-----
Home
ဗဟုသုတ
မျှော်လင့်ချက်များကို အသက်သွင်းခြင်း (ဗဟုသုတ)
Advertise Here !
လူသားတွေဟာ မျှော်လင့်ချက် ကိုယ်စီနဲ့ အသက်ရှင်ကြပါတယ်။ ဘာဖြစ်ချင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေ၊ ဘာဖြစ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ။ တစ်နေ့ကျရင် ဆိုတဲ့ အိမ်မက်တွေ။
.
တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပေမယ့် လူတိုင်းနီးပါးရဲ့ ဘဝတွေကို ပြောင်းလဲပစ်ပေးနိုင်တဲ့ အခြေခံစိတ်ကတော့ "မျှော်လင့်ခြင်း" ဆိုတဲ့ စိတ်လေးပါပဲ။ အဲဒီ့စိတ်ကြောင့် လူသုံးမျိုးကွဲသွားတယ်။ ပထမလူက မျှော်လင့်ချက်တွေကို စနစ်တကျနဲ့ ခိုင်မာအောင် တည်ဆောက်ပြီး ယုံကြည်ချက်ဆိုတဲ့ အဆင့်ကို ရောက်အောင်သွားတယ်။ ဒုတိယ လူကတော့ ဖြစ်ချင်တယ်ဆိုတဲ့ မျှော်လင့်ချက်အဆင့်မှာတင် စမ်းတဝါးဝါးနဲ့ ရောက်ချင်တဲ့ ပန်းတိုင်ကို လျှောက်တယ်။ တတိယလူကတော့ မျှော်လင့်ချက်တွေ မဲ့သွားပြီး လမ်းတွေပျောက်ကုန်တယ်။
.
ဒါကို ကြည့်ခြင်းအားဖြင့် အောင်မြင်တဲ့သူတွေကလည်း သူတို့ရဲ့မျှော်လင့်ချက်တွေကို အရောင်တောက်အောင်လုပ်ရင်း အောင်မြင်ခဲ့ကြတယ်။ ကျရှုံးတဲ့သူတွေကလည်း မျှော်လင့်ချက်တွေ ပျောက်ဆုံးပြီး အရှုံးတွေ ဖြစ်ခဲ့ရတယ်။ လူတစ်ယောက်ရဲ့ အောင်မြင်ခြင်း၊ ကျရှုံးခြင်းတွေမှာပါ သက်ရောက်မှုရှိသွားပါတယ်။
.
ထိပ်တန်းထိ အောင်မြင်ခဲ့ကြတဲ့သူတိုင်းဟာ "မဖြစ်နိုင်ပါဘူး" ဆိုတဲ့ စကားသံတွေကြားကနေ "ဖြစ်နိုင်ပါတယ်"
ဆိုတဲ့ မျှော်လင့်ချက်တွေကတစ်ဆင့် ယုံကြည်ချက်တွေကို အသွင်ပြောင်းနိုင်ခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်။ ဒီတော့
"မဖြစ်နိုင်ပါဘူး" ဆိုတဲ့ စကားသံတွေကို ယုံမလား? သင့်ရဲ့ "မျှော်လင့်ချက်" တွေကို ယုံမလား? သင်ရွေးချယ်နိုင်ပါတယ်။
.
ဒါဆိုရင် သင့်ရဲ့ မျှော်လင့်ချက်ကရော? ဘာဖြစ်မလဲ? သင်ကရော မျှော်လင့်ချက်တစ်ခုကို ဆုပ်ကိုင်ပြီး ယုံကြည်ချက်တွေအဖြစ် အသက်သွင်းနေတဲ့သူလား? မျှော်လင့်ချက်တွေမဲ့ပြီး လမ်းပျောက်နေတဲ့သူလား?
ကဲ.. မျှော်လင့်ချက်တွေကို အသက်သွင်းကြရအောင်ဗျာ..
___________
ရွှေညာမောင် (Focus Youth) , focusyouthmyanmar
အဆင်ပြေပါစေ..

-
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb
UserCloud Download Link
Tusfiles Download Link
Mediafire1 Download Link
Back To Top
Post A Comment:
0 comments: