June 2020
Software Full Version Download and Tech News Update

Clash of Clans (COC) Update အသစ်ကို Playstore ကနေ မရနိုင်တဲ့သူတွေအတွက် COC ဗားရှင်းသစ် 13.369.4 1242 ကိုတင်ပေးလိုက်ပါတယ်..
အဓိကအပြောင်းအလဲက Headhunter ဆိုတဲ့ နင်ဂျာတွေကို အသစ်ထုတ်ပေးလိုက်တာဖြစ်ပါတယ်..


Headhunter ဆိုတဲ့ နင်ဂျာတွေဟာ Wall တွေကို Jump spell မသုံးဘဲ ခုန်ပျံကျော်လွှားနိုင်ပြီး သူ့ရဲ့ အဓိကတာဝန်က Super Hero တွေကို တိုက်ခိုက်ချေမှုန်းတာဖြစ်ပါတယ်.. ဒီ Headhunter ကို Town hall 13, Dark Barracks (level 9) မှာအသုံးပြုနိုင်မှာဖြစ်ပါတယ်..

ဒါ့အပြင် Town Hall 13 အတွက် အခြားသော Feature တွေများစွာကိုလည်း ထည့်ပေးထားတယ်လို့ဆိုပါတယ်.. ခုနောက်ပိုင်း COC ကို ပြန်လည်ကစားလာကြတာကိုတွေ့ရပြီး COC ကလည်း အသစ်အသစ်သော စိတ်ဝင်စားစရာ Feature ပေါင်းများစွာနဲ့ ပြန်လည်အသက်သွင်းလာနေပါတယ်..

What's new
Summer update has arrived with loads of awesome additions!
• Introducing the Headhunter, a new troop that loves going after heroes!
• Super Witch and Inferno Dragon are here to bolster the Super Troop roster!
• Upgrade your Town Hall and earn several days of boosts!
• Update also includes fresh Town Hall 13 content and much, much more!

Download Clash of Clans (COC) 13.369.4 1242 New Update : 137 MB
အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org

Advertise Here !

Software Full Version Download and Tech News Update

Xiaomi ဟာ Laptop တွေရဲ့ စျေးကွက်ဝေစုကို အုပ်စိုးဖို့ ကြိုးစားလာနေတာ အတော်ကြာပါပြီ.. Xiaomi က စမတ်ဖုန်းတွေလိုပဲ Mi Notebook နဲ့ RedmiBook ဆိုပြီး Brand အုပ်စု ၂ ခုခွဲပြီး Laptop လောကကို သီးခြားစီ ထိုးဖောက်ထားပါတယ်..
မနေ့က ဇွန်လ ၁၁ ရက်နေ့မှာပဲ Mi Notebook Lineup ထဲက Mi Notebook 14 နဲ့ Mi Notebook Horizon Edition ဆိုပြီး Edition ၂ မျိုးကို အိန္ဒိယစျေးကွက်ထဲမှာ စတင်ရောင်းချလိုက်ပါတယ်..
ရိုးရိုး Mi Notebook 14 မှာ
1901-FC, 1901-FA နဲ့ 1901DG ဆိုပြီး ၃ မျိုးကွဲပါတယ်..
အဲဒီ ၃ မျိုးလုံးရဲ့ CPU ကို Intel ရဲ့ 10th Generation Core i5 တပ်ဆင်ပေးထားပါတယ်..
Graphic ပိုင်းမှာတော့ 1901-FC နဲ့ 1901-FA တွေမှာ Intel UHD Graphics 620 ကိုတပ်ဆင်ပေးထားပြီး 1901-DG မှာတော့ NVIDIA ရဲ့ GeForce MX250 ကိုတပ်ဆင်ပေးထာပါတယ်..
RAM ကတော့ Model ၃ ခုလုံးမှာ 8GB DDR4 ကိုတပ်ဆင်ပေးထားပြီး
Storage အနေနဲ့ 1901-FC မှာ 256 GB SATA SSD၊ 1901-FA နဲ့ 1901-DG မှာ 512 GB SATA SSD တွေတပ်ဆင်ပေးထားပါတယ်..

Mi Notebook 14 Horizon Edition မှာတော့
1904-AR နဲ့ 1904-AF ဆိုပြီး Model နှစ်မျိုးထုတ်လုပ်ထားပါတယ်..
CPU အနေနဲ့က 1904-AR မှာ Intel ရဲ့ နောက်ဆုံးထွက် 10th Generation ဖြစ်တဲ့ Core i5 ကိုတပ်ဆင်ပေးထားပြီး 1904-AF မှာ Intel ရဲ့ နောက်ဆုံးထွက် 10th Generation ဖြစ်တဲ့ Core i7 ကိုသုံးပေးထားပါတယ်..
RAM ကတော့ 8GB DDR4 ကိုပဲ Model နှစ်ခုလုံးမှာသုံးပေးထားပါတယ်..
Storage အနေနဲ့ 1904-AR မှာ 512 GB SATA SSD ကိုပဲသုံးပေးထားပြီး 1904-AF မှာတော့ 512 GB PCI Express Gen3 NVMe SSD ကိုသုံးပေးထားပါတယ်..

Body ပိုင်းမှာ Premium ဆန်တဲ့ Metallic Design နဲ့ဖန်တီးပေးထားပြီး 14 လက်မ မျက်နှာပြင်ဟာ 91% Screen to body ratio ရှိတာကြောင့် ဘေးဘောင်တွေဟာ ပျောက်လုနီးပါးဖြစ်နေပါတယ်..
Port & Slots
ညာဘက်မှာ USB 2.0, 3.5mm Audio Jack
ဘယ်ဘက်မှာ USB 3.1 TYPE C, USB 3.1 x 2, HDMI, Power Port တိုပါဝင်ပါတယ်..

ဘက်ထရီကတော့ ၁၀ နာရီကြာ ခံတဲ့ 46Wh ဘက်ထရီကိုတပ်ဆင်ပေးထားပြီး 65W Charger နဲ့ 50% ကို နာရီဝက်အတွင်းသွင်းပေးနိုင်တဲ့ အမြန်အားသွင်းစနစ်လည်းပါပါတယ်..
မကြိုက်တာတစ်ခုက Webcam ဟာ Build-in ပါမလာဘဲ အလွတ်ထည့်ပေးလိုက်မှာဖြစ်တယ်လို့ဆိုပါတယ်..

အိန္ဒိယမှာ ဇွန်လ ၁၇ ရက်နေ့ထိ ရောင်းချမယ့်စျေးနှုန်းတွေကတော့ −
Mi Notebook 14 inch (256GB SATA SSD version) – $554 ( 780000 ကျပ်ခန့်)
Mi Notebook 14 inch (512GB SATA SSD version) – $593 ( 830000 ကျပ်ခန့်)
Mi Notebook 14 inch (512GB SATA SSD + NVIDIA MX250 GPU) – $633 ( 890000 ကျပ်ခန့်)
Mi Notebook 14 Horizon Edition (512GB SATA SSD version) – $725 (1020000 ကျပ်ခန့်)
Mi Notebook 14 Horizon Edition (512GB PCI Express Gen 3 NVMe SSD version) – $791 ( 1110000 ကျပ်ခန့်)
ဖြစ်ပါတယ်..


အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org

Advertise Here !