June 2017
Software Full Version Download and Tech News Update

Samsung တွေ Adb Mode ကနေ FRP Lock ဖြည်နိုင်မယ်၊ Samsung Model အားလုံး Support မပေးနိုင်ပေမယ့် တော်တော်အဆင်ပြေအောင်လုပ်ထားပါတယ်.. dll ဖိုင်တွေ အဆင်မပြေဖြစ်ခဲ့ရင် Internet ပေါ်ကနေ Download ဆွဲလိုက်ပါ.. အခြား Model များ Support မပေးပါ လို့ မူရင်း ရေးသားသူက ဖေါ်ပြထားပါတယ်...

Credit : Ahmed Hossam Anpar

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Download GPTTeamFRPTool V1.0 Beta.7z : 14.02 Mb

 

Advertise Here !

Software Full Version Download and Tech News Update

emmcdl.exe  လိုပါမယ်
emmcdl.exe ကို  အောက်က link ကနေ downလိုက်

 

emmcdl ရှိပြီဆိုရင် နောက်ထပ်လိုတာက Flash programmer file flash programmer file ကို firmware ထဲကနေ ယူလိုက်...
emmcdlနဲ့ flashprogrammer ကို folder တစ်ခုထဲမှာအတူတူထား..
ဖုန်းကို 9008 mode ၀င်လိုက်ပါ...
ပီးရင် Shift+Right click နဲ့ open command window here
cmd box ပေါ်လာပြီဆိုရင် emmcdl -l နဲ့ comport အရင်စစ်ပီးရင် စမယ်
emmcdl -p COM* -f FlashProgrammer -e persist
ဥပမာ ကျနော်က redmi 4A ကိုဖြည်မှာဆိုတော့

emmcdl -p COM31 -f prog_emmc_firehose_8917_ddr.mbn -e persist ပေါ့

အဲ့တာပီးရင် ကျနော်တို့ persist ကို format ချတဲ့အပိုင်းတော့ ပီးသွားပြီ
အဲ့အဆင့်ပီးတာနဲ့ ဖုန်းကို power ပြန်ဖွင့်လိုက် acc lock ပြုတ်နေလိမ့်မယ်
ဒါပေမယ့် wifi error တက်နေလိမ့်မယ် စိတ်မပူပါနဲ့ .. ဖုန်းကို sim card ထည့် online ဖွင့်ပြီး mi account ၀င်လိုက်ပါ .. account ၀င်လို့ရသွားပါမယ်

account ၀င်ပီးတာနဲ့ ဖုန်းကို 9008 mode ကိုပြန်ဝင်ပြီး persist ကိုပြန် flash ပါမယ် ( wifi ပြန်သုံးလို့ရအောင်လို့ပါ ).. firmware ထဲက persist ကိုပြန် flash ပေးရမှာပါ

ပြန်ပြီး Flash မယ့် command က
emmcdl -p COM31 -f prog_emmc_firehose_8917_ddr.mbn -b persist persist.img နဲ့ ပြန် flash ပေးလိုက်

ပီးရင် power ပြန်ဖွင့်လိုက်ပါ. account လဲဝင်လို့ရပြီး wifi error မတက်ဘဲနဲ့ account lock ဖြည်ပြီးသွားပါပြီ...

ဒီနေရာမှာ 9008 port က ကျနော့်ကွန်ပျူတာမှာ 31 မို့ 31 နဲ့ပြထားတာပါ..
အကိုတို့ကွန်ပျူတာမှာ comport စစ်ပီး ပေါ်လာတဲ့ comport ကိုသုံးရမှာပါ
prog_emmc_firehose_8917_ddr.mbn ကလဲ redmi 4A ထဲကသုံးထားတာပါ
ကိုယ်သုံးချင်တဲ့ model အလိုက် flashprogrammer နေရာမှာသုံးရမယ့် နာမည်က အပြောင်းအလဲ ရှိမှာပါ..

Batch File နဲ့ တစ်ဖိုင်ချင်း Run နိုင်အောင် အောက်မှာ Script File Download လုပ်နိုင်ပါတယ်..

 

Credit to : Phyo Nyi Nyi & EPI

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Advertise Here !

Software Full Version Download and Tech News Update

Mi Account Lock တွေကို 9008Mode ကနေဖြုတ်နိုင်မယ့် OMH Mi Account Unlocker Beta 2 ဗားရှင်းသစ်ထွက်လာလို့ ပြန်လည်မျှဝေလိုက်ပါတယ်...

Support ပေးတဲ့ Model တွေကတော့
  • Redmi 3S
  • Redmi 4S
  • MI 4C
  • MI 4S
  • Mi Max
  • Mi Note Pro
  • Mi 5
  • Redmi Note3
  • Redmi Note3 Pro
  • Mi 4
  • Mi 4I
  • Redmi 3X
 Pasword= omh

Developed By = Omh Min Htet

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download OMH Mi Account Unlocker Beta 2.rar : 1.7 Mb

 

Advertise Here !

Software Full Version Download and Tech News Update
ဖုန်း Service သမားတွေအတွက် NCK Dongle Crack Installer တွေပါ... Rar မဖြည်ခင် Antivirus တွေ ပိတ်ထားရပါမယ်.. Install လုပ်ပြီးသွားရင်တော့ Antivirus ပြန်ဖွင့်ပြီးသုံးနိုင်ပါပြီ...



Download NCK Dongle 7.0.2 Crack : 17.41 Mb



Download NCK Dongle Crack MediaTak : 43.43 Mb



Download NCK Dongle Crack Qualcomm : 45 Mb

 
ဖိုင်နာမည်တွေရဲ့အဆုံးမှာ Rar ဖြည်ဖို့ Password တွေပါ ပါတယ်...

Credit : Min_Oaker

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Advertise Here !

Software Full Version Download and Tech News Update
Windows သုံးတဲ့ ကွန်ပျူတာတွေမှာ Boot Partition မဟုတ်တဲ့ Partition တွေကို Explorer မှာ မမြင်ရအောင် လွယ်လွယ်ကူကူပဲ ဖျောက်နိုင် ပြန်ဖေါ်နိုင်ပါတယ်.. ဘာ Software မှ မလိုအပ်ပါဘူး.. command prompt (CMD) ကိုပဲ သုံးပြီး ဖျောက်နိုင်ဖေါ်နိုင်ပါတယ်.. Windows တင်ထားတဲ့ Partition ကိုတော့ လုပ်လို့မရပါဘူး.. ပုံမှန်အားဖြင့်ဆို C:\ ကိုဖျောက်လို့မရဘူးပေါ့... ဘယ်လိုလုပ်သလဲကြည့်ရအောင်...

1. Windows Key နဲ့ R ကိုတွဲနှိပ်ပြီး Run Box ခေါ်လိုက်ပါ.. ပြီးရင် CMD လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ...

2. CMD (Command Prompt) ထဲရောက်လာရင် diskpart လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ... diskpart ဆိုတာ ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ Hard Disk တွေရဲ့ Partition တွေကို စီမံခန့်ခွဲဖို့အတွက် အသုံးပြုတဲ့ command ပါ.. Diskpart ဟာ သီးခြားဘောက်တစ်ခုအနေနဲ့ခွဲထွက်လာပါမယ်.. Windows 10 သုံးတဲ့သူဆို Diskpart ကိုဖွင့်မှာလားလို့မေးပါတယ်.. Yes ကိုနှိပ်လိုက်ရင် diskpart ထဲကိုရောက်ပါပြီ...


3. Diskpart ထဲမှာ list volume လို့ရိုက်ပြီး Enter ခေါက်ပေးပါ.. ဒါကတော့ Hard Disk မှာ ကျွန်တော်တို့ မမြင်ခဲ့ရတဲ့ Volume တွေအပါအဝင် Volume ဘယ်နှစ်ခုပါသလဲဆိုတာကို စာရင်းနဲ့ပြခိုင်းတာပါ.. ကျွန်တော့်ကွန်ပျူတာမှာ ကျွန်တော်က Partition 2 ခုသာ ပိုင်းထားပေမယ့် ကွန်ပျူတာက Volume 4 ခု ပိုင်းထားပါတယ်. Volume 0 ကတော့ DvD Drive ပါ...

4. ပြီးရင် ကိုယ်ဖျောက်ချင်တဲ့ Volume ကိုရွေးပေးရပါတယ်.. ဘယ်လိုရွေးပေးရမလဲဆိုတော့ select volume .No ဖြစ်ပါတယ်... ကျွန်တော်က Volume 3 ( Partition D) ကိုဖျောက်ချင်တဲ့အတွက် select volume 3 လို့ရိုက်ပြီး Enter ခေါက်လိုက်ပါတယ်.. Volume 3 is the selected volume ဆိုပြီး Volume 3 ကိုရွေးပြီးကြောင်းပြပါတယ်..


