May 2016
Software Full Version Download and Tech News Update

Huawei H30 C00 တွေ imei null ဖြစ်ချင်း၊ CDMA 800Mhz မဖတ်ချင်းများအတွက်ပါ..
USB Debugging သိရင် bat ဖိုင်လေးကို Run ပေးလိုက်ရုံပါပဲ..

pass= mkkz

Credit : Myo Ko Ko Zaw

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Huawei H30 C00 Network Unlock.zip: 19.19 Mb

Mediafire Download Link



Advertise Here !

Software Full Version Download and Tech News Update
ပထမဆုံး Huawei Smart phone Multi-download Software ကို Download လုပ်ပါ..
Huawei Smart phone Multi-download Software ကိုဖွင့်ပါ ပုံမှာ ပြထားတဲ့အတိုင်း manufacture ကို ရွေးပြီး next နှိပ်ပါ


ပထမ ဖွင့်မိပြီး ဘာနှိပ်လို့နှိပ်မိမှန်းမသိတဲ့သူတွေက RESET SETTING.reg ကို right click နဲ့ merge ဆိုတာလေးကိုနှိပ်လိုက်ပါ တချို့တွေကတော့ ရတယ်ပြောတယ် ကျွန်တော့်စက်မှာတော့ အဲ့ reg ဖိုင်လေး run မရဘူး
အဲ့တော့ ဒီလိုလေးရှင်းလိုက်မယ် window key + R နဲ့ run box လေးခေါ်လိုက်ပါ regedit ဆိုပြီးရိုက်မယ် Registry Editor ဆိုပြီး box တစ်ခုပေါ်လာမယ် အဲ့box ထဲကဘယ်ဘက်ခြမ်းက HKEY_USERS ထဲက
S-1-5-21-1331931615-3837818793 ထဲကို ထပ်ဝင်ပါ ပြီးရင် Software>Huawei>QPBLFBML01>Setting ထဲရောက်ရင် ညာဘက် box ထဲက user တို့  default တို့အကုန်လုံး select ပြီး delete လိုက်ပါ default ကတော့ဖျက်လို့မရဘူးပြလိမ့်မယ် ပြသနာမရှိဘူး


  ပြီးရင် Huawei Smart phone Multi-download Software ကို ပြန်ဖွင့်လိုက်ပါ manufacture ကိုရွေးပေးလိုက်ပါ password အသစ်ရိုက်ခိုင်းလိမ့်မယ် ကျွန်တော်ကတော့ 123 ဆိုပြီးအလွယ်ပေးလိုက်မယ် ပြီးရင် xml ဖိုင်ကိုရွေးပေးရမယ် board software folder ရဲ့ firmware file ထဲက Filename.xml ကိုရွေးပေးပါ (ဒီနေရာမှာ ဖိုင်နာမည်နဲ့.xml ပါတာကို ရွေးရမှာဖြစ်ပါတယ်.. )


 ရွေးပီးရင် next ကိုနှိပ်လိုက် ပြီးရင် scan and download ကိုဆက်နှိပ်မယ်

 ဖုန်းကို 9008 mode ၀င်ပြီးကြိုးထိုးလိုက်..

9008 Mode ဝင်နည်းကတော့  အောက်က တစ်နည်းနည်းနဲ့ ဝင်လို့ရပါတယ်...
  1. Phone က Firmware တက်နေသေးတယ်ဆိုရင် Nomal Mode မှာ adb reboot edl ရိုက်ပြီးဝင်ပါ
  2. Firmware မတက်တော့ဘူး Logo လည်နေတယ်ဆိုရင်တော့ TestPoint ထောက်ပြီးဝင်ပါ 
  3. TestPoint မထောက်တက်ဘူးဆိုရင် Mi ကထုတ်တဲ့ Xiaomi qualcomm Jig လေးဝယ်ပြီး ၀င်လို့ရပါတယ်
 9008 Mode ကို သိမသိ Computer ရဲ့ Device Manager မှာ အောက်ကပုံလို ပြနေပါမယ်..


9008 Mode ကိုသိပြီဆိုတာနဲ့ Huawei Smart phone Multi-download Software က ပုံမှာပြထားတဲ့အတိုင်း % လေးတွေတတ်လာပြီး bootloader image ကို စတင်ရေးနေပါပြီ


40% မှာ rebooting handset လို့ပြပြီး restart ကျပြီးးပုံမှာပြထားတဲ့အတိုင်း 3 colour နဲ့ fastboot mode ကိုရောက်သွားလိမ့်မယ် Huawei Smart phone Multi-download Software က fastbootimage ကိုဆက်ပြီးရေးသွားပါ့လိမ့်မယ် fastbootimage ကိုရေးနေချိန် tool မှာ download bootloader fail လို့ပြနေပါလိမ့်မယ် ဘာမှမဖြစ်ဘူး..



download success လို့ပြရင် ရပါပြီ ကဲမပြီးသေးပါဘူး ပါဝါဖွင့်ရင် factory လို့ပဲပြနေလိမ့်မယ်


dload နဲ့ ထပ်ရေးရပါမယ် boardsoftware ရဲ့  sd foler ထဲကပါတဲ့ dload နဲ့ရေးလိုက်ပါ firmware တတ်လာပါပြီ boardfirmware ကြီးကိုမကြိုက်ရင် ထပ်ပြီးတော့ မိမိနှစ်သက်ရာ buildnumber များကိုအဆင်ပြေပြေရေးနိုင်ပါပြီ..
တစ်ခုထူးတာက Huawei Smart phone Multi-download Software နဲ့တင်ပြီးတော့ fastboot oem get-bootinfo နဲ့ lock unlock လား စစ်လို့မရပေမဲ့ img ဖိုင်တွေကို fastboot flash *img ဆိုပေးပြီး flashခွင့်ပေးတယ်ဗျ not allowed လို့မပြတော့ဘူး ဘာလို့လဲတော့ သိဘူး...

Credit : FirmwareFix နှင့် အခြား


Board Firmware တွေလိုချင်ရင် >>>> Download Board Firmware

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Advertise Here !

Software Full Version Download and Tech News Update


Huawei Board Firmware တင်ဖို့ Huawei Smart phone Multi-download Software လိုပါတယ်.. အလွယ်တကူရှာမရနိုင်သူတွေအတွက် အလွယ်တကူရအောင် တင်ပေးလိုက်ပါတယ်..

ဆက်စပ်ဖတ်ရှုရန်

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Huawei_Qualcomm_Platform_Bootloader-Fastboot_Multi-Download-1.0.0.2.rar : 37.4 Mb

UserCloud Download Link

Mediafire Download Link

Rar Password = www.maungpauk.org

Advertise Here !

no image
Software Full Version Download and Tech News Update


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update
#‎Stable ROMs ဆိုတာ ???
Stable ROMs တွေကို MIUI Official Developers များက ပြုလုပ်ထားပါတယ်။ ပုံမှန်အားဖြင့် တစ်လတစ်ကြိမ် (သို့မဟုတ်) နှစ်လတစ်ကြိမ် (သို့မဟုတ်) အချိန်အတော်ကြာမှတစ်ကြိမ် (Bugs မရှိပါက) Update version ထုတ်လုပ်ပေးပါတယ်။
ဒါ့အပြင် Stable ROMs အများစုဟာ Bugs (Errors) အနည်းဆုံးသော ROMs တွေဖြစ်ကြပါတယ်။ အသုံးပြုသူ သင့်အနေနဲ့ Errors (Bugs) ကင်းတဲ့ Stable ဖြစ်တဲ့ ROMs ကိုသဘောကျသည်ဖြစ်စေ၊ New Features တွေကို ထွက်ထွက်ချင်း အသုံးမပြု (မစမ်းချင်သူ) လိုသည်ဖြစ်စေ Stable ROMs ကို အသုံးပြုနိုင်ပါတယ်။
Stable ROMs တွေရဲ့ Version တွေကို ယခုလိုခွဲခြားလို့ရပါတယ်။ ( ဥပမာ - MIUI 7 stable version is V7.X.X.0 XXXXXXX ဆိုကြပါစို့။ v7 ကတော့ MIUI ရဲ့ Main version ကိုဆိုလိုပါတယ်။ ဒုတိယမြောက် X.X ကတော့ MIUI version number ကိုဆိုလိုပါတယ်။ နောက်ဆုံးက XXXXXXX တွေကတော့ ROMs ရဲ့ Country code နဲ့ Android Version ကို ဆိုလိုခြင်းဖြစ်ပါတယ်။
MIUI Official Stable ROMs တွေကို ဒီ Links ကနေ Download ရယူနိုင်ပါတယ် >en.miui.com/download.html
*******************************************
‪#‎Developer‬ ROMs ဆိုတာ ???
Developer ROMs တွေကို MIUI Official Developers များကပဲ ပြုလုပ်ထားပါတယ်။ ထို့အတူ Developer ROMs တွေမှာတော့ ပုံမှန် တစ်ပတ်လျှင်တစ်ကြိမ် Update version ထုတ်ပေးပါတယ်။
ပုံမှန်ထုတ်ပေးနေတဲ့ Update version တွေရဲ့ changelogs တွေ၊ changelog preview တွေကိုလည်း MIUI Official Forum မှာ တွေ့နိုင်/ ဖတ်နိုင်ပါတယ်။ Developer ROMs တွေမှာ အပတ်စဉ် တစ်ပတ်တစ်ကြိမ် Update ထုတ်ပေးတာနဲ့အတူ New features တွေ ပါဝင်လာပေမယ့် Errors (Bugs) တွေကတော့ ရှိပါလိမ့်မယ်။ ၄င်း Bugs တွေကို ပြန်လည်ပြင်ဆင်ပြီးမှသာ Stable ROMs တွေမှာ ၄င်း New features တွေကို ထည့်ပါတယ်။ အလွယ်ပြောရရင် Developer ROMs ဆိုတာ အသစ်အသစ်သော Features တွေကို သိလိုသူ၊ ကလိချင်သူ၊ စမ်းသပ်ချင်သူတွေအတွက်သာဖြစ်ပါတယ်။ ဒါပေမယ့် Error (Bugs) တွေကိုတော့ မလွဲဧကန်ကြုံတွေ့ရမှာပါပဲ။ ဒါကြောင့် Xiaomi ဖုန်းတစ်လုံးတည်းသာ အသုံးပြုသူများအတွက် (Normal User Level) များအတွက် Developer ROMs အသုံးပြုဖို့အတွက် အကြံမပြုလိုပါဘူး။
Developer တွေရဲ့ Version တွေကို ယခုလိုခွဲခြားလို့ရပါတယ်။ ( ဥပမာ - Redmi Note 3 Pro/ kenzo_images_6.4.9 ဆိုပါစို့ ဒါကို kenzo_images_x.y.z လို့သတ်မှတ်ကြည့်ရအောင်၊ X ဆိုတာ ၄င်း ROMs ထုတ်လုပ်တဲ့ ခုနှစ်သက္ကရာဇ်ကို ဖော်ပြတာပါ၊ 6 ဆိုတော့ 2016 ကို ရည်ညွှန်းပါတယ်။ y ဆိုတာက ၄င်း ROMs ထုတ်လုပ်တဲ့ လ ကိုပြောချင်တာပါ၊ 4 ဆိုတော့ April လကို ရည်ညွှန်းပါတယ်။ z ဆိုတာက ၄င်း ROMs ထုတ်လုပ်တဲ့နေ့ရက်ကို ဆိုလိုတာပါ၊ 9 ဆိုတော့ 9 ရက်နေ့ကို ရည်ညွှန်းပါတယ်။ Developer ROMs တွေမှာဆိုရင် Update version တွေအတွက် Full ROMs တစ်ခုလုံးကို Download လုပ်နိုင်သလို၊ Incremental ROMs pack ဆိုပြီး လိုအပ်တဲ့ ROMs version သီးသန့်အတွက် (update pack) သက်သက် Download လုပ်ပြီး တင်နိုင်ပါတယ်။
MIUI Official Developer ROMs တွေကို ဒီ Links ကနေ Download ရယူနိုင်ပါတယ် >en.miui.com/download.html
*******************************************
‪#‎Ported‬ ROMs ဆိုတာ ???
Ported ROMs တွေကို UnOfficial Developers တွေနဲ့ Third-party Developers တွေကနေ ပြုလုပ်ကြပါတယ်။ များသောအားဖြင့် Ported ROMs တွေဟာ MIUI Developer ROMs တွေအပေါ်မှာ အခြေခံပြီး ပြုလုပ်ကြပါတယ်။ MIUI Ported ROMs တွေမှာလည်းပဲ Developer ROMs တွေကဲ့သို့လိုပဲ Version တွေကို ယခုလိုခွဲခြားလို့ရပါတယ်။ ( ဥပမာ - Samsung Galaxy Note 3/ n9005_4.9.26 ဆိုပါစို့ ဒါကို n9005_x.y.z လို့သတ်မှတ်ကြည့်ရအောင်၊ X ဆိုတာ ၄င်း ROMs ထုတ်လုပ်တဲ့ ခုနှစ်သက္ကရာဇ်ကို ဖော်ပြတာပါ၊ 4 ဆိုတော့ 2014 ကို ရည်ညွှန်းပါတယ်။ y ဆိုတာက ၄င်း ROMs ထုတ်လုပ်တဲ့ လ ကိုပြောချင်တာပါ၊ 9 ဆိုတော့ September လကို ရည်ညွှန်းပါတယ်။ z ဆိုတာက ၄င်း ROMs ထုတ်လုပ်တဲ့နေ့ရက်ကို ဆိုလိုတာပါ၊ 26 ဆိုတော့ 26 ရက်နေ့ကို ရည်ညွှန်းပါတယ်။ များသောအားဖြင့် Ported ROMs တွေဟာ MIUI Developer ROMs တွေပေါ်မှာ အခြေခံထားတာဖြစ်ပြီး ၄င်း Developer ROMs ဟာ Ported ROMs ထုတ်ပေးတဲ့ ဖုန်းအတွက် ထုတ်လုပ်ပေးထားတာမဟုတ်တဲ့အတွက် Developer ROMs တွေထက် Error (Bugs) တွေ ပိုမိုများပြားပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ Ported ROMs အတွက် Bugs Solved ပြုလုပ်ဖို့အတွက် Ported ROMs ထုတ်လုပ်ပေးတဲ့ Porter ကို ဆက်သွယ်မှသာရပါလိမ့်မယ်။
အချို့သော Ported ROMs တွေမှာ MIUI Developer ROMs တွေလိုမျိုးပဲ Update version တွေအလိုက် Incremental ROMs pack (update pack) လေးတွေထုတ်ပေးတာတွေ့ရပါတယ်။
MIUI Ported UnOfficial ROMs တွေကို ဒီ Links တွေကနေ Download ရယူနိုင်ပါတယ် >http://en.miui.com/thread-4717-1-1.html ||| http://en.miui.com/thread-7898-1-1.html
*******************************************
China ROMs နှင့် Global ROMs ရဲ့ကွာခြားပုံ

================================
Xiaomi ဖုန်းအသုံးပြုတဲ့သူတွေဟာ မကြာခဏဆိုသလိုပဲ သူတို့ရဲ့ Devices မှာထည့်ထားတဲ့ MIUI China Build version နဲ့ Devices Hardware နဲ့ Software တွေဟာ ကိုက်ညီမှုရှိရဲ့လား၊ လုံခြုံမှုရှိရဲ့လားဆိုတာကို စိတ်ရှုတ်ထွေးနေကြတာတွေရှိကြပါတယ်။
တကယ်တော့ ဒါဟာ စိုးရိမ်စရာကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ China Build MIUI တွေဟာ Global Build MIUI တွေလိုပဲ သင့်ရဲ့ Devices ကို ကောင်းမွန်တင့်တယ်စေလို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ China MIUI နဲ့ Global MIUI တို့ရဲ့ ကွဲပြားပုံအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
*******************************************
‪#‎China‬ Build MIUI ဆိုတာ ???
China Build MIUI တွေမှာဆိုရင် Google Apps တွေ Google Services (GApps) တွေ မပါရှိပါဘူး။ Language အနေနဲ့ Chinese Language နှစ်ခုနဲ့ English Language ဆိုပြီး (၃) ခုပါဝင်ပါတယ်။ ဒါ့အပြင် China Build MIUI တွေမှာ Chinese Apps တွေနဲ့ Chinese Services တွေ ပါဝင်တဲ့အတွက် Storage Space ကို သက်သက်နေရာပိုစေတာတွေ့ရပါတယ်။ များသောအားဖြင့် Chinese Apps တွေက Chinese လူမျိုးတွေအတွက်တော့ အလွန်အသုံးတည့်တဲ့ Apps တွေဖြစ်ပြီး၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ သုံးဖို့အဆင်မပြေတဲ့ Apps တွေများပါတယ်။ China Build MIUI ROMs တွေမှာ Google Apps မပါဘူးဆိုပေမယ့် Google Service Frameworks, Google Account Manager, Google Play Services နဲ့ အခြားသော မိမိအတွက်လိုအပ်သည့် Google Apps တွေကို ထည့်သွင်းအသုံးပြုလို့ရပါတယ်။
*******************************************
‪#‎Globle‬ Build MIUI ဆိုတာ ???

Global Build MIUI တွေကတော့ MIUI Users အများစု ကြိုက်နှစ်သက်တဲ့ ROMs ပဲဖြစ်ပါတယ်။ ဘာလို့ဆိုတော့ သူက Chinese Apps တွေမပါရှိပဲ Google Apps တွေ တစ်ခါတည်းပါပြီးသားဖြစ်ပါတယ်။ တစ်ခုရှိတာက Global Build ROMs တွေဟာ China Build ROMs တွေ Update ထွက်ပြီးမှသာ Global Build ROMs တွေထုတ်ပေးလေ့ရှိပါတယ်။ ဒါ့အပြင် Global Build ROMs တွေဟာ ပုံမှန်အားဖြင့် English Language နဲ့လာတဲ့အပြင် အခြားသော Languages တွေလည်း Multilanguages အနေနဲ့ ပါဝင်ပြီးသားဖြစ်ပါတယ်။ Global Build ROMs တွေဟာ Xiaomi MIUI ရဲ့ Online Music တို့ Xunlei Download Accelerator ကဲ့သို့လိုမျိုး အချို့ Features တွေမပါဝင်ပါဘူး။ ဒီအတွက်လည်း Storage ကို အနည်းနဲ့အများ သက်သာစေတာတွေ့ရပါတယ်။ အရင်ကတော့ Global Build ROMs တွေဟာ Stable ROMs တစ်မျိုးတည်းအတွက်သာ ထုတ်လုပ်ပေးတာဖြစ်ပြီး Redmi 1S ကနေစပြီးတော့ Global Build Developer ROMs တွေကို ထုတ်လုပ်ပေးထားပြီဖြစ်ပါတယ်။
*******************************************
Recovery ROM နှင့် Fastboot ROM ကွာခြားပုံ
================================

‪#‎Recovery‬ ROM ဆိုတာ ???
Recovery ROMs တွေဟာ *.zip format နဲ့လာပါတယ်။ Recovery ROMs တွေကို များသေားအားဖြင့် သင်လက်ရှိအသုံးပြုလျက်ရှိတဲ့ ROM ကို Flash လုပ်ဖို့၊ Update တင်ဖို့အတွက် အသုံးပြုကြပါတယ်။ Recovery ROM ကို နည်းလမ်းနှစ်မျိုးဖြင့် တင်နိုင်ပါတယ်။ ပထမတစ်နည်းကတော့ Xiaomi MIUI ရဲ့ Updater Apps ကနေတစ်ဆင့် တင်ခြင်းဖြစ်ပြီး၊ ဒုတိယတစ်နည်းကတော့ Mi Stock Recovery ဒါမှမဟုတ် Custom Recoveries (Such as TWRP) တွေကနေ တင်နိုင်ပါတယ်။ Updater Apps ကနေ MIUI Recovery ROMs ကိုတင်တာကတော့ လွယ်ကူရိုးရှင်းတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သက်ဆိုင်ရာ Recovery ROM.zip ကို ဖုန်းရဲ့ Storage တစ်ခုခုအောက်မှာထားပါ။ ထို့နောက် Updater Apps ကို ဖွင့်ပါ။ ပြီးရင် အပေါ်ဘက်ညာဘက်ထိပ်မှာ Menu Button (အချောင်းလေးသုံးခု) ကိုနှိပ်ပါ။ Choose Update Package ကိုနှိပ်ပါ။ ပြီးရင် Recovery ROM.zip ကိုရွေးပေးလိုက်ရုံပါပဲခင်ဗျာ။
Mi Stock Recovery (or) other Recoveries တွေကနေ Recovery ROMs ကို Flash လုပ်တာလည်း ထို့နည်းတူပါပဲ။ ရိုးရိုးရှင်းရှင်းလေးပါ။ ဒါပေမယ့် ဒီနည်းမှာကတော့ Recovery ROM.zip ကို ကြိုက်နှစ်သက်ရာနေရာထားလို့မရပါဘူး။ ဖုန်း Internal Storage ရဲ့ Root Folder အောက်မှာ ထားမှရပါမယ်။ ပြီးရင်တော့ Recovery Mode သို့ဝင်ပြီး Install update.zip to System 1 ကိုရွေးပြီး Flash လုပ်ရုံပဲဖြစ်ပါတယ်။ Recovery Mode ၀င်ဖို့ နည်းလမ်းနှစ်ခုရှိပါတယ်။ ပထမတစ်နည်းကတော့ ဖုန်းကို Power Off လုပ်ပါ။ Vol + နှင့် Power တွဲပြီး ကြာကြာဖိနှိပ်ပြီး ၀င်နိုင်ပါတယ်။ ဒုတိယတစ်နည်းကတော့ Updater Apps ကို ဖွင့်ပါ။ ညာဘက်အပေါ်ထောင့်က Menu Button ကိုနှိပ်ပါ။ Reboot to Recovery Mode ကို နှိပ်ပြီးလည်း Recovery Mode သို့ဝင်နိုင်ပါတယ်။ ( မှတ်ချက် : Recovery Mode သည် Bootloader Locked ဖြင့်လာသော Devices များတွင် အဆိုပါနည်းလမ်းများဖြင့် Bootloader Unlocked မလုပ်ပါပဲ ၀င်လို့မရပါ )
*******************************************
‪#‎Fastboot‬ ROM ဆိုတာ ???
Fastboot ROMs တွေဟာ *.tgz format နဲ့လာပါတယ်။ Fastboot ROMs တွေကို မည်သည့်ပုံစံဖြင့်မဆို Xiaomi ဖုန်းများတွင် အသုံးပြုနိုင်ပြီး များသောအားဖြင့် Fastboot ROMs ကို Service Technicians တွေနဲ့ ဖုန်းကောင်းကောင်း ကလိတတ်သူတွေ အသုံးပြုနိုင်ကြပါတယ်။ Fastboot ROMs အသုံးပြုဖို့ PC (Personal Computer) ဖြင့်သာ ဆောင်ရွက်နိုင်ပါတယ်။ တွဲဖက်အသုံးပြုမယ့် PC မှာ Fastboot သိရပါမယ်။ ထို့အတူ Fastboot ROMs ကို သက်ဆိုင်ရာ Devices မှာ Flash လုပ်ပေးနိုင်တဲ့ Flash tools တွေလိုအပ်ပါတယ်။ Official အနေနဲ့ MiFlash (or) Mi PC Suite တို့ကို အသုံးပြုနိုင်ပါတယ်။ Flash tools နဲ့အသုံးပြုဖို့အတွက် သင့်ဖုန်းကို Fastboot Mode (or) Qualcomm Mode (or) Download Mode များဖြင့် တင်နိုင်ပါတယ်။ Fastboot Mode ၀င်ဖို့အတွက် ဖုန်းကို Power Off လုပ်ပါ။ Power Button + Vol - တွဲနှိပ်ပြီး Fastboot Mode ၀င်နိုင်ပါတယ်။ Fastboot ROMs ရဲ့ *.tgz ကို ဖြည်လိုက်မယ်ဆိုရင် Fastboot Script file တွေနဲ့ Image file တွေပါဝင်ပါတယ်။ ဒါ့အပြင် Fastboot ROMs script တွေဟာ Windows version အတွက် *.bat ဖြင့်သော်လည်းကောင်း၊ Linux version အတွက် *.sh ဖြင့်သော်လည်းကောင်း ပါရှိပါတယ်။
ဒီပို့စ်ဟာ မတူကွဲပြားတဲ့ ROMs တွေအကြောင်းရှင်းလင်းတဲ့ပို့စ်ဖြစ်တဲ့အတွက် Fastboot ROMs အသုံးပြုပုံကို နောက်ထပ်ပို့စ်တစ်ခုဖြင့် တင်ပေးပါ့မယ်။ Fastboot ROMs တွေနဲ့ အခြား ROMs တွေအကြောင်းကို ဒီ Links မှာ လေ့လာသိရှိရယူနိုင်ပါတယ် > http://en.miui.com/a-234.html

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update


အောင်မြင်မှုဆိုတာ လွယ်လွယ်ကူကူရလာတတ်တဲ့ အရာမဟုတ်ပါဘူး။ ဒါဆို အောင်မြင်မှုက ဘယ်သူတွေနဲ့ ထိုက်တန်သလဲ။ သေချာတာကတော့ အောင်မြင်မှုဆိုတာ လူတိုင်းရနိုင်တဲ့အရာတစ်ခုတော့ မဟုတ်နိုင်ပါဘူး။ အောင်မြင်မှုဆိုတာ ကြိုးစားသူ၊ ဇွဲလုံလ၀ိရီယရှိသူတွေသာ ပိုင်ဆိုင်နိုင်တဲ့အရာဖြစ်နေတာပါ။ အောင်မြင်မှုတွေရဲ့ နောက်ကွယ်မှာ သူတို့တွေ ဘာတွေကိုစွန့်လွှတ်ခဲ့ကြသလဲ သင်သိပါသလား။ စွန့်လွှတ်အနစ်နာခံမှုတွေမရှိဘဲနဲ့တော့ အောင်မြင်မှုကိုမပိုင်ဆိုင်နိုင်ကြပါဘူး။ အောင်မြင်ဖို့အတွက် စွန့်လွှတ်ရမဲ့ အချက်တစ်ချို့ကို အောက်မှာဖော်ပြလိုက်ပါတယ်။


အမှားလုပ်မိမှာကြောက်လို့ ဘာမှမလုပ်တဲ့အကျင့်တစ်ခုခုကိုလုပ်ဖို့ကြံရွယ်တိုင်း ငါလုပ်လိုက်ရင်မှားများသွားမလားဆိုတဲ့အတွေးနဲ့ မှားမှာတွေးကြောက်ပြီး ဘာမှမလုပ်ဖြစ်တော့တဲ့အချက်ကို စွန့်လွှတ်ရပါလိမ့်မယ်။ ဘာမှမလုပ်ရင် ဘာမှမဖြစ်ပါဘူး။ ကိုယ့်ရဲ့စိတ်ကူးနဲ့ အကြံဉာဏ်အသစ်တွေနောက်ကို ရဲရဲဝံ့ဝံ့လိုက်ပါ။ မှားမှာမကြောက်ပါနဲ့။ မှားမှာကြောက်တဲ့စိတ်ကို စွန့်လွှတ်ရပါမယ်။ လူတိုင်းက မှားတတ်ကြပါတယ်။ လူတိုင်းက အမှားကနေ သင်ခန်းစာယူပြီး လူမှုဘ၀တွေကို ဖြတ်သန်းကြရမှာဖြစ်ပါတယ်။

အချိန်ဆွဲတတ်တဲ့ အကျင့်
ဒီကနေ့လုပ်ရမယ့်အလုပ် မနက်ဖြန်မှလုပ်မယ်ဆိုတာမျိုး အချိန်ဆွဲဖူးပါသလား။ ဒီနေ့တော့ မလုပ်သေးပါဘူးလေ… မနက်ဖြန်မှ စလုပ်တာပေါ့လို့ အချိန်ဆွဲတတ်ကြပါတယ်။ ကိစ္စတစ်ခုကို ချက်ခြင်း မလုပ်ဘဲ နောက်လ၊ နောက်နှစ်ပေါ့ဆိုတာမျိုး အချိန်ဆွဲတတ်တာကလည်း အောင်မြင်ဖို့အတွက် စွန့်လွှတ်ရမယ့် အချက်ပါ။ တကယ်အောင်မြင်ချင်သလား။ ဒါဆိုရင်တော့ ဒီကနေ့လုပ်ရမယ့်အလုပ်ကို ဒီကနေ့ပြီးစီးအောင် လုပ်ပါ။ မနက်ဖြန်အထိ အချိန်မဆွဲပါနဲ့။

ဆင်ခြေပေးတတ်တဲ့အကျင့်
ကိုယ့်ရဲ့အားနည်းချက်တွေကို အမှန်အတိုင်းရှုမြင်ရမယ့်အစား ဆင်ခြေအမျိုးမျိုးပေးပြီး ကိုယ့်ကိုယ်ကိုယ် သက်သာအောင်နေတာကလည်း စွန့်လွှတ်ရမယ့်အကျင့်တစ်ခုဖြစ်ပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်ကို ပြင်ဆင်ရမယ့်အစား ဆင်ခြေကောင်းကောင်းပေးပြီး နေတတ်တဲ့အကျင့်က ကိုယ့်ရဲ့ အောင်မြင်နိုင်မှုကို ဆုံးရှုံးစေနိုင်တဲ့အချက်တစ်ခုပါ။
လူတိုင်းမှာ အားသာချက် အားနည်းချက်ကိုယ်စီရှိကြပါတယ်။ ဒါကိုလျစ်လျူရှုလို့မရပါဘူး။ ကိုယ်ရဲ့အားနည်းချက်ကို ဆင်ခြေနဲ့ ဖုံးကွယ်ထားလို့မရနိုင်ပါဘူး။ ကိုယ့်ရဲ့လုပ်ဆောင်မှုတစ်ခု မအောင်မြင်ဘဲ ကျဆုံးသွားတဲ့အခါ ကိုယ့်ရဲ့ အားနည်းချက်ကို ရှာဖွေဖို့မစဉ်းစားဘဲ ဆင်ခြေပေးပြီး အမှားကိုဖုံးကွယ်တတ်တဲ့ အကျင့်ကို စွန့်လွှတ်ရပါမယ်။

သမားရိုးကျတွေးတတ်တဲ့အကျင့်
Think Different! အောင်မြင်ချင်သလား။ အများနဲ့မတူအောင် တွေးခေါ်ပါတဲ့။ ကိုယ့်မှာ သူများတွေထက်ပိုပြီး ထူးခြားတဲ့အတွေးအခေါ်တွေ၊ အကြံဉာဏ်တွေရှိမယ်ဆိုရင် သင်က အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ သမားရိုးကျတွေးခေါ်တတ်တဲ့အကျင့်ပဲရှိမယ်ဆိုရင်တော့ အောင်မြင်ဖို့အတွက် အလှမ်းဝေးနေဦးမှာပါပဲ။ ကိုယ့်ရဲ့အတွေးအခေါ်က လူအများတွေးသလိုတွေးမယ်၊ လူအများစဉ်းစားသလိုစဉ်းစားမယ်ဆိုရင်တော့ လူအများစုထဲမှာမှ အောင်မြင်တဲ့သူတစ်ယောက် ဖြစ်မလာနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့အတွေးတွေက လူအများနဲ့အတူတူဖြစ်နေတာကြောင့်ပါ။ အောင်မြင်ချင်တဲ့သူဆိုရင်တော့ သူမတူ ထူးခြားတဲ့ အတွေးအခေါ်၊ အမြင်ရှိဖို့လိုပါတယ်။


အပြောင်းအလဲကိုကြောက်တဲ့အကျင့်

လက်ရှိအခြေအနေကနေ ပြောင်းလဲလိုက်ရမှာကို လူတော်တော်များများက ကြောက်ကြပါတယ်။ ပြောင်းလဲဖို့လည်း သတ္တိနည်းကြပါတယ်။ လက်ရှိအခြေအနေမှာ အောင်မြင်နေပေမဲ့ အပြောင်းအလဲလုပ်ပြီးခါမှ မအောင်မြင်တော့မှာ၊ လက်ရှိအခြေအနေထက်ပိုဆိုးသွားမှာကို ကြောက်လန့်ကြပါတယ်။ အပြောင်းအလဲကိုကြောက်တဲ့အကျင့်ကြောင့်ပဲ အောင်မြင်မှုနဲ့ဝေးကွာစေတတ်ပါတယ်။

အဆိုးမြင်သူတွေနဲ့ အချိန်ဖြုန်းတတ်တဲ့အကျင့်

ကိုယ့်ပတ်ဝန်းကျင်မှာ အဆိုးမြင်တတ်သူတွေရှိပါသလား။ ကိုယ့်အနီးအနားမှာ၊ ကိုယ့်အလုပ်ပတ်ဝန်းကျင်မှာ အဆိုးမြင်သူတွေရှိတယ်ဆိုရင် သူတို့တွေနဲ့အချိန်ဖြုန်းတတ်တဲ့ အကျင့်တွေကို စွန့်လွှတ်ရပါမယ်။ ဒါက အောင်မြင်မှုအတွက် စွန့်လွှတ်ရမယ့်အချက်တစ်ခုဖြစ်နေလို့ပါ။ ကိုယ့်ရဲ့လုပ်ဆောင်မှုတိုင်းအတွက် အဆိုးမြင်သူတွေဆီက အသိအမှတ်ပြုစကား၊ အားပေးစကားပြောကြားခံရဖို့ မမျှော်လင့်ထားပါနဲ့။ စိတ်ဓာတ်ကျစရာတွေ၊ ဆုံးရှုံးရမှာတွေသာ ကြားရပါလိမ့်မယ်။ သင်ကအောင်မြင်ချင်တဲ့သူတစ်ယောက်ဆိုရင်တော့ အဆိုးမြင်သူတွေနဲ့ ခပ်ဝေးဝေးနေရပါလိမ့်မယ်။

ရည်မှန်းချက်ကြီးကြီး မထားတတ်တဲ့အကျင့်

ဒီအချက်က အောင်မြင်မှုအတွက် အရေးအကြီးဆုံးအချက်တစ်ခုပါပဲ။ လူတိုင်းမှာ ရည်မှန်းချက်ကြီးကြီး၊ အိပ်မက်ကြီးကြီးရှိသင့်ပါတယ်။ အဲဒီအစား ရည်မှန်းချက်မထားတတ်တဲ့ အကျင့်ကလည်း အောင်မြင်မှုနဲ့အလှမ်းကွာဝေးစေပါတယ်။ ကိုယ့်မှာရည်မှန်းချက်လည်းမရှိ၊ ရည်ရွယ်ချက်လည်းမရှိ၊ ဖြစ်ချင်တာတာလည်းမရှိဆိုရင်တော့ အောင်မြင်မှုဆိုတာ ကိုယ်နဲ့ အဝေးဆုံးအရာဖြစ်နေပါလိမ့်မယ်။ တကယ်အောင်မြင်ချင်တယ်ဆိုရင်တော့ ရည်မှန်းချက်၊ ရည်ရွယ်ချက်တစ်ခုခုချမှတ်ပါ။ အဲဒီအတိုင်းလည်း ဖြစ်အောင်ကြိုးစားပါ။ ဒါဆိုရင်တော့ အောင်မြင်မှုက သင့်နဲ့ လက်တစ်ကမ်းမှာရှိနေပါလိမ့်မယ်။

ကျော့ကေခိုင်

Source : Myanmar Newtork Forum

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org





Advertise Here !

Software Full Version Download and Tech News Update

Samsung Frp 2016 Remover Tool စမ်းသပ်လို့ရအောင် တင်ပေးလိုက်တယ်လို့ ဆိုပါတယ်.. Myanmar XDA Forum က ယူလာတာပါ..

Password - www.gt-smart.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Samsung Frp 2016 Remover Tool.exe : 2.2 Mb

Dev-Host Download Link

pCloud Download Link


Advertise Here !

Software Full Version Download and Tech News Update
 


 ကျွန်တော်အခုပြောပြပေးမှာ ကတော့ Qualcomm CPU သုံး ဖုန်းတွေကို Firmware Backup ယူနည်း နဲ့ Firmware ပြန်တင်နည်းတွေကိုပြောပြပေးမှာပါ

dload File Firmware နဲ့ MMC Storage Backup Firmware နဲ့ဘာတွေကွာလဲ
====================================================

dload Firmware တင်တဲ့အခါ စိတ်ကြိုက်ရွေးတင်ခွင့်မရှိပါဘူး ဥပမာ Virus ကိုက်နေတဲ့ ဖုန်းတွေမှာ Flashtool Firmware တွေဆိုရင် System File တစ်ဖိုင်ထဲ ရိုက်ထဲလို့ရပါတယ် dload File firmware မှာ အဲလိုရွေးချယ်ခွင့်မရှိပါဘူး အကုန်တင်ပေးသွားတာပါ ပြီးရင် Build Number မြင့်နေတာကို Build Number အနိမ့်နဲ့တင်လို့မရပါဘူး Step 2 Fail, Write Data Error Fail အစရှိတဲ့ Error တွေတက်ပါတယ် MMC Storage Backup Firmware မှာ Error တစ်ခုမှမရှိပါတယ် အရမ်းအဆင်ပြေပါတယ် Logo Error, Deadboot Error, Boot load Error အကုန်ရှင်းနိုင်ပါတယ် အဆင်ပြေတာကတော့ ရှိသမျှQualcomm ဖုန်းတွေအားလုံးကို Backup ယူထားတာအကောင်းဆုံးပဲ နောက်ပိုင်းမှာဘာ Error ဖြစ်ဖြစ် အဆင်ပြေအောင်ပါ

Backup ယူမယ့်ဖုန်းက Qualcomm ဟုတ်မဟုတ်ဘယ်လိုစစ်မလဲ
===========================================

adb ကနေဆိုရင်
adb shell
cat proc/cpuinfo
အောက်ဆုံးနားလေးက Hardware နေရာမှာ Qualcomm 8x1x ဆိုရင် သေချာပါတယ် Qualcomm Device ပါပဲ MTK DroidTool အခြား Tool တွေ နဲ့လဲကြည့်နိုင်ပါသေးတယ်

MMC Storage 9006 Firmware Backup ထုတ်နည်း
====================================

လိုအပ်တဲ့ဖိုင်တွေအရင်းဒေါင်းပါ


၁။ ဖုန်းမှာ Root Access ရှိရပါမယ် BusyBox.apk သွင်းထားရပါမယ် Root ဖောက်နိုင်ဖို့အတွက် King Root Version အမြင့်ထည့်ပေးထားပါတယ်
၂။ ဒေါင်းလို့ရလာတဲ့ Zip ကိုဖြည်ပါ password တောင်းရင် www.sithumobile.com လို့ရိုက်ပါ

၃။ Android EMMC Folder ကိုဖွင့်ပါ Android eMMC.exe ကို Run ပါ

၎။ Software ပွင့်လာရင် ညာဖက်ထောင့်နားလေးက Check phone ဆိုတာလေးကို နိုပ်ပါ
Scanning for devices ...
Android device found.
Android serial number : ?
ROOT STATUS : Phone are rooted you are ready to go.
Checking tools ...
SU VERSION : 3.61:kinguser_su
BUSYBOX VERSION : 1.23.1-Stericson
Done.
ဒါမျိုးလေးပေါ်လာရင် Backup စတင် ရိုက်လို့ရပါပြီ

၅။ Option menu မှာ Block Mode ကိုအမှန်ခြစ်ပါ ပေါ်နားက Block menu လေးက မှိန်နေရာကနေ လင်းလာတာလေးတွေ့ရပါလိမ်မည်

၆။ Action menu မှာ ကို Save ချင်တဲ့နေရာ ရွေးပါ
mmkcblk0 ကစပြီး mmkcblk1p1 ထိတစ်ဖိုင်ခြင်းရိုက်ထုတ်ပါ
တစ်ခြားBackup ထုတ်နည်းတွေလဲအများကြီးရှိပါသေးတယ် နောက်မှတင်ပေးပါအုန်းမည် လောလောဆယ် အလွယ်ဆုံးနည်းကိုအရင်တင်ပေးထားတာပါ

MMC Storage 9006 Firmware Restore လုပ်နည်း
==================================

၁။ EMMCRAW.exe ကိုဖွင့်ပါ အပိုင်း ၁ မှာကျွန်တော်ပြောခဲ့တဲ့ ဖုန်းကို MMC Storage ၀င်နေတဲ့အနေအထားမှာ ကြိုးထိုးပါ Drive menu မှာ Refresh ကိုနိုပ်ပါ
Description = Disk drive
Manufacturer = (Standard disk drives)
MediaType = External hard disk media
Model = Qualcomm MMC Storage USB Device
Size = 3909091328 Bytes

ဒီလိုမျိုးလေးပေါ်နေရင်တော့ Restore လုပ်နိုင်ပါပြီ

၂။ Write menu မှ browser ကိုနိုပ်ပြီး မိမိ backup ထုတ်ထားသော နေရာမှ mmkcblk0 ကိုခေါ်ပေးလိုက်ပါ

၃။ Load Partition Structure ကိုနိုပ်ပါ ဖိုင်မှားခေါ်ရင်တော့ Error တက်ပါလိမ့်မည် ဖိုင်အမှန်ခေါ်ရင်တော့ ဘေးမှာ Partition အခန်းတွေကြလာပါလိမ့်မည်

၎။ Write Select Partition ကိုနိုပ်ပြီး Firmware တင်နိုင်ပါပြီခင်ဗျာ

=====================

အပိုင်း (၃) မှာတော့ BoardFirmware ရေးမိလို့ ဖြစ်သော Error များ IMEI 0 Error, Boot Logo Error, Noti Error, Theme Error, Fastboot 3 color Error, SIM ONE Error အစရှိသော Error တွေအကြောင်းတင်ပေးပါအုန်းမည် ..

Credit : အောင်သူရ @ စည်သူကွန်ပျူတာနှင့်မိုဘိုင်းဖုန်းပြုပြင်ခြင်းသင်တန်း

အပိုင်း (၁) ကိုပြန်ဖတ်ချင်ရင် >>> LINK

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org





Advertise Here !

Software Full Version Download and Tech News Update

SYH WP930 ဖုန်းလေး Display Error တက်နေရင် သုံးဖို့ ဖိုင်သေးသေးလေးပါ.. New World Mobile က ကိုထက်အာကာတင်ပေးထားတာတွေ့လို့ ပြန်လည် မျှဝေလိုက်ပါတယ်..

Zip Password = htetrkar

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



SYH WP930 Display Error Fix.zip : 9.87 Mb

Mediafire Download Link



Advertise Here !

Software Full Version Download and Tech News Update
Windows 10 အတွက် နေရာတိုင်း လိုလို Zawgyi Font ချိန်းပေးပြီးမြန်မာစာမှန်စေမယ့် Font နဲ့ Zawgyi ကီးဘုတ် သွင်းနည်းကို ရေးသားဖော်ပြပေးလိုက်ပါတယ် အရင်တင်တဲ့ Font တုန်းက Bold စာသားများ Bold မဖြစ်တာကိုလည်းပြန်လည်ပြုပြင်ထားပါတယ်
-
-
32bit အတွက် ပေးထားတဲ့ ကီးဘုတ် ကိုသွင်းပြီး Next တွေနှိပ်သွားပေးပါ ကွန်ပျူတာပိတ်ပြီးပြန်ဖွင့်လာရင် ပေးထားတဲ့ Font ဖိုင် နှစ်ဖိုင် Install ပေးပါ
-
32bit အတွက်ကီးဘုတ် Download
--------------------------------------------------------------
64 bit အတွက် ပေးထားတဲ့ဖိုင်ကို Download ပြီး Zawgyi > Setup.exe ကိုဖွင့်လိုက်ပါ အောက်ကလိုပုံမျိုးပြလာရင် ကီးဘုတ်ရပါပြီ Repair နဲ့ Remove ပေါ်လာရင်တော့ Repair ကိုရွေးပြီး Ok နှိပ်ပါ
-


64bit အတွက်ကီးဘုတ် Download
--------------------------------------------------------------------

ပေးထားတဲ့ Font ဖိုင်နှစ်ဖိုင်လုံးကိုဖွင့်ပြီး Install နှိပ်ပေးပါ Replace Font ပေါ်လာပါက Yes နှိပ်ပေးပါ အားလုံးပြီးရင် ကွန်ပျူတာကို Restart ချပေးပါ

Download Windows 10 Font

အဆင်ပြေပါစေ..

Advertise Here !

Software Full Version Download and Tech News Update

Programming လေ့လာမဲ့ လူများဟာ အောက်က Characters တွေကို အရင်အကျွမ်းဝင်အောင် လေ့လာရပါမယ်... ဘာမှမဟုတ်ပေမဲ့ ဒါတွေ လိုက်မှတ်နေရတာ အခက်အခဲ ဖြစ်နေတတ်ပါတယ်...
======================
/ - Slash
\ - Backslash
? - Question Mark
> - Greater Than
< - Less Than
= - is equal to
~ - Tilde symbol ( " တေဒါ " ဟုဖတ်သည် )
` - Back Quote or Back Tip
' - Single Quote
" - Double Quote
{} - Curly Brackets
() - Parentheses or Round Backets ( ပရမ်းသီးဆစ် )
[] - Square Brackets
| - Pipe Symbol
; - Semi-colon
: - Colon
& - Ampersand ( အမ်ပါဆန် )
* - Asterisk ( အက်စထရစ် )
# - Hash ( ၀ါးကပ် မဟုတ် )

Thanks to John Reginald

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org





Advertise Here !

Software Full Version Download and Tech News Update

အသုံးပြုနိုင်သော Model များ , G6 C00, G6 U00, G630 U00, Y610 U00, C8816, C8816D, G730 U30, G615 U10 နှင့် CPU MSM 8x12 သုံးထားသော ဖုန်းများတွင် အသုံးပြုနိုင်ပါသည်
MMC Storage ၀င်နည်းသိရင် ဘာတွေသုံးလို့ရမှာလဲ
======================================
Firmware တင်ရင်အဖြစ်များတဲ့ Step 2 Fail Error, Logo Stop Error, Deadboot Error, NotiBar Error, write data Error, အစရှိတဲ့ Error တွေကို ဖြေရှင်းပေးနိုင်မှာပါ အဓိကကတော့ DeadBoot Error ပါပဲ ခုနောက်ပိုင်းဖုန်းတွေမှာအဖြစ်များနေကြပါတယ် ဒီအခြေအနေမှာ BoardFirmware ကိုပဲအားကိုးနေကြရတယ် MMC Storage 9006 Mode ၀င်နည်းသိထားရင် Board Firmware မလိုတော့ပါ
BoardFirmware တင်တာနဲ့ MMC Storage Mode ၀င်ပြီး Firmware တင်နဲ့ ဘာတွေကွာလဲ
=============================================================
BoardFirmware တင်ရင် ဖြစ်တက်သော Error များကတော့ IMEI 0 Error, Notification Panel Error, Boot Logo Error, Power Restart Error အစရှိသော Error များဖြစ်တက်ပါတယ်
MMC Storage Mode 9006 ၀င်ပြီး Firmware ရေးရင်တော့ Error လုံးဝကင်းရှင်းပါတယ်
MMC Storage Mode 9006 ၀င်နည်းတွေ အများကြီးထဲကမှ အလွယ်ဆုံး One Click ဖြင့် ၀င်နိုင်အောင် လုပ်ပေးထားပါတယ်
MMC Storage Mode 9006 ၀င်နည်း
=======================
1. MMC Storage ၀င်ဖို့ လိုအပ်တဲ့ဖိုင်များအရင်ဒေါင်းပါ
Download
MMC_Storage_Mode_1Click-www.sithumobile.com.rar, Size 360.42 MB...

2. MMC Storage Mode 9006 ၀င် ဖို့ QDLoader 9008 Mode ကိုအရင်ဝင်ပါ
3. Phone က Firmware တက်နေသေးတယ်ဆိုရင် Nomal Mode မှာ adb reboot edl ရိုက်ပြီးဝင်ပါ
Firmware မတက်တော့ဘူး Logo လည်နေတယ်ဆိုရင်တော့ TestPoint ထောက်ပြီးဝင်ပါ TestPoint မထောက်တက်ဘူးဆိုရင် Mi ကထုတ်တဲ့ Xiaomi qualcomm Jig လေးဝယ်ပြီး ၀င်လို့ရပါတယ်
4. 9006 Mode ရောက်ပြီးဆိုရင် အထက်ကဒေါင်းထားတဲ့အထဲက MMC Storage Mode change TOOL Folder ထဲက QPBLFBML01.exe ကို Run ပါ QPBLFBML01.exe Software က window 7 64bit, window 8 64bit, window 10 64bit မှာ Error တက်ပါတယ် Error မတက်ချင်လျင် Microsoft C++ Software သွင်းပေးလိုက်ရင်အဆင်ပြေလိမ့်မယ်
5. QPBLFBML01.exe ဖွင့်ပြီးပြီဆိုရင် Maufacture ရွေးပြီး Next နိုပ်ပါ ပြီးရင် Firmware ဖိုင်ခေါ်ပါ New Password မှာ 123 ရိုက်ပါ Download ဆွဲထားတဲ့ folder ထဲက MSM8x10 Folder အောက်က MSM8610V100R001C00B001.xml ဖိုင်လေးကို Click ပြီး Open နိုပ်ပါ ပြီးရင် Next နိုပ်ပါ Scan&Download ကိုဆက်နိုပ်ပါ
6. Phone မှာ QDLoader 9008 Mode ၀င်ပြီးသား ဆိုရင် 1% ဆိုပြီး စRun နေပါလိမ့်မည် 40% ရောက်လျင် Reboot Device ဆိုပြီး MMC Storage Mode 9006 ကိုရောက်သွားပါပြီ
7. Device Manager မှာ Qualcomm HS-USB Diagnositcs 9006 ပေါ်နေလျင် MMC Storage Mode ၀င်ခြင်းပြီးဆုံးပါပြီ
အပိုင်း - ၂ မှာ Qualcomm Firmware ADB Backup , MMC Storage 9006 Mode မှာ Firmware တင်နည်းများ တင်ပေးပါဦးမယ်..

