Advertise Here !

Software Full Version Download and Tech News Update

ဓါတ်ပုံနဲ့ပတ်သက်လာရင် Photoshop ကလည်းသူ့ကဏ္ဍနဲ့သူ အဆင်ပြေသလို Lightroom ကလည်း သူ့ကဏ္ဍနဲ့သူ စွမ်းတာပါပဲ.. Photoshop က jpeg, png, tiff စတဲ့ bitmapped graphics တွေကို ပြုပြင်ခြင်း၊ ဒီဇိုင်းဖန်တီးခြင်းတွေမှာ အစွမ်းထက်ပြီး Lightroom ကတော့ RAW ဖိုင်တွေကို Edit လုပ်ကာ အခမ်းနားဆုံး ဓာတ်ပုံတွေကို ဖန်တီးရာမှာ ဆရာတစ်ဆူဖြစ်ပါတယ်..
ဓာတ်ပုံကင်မရာအသင့်အတင့်ကောင်းကောင်း တစ်လုံးကိုင်ထားပြီဆိုရင် RAW ဖိုင်နဲ့ရိုက်ပြီး Lightroom နဲ့ပြင်.. လန်ထွက်နေတဲ့ ပုံတွေရမယ်ဆိုပြီး အကြံပေးတတ်ကြပါတယ်..
မှန်ပါတယ်.. RAW တွေဟာ jpeg ဖိုင်တွေထက် ပိုပြီး အရည်အသွေးကောင်းတဲ့ ပုံတွေကို ဖန်တီးနိုင်ပါတယ်..
Lightroom ဟာ PC အတွက်ရော Smartphone တွေအတွက်ပါ ရှိပါတယ်..
ခုတင်ပေးလိုက်တာကတော့ PC အတွက် Lightroom ကို အခြေခံကစပြီး အဆင့်မြင့် Pro ထိ တတ်ကျွမ်းအောင် တဆင့်ချင်း သင်ပြပေးထားတဲ့ Video ဖိုင်ဖြစ်ပါတယ်..
သင်ခန်းစာပေါင်း ၅၈ ခုထိ ပါဝင်ပြီး စုစုပေါင်း 6.72 GB ရှိပါတယ်.. သင်ခန်းစာတွေကတော့ Marcin Mikus ရဲ့ Skillshare Zero to Pro ဆိုတဲ့ သင်ခန်းစာတွေဖြစ်ပါတယ်.. HD အကြည်နဲ့ဖြစ်ပြီး အင်္ဂလိပ်ဘာသာနဲ့ သင်ကြားတယ်ဆိုပေမယ့် သိပ်ခက်ခက်ခဲခဲမဟုတ်ပါဘူး.. Tutorial Video ကို ကြည့်ပြီး တဆင့်ချင်း သေသေချာချာ လေ့လာသွားရင် နားလည်သဘောပေါက်ပါတယ်..
Marcin Mikus ရဲ့ Website : https://www.marcinmikus.com/ မှာ သွားကြည့်လိုက်ရင် လန်ထွက်နေတဲ့ ဓာတ်ပုံနမူနာတွေကို မြင်ရပါမယ်..
ကျနော်က 6.72 ရှိတဲ့ဖိုင်ကို အပိုင်း ၆ ပိုင်းလုပ်ပြီး File Host (၃)ခုနဲ့ တင်ပေးထားပါတယ်..


IntoUpload Link

UserDrive Link
Mediafire Link

အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org

Advertise Here !

Software Full Version Download and Tech News Update

ဖုန်းတစ်လုံးကို ဘယ်လောက်သုံးပြီးသွားပြီ၊ ဘယ်လောက်ထပ်သုံးနိုင်မလဲ စတဲ့အခြေအနေကို စစ်ဆေးတဲ့ အရိုးရှင်းဆုံးနည်းကတော့ အဲဒီဖုန်းမှာပါတဲ့ Original Battery သက်တမ်းကို စစ်ဆေးတဲ့နည်းပါပဲ..
စက်ရုံကထုတ်လိုက်ကတည်းက ပါလာတဲ့ ဘက်ထရီဟာ အကြောင်းတစ်ခုခုကြောင့် ပျက်စီးသွားတာမျိုးမဟုတ်ရင် အားသွင်းအကြိမ်ရေ နဲ့ သက်တမ်း ကို သတ်မှတ်ထားပြီးသားဖြစ်ပါတယ်..
အားအပြည့်သွင်းတဲ့အကြိမ်ရေ ၅၀၀ သို့မဟုတ် သက်တမ်း ၁ နှစ်ခွဲ ဆိုရင် ဘက်ထရီရဲ့ သိုလှောင်နိုင်စွမ်းလျော့နည်းလာပြီဖြစ်ပါတယ်..
ဖုန်း ထုတ်လုပ်တာ ၁ နှစ်ခွဲ မပြည့်သေးပေမယ့် အားသွင်းတဲ့အကြိမ်ရေ ၅၀၀ ပြည့်သွားရင် သာမန်အားဖြင့် ၁ နှစ်ခွဲ ဖုန်းကိုအသုံးပြုထားပြီးဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ်..
ဒါဆိုရင် ဘက်ထရီအားသွင်းကြိမ်ရေကို ဘယ်လိုကြည့်မလဲ... ဖုန်းအားလုံးမှာတော့ ဘက်ထရီအားသွင်းကြိမ်ရေ (သို့မဟုတ်) ဘက်ထရီသိုလှောင်နိုင်တဲ့ပမာဏကို ကြည့်ဖို့ နည်းနည်း အခက်အခဲရှိပါတယ်.. အဲဒီထဲက iPhone, Xiaomi နဲ့ အခြားဖုန်းအချို့မှာ ဘယ်လိုကြည့်မလဲဆိုတာကို အနည်းငယ် မျှဝေသွားပါမယ်..


iPhone


iOS 11.3 နဲ့အထက်အသုံးပြုထားတဲ့ iPhone တွေမှာ ဘက်ထရီ Health ကို စစ်နည်းကတော့−
Setting ထဲက Battery ထဲက Battery Health ကိုအဆင့်ဆင့်နှိပ်ပါ.. အဲဒီထဲက Maximum Capacity မှာ ရာခိုင်နှုန်း(%) နဲ့ဖေါ်ြပထားတာကို မြင်ရပါမယ်.. ရာခိုင်နှုန်းနည်းလေ ဘက်ထရီနဲ့ ဖုန်းကိုသုံးထားတဲ့ပမာဏများလေဖြစ်လို့ ရာခိုင်နှုန်းနည်းခြင်းဟာ ဖုန်း ဟောင်းလာနေပြီဆိုတာကို ပြနေခြင်းဖြစ်ပါတယ်..
iPhone ဘက်ထရီတွေမှာ 80% နဲ့ 100% ကြားအခြေအနေဟာ အကောင်းဆုံးဆိုတဲ့အနေထားမှာရှိနေပြီး 80% အောက်နည်းသွားရင်တော့ တော်တော်ဟောင်းနေပြီလို့ ဆိုကြပါတယ်..
အဲဒီထဲက 80% ဆိုတာ ဘက်ထရီသိုလှောင်နိုင်အား 80% ပဲရှိတော့တာကို ပြတာဖြစ်ပါတယ်.. ဥပမာ ဖုန်းဘက်ထရီက 100mAh ပါတယ်ဆိုပါစို့.. အသစ် 100% တုန်းက အားသွင်းရင် 100mAh ထိ အပြည့်သိုလှောင်နိုင်လို့ ၁၀ နာရီအသုံးခံတယ်ဆိုရင် ဘက်ထရီ Health က 80% ပဲ ပြနေတယ်ဆိုရင် ဘက်ထရီအားအပြည့်သွင်းရင်တော့ 100mAh အပြည့်မရတော့ဘဲ 80mAh ပဲရတော့တဲ့အတွက် ၈ နာရီပဲ အသုံးခံတော့မှာပါ..


Xiaomi



Xiaomi တွေမှာတော့ အနည်းဆုံး Android 9, MIUI 11 နှင့်အထက်ရှိနေဖို့လိုပါတယ်.. ဒါဆိုရင် အခြား Third Party App မသုံးဘဲ ဘက်ထရီ သက်တမ်းကို စစ်လို့ရပါတယ်..
ဖုန်းခေါ်တဲ့ Dial မှာ *#*#6485#*#* ကိုနှိပ်လိုက်ရင် ဘက်ထရီနဲ့ပတ်သက်တဲ့ Hidden Menu ပေါ်လာမှာဖြစ်ပါတယ်..
အဲဒီထဲက MB_00 ဟာ လက်ရှိ ဘက်ထရီရဲ့အားလက်ကျန်ကိုပြတာဖြစ်ပြီး MB_06 ကတော့ ဘက်ထရီ ကောင်း/မကောင်းကိုပြတာဖြစ်ပါတယ်..
MF_02 ကတော့ ဘက်ထရီအားအပြည့်သွင်းထားတဲ့ အကြိမ်ရေဖြစ်ပါတယ်.. အကြိမ်ရေ 500 ကျော်သွားလေ ဘက်ထရီသက်တမ်းတိုလာလေဖြစ်ပါတယ်..


အခြား Android Smartphone များ
Secret Code နဲ့ Battery Information မရတဲ့ အခြားဖုန်းတွေမှာ AccuBattery ဆိုတဲ့ Application နဲ့ စစ်နိုင်ပါတယ်.. ဒါပေမယ့် Free မှာတော့ Battery Health ကို စစ်လို့မရပါ.. Pro ဝယ်ရမှာဖြစ်ပါတယ်..
Google Play မှာ Accubattery ဆိုပြီးရှာနိုင်ပါတယ်.. Android 4.1 နဲ့အထက် ရတယ်ဆိုပေမယ့် ဖုန်းတိုင်းအဆင်မပြေဘူးလို့ သိရပါတယ်.. 



Source : Mi.com, GizChina


အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org

Advertise Here !

Software Full Version Download and Tech News Update

Xiaomi Smartphone တွေဟာ ပေးရတဲ့စျေးနဲ့ သုံးရတဲ့ပစ္စည်းရဲ့ အရည်အသွေးကို လူကြိုက်များတာကြောင့် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး Brand တစ်ခုလို့တောင် ပြောရမှာပါ..
Smartphone အတွက်ငွေကြေးအသင့်အတင့်သာအသုံးပြုမယ့် လူတန်းစားတွေကို ဆွဲဆောင်ထားနိုင်တဲ့ Xiaomi ဟာ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ (ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့)မှာ မိတ်ဆက်သွားခဲ့ပါတယ်..
Mi9၊ Mi Note 10 နောက်ပိုင်း စိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ Mi 10 နဲ့ Mi 10 Pro အကြောင်း အနည်းငယ် မိတ်ဆက်ပေးချင်ပါတယ်..
Mi 10
6.67 လက်မရှိတဲ့ Curved AMOLED မျက်နှာပြင်ကိုအသုံးပြုပေးထားပြီး 90Hz refresh rate နဲ့  180Hz touch sampling rate အထောက်အပံ့ရပါမယ်.. အောက်ခြေ Chin ဟာ 3.32 mm လောက်ပဲ သေးသေးလေးကျန်ပြီး အလင်းအား 1120nit ထိ ရပါမယ်.. 5000000: 1 contrast ratio ရှိပြီး လုံးဝမျက်နှာပြင်အပြည့် အသုံးပြုနိုင်ပါမယ်..
 နောက်ဆုံးပေါ် Snapdragon 865 SOC ကိုအသုံးပြုထားပြီး Dual 5G ကွန်ယက်စနစ် (SA/NSA) စနစ်ကိုအထောက်အပံ့ရပါမယ်.. ဒါ့အပြင် Wifi စနစ်မှာလည်း 9.6Gbps ထိ မြန်နှုန်းမြင့်ရရှိစေမယ့် Wifi6 ကို တပ်ဆင်ပေးပါသေးတယ်..

Memory ကို မျိုးဆက်သစ် LPDDR 5 စနစ်၊ 730Mb/s ထိ မြန်နှုန်းမြင့် UFS3.0 လည်းတပ်ပေးထားပါသေးတယ်..

ကင်မရာမှာ 108 Megapixel ပါတယ်ဆိုပေမယ့် Mi Note 10 လိုတော့ ၅ လုံးပြူးမဟုတ်ဘဲ 
108P main camera (1 / 1.33 inch outsole, 7P lens, 4 in 1 1.6 micron large pixel)
13MP ultra-wide-angle lens  (f / 2.4 aperture, 1.12 micron, 123-degree super-wide viewing angle)
2MP macro lens (f / 2.4 aperture, 1.75 microns, 2-10cm macro)
2MP depth of field lens (f / 2.4 aperture, 1.75 microns)

၄ လုံးတပ်ဆင်ပေးထားပြီး 8K Video တွေကိုရိုက်ကူးနိုင်ကာ AI Video Editing စနစ်ကိုလည်း ထည့်ပေးထားပါတယ်..
ဆယ်ဖီဆွဲဖို့ ကင်မရာက 20 Megapixel တပ်ဆင်ထားပြီး ဘယ်ဘက်မှာ အပေါက်လေးနဲ့ထည့်ပေးထားပါတယ်..

ဘက်ထရီကတော့  4780mAh ပါပြီး 30W wired fast flash charging, 30W wireless fast flash charging and 10W wireless reverse charging အားသွင်းစနစ်တွေနဲ့ အားသွင်းနိုင်မှာပါ..
စျေးနှုန်းကတော့ −

8GB/128GB ကို တရုတ်ငွေ ၃,၉၉၉ ယွမ် (မြန်မာငွေ ၈၃၀,၀၀၀ ကျပ် ဝန်းကျင်)
8GB/256GB ကို တရုတ်ငွေ ၄,၂၉၉ ယွမ် (မြန်မာငွေ ၉သိန်း ဝန်းကျင်)
12GB/256GB ကို တရုတ်ငွေ ၄,၆၉၉ ယွမ်(မြန်မာငွေ ၉၇၅,၀၀၀ ကျပ် ဝန်းကျင်)ဖြစ်ပါတယ်..
Mi10 Pro
Mi10 Pro မှာ Mi 10 လို ကင်မရာ ၄ လုံးဆိုပေမယ့် ကွဲပြားပါတယ်..
108 Megapixel Main Camera f1.69 ကို 8P နဲ့ဖြစ်ပြီး
20 Megapixel Wide Angle f2.2
12 Megapixel Telephoto+Portrait Camera f2.0
8 Megapixel Telephotp f2.0 တို့ကိုတပ်ဆင်ပေးထားပါတယ်.. Telephoto က 10X ထိ Hybrid Zoom ဆွဲပေးနိုင်ပါတယ်..
ဘက်ထရီက Mi10 ထက်နည်းသွားပြီး 4500 mAh ဖြစ်ပါတယ်..
 8GB/256GB ကို တရုတ်ငွေ ၄,၉၉၉ ယွမ်(မြန်မာငွေ ၁၀သိန်း ဝန်းကျင်)
12GB/256GB ကို တရုတ်ငွေ ၅,၄၉၉ ယွမ် (မြန်မာငွေ ၁,၁၄၀,၀၀၀ ကျပ် ဝန်းကျင်)
12GB/512GB ကို တရုတ်ငွေ ၅,၉၉၉ ယွမ် (မြန်မာငွေ ၁၂သိန်းခွဲ ဝန်းကျင်) ဖြစ်ပါတယ်..

Mi10 နဲ့ Mi10 Pro နှစ်ခုလုံးမှာ 1.0cc shock sound နဲ့ညီမျှတဲ့ symmetrical stereo dual linear speakers တပ်ဆင်ပေးထားတာကြောင့် DXO Mark မှာ ကင်မရာနဲ့ အသံစနစ်အကောင်းဆုံး အဆင့်ရထားပါတယ်..3000mm² large VC liquid cooling plate + graphene + multi-layer graphite cooling system အအေးစနစ်နဲ့အသုံးပြုထားတာကြောင့် ဖုန်းပူတဲ့ပြဿနာကတော့ အေးပြီထင်ပါတယ်..
Mi10 ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ နဲ့ Mi10 Pro ကို ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ စတင်ရောင်းချမယ်လို့သိရပါတယ်..


Source : GizChina, XDA Developer

အဆင်ပြေပါစေ..
မောင်ပေါက်< Blogger >
www.maungpauk.org

Advertise Here !

Software Full Version Download and Tech News Update

Camera ကနေ ရိုက်ယူလိုက်တဲ့ RAW Image ဖိုင်တွေကို အကောင်းဆုံး Edit လုပ်ပေးနိုင်ပြီး လုံးဝ လန်ထွက်နေတဲ့ ပုံတွေဖန်တီးနိုင်ဖို့အတွက်တော့ Lightroom က အကောင်းဆုံးပါ.. RAW Editing လုပ်တဲ့ အကောင်းဆုံး၊ အသုံးအများဆုံး Software ဖြစ်ပါတယ်.. Lightroom CC version ကတော့ Online လိုအပ်ပြီး Classic Version ကတော့ Offline သုံးလို့ရပါတယ်.. Windows 64 bit အတွက်ဖြစ်ပြီး Setup နဲ့ Install လုပ်ရုံနဲ့ Activate ဖြစ်ပြီးသား Adobe Photoshop Lightroom Classic 2020 v9.0.0.10 ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်.. 

Edit and organise your photos with the app that’s optimised for desktop.
Lightroom Classic CC gives you powerful one-click tools and advanced controls to make your photos look amazing. Easily organise all your photos on your desktop and share in a variety of ways.
Your best shots. Made even better.
Your photos don’t always reflect the scene the way you remember it. But with Lightroom Classic CC, you have all the desktop editing tools you need to bring out the best in your photographs. Punch up colours, make dull-looking shots vibrant, remove distracting objects and straighten skewed shots. Plus, the latest release offers improved performance so you can work faster than ever.
With better performance under the hood, Lightroom Classic CC lets you import photos, generate previews and move from Library to Develop Module in record time.
Use range masking tools to easily select the areas or objects you want to edit based on their colour, luminance or depth.
Create HDR panos faster now that you can merge multiple bracketed exposures into multiple HDR photos and then stitch them into a panorama — all in one step.

Pirated Software is not recommended.
 Purchase Here : https://www.adobe.com/sea/products/photoshop-lightroom-classic.html
 

Or

Download : 1.1 GB

အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org

Advertise Here !