 5. ကိုယ်က Drive D ကိုဖျောက်ချင်တာဖြစ်တဲ့အတွက် remove letter D လို့ရိုက်လိုက်ပါတယ်... DiskPart successfully removed the drive letter or mount point ဆိုပြီး ကိုယ်ဖျောက်ချင်တဲ့ Drive ကိုဖျောက်ပြီးကြောင်း ပြောပါတယ်...


ဒီနေရာမှာ သတိထားရမှာက Volume နဲ့ Letter ဖြစ်ပါတယ်.. Volume ဆိုတာက Hard Disk ကို ပိုင်းထားထဲ့ အပိုင်းအရေအတွက်အားလုံးကိုပြောတာဖြစ်ပါတယ်.. ကျွန်တော်က Hard Disk ကို Partition ၂ ပိုင်းသာ ပိုင်းထားခဲ့ပေမယ့် Windows OS က သူလိုအပ်တဲ့အတိုင်း Volume 1 နဲ့ Volume 4 ကို သူ့အလိုလိုပိုင်းထားပါတယ်.. ဒါပေမယ့် ကျွန်တော် တကယ်မြင်ရတာက Partition C နဲ့ Partition D သာမြင်ရပါတယ်... Letter ဆိုတာကတော့ Partition ကို ပေးထားတဲ့ ကိုယ်စားပြု အက္ခရာဖြစ်ပါတယ်.. Volume တိုင်းမှာ အက္ခရာနဲ့ကိုယ်စားပြုဖေါ်ပြထားတာမဟုတ်ပါဘူး.. Volume 2 က Letter C, Volume 3 က Letter D ဖြစ်ပြီး Volume 0 ကတော့ Letter E ဖြစ်ပါတယ်.. ခုလို Partition ဖျောက်တယ်ဆိုတာ တကယ်တော့ Drive Letter ကိုသာ ဖျောက်လိုက်ခြင်းဖြစ်ပါတယ်.. Volume တစ်ခုကိုကိုယ်စားပြုထားတဲ့ Letter ကိုသာ ဖျောက်လို့ရပါတယ်.. သို့သော် Windows တင်ထားတဲ့ Letter C ကိုတော့ မဖျောက်နိုင်ပါဘူး...


ဟုတ်ပြီ.. ဖျောက်တော့ ဖျောက်ထားပြီ... ဘယ်လိုပြန်ဖေါ်မလဲ၊ ဒါမှမဟုတ် ဖျောက်ထားတဲ့ Volume ကို ဘယ်လိုမြင်ရမလဲ...
အထက်မှာဖေါ်ပြခဲ့တဲ့ အဆင့် ၁ ကနေ အဆင့် ၄ ( ကိုယ်ပြန်ဖေါ်ချင်တဲ့ Volume ကို Select လုပ်ပြီးတဲ့အဆင့်) ထိအောင် လုပ်ပါ... အဆင့် ၃ မှာ list volume ပြကတည်းက Gb ပမာဏများများနဲ့ Volume တစ်ခုဟာ Drive Letter ပျောက်နေကြောင်း သတိထားမိမှာဖြစ်ပါတယ်... အဆင့် (၄)ပြီးသွားလို့ ကိုယ်ပြန်ဖေါ်ချင်တဲ့ Volume ကို Select ကိုလုပ်ပြီးသွားရင် ရိုက်ရမယ့်စာသားက assign letter .No ဖြစ်ပါတယ်.. ကျွန်တော်က Drive Letter D ကိုပြန်ဖေါ်မှာဖြစ်တဲ့အတွက် assign letter D လို့ရိုက်လိုက်ပြီး Enter ခေါက်ပါတယ်... DiskPart successfully assigned the drive letter or mount point ဆိုပြီး ဖျောက်ထားတဲ့ Drive ကိုပြန်ဖေါ်ပြီးဖြစ်ကြောင်း ပြပါတယ်...


ခုနက ဖျောက်ထားတဲ့ Drive D ပြန်ပေါ်လာပါပြီ...



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Advertise Here !

Software Full Version Download and Tech News Update

Oppo ဖုန်းတွေအတွက် Firmware ကိုလွယ်လွယ်ကူကူရှာပေးနိုင်မယ့် Oppo Model Finder ဟာ Oppo တွေ Model လွဲပြီး Firmware ဒေါင်းမိတာမျိုးမဖြစ်အောင် ဖန်တီးပေးထားပါတယ်..
Model မှာ ကိုလိုချင်တဲ့ Model ကိုရွေးပြီး Download Button ကိုနှိပ်ပြီး ဒေါင်းနိုင်ပါပြီ... ကိုယ့်ကွန်ပျူတာမှာတော့ .Net Frame 4.0 နဲ့အထက်ကို တင်ထားရပါမယ်...

Credit : dhilip @ GSM Developer

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Download Oppo Model Finder 1.1.rar : 749 Kb

 

Advertise Here !

Software Full Version Download and Tech News Update

Samsung Combination Firmware Big Collection (57) ဖိုင်ပါ.. ဆရာ စိုးဝင်း (New Class Mobile ) စုထားတာတွေ့လို့ ပြန်လည်မျှဝေလိုက်ပါတယ်..

  1. A300H
  2. A300M
  3. A310M
  4. A500FU
  5. A500M
  6. A510F
  7. A510FD
  8. A710FD
  9. A800F
  10. J700M
  11. G318HZ
  12. G350
  13. G355
  14. G900AZ
  15. G920R6
  16. G9200V
  17. G920W8
  18. G925T
  19. G925V
  20. G928A
  21. G928C
  22. G928F
  23. G928T
  24. G928V
  25. G930F
  26. G925F
  27. I9060
  28. I900I
  29. J100H
  30. J100V
  31. J105F
  32. J105H
  33. J111F
  34. J120A
  35. J200H
  36. J320A
  37. J500H
  38. J320A
  39. J710F
  40. N900
  41. J900R4
  42. N900T
  43. N910A
  44. N910C
  45. N910F
  46. N910H
  47. N910P
  48. N910R4
  49. N910T
  50. N915A
  51. N915P
  52. N915T
  53. N920A
  54. N920C
  55. N920P
  56. N920T
  57. N930F


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Download Samsung Combination Firmware Big Collection

 

Advertise Here !

Software Full Version Download and Tech News Update

Samsung စမတ်ဖုန်းများရဲ့ version 5, 6, 7 တွေကို Root မလိုပဲ မြန်မာစာ ထည့်သွင်းနိုင်မယ့် နည်းလမ်းတစ်ခုပါ..
အောက်ကဖိုင်ကို အရင် Download လုပ်ပါ..


ဖြည်လို့ရလာတဲ့ Folder ထဲက Run.bat ကို ဖွင့်လိုက်ပါ။ ReadMe.txt ဖိုင်ကိုဖတ်ဖို့ သတိပေးပါမယ်.. key တစ်ခုခုကို နှိပ်ပေးလိုက်ပါ.. ဖုန်းကို USB Debugging တို့ Unknown Source တို့ကို on ပေးပြီး PC နဲ့ချိတ်ဆက်ပေးလိုက်ပါ။ bat ဖိုင်လေးမှာပေါ်နေတဲ့ usb ပုံလေပျောက်သွားပြီး Key တစ်ခုခုနှိပ်ခိုင်းပါမယ်။ ကြိုက်တဲ့ Key နှိပ်ပေးလိုက်ပါ။ လိုအပ်တဲ့ Application ကို install ပြုလုပ်ပေးပြီး bat ဖိုင်မှာ $ ဆိုင်းလေးနဲ့ပြနေပါမယ်။ အဲဒီအဆင့်ရောက်ပြီဆိုရင်တော့ အောက်ကစာတွေကို copy ယူပြီး bat ဖိုင်ရဲ့ဘားလေးကို Right Click နှိပ် Paste လုပ်ပြီ Enter နှိပ်ပေးလိုက်ပါ။

pm grant jp.co.c_lis.ccl.morelocale android.permission.CHANGE_CONFIGURATION

အဲဒီအဆင့်ပြီးပြီဆိုရင်တော့ ဖုန်းထဲမှာ install လုပ်ထားတဲ့ Morelocal 2 ဆိုတဲ့ Application ထဲကိုဝင်ပါ။ English ( Zawgyi ) ဆိုတာကိုရွေချယ်ပေးပြီး Keyboard ထည့်သွင်းကာ မြန်မာစာ အသုံးပြုနိုင်ပါပြီ။
Remark : အလုံးတိုင်းတော့ အဆင်ပြေချင်မှ ပြေပါမယ်။

Credit : Than Toe Aung

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Advertise Here !

Software Full Version Download and Tech News Update

လန်ဒန်၊ ဇွန် ၈

ချက်သမ္မတနိုင်ငံမှ ပညာရှင်တစ်ဦးသည် နှစ်ယောက်စီး အသေးစား မီနီရဟတ်ယာဉ် တစ်စီးကို တီထွင်နိုင်ခဲ့ပြီး ရဟတ်ယာဉ်နှင့် လေယာဉ်စွမ်းအင် နှစ်မျိုးဖြင့် ပျံသန်းပြနိုင်ခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။ GyroDrive ဟု အမည်ပေးထားသော အသေးစား နှစ်ယောက်စီး ရဟတ်ယာဉ်လေးသည် ကောင်းကင်ပေါ် ပျံအတက်တွင် ရဟတ်ယာဉ်ကဲ့သို့ ဒေါင်လိုက်တက်သွားပြီး လေထဲတွင် ပန်ကာကို လှည့်ကာ လေယာဉ်အဖြစ် ရှေ့ဘက်ကို ဦးတည်ပျံသန်းနိုင်စေရန် တီထွင်ထားကြောင်း ယင်းသတင်းက ဆိုသည်။ အသေးစား နှစ်ယောက်စီး ယာဉ်သည် ၃၂၈ ပေ အမြင့်မှ တစ်နာရီလျှင် ၁၁၂ မိုင်နှုန်းဖြင့် လူနှစ်ယောက်ကို သယ်ယူနိုင်မည် ဖြစ်သောကြောင့် အမြန်ဆုံး ခရီးသည် ပို့ဆောင်ရေးများတွင် အသုံးပြုလာဖွယ် ရှိကြောင်း AFP တွင် ရေးသားထားသည်။ လေယာဉ်တစ်စီးလျှင် ရောင်းဈေးအဖြစ် အနိမ့်ဆုံး ချက်ငွေ ကိုရူနာ ၁ ဒသမ ၅ သန်း (ဒေါ်လာ ၆၃၅၀၀) ဖြင့် ရောင်းချသွားရန် စီစဉ်လျက်ရှိပြီး အမျိုးအစားအလိုက် ကိုရူနာ ၄ သန်းအထိလည်း ဖြစ်သွားနိုင်ကြောင်း တီထွင်သူက ပြောကြားသည်။ GyroDrive ရဟတ်ယာဉ်ကို ချက်နိုင်ငံမှ လေယာဉ်မှူး ပါဗယ်ဘရီဇီးနား ဆိုသူက တီထွင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ပထမဆုံး ကုန်းနှင့်လေ နှစ်မျိုးသွားယာဉ်အဖြစ် ချက်နိုင်ငံတွင် အသိအမှတ်ပြုခြင်း ခံခဲ့ရသည်။ “လူတွေက မြန်နှုန်းမြင့်ကားကို မိုးပေါ်ပျံနိုင်အောင်ပဲ တီထွင်နေကြတာ။ ကျွန်တော် တီထွင်ထားတာက အဲဒါတွေနဲ့ မတူပါဘူး” ဟု ပါဗယ်က ဆိုသည်။ မစ္စတာ ဘရာဇီးနား၏ ကုမ္ပဏီဖြစ်သည့် Nirvana Systemsသည် ဂျာမနီနိုင်ငံ ကုမ္ပဏီတစ်ခုထံမှ GyroDrive ပုံစံနှင့် စနစ်ကို ဝယ်ယူခဲ့ပြီး လေယာဉ်ပျံသန်းနိုင်ရန် ပန်ကာများအတွက် အင်ဂျင်ကို လောင်စာဆီဖြင့် လည်းကောင်း၊ ယာဉ်ကို ကားအဖြစ် မောင်းနှင်စဉ် ဘီးများ၏ လှုပ်ရှားမှုအတွက် လျှပ်စစ်စွမ်းအင်ကို အသုံးပြုသည့် အင်ဂျင်စနစ်များဖြင့် လည်းကောင်း၊ ပျံသန်းမောင်းနှင်နိုင်မှုကို တီထွင်နိုင်ခဲ့သည်။ GyroDriveယာဉ်လေးကို ၃၇၃ မိုင်အထိ ပျံသန်းနိုင်စွမ်းရှိပြီး၊ မြေပြင်တွင် တစ်နာရီလျှင် ၂၅ မိုင်နှုန်းဖြင့် မောင်းနှင်နိုင်မည် ဖြစ်သည်။ ဘရီဇီးနားသည် မကြာမီ လန်ဒန်ကို လာရောက်ပြီး သူ၏ဇနီး၊ ကလေးနှစ်ယောက်နှင့်အတူ လန်ဒန်မြို့ပေါ်တွင် GyroDrive ကို ပထမဆုံး လာရောက်စမ်းသပ် ပျံသန်းပြနိုင်ရန် စီစဉ်ထားပြီး ဖြစ်ကြောင်း AFP တွင် ရေးသားထားသည်။

Credit : The Voice

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Advertise Here !

Software Full Version Download and Tech News Update
Apple ရဲ့ အကြီးကျယ်အခမ်းနားဆုံးပွဲတစ်ပွဲ ဖြစ်တဲ့ WWDC ပွဲမှာ တက်ရောက်ဖို့ ၁၀ နှစ်အရွယ်ကလေးငယ်တစ်ဦး ဖိတ်ကြားခံခဲ့ရပါတယ်။ ဒီကလေးဟာ WWDC17 ပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခံရသူ developers များထဲမှာ အသက်အငယ်ဆုံး ဖြစ်ပြီး Apple CEO တင်မ်ကွတ်ကိုယ်တိုင် တလေးတစားလက်ဆွဲ နှုတ်ဆက်ခံရသူတစ်ဦးလည်း ဖြစ်ပါတယ်။



 ယူမာဆိုရီရန်တို ဟာ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ နေ iOS developer တစ်ဦးဖြစ်ပြီး အခုမှ အသက် ၁၀ နှစ်ပဲ ရှိသေးတာ ဖြစ်ပေမယ့် App Store မှာ အက်ပလီကေးရှင်း ၅ ခုအထိ ဖန်တီး ရေးသားထားပါတယ်။ ယခုတစ်ပတ် Apple ရဲ့ Worldwide Developers Conference ပွဲမှာ mini rock-star အဆင့်ရထားတဲ့ လူငယ်ပညာရှင်လည်း ဖြစ်ပါတယ်။ ပရိုဂရမ် coding ရေးသားနည်းကို အွန်လိုင်းကနေပဲ လေ့လာခဲ့ပြီး တစ်ခြားဘယ်သူ့ ဆီကမှ မသင်ခဲ့ဖူးဘူးလို့ ယူမာက ဆိုပါတယ်။ coding ရေးနည်းစနစ်ကို ၆ နှစ်သားကတည်းက တတ်မြောက်ခဲ့ပြီးနောက် ကိုယ်ပိုင် အက်ပလီကေးရှင်းများကို ဖန်တီးခဲ့ပါတယ်။

၂၀၁၆ ခုနှစ်ထဲမှာ App Store ပေါ် အက်ပလီကေးရှင်း ၅ ခု ရေးတင်ခဲ့တဲ့ ယူမာဟာ Apple ရဲ့ လူငယ်ပညာသင်ဆု အစီအစဉ်တစ်ခုမှာ WWDC ပွဲကို တက်ရောက်ဖို့ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ ယူမာဆိုရီရန်တိုကို Apple CEO တင်မ်ကွတ်ကိုယ်တိုင် ချီးကျူးဂုဏ်ပြုခဲ့ပြီး ဒီကလေးရဲ့ အောင်မြင်မှုကို တွေ့ မြင်ဖို့ မစောင့်နိုင်အောင် ဖြစ်ရတယ်လို့ တောင် ဆိုခဲ့ပါတယ်။ လောလောဆယ်မှာ ယူမာဟာ ကိုယ်ပိုင် YouTube Channel ကနေ coding ရေးနည်း သင်ပြပေးနေသူဖြစ်ပြီး သူ့ ရဲ့ချန်နယ်အမည်ကို Anyone Can Code လို့ နာမည်ပေးထားပါတယ်။


 Apple ရဲ့ Scholarship program အတွက် လျှောက်ထားရာမှာ ဒီ YouTube channel နဲ့ တကွ သူဖန်တီးထားတဲ့ အက်ပလီကေးရှင်း ၅ ခုကိုပါ တင်ပြခဲ့ရာကနေ အခုလို WWDC ပွဲကို ဖိတ်ကြားခံရတာ ဖြစ်ပါတယ်။ သူ ရေးဆွဲသမျှကို ဒီဇိုင်နာနဲ့ app developer ဖြစ်တဲ့ သူ့ ဖခင် ဟန်ဒရေးကနေ ခရစ်ဒစ်ပေးပြီး App store ပေါ် တင်ပေးခဲ့ပါတယ်။ အကြောင်းကတော့ Apple ရဲ့ အသက်အရွယ် သတ်မှတ်ထားတဲ့ စည်းမျဉ်းများအရ ယူမာကိုယ်တိုင် တင်လို့ မရတာကြောင့် ဖြစ်ပါတယ်။

ယူမာရဲ့ အက်ပလီကေးရှင်းတွေကို Apple ရဲ့ Xcode software သုံးပြီး မိသားစုပိုင် MacBook Air ပေါ်ကနေ ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီအက်ပလီကေးရှင်းတွေထဲမှာ ဘဲကလေးတစ်ကောင်ကနေ ရာသီဥတုအစီရင်ခံပေးတဲ့ Weather Duck ဆိုတဲ့ အက်ပလီကေးရှင်းကနေ ယူမာကိုယ်တိုင် အသံထည့်ထားတဲ့ ဂဏန်းပေါင်းစက် Kid Calculator လည်း ပါဝင်ပါတယ်။


အက်ပလီကေးရှင်းအတွက် coding အားလုံးကို ယူမာကိုယ်တိုင်ရေး ၊ သူကိုယ်တိုင်ပဲ layout အခင်းအကျင်းနဲ့ လုပ်ရမယ့် function ပိုင်းတွေ ချခဲ့တာပါ။ သူ့ အဖေဖြစ်သူ ဟန်ဒရေးကတော့ အက်ပလီကေးရှင်းမှာ သုံးမယ့် ပုံတွေ ထုတ်ပေးတာလောက်ပဲ ကူညီခဲ့တယ်လို့ ဆိုပါတယ်။ coding ရေးရင်း အခက်အခဲတစ်ခုခု ကြုံလာတိုင်း ယူမာဟာ Google ပေါ်ကနေပဲ အဖြေရှာခဲ့တယ်လို့ သိရပါတယ်။

Credit : Duwan

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Advertise Here !

Software Full Version Download and Tech News Update

မောင်စိန်ဝင်း(ပုတီးကုန်း) - သမုဒယ၀တ်ရည် ကဗျာများ-1.pdf
မောင်ဘိုသစ် - ကဗျာရေးနည်း နိသျည်း .pdf
မောင်လှမျိုး - မီးပြဇာတ်.pdf
မောင်သာနိုး..ထင်းရှူးပင်ရိပ်.pdf
မောင်ချောနွယ် - မောင်ချောနွယ် အတု.pdf
မောင်ချောနွယ် ကဗျာပြပွဲ.pdf
မောင်ချောနွယ်...ရထား (ကဗျာရှည်များ).pdf
မောင်ခွေးဘို့  ကဗျာများ.pdf
ရွှေလိုဝင်းသည့် မင်းသုဝဏ်.pdf
ရွှေမြိုင်ပြုံးလဲ့မော် - ပန်းတိုင်လမ်းနျင့် အခြားကဗျာများ (စာပေဗိမာန်စာမူဆုရ).pdf
အောင်ချိမ့် - ပုံပြောသူ အသည်းစွဲကဗျာဆရာ.pdf
အောင်ဝေး - လူငယ်တွေရဲ့ကဗျာ 2003.pdf
မြေလတ်မောင်မြင့်သူ - ရွှေပြည်စိုးရဲ့ တေးသံသာ ကလေးကဗျာများ.pdf
မြင်းမူမောင်နိုင်မိုး..လောကနီတိကဗျာများ.pdf
မြန်မာ ဆိုင်ဘာကဗျာစာအုပ် အမှတ် (၂ ).pdf
မြန်မာကျူးပစ်ဖိုရမ် - ယုံကြည်ချက်-ကဗျာများ-၁.pdf
မြန်မာဆိုက်ဘာကဗျာစာအုပ်-အမှတ်(၁).pdf
မြန်မာတီးရှော့ ကဗျာများ.pdf
မြန်မာခေတ်ပြိုင်ကဗျာ လျှပ်တပြက်ရုပ်ပုံလွှာ.pdf
ဝင်းမောင် - အပြုံးရောင်သီချင်း ကဗျာများ.pdf
ကြည်အေး၏ ကဗျာများ.pdf
ငြိမ်းလူ - လဇူလိုင်ကိုရဲဝင့်သူသာပိုင်တယ် နှင့် အခြား.pdf
နွယ်ဦးလှိုင်..ချစ်ခြင်းဖွဲ့  ကဗျာများ.pdf

ကဗျာ(ရှေး ပျို အလင်္ကာ ရတုရကန်စာအုပ်များ)
=================
၁၂ ရာသီဖွဲ့ ပေါင်းချုပ်.pdf
ဂမ္ဘီသာရပျို့ .pdf
ဂါထာ ၆၀ ပျို့ .pdf
စတုဓမ္မသာရကိုးခန်းပျို့ .pdf
စာဆိုတော်များရတုပေါင်းချုပ်.pdf
ဆုတောင်းခန်းပျို့ .pdf
နတ်သျှင်နောင်ရတုပေါင်းချုပ်.pdf
နဝဒေးရတုပေါင်းချုပ်.pdf
ပါရမီတော်ခန်းပျို့ .pdf
သြဝါဒထူးပျို့ .pdf
ဘူရိဒတ် လင်္ကာကြီး.pdf
ဘူရိဒတ်ဇာတ်ပေါင်းပျို့ .pdf
မင်းနန်ပျို့ .pdf
မဟာဇနကပျို့ .pdf
မဟာသုတသောမပျို့ .pdf
မုဒုလက္ခဏပျို့ .pdf
သံချိုကဗျာပေါင်းချုပ်.pdf
သူဇာပျို့ .pdf
ဥမ္မာဒန္တီပျို့ .pdf
တောလား နှင့် ရတုများ.pdf
နေမိဘုံခန်းပျို့ .pdf
ရွှေဟင်္သာမင်းပျို့ .pdf
လောကသာရပျို့ .pdf

ဘယ်သူတင်ထားလဲတော့မသိ.. ကိုရဲနိုင်ဆီမှာ ပြန် Share ထားတာတွေ့လို့ တင်ပေးတာပါ...


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Advertise Here !

Software Full Version Download and Tech News Update

Facebook ပေါ်မှာ ကဗျာစာအုပ်လေးတွေတွေ့လို့ ကူးလာခဲ့တယ်... ကဗျာဝါသနာရှင်တွေအတွက် အဆင်ပြေမယ်ထင်ပါတယ်...

မြန်မာ ကဗျာဖွဲ့နည်း - ကဗျာဆရာ တင်မိုး
X..စာ ကဗျာများ.pdf
ကဗျာ - သခင်ဗသိန်းတင် - လွမ်းကြပါတော့ ရဲဘော်တို့ရေ.pdf
ကဗျာဆရာ ဝံပုလွေ.pdf
ကဗျာပေါင်းချုပ် - ငွေတာရီ.pdf
ကံ့ကော်မြိုင်စာတန်း.pdf
ခင်မြဇင် - မိုးရွာပြီးစညနေခင်း.pdf
ချစ်သူတွေရဲ့ကဗျာ.pdf
ဂီတနက်သန် ကိုစောညိန်းစာစုများ.pdf
စွယ်တော်ရိပ်သို့အလွမ်းပြေ.pdf
ဇာနည်..ပွင့်ပန်းသိင်္ဂီ ကဗျာများ.pdf
ညွန့်ဝေ(ကသာ) ..ရင်မှဆင်းသော မြစ်တစ်စင်း.pdf
တက္ကသိုလ် အမှတ်တရကဗျာများ.pdf
တဂိုး၏ နောက်ဆုံးကဗျာများ.pdf
တင်မိုး..ပုဂံကျောင်းက ခေါင်းလောင်းသံ.pdf
ထီလာစစ်သူ..မော်ကွန်းကဗျာ.pdf
နိုင်ဝင်းဆွေ အမှတ်တရအဗျာများ.pdf
ပန်းတံတား.pdf
ဖန်မီးအိမ်သို့  အလွမ်းစာ.pdf
ဗန်းမော်ဆရာတော်ဟာသရသကဗျာများ.pdf
မင်းသုဝဏ် - ကဗျာရေးချင်စာစပ်သင်.pdf
မင်းသုဝဏ် - အင်းလျားကန်သို့အိုကုတို့(2).pdf
မိုဃ်းဇော်၊၀င်းမြင့် - လူစီရဲ့အမှုန်အမွှားကင်းစင်တဲ့လက်ဆောင် ကဗျာများ.pdf
မနှင်းပွင့်..စစ်တလင်းမှ ရှိုက်သံများ.pdf
လူကလေးတို့ ရဲ့ မိတ်ဆွေ ငှက်ကလေးတွေ.pdf
လူဇော်သစ် - ချစ်ခြင်းအားဖြင့်ချစ်ခြင်းဖွဲ့ စကားလုံးများ.pdf
ဝ ထ က လ သ .pdf
သစ္စာနီ..မိမိ အရေပြားမှ လမ်းလျှောက်ထွက်ခြင်း.pdf
သစ္စာနီ..မော်ဒန်ရှင်းတမ်း.pdf
သုခမိန်လှိုင် - အင်ဒီဝါးဟိုးလ်တို့ကမ္ဘာ.pdf
သုခမိန်လှိုင် - အငြိမ့်.pdf
သူရနီ..ကျောက်တုံးများကိုနေရာ ရွှေ့ ကြည့်ခြင်း.pdf
သုံးယောက်ကောင်းကင် (ကဗျာ)-မောင်သစ်မင်း.pdf
ဟိုက္ကူကဗျာ မြည်းစရာ.pdf
အလယ်တန်းကဗျာ လက်ရွေးစင်.pdf
အိုမာခယမ်...မင်းယုဝေ.pdf
ဦးသော်ဇင် - ကျေးလက်တောရွာတေးကဗျာ.pdf
ဦးသော်ဇင် ၊ ရန်ကုန်ဘဆွေ..မိုးတိမ်တမန်.pdf
ခေတ်စမ်းကဗျာများ.pdf
စောဝေ..ရွက်ပုန်းသီး မြို့ ပြတိုက်.pdf
ဇော်ဂျီ - ညီသစ်ဆင်း ကဗျာစု.pdf
ဇော်ဂျီ-ဗေဒါလမ်းကဗျာစု.pdf
တောလား နှင့် ရတုများ.pdf
နေပိုင်..ပခုန်းပေါ်က နိယာမများ.pdf
မောင်ခိုင်မာ-ပြုံးလိုက်စမ်းပါ.pdf
မောင်ခိုင်မာ..ရှင်မရေ....pdf
မောင်ခိုင်မာ..ဧည့်ခန်းများကို ဖြတ်သန်းခြင်း.pdf
မောင်စိန်ဝင်း - သောကခြေရာ ရတနာ ကဗျာများ.pdf

ရှည်လွန်းလို့ ဒီလောက်နဲ့ ခဏဖြတ်ထားတယ်.. ဘယ်သူတင်ထားလဲတော့မသိ.. တွေ့လာတာကို ကိုရဲနိုင်ဆီကပါ...


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Advertise Here !

Software Full Version Download and Tech News Update

Samsung မှ မသန်စွမ်းဝန်ထမ်းတစ်ဦးဟာ စမတ်ဖုန်းအလုံးပေါင်း ၈၄၇၄လုံး ခိုးမှုနဲ့ အဖမ်းခံလိုက်ရတယ်လို့  The Investor ရဲ့ ပြောကြားချက်အရ သိရပါတယ်။

လီ လို့ခေါ်တဲ့ အဲဒီလူဟာ တောင်ကိုရီးယား ဆူဝမ်မှာရှိတဲ့ Samsung ရဲ့ ထုတ်လုပ်ရေးရုံးချုပ်မှ ဟန်းဆက်တွေကို ခိုးယူနေခဲ့တာ ဖြစ်ပါတယ်။ တပတ်ရစ်ဟန်းဆက်ရောင်းသူထံကို မရောင်းခင်အချိန်မှာ လက်ရဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

Samsung ဟာ မဖြန့်ချိရသေးတဲ့ဖုန်းတွေ ဗီယက်နမ်ကို ရောက်ရှိနေတာကို သတိထားမိခဲ့ပြီးတော့ ဒီခိုးမှုကို ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။ လီဟာ ၂၀၁၄ ဒီဇင်ဘာကတေ ၂၀၁၆ နိုဝင်ဘာအထိ ၈၀၀မီလျံဝမ် (ဒေါ်လာပေါင်း၇၁၁၃၆၈) လောက် ဖန်တီးနိုင်ခဲ့မယ်လို့ မျှော်လင့်ရပါတယ်။

လီဟာ ဖုန်းတွေကို ရုံးပြန်ချိန်မှာ ရုံးမှာရှိတဲ့ electronic body scanner ကနေ ရှောင်ရှားပြီးတော့ သယ်နေခဲ့တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ၀ှီးချဲနဲ့ မို့လို့ဖြစ်ပါတယ်။

ရဲတွေရဲ့ ပြောကြားချက်အရ သူဟာ ၉၀၀မီလျံဝမ်(ဒေါ်လာ၈၀၀၁၁၈)လောက်ကို လောင်းကစားကြွေးတင်နေတာကို ဆပ်ဖို့သုံးလိုက်တယ်လို့ သိရပါတယ်။

ဒါဟာ Samsung မှာ ဖြစ်ခဲ့တဲ့ ပြစ်မှုတွေထဲကတစ်ခုဖြစ်ပါတယ်။ သူတို့ရဲ့သူဌေး လီဂျေယောင်းကလည်း ဖေဖော်ဝါရီလတုန်းက လာဘ်စားမှု၊ ရေမြေခြားမှာ ပိုင်ဆိုင်မှုတွေ ဖုံးကွယ်ထားမှုတွေအတွက် ပြစ်မှုတွေ ရှိခဲ့ဖူးတဲ့သူလည်း ဖြစ်ပါတယ်။

Credit : Aung Phyo Oo (Myanmar Mobile App)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Advertise Here !

Software Full Version Download and Tech News Update

Computex မှာ “Core X” desktop processors တွေရဲ့ မိသားစုဝင်အသစ်ကို Intel က ကြေညာခဲ့ပါတယ်။ သူကတော့ လက်ရှိ Core i5 နဲ့ Core i7 models တွေထက် ပိုမိုစွမ်းအားမြင့်မားမှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Core i9 ကို အသုံးပြုထားလို့ပါပဲ။
Core X platform ဆိုတာကတော့ ဂိမ်းမာတွေနဲ့ content creators လို့ခေါ်တဲ့ နောက်ဆုံးထွက်ဂိမ်းတွေကို အကောင်းဆုံး resolution နဲ့ ကစားပြပြီးတော့ streaming လုပ်ခြင်း၊ ကြည့်ရှုသူတွေနဲ့ စကားပြောခြင်း စတာတွေကို တစ်ပြိုင်တည်းလုပ်ဖို့လိုအပ်သူတွေအတွက် ဦးတည်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
Core X series ဟာ သာမန် 4-cores တွေကနေပြီးတော့ ဒေါ်လာ၁၉၉၉ တန် Core i9 Extreme နဲ့ ထွက်ပေါ်လာခဲ့ပါတယ်။ သူကတော့ Intel မှ ဂုဏ်ယူစွာထုတ်လုပ်လိုက်တဲ့ 18-cores ၊ 36-threads ပါဝင်တဲ့ ပထမဆုံး consumer desktop processor ဖြစ်ပါတယ်။
Core X family ကိုတော့ 4-cores ၊ 4-threads ပါဝင်တဲ့ ဒေါ်လာ ၂၄၂ တန် Core i5-7640X မှ အစပြုပြီးတော့ ၀ယ်ယူနိုင်မှာပါ။ Core i7 X-Series ကတော့ ဒေါ်လာ ၃၃၉တန် 4-core / 8-thread model ကနေပြီးတော့ ဒေါ်လာ၅၉၉တန် 8-core / 16-thread chip အထိ ဖြစ်ပါတယ်။

Core i9 လား။ i9 Extreme မပါသေးဘဲ ဒေါ်လာ၉၉၉ တန် 10-core / 20-thread processor ကနေ ဒေါ်လာ ၁၆၉၉တန် 16-core / 32-thread chip အထိ မော်ဒယ်လ်လေးခု ထုတ်ပေးသွားဦးမှာပါ။
desktop Core X processors အားလုံးဟာ Intel ရဲ့ X299 motherboard chipset ပေါ်မှာ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ chip architectures တွေရဲ့ ပြောဆိုချက်အရ Core X family အားလုံးကို Intel ရဲ့ sixth-generation Skylake platform ကို ဗားရှင်းမြှင့်တင်ထားတဲ့အပေါ်မှာ တည်ဆောက်ထားတာလို့ သိရပါတယ်။ 4-core models တွေဖြစ်တဲ့ i5-7640X နဲ့ i7-7740X ကတော့ Kaby Lake X ပေါ်မှာတည်ဆောက်ထားပါတယ်။
Computex မှာ “Core X” desktop processors တွေရဲ့ မိသားစုဝင်အသစ်ကို Intel က ကြေညာခဲ့ပါတယ်။ သူကတော့ လက်ရှိ Core i5 နဲ့ Core i7 models တွေထက် ပိုမိုစွမ်းအားမြင့်မားမှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Core i9 ကို အသုံးပြုထားလို့ပါပဲ။
Core X platform ဆိုတာကတော့ ဂိမ်းမာတွေနဲ့ content creators လို့ခေါ်တဲ့ နောက်ဆုံးထွက်ဂိမ်းတွေကို အကောင်းဆုံး resolution နဲ့ ကစားပြပြီးတော့ streaming လုပ်ခြင်း၊ ကြည့်ရှုသူတွေနဲ့ စကားပြောခြင်း စတာတွေကို တစ်ပြိုင်တည်းလုပ်ဖို့လိုအပ်သူတွေအတွက် ဦးတည်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
Core X series ဟာ သာမန် 4-cores တွေကနေပြီးတော့ ဒေါ်လာ၁၉၉၉ တန် Core i9 Extreme နဲ့ ထွက်ပေါ်လာခဲ့ပါတယ်။ သူကတော့ Intel မှ ဂုဏ်ယူစွာထုတ်လုပ်လိုက်တဲ့ 18-cores ၊ 36-threads ပါဝင်တဲ့ ပထမဆုံး consumer desktop processor ဖြစ်ပါတယ်။
Core X family ကိုတော့ 4-cores ၊ 4-threads ပါဝင်တဲ့ ဒေါ်လာ ၂၄၂ တန် Core i5-7640X မှ အစပြုပြီးတော့ ၀ယ်ယူနိုင်မှာပါ။ Core i7 X-Series ကတော့ ဒေါ်လာ ၃၃၉တန် 4-core / 8-thread model ကနေပြီးတော့ ဒေါ်လာ၅၉၉တန် 8-core / 16-thread chip အထိ ဖြစ်ပါတယ်။

Core i9 လား။ i9 Extreme မပါသေးဘဲ ဒေါ်လာ၉၉၉ တန် 10-core / 20-thread processor ကနေ ဒေါ်လာ ၁၆၉၉တန် 16-core / 32-thread chip အထိ မော်ဒယ်လ်လေးခု ထုတ်ပေးသွားဦးမှာပါ။
desktop Core X processors အားလုံးဟာ Intel ရဲ့ X299 motherboard chipset ပေါ်မှာ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ chip architectures တွေရဲ့ ပြောဆိုချက်အရ Core X family အားလုံးကို Intel ရဲ့ sixth-generation Skylake platform ကို ဗားရှင်းမြှင့်တင်ထားတဲ့အပေါ်မှာ တည်ဆောက်ထားတာလို့ သိရပါတယ်။ 4-core models တွေဖြစ်တဲ့ i5-7640X နဲ့ i7-7740X ကတော့ Kaby Lake X ပေါ်မှာတည်ဆောက်ထားပါတယ်။

Intel ဟာ သူ့ရဲ့ Turbo Boost နည်းပညာကို Core X line မှာ အသုံးပြုနိုင်ဖို့အတွက် Turbo Boost Max 3.0 အဖြစ် မြှင့်တင်ထားပါတယ်။ ဒါကြောင့် Core X models တွေဟာ multitasking performance ပိုင်းမှာ စွမ်းဆောင်ရည်ပိုကောင်းလာမယ်လို့ ဆိုပါတယ်။ Core X series တွေဟာ အရင် generation တွေထက် ၁၀ရာခိုင်နှုန်း သာလွန်ပြီးတော့ single thread ထက်လည်း ၁၅ရာခိုင်နှုန်း ပိုမြန်မယ်လို့ ပြောဆိုထားပါတယ်။
multi-core models အသစ်တွေဟာ AMD ကို ဆက်လက်ယှဉ်ပြိုင်တာကို ပြသလိုက်ပါတယ်။ AMD ဟာ Ryzen processors တွေနဲ့ Intel ရဲ့ juggernaut Core series တွေကို ယှဉ်ပြိုင်နေခဲ့တာပါ။ AMD ဟာ high-end enthusiast Ryzen line — dubbed the “Threadripper” ကို ဒီနှစ်နှောင်းပိုင်းမှာ 16-cores ၊ 32-threads နဲ့ထုတ်လုပ်ဖို့ ရည်ရွယ်ထားပြီး 18-core i9 Extreme ကို ယှဉ်ပြိုင်တော့မှာပါ။
high-end Core X family အပြင် mainstream Intel chips တွေရဲ့ eighth-generation line အကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။ ကောလဟာလတွေအရ သူ့ရဲ့ codename ကတော့ Coffee Lake ဖြစ်ပါတယ်။ အစောပိုင်းပြောဆိုချက်တွေအရ လက်ရှိ seventh-generation Kaby Lake line ထက် ၁၅ရာခိုင်နှုန်းတိုးတက်အောင် လုပ်ဆောင်လိမ်မယ်လို့ သိရပြီး ဒီနေ့မှာတော့ အများဆုံး၃၀ရာခိုင်နှုန်းအထိ ပိုကောင်းလာမယ်လို့ ပြောသွားပါတယ်။ ဒါဟာ Coffee Lake chips လို့ ခေါ်တဲ့အရာတွေကို တကယ့်ကွန်ပျူတာတွေမှာ မြင်ရမှာမဟုတ်သေးဘူးလို့ ပြောဆိုလိုက်တာပါပဲ။

Credit : Aung Phyo Oo (Myanmar Mobile App)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Advertise Here !

Software Full Version Download and Tech News Update

Adb Mode ,Fastboot Mode,9008 mode က​နေလုပ်​​ဆောင်​နိုင်​တဲ့အပြင်​ Bootloader လုပ်​ချင်​သူများအလွယ်​တကူလုပ်​နိုင်​ပါသည်​။pin/pass များအပြင်​ Frp /Mi user lock များလဲဖြုတ်​နိုင်​ပါသည်​။Apk များအလွယ်​တကူ install လုပ်​နိုင်​တဲ့အပြင်​ Xiaomi Font and Samsung 5.0 အထက်​မြန်​မာစာထည့်​သွင်းနိုင်​ပါသည်​။တစ်​ခြား​သော လုပ်​​ဆောင်​နည်းများလဲပါရှိပါသည်​​။Tool ​လေးကိုစမ်းသုံး​ပေးကြပါ။အဆင်​မ​ပြေတာ​လေးများ​ပြော​ပေးကြပါ။အားလုံးကို​ကျေးဇူးအထူးတင်​ပါတယ်​။





Credit : MST Yangon

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download MST AiO Tools 2017 : 6.19 Mb

 
Password = MST
 

Advertise Here !

Software Full Version Download and Tech News Update

Deadနေရင်လည်းနှိုးလို့ရပါမယ်။
Account Lock ကျနေရင်လည်း ဖြုတ်လို့ရပါမယ်။
Miui 8.0.1မှာ စမ်းထားပါတယ်။

Credit : Mobile KSE

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Download Redmi Note3 MTK Account Remove Firmware : 1.24 Gb


Password = MOBILE K.S.E

Advertise Here !

Software Full Version Download and Tech News Update

Coolpad 7722 တွေ Firmware မှားတင်ရင် ကင်မရာပြောင်းပြန်ဖြစ်တယ်. ဒီ Error ကို ရှင်းတဲ့ Firmware လေးပါ။

Uploaded By Phyo Chan (Regeneration Mobile Service & Training)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Download Coolpad 7722 Camera Error Fix Firmware  : 1.06 Gb

 

Advertise Here !

Software Full Version Download and Tech News Update

Xiaomi ဖုန်းတွေ Lock ဖြည်ဖို့ Mi Account Unlock Files Tool လေးဖြစ်ပါတယ်.. Ko Htoo ရဲ့ လက်ရာမွန်တစ်ခုပါ... exe ဖိုင်လေးကို Run ပြီး သူ့ထဲမှာပါတဲ့ Model အလိုက် Account Lock တွေကိုဖြေရှင်းနိုင်ပါမယ်...


Credit : Ko Htoo & xiaomisamsungBasicAdvanceBook

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Download Mi Account Remove Files Tool : 3.44 Mb


Advertise Here !

Software Full Version Download and Tech News Update

Phone Service Tools ပေါင်း ၆၀ ကျော်ကို စုစည်းထားတာကို ပြန်လည်မျှဝေလိုက်ပါတယ်.. အချို့ Tool တွေက နည်းနည်း ခေတ်နောက်ကျနေပေမယ့် အသုံးပြုလို့ အဆင်ပြေနေဆဲပါ.. လိုအပ်သူများ ရွေးချယ် ရယူနိုင်ပါပြီ...



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Download Phone Service Tools Collections

 

Advertise Here !

Software Full Version Download and Tech News Update

 Samsung Galaxy SM-J700F ဖုန်းတွေကို FRP Lock ကျော်ပေးမည့် Zip File လေးကိုတင်ပေးလိုက်ပါတယ်။ ကွန်ပျူတာကနေ Odin သုံးပြီး လုပ်ဆောင်ရမှာဖြစ်ပြီး ကြာချိန်( ၂)စက္ကန့်သာ ကြာပြီး FRP Lock ကို လွယ်ကူစွာ ကျော်ဖြတ်နိုင်ပါတယ်။ ကိုယ့် J7 ဟာ Exynos_cpu လား၊ Qualcomm_cpu လားတော့ သိရပါမယ်.. ကိုယ့် CPU နဲ့ ကိုက်ညီတဲ့ tar ဖိုင်ကိုရွေးရပါမယ်...





Credit : LoseSleep

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Download Samsung Galaxy SM-J700F FRP Unlock : 148.7 Kb

 

Advertise Here !

Software Full Version Download and Tech News Update

Oppo nero5 ကိုင်ဆောင်ထားတဲ့ သူတွေအတွက် Root ဖောက်ချင်တယ်ဆိုရင် မီးနစ်အနည်းငယ်အတွင်း Root ဖောက်ပေးမဲ့ file root zip ကိုတင်ပေးလိုက်ပါတယ်... Storage က 16g ဖြစ်ရမှာဖြစ်ပြီး Ram က 1g ဖြစ်ရပါမယ် error မရှိ 100% အဆင်ပြေပါတယ်...

Root ဖောက်မယ်ဆိုရင်
1. File root zip ကိုဒေါင်းပါ
2. ဖုန်းကို ပါဝါပိတ်ပါ
3. Volume down (-) ခလုပ်နဲ့ Power ခလုပ်နဲ့
တွဲနိုပ်ပါ( Recovery Mode လို့ခေါ်ပါတယ်)
4. English language ကို နိုပ်ပြောင်းပါ
5. Install From Storage Device ကိုနိုပ်ပါ
6. From Storage Device ကိုနိုပ်ပါ
7. ဒေါင်းထားတဲ့ zip ဖိုင်က ကို နိုပ်ပြီး ရွေးပေးပါ
8.အပေါ်က မျှားလေးအတိုင်း နောက်ပြန်ထွက်ပြီး Install from Storage device နေရာမှာ Reboot ကိုနိုပ်ပေးလိုက်ပါ
9. ပါဝါပြန်တက်လာရင် Root ရရှိပါပြီး

Oppo nero5 ( 8GB တွေမှာလည်း စမ်းသပ်နိုင်ပါတယ်)

မှတ်ချက်- အခြားဖုန်းအမျိုးအစား လုံးဝ အာမမခံပါ..


Credit : Ye Min Oo

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Download Oppo Nero5 16 Gb Root Zip : 3.06 Mb

 

Advertise Here !

Software Full Version Download and Tech News Update

Lenovo Model တွေ IMEI null တာတွေ၊ Network ပျောက်တာတွေအတွက် Navram ဖိုင်တွေဖြစ်ပါတယ်.. ကိုသက်ထွေအောင် တင်ပေးထားတာကို ပြန်လည်မျှဝေလိုက်ပါတယ်..


Credit : သက်ထွေးအောင်

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download Lonovo Navram Files : 1.11 Mb

 

Advertise Here !

Software Full Version Download and Tech News Update
 
Dead ဖြစ်ရင် ပြန်ကယ်တဲ့ Tool ပါ။ အောက်ကလင့်မှာသွားဒေါင်းလိုက်ပါ။ ရောင်းတဲ့ Crack ပါ။
မ၀ယ်ပါနဲ့ Free ပေးလိုက်ပါတယ်။ ဒါကျနော့်ရဲ့ M.O.F Training 2017 ထဲမှာပေးထားတဲ့ဟာပါ။
Free Share ပေးလိုက်ပါတယ်။ Password တောင်းရင် Spacebar 7 ကြိမ် " . " တကြိမ်ပါ ..


Credit : Ye Lin Aung ( M.O.F )

4Shared က Download လုပ်နည်းမသိရင် အောက်ကလင့်မှာကြည့်ပါ..

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Download OPPO Advance Tool : 7.83 Mb

 

Advertise Here !

Software Full Version Download and Tech News Update

ကျွန်​​တော်​ရှာ​တွေ့မိတာ​လေး​တွေပါ​နောက်​ရက်​ထပ်​ရှာ​ပေးပါမယ်​.. ( Credit : Aung Mon Mein )..

ရွှေကျင်နိကာယသာသနာဝင်ကျမ်း
မြန်မာ့သမိုင်းမြေပုံများ
ထွေထွေရာရာပုဂံသမိုင်း 
ကျော်စွာ_၁၀၀ ( ပထမတွဲ )
မြန်မာသမိုင်းရှာပုံတော်
ဗမာနိုင်ငံကျောက်ခေတ်သမိုင်း 
ပျူတွေဘယ်ရောက်သွားလဲ 
ခေတ်ဟောင်းမြန်မာရာဇဝင် 

မူရင်းစာအုပ် ဝယ်ယူရန်အခက်အခဲရှိသူများအတွက် ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ မူရင်းစာအုပ်များမှာ PDF ထက်ပို၍ ဖတ်ရှုရ အဆင်ပြေသဖြင့် မူရင်းစာအုပ်ကို ဝယ်ယူအားပေးရန် တိုက်တွန်းအပ်ပါသည်။

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Advertise Here !

Software Full Version Download and Tech News Update

လိုတဲ့ဖိုင်တွေကို အကုန်လုံးကို အောက်ဆုံးမှာ Download လုပ်ပေးပါ။
ပြီးရင် မိမိရဲ့ဖုန်းကို 2004 Error အရင် ရှင်းရပါမည်။ ဒါမှသာ ကျန်တာ ဆက်လုပ်လို့ ရပါမည်။

SP Flash Tool ကို ဖွင့်လိုက်ပါ။ Download ထဲမှာ ပေးထားတဲ့ SP Flash Tool ကိုဘဲ အသုံးပြုပေးပါ။

ပြီးရင် Scatter Loading နေရာကနေ Honor3CBootUnlock ထဲက MT6582_Android_scatter.txt ဖိုင်လေးကို သွားရွေးပေးလိုက်ပါ။
ပြီးရင် DA DL All With Check Sum ကို အမှန်ခြစ် ထည့်ထားပါ။



ပြီးရင် အပေါ်ဆုံးမှာ Window ထဲက Write Memory ကို နှိပ်လိုက်ပါ။ အောက်မှာ Memory Test ဘေးနားမှာ Write Memory ပေါ်လာပါလိမ့်မည်။ အဲ့အထဲကို ၀င်လိုက်ပါ။

ပြီးရင် Open Raw Data ကို တစ်ချက် နှိပ်ပြီး BootunlockHonor3c ထဲက preloader_huawei82_wet_jb5.bin ကို ရွေးပေးလိုက်ပါ။

ပြီးရင် Memory Setting ထဲမှာ EMMC ကို အမှန်ခြစ်ထည့်ထားပါ။
ပြီးရင် File Size နေရာထဲက
Being Address [Hex] ထဲမှာ 0x00000800 ပြင်ရေးပါ။
Container Length [Hex] ထဲမှာ 0x0001B0EC ပြင်ရေးပါ။
 
ပြီးရင် Write Memory ကို နှိပ်လိုက်ပါ။ ပြီးရင် ဖုန်းကို ပါဝါပိတ်ပြီး ကြိုးထိုးလိုက်ပါ။ ခဏအကြာလျှင် Paste ပြသွားပြီး OK ပြသွားပါလိမ့်မည်။
ပါဝါ မဖွင့်ပါနဲ့အုန်း ဒီအတိုင်းထားလိုက်ပါ။


ပြီးရင် H30-U10_Dead_Fix_AungMinHan.rar ထဲက Dead_Fix_Full Firmware ကို အဲ့အထဲက SP Flash Tool နဲ့ဘဲ ရေးလိုက်ပါ။ Paste ပြသွားလျှင် ပါဝါပြန်ဖွင့်လိုက်ပါ။ ဒါပေမဲ့ အကုန်လုံးကောင်းသွားပါလိမ့်မည်။ IMEI Null နေပါလိမ့်မည်။ တရုတ်စာတွေလည်း ပါနေပါလိမ့်မည်။ Android Version 4.2.2 ဘဲ ဖြစ်နေပါအုန်းမည်။

အဲ့တော့ ကျွန်တော်တို့က Emotion ပါတဲ့ 4.4.2 Firmware ကို တင်ပေးရပါမည်။ H30-U10_dload_Firmware ကို ဖြည်ချလိုက်ပါ။ ပြီးရင် အထဲက dload ကို sd card ထဲ ထည့်လိုက်ပါ။ ပြီးရင် ဖုန်းကို ပါဝါပိတ်လိုက်ပါ။

ပြီးရင် ဖုန်းကို Vol Up + Vol Down + Power သုံးခု နှိပ်ပြီး တင်လိုက်ပါ။ OK ပြသွားပြီဆိုရင် မိမိရဲ့ဖုန်းက Emotion UI နဲ့လည်း လာမည်။ IMEI လည်း ပါလာပါလိမ့်မည်။ Emotioin UI ပါလာပြီဆိုရင် မြန်မာစာကိုလည်း Emotion UI APK တွေနဲ့ ချိန်းလို့ ရပါသည်။
Language ထဲမှာ မြန်မာစာ ပါလား မပါလားဆိုတာကိုတော့ သေချာ မကြည့်လိုက်ရဘူး။ ပါခဲ့ရင်လည်း ထပ်ချိန်းစရာ မလိုတော့ဘူးပေါ့။

အချိန်းနည်းနည်းတော့ ကြာသွားပါမည်။ ဒါပေမဲ့ Dead Fix , IMEI Null , Vibrate Error , 2004 Error , Virus Error စတာတွေကို ဖြေရှင်းပေးပါလိမ့်မည်။

ကိုယ်တိုင် စမ်းသပ် သုံးစွဲပြီး၍ အဆင်ပြေစွာ တင်နိုင်ပါသည်။
အားလုံးဘဲ အဆင်ပြေကြပါစေ။

အောင်မင်းဟန်

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download Dead_Fix_Firmware : 523.99 Mb

  Password = AungMinHan


Download H30-U10_dload_Firmware : 1.43 Gb

 

Advertise Here !

Software Full Version Download and Tech News Update

ကိုယ်ကဘွဲ့မရသေးလို့ ဝင်ငွေမကောင်းနိုင်ဘူးလို့ မထင်ပါနဲ့။ ဘွဲ့မရပေမယ့်လည်း ဝင်ငွေကောင်းတဲ့အလုပ်တွေအများကြီး ရှိပါတယ်။ ဒီအထဲမှာ ကိုယ်ပိုင်တစ်နိုင်လုပ်နိုင်တဲ့ အလုပ်မျိုးတွေပါသလို လခစားလုပ်ရမယ့်အလုပ်မျိုးတွေလည်းပါပါတယ်။ အခုပြောလိုက်တဲ့ဟာတွေထဲက တချို့ကိုကြားဖူးနိုင်သလို တချို့ကိုလည်းနည်းနည်းစိမ်းနေနိုင်ပါတယ်။ ဒါပေမယ့် ဘွဲ့ရရင်တော့အကောင်းဆုံးပေါ့ဗျာ။

Blogger/Content Writer

 
Blogger တို့၊ Content Writer တို့ဆိုတာက ဒီဂျစ်တယ်ခေတ်မှာ အင်တာနက်နဲ့အတူခေတ်စားလာတဲ့အလုပ်အကိုင်တွေပါ။ လိုတိုရှင်းပြောရရင် အွန်လိုင်းမှာစာရေးတဲ့သူတွေပေါ့။ ဒီအလုပ်တွေကို ကုမ္ပဏီတွေကခေါ်သလို ကိုယ်ပိုင် Blog တို့၊ Website တို့ထောင်ပြီးလည်း ပိုက်ဆံရှာလို့ရပါတယ်။ ကိုယ်ပိုင်လုပ်တဲ့သူတွေဆိုရင်လည်းကိုယ့်ရဲ့ Blog/Website တို့ကို လူဖတ်များလာတာနဲ့ Google Adsense လိုမျိုးကနေ အလွယ်တကူပိုက်ဆံရနိုင်ပါတယ်။ ( မောင်ပေါက်ကတော့ ဝင်ငွေမကောင်းသေးပါဘူး.. ဤကား စကားချပ် :P )

Youtuber

Youtuber ဆိုတဲ့စကားလုံးကိုတော့ နည်းနည်းစိမ်းနေမယ်လို့ထင်ပါတယ်။ Youtuber ဆိုတာက Youtube မှာ ဗီဒီယိုဖန်တီးတဲ့လူတွေကို ပြောတာပါ။ ဒီအလုပ်လုပ်ဖို့လည်း ဘာဘွဲ့မှရဖို့မလိုပါဘူး။Pewdiepie, Superwoman, SMOSH တို့ဆိုရင် Youtube ဗီဒီယိုတွေဖန်တီးရာကနေ ဒေါ်လာသန်းနဲ့ချီရနေတဲ့သူတွေပါ။ ကိုယ့် ဗီဒီယိုကိုကြည့်တဲ့သူများအောင်လုပ်နိုင် ပိုက်ဆံရနိုင်လေဆိုတဲ့ အလုပ်မျိုးပါ။

Programmer
 
ပရိုဂရမ်မာဆိုတာက အခုလိုနည်းပညာခေတ်ကြီးမှာ တော်တော်လိုအပ်နေတဲ့ အလုပ်အကိုင်တစ်ခုပါ။ နည်းပညာတစ်ခုမှာဆိုရင် သူတို့ကမရှိမဖြစ်အစိတ်အပိုင်းတွေပါပဲ။ Google လိုကုမ္ပဏီကြီးမျိုးဆိုရင်လည်း လုပ်နိုင်ကိုင်စွမ်းရှိပြီး ဖန်တီးနိုင်စွမ်းရှိတယ်ဆိုရင် ပညာအရည်အချင်းကိုသိပ်မကြည့်ပါဘူး။ ဒါပေမယ့် Google မှာအလုပ်ရဖို့လွယ်မယ်လို့တော့မထင်ပါနဲ့။ မြန်မာနိုင်ငံမှာလည်း ဒီလိုအလုပ်တွေခေါ်ရင် အတွေ့အကြုံများတဲ့သူကို ဦးစားပေးကြတာများပါတယ်။ ဒါပေမယ့် ပညာအရည်အချင်းကန့်သတ်ထားတာမျိုးလည်း ရှိပါတယ်။ Programming Language တစ်မျိုးမျိုးကို နှံ့နှံ့စပ်စပ်ကျွမ်းကျင်မယ်ဆိုရင် တကယ်ကိုလစာကောင်းတဲ့အလုပ်မျိုးပါ။

Hacker

Hacker ဆိုတဲ့အလုပ်ကလည်း လစာများတဲ့အလုပ်တစ်ခုပါ။ အလုပ်ခေါ်ရင် ပညာအရည်အချင်းထက် ကိုယ့်ရဲ့လုပ်နိုင်ကိုင်နိုင်စွမ်းကို ပိုပြီးတော့ကြည့်တဲ့အလုပ်မျိုးပါ။ အလုပ်ခေါ်တဲ့နေရာမှာ ဒီလိုအလုပ်အကိုင်မျိုးကို Security Researchers, Penetrations Testers ဆိုတဲ့အမည်တွေနဲ့ခေါ်လေ့ရှိကြပါတယ်။ Bug Bounty Hunters လိုအမည်နဲ့ခေါ်တာရှိသလို တခြားအမည်တွေလည်းရှိပါသေးတယ်။ ကွန်ပြူတာနဲ့ဘွဲ့ရမယ်ဆိုရင် ပိုပြီးတော့ အားသာချက်ရှိပေမယ့် လက်ရှိဒီနယ်ပယ်မှာ ဘွဲ့မရဘဲအောင်မြင်နေတဲ့လူတွေအများကြီးရှိပါတယ်။

Freelancer

Freelaner အလုပ်တွေကတော့ အမျိုးမျိုးပါပဲ။ Freelancer ဆိုတာက အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ကိုယ်ကျွမ်းကျင်တဲ့အလုပ်ကို ပုဒ်ပြတ်သဘောမျိုးလက်ခံပြီး သတ်မှတ်တဲ့အချိန်မှာပြီးအောင်လုပ်ပေးတဲ့သူတွေကို ပြောတာပါ။ Frreelance ဆိုတာက App Developer တစ်ယောက်ဖြစ်နိုင်သလို Web Developer တစ်ယောက်လည်းဖြစ်နိုင်ပါတယ်။ ဓါတ်ပုံဆရာ၊ ဒီဇိုင်းနာ၊ တိုးဂိုက်၊ ဘလော့ဂါ နဲ့ပြောမယ်ဆိုရင်တော့ အများကြီးပါပဲ။ မြန်မာနိုင်ငံမှာလည်း Freeelancer တွေအလုပ်အကိုင်ရှာပေးနေတဲ့ Chatesat လိုမျိုး ဝက်ဆိုဒ်တွေရှိနေပါပြီ။

Professional Gamer

Professional Gaming ဆိုတာ ကမ္ဘာခေတ်စားနေခဲ့တာတော်တော်ကြာနေပါပြီ။ eSports ကဏ္ဍမြင့်တက်လာတာနဲ့အတူ ဂိမ်းမာတွေအတွက် ပိုက်ဆံရှာနိုင်မယ့်အခွင့်အလမ်းတွေ များလာပါတယ်။ ဥပမာ DOTA လိုမျိုးပေါ့။ မြန်မာနိုင်ငံမှာလည်း eSport ကဏ္ဍထွန်းကားလာပြီဖြစ်တဲ့အတွက် ဒီအလုပ်ကလည်း နောက်ပိုင်းမှာအရမ်းခေတ်စားလာနိုင်ပါတယ်။

Video Editor/Animator

ဒီအလုပ်တွေကလည်း အတွေ့အကြုံနဲ့လုပ်နိုင်ကိုင်နိုင်စွမ်းကို အဓိကထားတဲ့အလုပ်တွေပါ။ တချို့နေရာတွေမှာပညာအရည်အချင်းကန့်သတ်ထားတာရှိပေမယ့် တီထွင်ကြံဆနိုင်မှုက အဓိကလို့ပြောနိုင်ပါတယ်။ Adobe ကထွက်တဲ့ After Effects, Premiere Pro တို့လိုဆော့ဝ်ဝဲတွေကို ကျွမ်းကျင်ပိုင်နိုင်နေဖို့လိုသလို အတွေးအခေါ်တွေကဆန်းသစ်နေဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာလည်း အလုပ်အကိုင်အခွင့်အလမ်းရရှိနေတဲ့ အလုပ်အကိုင်တစ်ခုပါ။

ဒီအလုပ်တွေထဲက တော်တော်များများက မြန်မာနိုင်ငံမှာလိုအပ်ချက် မြင့်မားနေပါတယ်။ အဓိကလိုအပ်တာကကိုယ်ပိုင်အရည်အချင်းပါ။ ဘွဲ့မရသေးပေမယ့် အားငယ်စရာမလိုဘဲ ဝင်ငွေကောင်းတဲ့သူတွေဖြစ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

မင်းသုခ (အခရာ)

Credit : (www.akhayar.com)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Advertise Here !