Credit : အောင်သူရ @ စည်သူ Mobile


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org





Advertise Here !

Software Full Version Download and Tech News Update

-
One Click Root ထဲမှာ အစွမ်းအထက်ဆုံး၊ အသုံးအများဆုံးဖြစ်တဲ့ အရင်က vRoot လို့ခေါ်တဲ့ iRoot ဟာ 18.5.2016 ရက်နေ့မှာ ဗားရှင်းသစ်ကို ထုတ်ပေးလိုက်ပါတယ်.. Android Version အမြင့်တွေနဲ့ ဖုန်း Model သစ်တွေမှာ ပိုမိုတည်ငြိမ်ပြီး error ကင်းဖို့အတွက် ထုတ်ပေးလိုက်တဲ့ ဒီဗားရှင်းကို ခုပဲ ယူနိုင်ပါပြီ..





အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



iRoot 1.8.8.zip : 30.7 Mb

UserCloud Download Link

D Download Link



Advertise Here !

Software Full Version Download and Tech News Update
d10_error

"The program can't start because api-ms-win-crt-runtime-l1-1.0.dll is
missing from your computer. Try reinstalling the program to fix this problem"

ဆော့ဝဲတခုခုဖွင့်လိုက်လျှင် အထက်ဖော်ပြပါပုံနဲ့အလားတူစာတန်း error တက် တာကိုဖြေရှင်ကြပါမယ်
အဓိကလိုအပ်တာက (re)install the Visual C++ Redistributable ကို ပြန်သွင်းရမှာပါ Visual Studio 2015 
  1. Windows Updates လုပ်ပါ
    Go to Start – Control Panel – Windows Update.
  2.  Visual C++ Redistributable 2015 ကိုဒေါင်းပြီး သွင်းပါ
    Visual C++ Redistributable for Visual Studio 2015 (64-bit/32-bit)
  3. ဒေါင်းလုပ်ပြီးရင် vcredist_x64.exe (64-bit) or vcredist_x86.exe (32-bit) ကိုသွင်းပါ သွင်းပြီးသားဖြစ်နေပါက Uninstall လုပ်ပြီးပြန်သွင်းပါ
  4. ကွန်ပျူတာကိုပိတ်ပြီးပြန်ဖွင့်ပါ

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update

**
[unicode]
   CDBurnerXP ဟာ Nero တို့လို CD/DVD ကူးတဲ့ Software တစ်မျိုးပါ... ဖိုင်ဆိုဒ်က  Nero တို့လို အကြီးကြီးမဟုတ်ဘဲ 5 Mb ကျော်ကျော်လေးပဲရှိပါတယ်.. သုံးရတာလည်း သွက်လက်ပေါ့ပါးတဲ့အတွက် မလိုအပ်ဘဲ ကွန်ပျူတာ လေးနေမှာ စိုးရိမ်စရာမလိုပါဘူး.. Free လည်းရပါတယ်.. နောက်ဆုံးထွက် ဗားရှင်း 4.5.7.6139 ကို တင်ပေးလိုက်ပါတယ်.. 
**
CDBurnerXP is a free application to burn CDs and DVDs, including Blu-Ray and HD-DVDs. It also includes the feature to burn and create ISOs, as well as a multilanguage interface. Everyone, even companies, can use it for free. It does not include adware or similar malicious components.

Key Features include:
  • burn all kinds of discs
  • audio-CDs with or without gaps between tracks
  • burn and create ISO files
  • data verification after burning process
  • create bootable discs
  • multi-language interface
  • bin/nrg to ISO converter, simple cover printing and much more!
  • Operating Systems: Windows 2000/XP/2003 Server/Vista/Windows 7

Home Page : www.cdburnerxp.se


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



CDBurnerXP 4.5.7.6139.exe : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update
Android Phone Service အတွက် အသုံးဝင် MVS Android Tool v3.0 ဖြစ်ပါတယ်..


Feature တွေကတော့-
  • flash recovery
  • flash boot
  • flash cache
  • flash data
  • flash system
  • flash full rom or root files
  • flash htc unlock token 

Credit : Nga Soe

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



MVS Android Tool v3.0 : 1.32 Mb

UserCloud Download Link

pCloud Download Link



Advertise Here !

Software Full Version Download and Tech News Update
Xiaomi ဟာ ယနေ့မှာ Mi ဖုန်းတွေအတွက် cutom ROM အသစ် MIUI 8 ကို စတင်မိတ်ဆက်သွားခဲ့ပါတယ်။
အဓိကပြောင်းလဲမှုကတော့ အသုံးပြုထားတဲ့ကာလာအရောင်တွေနဲ့ စတိုင်တွေဖြစ်ပြီး၊ MIUI 8 Notification ဘားရဲ့ ကာလာဟာ ပတ်ဝန်းကျင်ရာသီဥတုအပေါ်မူတည်ပြီး အလိုအလျောက်အရောင်ပြောင်းလဲနိုင်တယ်လို့ Xiaomi က ဆိုပါတယ်။
ဒါဆို နောက်ထပ် ဘယ်လို feature အသစ်တွေ MIUI 8 မှာ ပါလာမလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်။
  • App Store ရဲ့ ဆက်ရှင်ကဏ္ဍတိုင်းမှာ ကာလာတွေ ပါဝင်လာမယ်
  • Daily Lock Screen မှာ Xiaomi နဲ့ လက်တွဲထားတဲ့ မီဒီယာပေါင်း ၅၀ ကျော်ကနေ category ပေါင်း ၁၂ ခုပါဝင်လာပြီး၊ အရည်အသွေးမြင့်ဓာတ်ပုံအသစ်တွေ ပါဝင်လာမှာပါ။
wallpape-carousel-miui8-photo-gallery
  • Calendar app ရဲ့ လတွေမှာ အရောင်အသစ်တွေ ပါဝင်လာမယ်
  • Notification bar ရဲ့ အရောင်က ပတ်ဝန်းကျင်ရာသီဥတုအခြေအနေနဲ့ လိုက်တဲ့အရောင် အလိုအလျောက်အရောင်ပြောင်းနိုင်တယ်။
MIUI-8
  • အသံ recording သွင်းထားစဉ်မှာ၊ အသံအနိမ့်အမြင့် tone ပြောင်းလဲတဲ့အတိုင်း recorder app မှာ ကာလာပြောင်းသွားမယ်။
  • စာအရှည်ကြီးတွေ၊ web စာမျက်နှာတွေကို screenshot ပုံတစ်ခုထဲ ရိုက်ဖို့အတွက် scrolling screnshot ရိုက်နိုင်တဲ့ tool အသစ်ပါဝင်လာတယ်။
MIUI-8-Long-screen-capture
  • Notes app မှာ လက်ဗွေရာ၊ password နဲ့ note တွေကို ပိတ်ထားနိုင်တဲ့အပြင်၊ Calculator ကနေ ငွေကြေးလဲနှုန်းတွေကို တွက်ချက်နိုင်သလို၊ ဆဲလ်စီးယပ်စ်ကနေ ဒီဂရီပြောင်းတာစတဲ့ အဆင့်မြင့် လုပ်ဆောင်ချက်တွေ ပါဝင်လာတယ်။
  • Power Save Mode ပါဝင်လာပြီး၊ background app တွေကို freeze လုပ်ပေးထားနိုင်ပြီး၊ ဘက်ထရီ ၂ နာရီ ၃ နာရီလောက် ပိုတာရှည်ခံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
  • SMS အတုရန် ကာကွယ်မှု – ဒါကတော့ ဒီနိုင်ငံမှာ သိပ်အသုံးဝင်မယ်မထင်ပါဘူး။ Xiaomi ရဲ့ ဒေတာနဲ့ သတင်းအချက်အလက်ဌာနက ရရှိတဲ့သတင်းအချက်အလက်တွေကို မူတည်ပြီး၊ MIUI 8 ဖုန်းကို ၀င်လာတဲ့မက်ဆေ့က spam လား၊ အန္တရာယ်ရှိမက်ဆေ့လားဆိုတာ အသုံးပြုသူက မနှိပ်မိခင် သတိပေးသွားမှာပါ။
  • Text Selection and Translate – တရုတ်စာသားကနေ အင်္ဂလိပ်စာသား၊ အင်္ဂလိပ်ကနေ တရုတ်ကို စာသားကို select လုပ်ပြီး ဘာသာပြန်ဆိုနိုင်မှာဖြစ်ပါတယ်။
  • နောက်ထပ်အထူးခြားဆုံးပြောင်းလဲမှုကတော့ Gallery app ပဲဖြစ်ပြီး၊ Gallery app ထဲမှာတင် ဗီဒီယိုတွေ ပြင်ဆင်၊တည်းဖြည်နိုင်တဲ့ tools တွေပါဝင်လာပြီး၊ စတစ်ကာထည့်ကာ၊ filter ထည့်တာတွေ၊ crop ဖြတ်တာတွေပါ လုပ်နိုင်တဲ့အပြင် music video တစ်ခုပါ Gallery app ထဲမှာတင် လုပ်နိုင်တယ်လို့ သိရပါတယ်။
miui-8-gallery
MIUI 8 ကို Mi 2 ၊ Mi 2S ၊ Mi 3 ၊ Mi 4 ၊ Mi 4C ၊ Mi 4S ၊ Mi 5 ၊ Mi Max ဖုန်းတွေအပြင်၊ Redmi စီးရီးနဲ့ Mi Note စီးရီးထဲက ဖုန်းတွေအကုန်လုံးရရှိသွားမှာဖြစ်ပါတယ်။
မေလ ၁၆ ရက်နေ့မှာ Chinese ROM အစမ်းစားသုံးဖို့အတွက် လူအကန့်အသတ်နဲ့ MIUI forum ကနေ ဖိတ်ကြားသွားမှာဖြစ်ပြီး၊ open beta ဗားရှင်းကိုတော့ ဂျွန်လ ၁ ရက်နေ့မှာ ထုတ်ပေးသွားမှာပါ။ Developer edition ကိုတော့ ဂျွန်လ ၁၇ ရက်နေ့မှ ၀င်မှာဖြစ်ပါတယ်။
Ref: Gizmotimes, Gadgets 360, Android Central
http://digitaltimes.com.mm/
အဆင်ပြေပါစေ..
-
မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update


ဘက်ထရီစားမြန်ခြင်း၊ ဖုန်းအားဝင်မှုနှေးခြင်းစတာတွေဟာ ဘက်ထရီစွမ်းဆောင်ရည်နိမ့်တဲ့ဖုန်းတွေမှာ ကြုံတွေ့နိုင်တဲ့ပြသနာတွေပါပဲ။ ဒီလိုအခြေအနေကြုံလာရပြီဆိုရင် အလွယ်တကူလုပ်ဆောင်နိုင်တာတွေကို
ဖော်ပြပေးလိုက်ရပါတယ်။

- မလိုအပ်သေးတဲ့applicationတွေကို Force stop လုပ်ထားပါ။
Uninstallလုပ်လို့လည်းမဖြစ်ဘူး၊ အသုံးလည်းနည်းတယ်ဆိုတဲ့ applicationတွေကို Force stopလုပ်ထားတာဟာဘက်ထရီစားခြင်းကိုကာကွယ်ပေးပါလိမ့်တယ်။ 
လုပ်လိုတဲ့applicationကိုဖိပါ > App info > Force stop

- ဘက်ထရီအသစ်တစ်လုံးအစားလဲနိုင်ပါတယ်။
အသုံးပြုမှုသက်တမ်းနှစ်နှစ်ရှိလာတဲ့ ဖုန်းတွေဟာ ဘက်ထရီစွမ်းဆောင်ရည်ကျဆင်းလာပါတယ်။ ဘက်ထရီအစားထိုးနိုင်သောဖုန်းဆိုရင် အသစ်တစ်ခုဝယ်ပြီး အစားထိုးလိုက်ပါ

- အားသွင်းကိရိယာကို စစ်ဆေးပါ။
ဖုန်းဘက်ထရီသွင်းချိန်ကြာမြင့်လာတာတွေဟာ တစ်ခါတစ်ရံမှာ ဖုန်းကြောင့်မဟုတ်ဘဲ အားသွင်းကိရိယာကြောင့်ဖြစ်နေတတ်ပါတယ်။ အားသွင်းကိရိယာကောင်း၊မကောင်း စစ်ဆေးပေးပါ။

-Sleep/ Screen timeoutကို အချိန်နည်းတာရွေးချယ်ပါ။
Settings > Display> Sleep/ Screen timeout > အချိန်နည်းတာရွေးချယ်ပါ

- autobrightness ကို off လုပ်ထားပါ။
Settings> Display> Brightness > off autobrightness

- Google Play Servicesဟာ ဘက်ထရီသုံးစွဲမှုများတာကြောင့် တစ်လတစ်ကြိမ်လောက် Clear cache လုပ်ပေးပါ။
Settings> Applications> All> Google Play Services> Clear cache

Ref: androidpit 
ref - ခမ်းမူး (Myanmar Mobile App)
-

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update

(၁) သူများတွေကို အတုမခိုးဘူး..

အောင်မြင်တဲ့သူတွေကို အားကျတတ်တာ လူ့သဘာဝပါ။ ဒီထဲကမှ တစ်ချို့ကတော့ အားကျရုံတင်မကဘဲ အတုခိုးတဲ့အဆင့်တောင် ရောက်တတ်ကြပါတယ်။ EQ မြင့်တဲ့သူတွေကတော့ ဘယ်သူ့ကိုမှအတုမခိုးဘဲ ကိုယ်လုပ်စရာရှိတာကိုပဲ အာရုံစိုက်တတ်ကြပါတယ်။
.
(၂) ဆင်ခြေမပေးဘူး..

လူတော်တော်များများဟာ လိုချင်တဲ့ရလဒ်တစ်ခုမရခဲ့ရင် တစ်ခုခုကိုအပြစ်ပုံချပြီး ဆင်ခြေပေးဖို့ ကြိုးစားမိတတ်ကြပါတယ်။ သူတို့ကတော့ ဆင်ခြေပေးမယ့်အစား လိုအပ်ချက်တွေ၊ နောက်တစ်ခါ ပြင်ဆင်လို့ရမယ့်အချက်တွေကိုပဲ ခေါင်းထဲထည့် စဉ်းစားတတ်ကြပါတယ်။

(၃) အားမနာတတ်ဘူး..

သူတို့အတွက် အားနာပြီး လက်ခံလိုက်ရတယ်၊ အားနာပြီး ငြင်းပယ်လိုက်ရတယ်ဆိုတဲ့ အဖြစ်မျိုး သိပ်မရှိပါဘူး။ လုပ်သင့်တာကို လုပ်တတ်ပြီး တစ်ဖက်ကနေလည်း လူမှုရေးမှာ အားနည်းမသွားအောင် ပြန်ဖြည့်စီးတတ်ပါတယ်။
.
(၄) အတင်းမပြောဘူး..

သူများကိစ္စ (အထူးသဖြင့် မကောင်းတဲ့ကိစ္စကို) အချိန်ပေးပြီး ပြောဆိုမနေတတ်ပါဘူး။ အတိုင်းအတာတစ်ခုအထိ စိတ်ပါဝင်စားတတ်ပေမယ့် စကားတွေချဲ့ကားပြောရမယ့်အလုပ်ကတော့ သူတို့အလုပ်မဟုတ်ဘူးဆိုတာ သူတို့သိပါတယ်။
.
(၅) စိတ်ဓါတ်ကျစေမယ့် အတွေးမျိုးမတွေးဘူး..

ငါကတော့ မထူးချွန်ပါဘူးတို့၊ ငါလုပ်ရင် ဖြစ်နိုင်မှာမဟုတ်ဘူးတို့။ အဲဒီ့လိုမျိုး Negative ဆန်တဲ့ အတွေးမျိုးတွေကို လုံးဝတွေးလေ့မရှိပါဘူး။
.
(၆) အတိတ်မှာပဲ နစ်မြောမနေဘူး..

တော်တော်များများဟာ အတိတ်က ပျော်ရွှင်မှုတွေနဲ့ အတိတ်က ဒဏ်ရာတွေထဲမှာပဲ နစ်မွန်းနေလေ့ရှိပါတယ်။ ဒါပေမယ့် EQ မြင့်မားတဲ့သူတွေကတော့ အတိတ်ထက်စာရင် ပစ္စုပ္ပန်နဲ့ အနာဂတ်ကိုပဲ ပိုပြီး အာရုံစိုက်တတ်ပါတယ်။

သားရိုး (Focus Youth)
Ref: Inc , focusyouthmyanmar
အဆင်ပြေပါစေ..

- မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !