Advertise Here !


တစ်ခါတုန်းက ရွာလေးတစ်ရွာနားက ကျောက်တောင်ကြီးတစ်ခုပေါ်မှာ ထူးခြားတဲ့ ကျောက်တောင်ကြီး တစ်တောင် ရှိတယ်။ ထူးခြားရတဲ့ အကြောင်းရင်းက အဲ့ဒီ ကျောက်တောင်ရဲ့ ကျောက်နံရံကြီးမှာ ပကတိ လူတစ်ယောက်ရဲ့ မျက်နှာကြီးသဖွယ် ထင်နေတဲ့ ကျောက်မျက်နှာ တောင်ကြီးတစ်တောင် ဖြစ်နေလို့ပါပဲ။ ပေါ်ထွန်းလာတဲ့ တဘောင်အရလည်း တစ်နေ့မှာ ဒီ ကျောက်မျက်နှာနဲ့ တူတဲ့ လူပညာရှိတစ်ယောက် ပေါ်ထွန်းလာမှာ ဖြစ်တယ်လို့ ဆိုတယ်။

ကျောက်တောင်ကြီးနားက ရွာလေးမှာ နေထိုင်ပြီး မွေးဖွားကြီးပြင်းလာတဲ့ Earnest လို့ ခေါ်တဲ့ လူငယ်လေးဟာ သူတို့ရွာမှာ ပေါ်လာမယ့် ပညာရှိကို သိချင်ဇောနဲ့ အဲ့ဒီ ကျောက်မျက်နှာနဲ့ တူတဲ့ လူကို လိုက်ရှာခဲ့တယ်။

သူ့အသက် (၂၀) လောက်မှာ တိုင်းတစ်ပါးရပ်ခြားကနေ ဥစ္စာပစ္စည်း အပြည့်အစုံ ရှာဖွေပြီး ပြန်လာတဲ့ Mr.Gathergold လို့ခေါ်တဲ့ လူကြီးတစ်ယောက်ရဲ့ မျက်နှာဟာ ကျောက်မျက်နှာနဲ့ ဆင်တူတယ်လို့ ပြောလို့ Earnest လေးဟာ ပညာရှိကို တွေ့ပြီဆိုပြီး အပြေးအလွှား သွားကြည့်တယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ တဖြည်းဖြည်းကြည့်လေ မတူလေ ဖြစ်လာတာမို့ Earnest လေး စိတ်ပျက် လက်ပျက် ဖြစ်ပြီး ပြန်လာခဲ့တယ်။

Earnest အသက် (၄၀) အရွယ်လောက်လည်းကျရော တိုက်ပွဲတိုင်းကို အောင်မြင်ခဲ့တဲ့ Mr.Blood and Thunder လို့ခေါ်တဲ့ စစ်သူကြီးရဲ့ မျက်နှာသွင်ပြင်ဟာ ကျောက်ထွင်းရုပ်တုလေးနဲ့ ဆင်တူတယ်လို့ ပြောကြပြန်ရော။ ဒါနဲ့ Earnest လေးလည်း ဒီတစ်ခါတော့ သူ အနှစ်နှစ်အလလ ရှာဖွေခဲ့တဲ့ ပညာရှိကို တွေ့ပြီဆိုပြီးတော့ ၀မ်းသာအားရ အဲ့ဒီ စစ်သူကြီးရှိရာကို သွားကြည့်တယ်။ စစ်သူကြီးရဲ့ မျက်နှာဟာလည်း အစက ကြည့်စတုန်းမှာ တူသလို ရှိပေမယ့် နောက်ဆုံးမှာတော့ ကျောက်မျက်နှာနဲ့ မတူဘူးဆိုတာ သူ တွေ့လိုက်ရတော့ Earnest လေး ၀မ်းနည်းပြီး ပြန်လာခဲ့ရတယ်။

ဒီလိုနဲ့ သူတို့ရွာမှာ ပေါ်လာမယ့် ပညာရှိကို တွေ့လိမ့်နိုးနိုးနဲ့ စောင့်နေခဲ့တာ Earnest လေး အသက် (၆၀) လောက်မှာ Mr.Old Stony Phiz လို့ခေါ်တဲ့ နိုင်ငံရေး သမားကြီးရဲ့ မျက်နှာသွင်ပြင်ဟာ ဒီကျောက်မျက်နှာနဲ့ တူတယ်လို့ လူတွေက ပြောဆိုကြပြန်တော့ အဖိုးလေး ဖြစ်လာတဲ့ Earnest လေးလည်း ၀မ်းသာအားရ ပြေးကြည့်ပြန်ပါတယ်။ ဒါပေမယ့်လည်း ရှေ့က (၂) ဦးနည်းတူ သူဟာလည်း ကြည့်လေ ကြည့်လေ မတူလေ ဖြစ်လာတာမို့ စိတ်ပျက်လက်ပျက်နဲ့ ပြန်လာပြီး ကျောက်မျက်နှာကြီးရှိရာ တောင်ထိပ်ပေါ်ကို တက်လာလိုက်တယ်။

အဖိုးလေး Earnest ဟာ တောင်ထိပ်ပေါ်ကို ရောက်တယ်ဆိုရင်ပဲ စဉ်းစားတယ်။ သူ့ဘ၀တစ်လျှောက်လုံး ပညာရှိဆိုသူကို တွေ့ချင်လွန်းလို့ လိုက်ရှာခဲ့ရတယ်။ ပညာရှိဆိုတာ ဘယ်လိုမျိုးလဲ သိချင်လွန်းလို့ စာပေတွေမှာ အရင် ရှာဖွေခဲ့ရတယ်။ ပညာရှိဆိုသူနဲ့ တွေ့ရင် မေးမယ်လို့ မျှော်လင့်ချက်နဲ့ လူ့ဘ၀အခက်အခဲ ပြဿနာတွေကို သူ ရှာဖွေခဲ့တယ်။ နောက်ဆုံး ပေါ်ထွက်မလာတဲ့ ပညာရှိအစား သူ့ဘာသာ သူ စဉ်းစားဆုံးဖြတ်ပြီး လူတွေကို ကူညီခဲ့ရတယ်။ အဲ့ဒီအချိန်မှာပဲ ပညာရှိဆိုတာ ဘယ်လိုလူမျိုးလည်း စဉ်းစားနေတဲ့ သူ့မျက်နှာပေါ်ကို ညနေခင်းရဲ့ နေရောင်ခြည်နုနုလေးက ဖျာကျလာတယ်။ အဲ့ဒီအချိန်မှာ တောင်ပေါ်တက်လာတဲ့ ရွာသူ/ရွာသားတွေဟာ Earnest လေးကို ပြောကြတယ်။

"ဒို့ရှာနေတဲ့ ပညာရှိကို တွေ့ပြီ.." တဲ့...
Earnest လေးကလည်း ၀မ်းသာအားရနဲ့ "ဘယ်မှာလည်း...ပေါ့"

ဒီအခါ ရွာသားတွေက "ဒို့ရှာနေတဲ့ ပညာရှိဟာ တခြားသူတော့ မဟုတ်ဘူး၊ မင်းပဲကွ..စောစောက နေရောင်ခြည်ဖျာကျနေတဲ့ မင်းမျက်နှာဟာ ကျောက်ထွင်းမျက်နှာကြီးနဲ့ တစ်ထေရာတည်းပဲ... အခုမှ တို့ သတိထားမိတယ်။ ဒီ ကျောက်ထွန်းရုပ်တုမျက်နှာဟာ မင်းနဲ့ ချွတ်စွပ်တူတာ... မင်းဟာ တို့ရှာနေတဲ့ ပညာရှိပါပဲ.." လို့ ရွာသားတွေက ပြောတဲ့အခါမှာ Earnest လေးဟာ

"ကျွန်တော်ဟာ ပညာရှိ မဟုတ်ပါဘူး။ ဒီလောကကြီးထဲမှာ ကျွန်တော့်ထက် ပိုတော် ပိုတတ်တဲ့ ပညာရှိ ရှိပါသေးတယ်" လို့ ပြောရင်း သူနေထိုင်ရာ အိမ်ကို ပြန်လာခဲ့တယ်။

အမှန်ကတော့ Earnest လေးဟာ ကျောက်မျက်နှာကြီးနဲ့တူသည့်သူကို မျှော်ရင်း ရိုးသားနှိမ့်ချစွာဖြင့် ပညာဆည်းပူးလာခဲ့သူ Earnest ကိုယ်တိုင်ပင် ကျောက်မျက်နှာကြီးနဲ့ တူသူအဖြစ်ကို ရရှိလာခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဒီပုံပြင်လေးလိုပဲ လောကမှာ ရင့်ကျက်သော ပညာရှိဆိုသူတွေဟာ ရွှေ၊ ငွေ၊ ရတနာ ကြွယ်ဝချမ်းသာသူများလည်း မဟုတ်၊ တိုက်ခိုက်နိုင်သူများကို ဆိုလိုခြင်းလည်း မဟုတ်၊ ထင်ပေါ်ကျော်ကြားခြင်းလည်း မဖြစ်ကြပဲ၊ အစဉ်အမြဲ မိမိကိုယ်ကို နှိမ့်ချလျက် ကိုယ့်အား အများက ပညာရှိအဖြစ် သတ်မှတ်သည့်တိုင် မိမိကိုယ်ကို နှိမ့်ချလျက် ငါသည် ဘာမှမဟုတ်သေးပါလား ဟူ၍ စိတ်ကို နိုင်နင်းသူများကို ဆိုလိုခြင်းဖြစ်သည်ဟု ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။

ဝန်ဇင်းစာချစ်ပရိသတ်များကော၊ အဲဒီ ကျောက်ထွင်းမျက်နှာပိုင်ရှင်လေးကို တွေ့ခဲ့ရင် ပြောပြပေးပါဦးနော်။

Ref : The Great Stone Face , WunZinn
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !