Advertise Here !


Xiaomi ဟာ Laptop တွေရဲ့ စျေးကွက်ဝေစုကို အုပ်စိုးဖို့ ကြိုးစားလာနေတာ အတော်ကြာပါပြီ.. Xiaomi က စမတ်ဖုန်းတွေလိုပဲ Mi Notebook နဲ့ RedmiBook ဆိုပြီး Brand အုပ်စု ၂ ခုခွဲပြီး Laptop လောကကို သီးခြားစီ ထိုးဖောက်ထားပါတယ်..
မနေ့က ဇွန်လ ၁၁ ရက်နေ့မှာပဲ Mi Notebook Lineup ထဲက Mi Notebook 14 နဲ့ Mi Notebook Horizon Edition ဆိုပြီး Edition ၂ မျိုးကို အိန္ဒိယစျေးကွက်ထဲမှာ စတင်ရောင်းချလိုက်ပါတယ်..
ရိုးရိုး Mi Notebook 14 မှာ
1901-FC, 1901-FA နဲ့ 1901DG ဆိုပြီး ၃ မျိုးကွဲပါတယ်..
အဲဒီ ၃ မျိုးလုံးရဲ့ CPU ကို Intel ရဲ့ 10th Generation Core i5 တပ်ဆင်ပေးထားပါတယ်..
Graphic ပိုင်းမှာတော့ 1901-FC နဲ့ 1901-FA တွေမှာ Intel UHD Graphics 620 ကိုတပ်ဆင်ပေးထားပြီး 1901-DG မှာတော့ NVIDIA ရဲ့ GeForce MX250 ကိုတပ်ဆင်ပေးထာပါတယ်..
RAM ကတော့ Model ၃ ခုလုံးမှာ 8GB DDR4 ကိုတပ်ဆင်ပေးထားပြီး
Storage အနေနဲ့ 1901-FC မှာ 256 GB SATA SSD၊ 1901-FA နဲ့ 1901-DG မှာ 512 GB SATA SSD တွေတပ်ဆင်ပေးထားပါတယ်..

Mi Notebook 14 Horizon Edition မှာတော့
1904-AR နဲ့ 1904-AF ဆိုပြီး Model နှစ်မျိုးထုတ်လုပ်ထားပါတယ်..
CPU အနေနဲ့က 1904-AR မှာ Intel ရဲ့ နောက်ဆုံးထွက် 10th Generation ဖြစ်တဲ့ Core i5 ကိုတပ်ဆင်ပေးထားပြီး 1904-AF မှာ Intel ရဲ့ နောက်ဆုံးထွက် 10th Generation ဖြစ်တဲ့ Core i7 ကိုသုံးပေးထားပါတယ်..
RAM ကတော့ 8GB DDR4 ကိုပဲ Model နှစ်ခုလုံးမှာသုံးပေးထားပါတယ်..
Storage အနေနဲ့ 1904-AR မှာ 512 GB SATA SSD ကိုပဲသုံးပေးထားပြီး 1904-AF မှာတော့ 512 GB PCI Express Gen3 NVMe SSD ကိုသုံးပေးထားပါတယ်..

Body ပိုင်းမှာ Premium ဆန်တဲ့ Metallic Design နဲ့ဖန်တီးပေးထားပြီး 14 လက်မ မျက်နှာပြင်ဟာ 91% Screen to body ratio ရှိတာကြောင့် ဘေးဘောင်တွေဟာ ပျောက်လုနီးပါးဖြစ်နေပါတယ်..
Port & Slots
ညာဘက်မှာ USB 2.0, 3.5mm Audio Jack
ဘယ်ဘက်မှာ USB 3.1 TYPE C, USB 3.1 x 2, HDMI, Power Port တိုပါဝင်ပါတယ်..

ဘက်ထရီကတော့ ၁၀ နာရီကြာ ခံတဲ့ 46Wh ဘက်ထရီကိုတပ်ဆင်ပေးထားပြီး 65W Charger နဲ့ 50% ကို နာရီဝက်အတွင်းသွင်းပေးနိုင်တဲ့ အမြန်အားသွင်းစနစ်လည်းပါပါတယ်..
မကြိုက်တာတစ်ခုက Webcam ဟာ Build-in ပါမလာဘဲ အလွတ်ထည့်ပေးလိုက်မှာဖြစ်တယ်လို့ဆိုပါတယ်..

အိန္ဒိယမှာ ဇွန်လ ၁၇ ရက်နေ့ထိ ရောင်းချမယ့်စျေးနှုန်းတွေကတော့ −
Mi Notebook 14 inch (256GB SATA SSD version) – $554 ( 780000 ကျပ်ခန့်)
Mi Notebook 14 inch (512GB SATA SSD version) – $593 ( 830000 ကျပ်ခန့်)
Mi Notebook 14 inch (512GB SATA SSD + NVIDIA MX250 GPU) – $633 ( 890000 ကျပ်ခန့်)
Mi Notebook 14 Horizon Edition (512GB SATA SSD version) – $725 (1020000 ကျပ်ခန့်)
Mi Notebook 14 Horizon Edition (512GB PCI Express Gen 3 NVMe SSD version) – $791 ( 1110000 ကျပ်ခန့်)
ဖြစ်ပါတယ်..


အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org

Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !