2017
Software Full Version Download and Tech News Update
၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး smartphone စာရင်းရရှိဖို့ ကမ္ဘာ့နာမည်ကြီး Stuff ဆိုတဲ့ သတင်းဌာနက စစ်တမ်းကောက်ယူခဲ့ပါတယ်.. User တွေရဲ့ တုန့်ပြန်မှုအလိုက် မျမ်းမျှ အမှတ်ပေးဇယားစီလိုက်တဲ့အခါ နာမည်ကြီး Apple ရဲ့ iPhoneX ဟာ အဆင့် ၅ သာရရှိခဲ့ပါတယ်.. iPhoneX ရဲ့အထက်မှာ Huawei ရဲ့ Mate 10 Pro က အဆင့် ၄ နဲ့ကျော်တက်သွားခဲ့ပြီး Lenovo P2 က အဆင့် ၃၊ OnePlus 5Tက အဆင့် ၂ အသီးသီးရရှိခဲ့ပါတယ်.. ဒါဆို အဆင့် (၁) က ဘယ် ဖုန်းလဲ.. ကဲ. Stuff ကတရားဝင်ထုတ်ပြန်တဲ့ ကမ္ဘာ့အကောင်းဆုံး Smartphone အလုံး ၂၀ ရဲ့ စာရင်းကို အောက်မှာ ပျမ်းမျှ ရမှတ်တွေနဲ့တကွ တင်ပေးလိုက်ပါတယ်..
20) BlackBerry KeyOne (Average score: 3.66)
19) Motorola Moto G5 (Average score: 3.84)
18) Sony Xperia XZ1 Compact (Average score: 3.92)
17) Huawei P10 Plus (Average score: 4.13)
16) LG V30 (Average score: 4.15)
15) Google Pixel 2 XL (Average score: 4.16)
14) Motorola Moto Z2 Play (Average score: 4.25)
13) LG G6 (Average score: 4.25)
12) Apple iPhone 8 (Average score: 4.27)
11) Honor 8 Pro (Average score: 4.29)
10) Google Pixel 2 (Average score: 4.3)
9) iPhone 8 Plus (Average score: 4.32)
8) Samsung Galaxy Note 8 (Average score: 4.42)
7) HTC U11 (Average score: 4.45)
6) Honor 9 (Average score: 4.5)
5) Apple iPhone X (Average score: 4.5)
4) Huawei Mate 10 Pro (Average score: 4.54)
3) Lenovo P2 (Average score: 4.57)
2) OnePlus 5T (Average score: 4.64)
1) Samsung Galaxy S8 (Average score: 4.75)
နောက်ဆုံးအနှစ်ချုပ်ရရင် ၂၀၁၇ ခုနှစ်ရဲ့ အကောင်းဆုံး Smartphone စာရင်းမှာ Samsung ရဲ့ S8 က ပထမ ဗိုလ်စွဲသွားပါကြောင်း....
Ref : Stuff
အဆင်ပြေပါစေ..
မောင်ပေါက်< Blogger >
www.maungpauk.org
Advertise Here !
Software Full Version Download and Tech News Update
Xiaomi ဟာ Mi 7 ကို လာမယ့် ၂၀၁၈ ဧပြီ မှာ ဖြန့်ချိဖို့ ခန့်မှန်းချက်တွေ၊ သူ့ရဲ့ ပုံဆိုပြီး Mi ဖုန်းတစ်လုံးရဲ့ ဓာတ်ပုံတွေ အများအပြားပေါ်ထွက်ခဲ့ပြီးတဲ့နောက် Mi 7 ရဲ့ ပုံအချို့နဲ့ အချက်အလက်အချို့ Weibo မှာ ထပ်မံပြန့်နှံ့လာခဲ့ပါတယ်..
<Unicode>
Xiaomi ဟာ Mi 7 ကို လာမယ့် ၂၀၁၈ ဧပြီ မှာ ဖြန့်ချိဖို့ ခန့်မှန်းချက်တွေ၊ သူ့ရဲ့ ပုံဆိုပြီး Mi ဖုန်းတစ်လုံးရဲ့ ဓာတ်ပုံတွေ အများအပြားပေါ်ထွက်ခဲ့ပြီးတဲ့နောက် Mi 7 ရဲ့ ပုံအချို့နဲ့ အချက်အလက်အချို့ Weibo မှာ ထပ်မံပြန့်နှ့ံလာခဲ့ပါတယ်..
Weibo မှာတွေ့ရတဲ့အချက်အလက်တွေအရ Mi 7 ဟာ iPhone X နဲ့ ဆင်တူပြီး Snapdragon 845 CPU, အနားသတ်ဘောင်မဲ့ ဒီဇိုင်း၊ ကျောဘက်ကင်မရာ(၂)လုံးပါဝင်ပြီး လက်ဗွေဆင်ဆာကို ကျောဘက်မှာတပ်ဆင်ထားပါတယ်..
6.65 လက်မမျက်နှာပြင် 18:9 aspect Ratio နဲ့ Dual Glass, သတ္တုကိုယ်ထည်နဲ့ ထုတ်လုပ်ထားပြီး Wireless Charging လည်းပါဝင်လာမယ်လို့ဆိုပါတယ်..
အဆင်ပြေပါစေ..
မောင်ပေါက်< Blogger >
www.maungpauk.org
Advertise Here !
Software Full Version Download and Tech News Update
ဖေါ်ပြထားတဲ့အချက်အလက်တွေအရ Samsung က Galaxy 9 ကို ဖေဖေါ်ဝါရီ၊ Xiaomi က Mi7 ကို ဧပြီ၊ Sony က Xperia XZ Pro-A ကို ဇွန်၊ Xiaomi က Mi Mix3 ကို စက်တင်ဘာ၊ Motorola က Moto Z ကို နိုဝင်ဘာလလောက်မှာ ဈေးကွက်ထဲကို ဖြန့်ချိကြမှာဖြစ်ပြီး အဲဒီဖုန်း Model တွေအားလုံးဟာ Qualcomm ရဲ့ Snapdragon 845 CPU ကိုပဲ သုံးကြပါလိမ့်မယ်..
<Unicode>
တရုတ်နိုင်ငံရဲ့ Social Newtork တစ်ခုဖြစ်တဲ့ Weibo မှာ ဖေါ်ပြထားတဲ့ အချက်အလက်အရ း 2018 မှာ နာမည်ကြီးကုမ္ပဏီတွေဟာ Qualcomm ရဲ့ Snapdragon 845 ကိုသုံးပြီး သူတို့ရဲ့ Model သစ်ဖုန်းတွေကို ထုတ်လုပ်ဖို့သေချာသလောက်ဖြစ်နေပါပြီ..
ဖေါ်ပြထားတဲ့အချက်အလက်တွေအရ Samsung က Galaxy 9 ကို ဖေဖေါ်ဝါရီ၊ Xiaomi က Mi7 ကို ဧပြီ၊ Sony က Xperia XZ Pro-A ကို ဇွန်၊ Xiaomi က Mi Mix3 ကို စက်တင်ဘာ၊ Motorola က Moto Z ကို နိုဝင်ဘာလလောက်မှာ စျေးကွက်ထဲကို ဖြန့်ချိကြမှာဖြစ်ပြီး အဲဒီဖုန်း Model တွေအားလုံးဟာ Qualcomm ရဲ့ Snapdragon 845 CPU ကိုပဲ သုံးကြပါလိမ့်မယ်..
ဒါ့အပြင် LG ရဲ့ LG V40, ZTE ရဲ့ Z18, OnePlus 6, HTC U12 တို့ဟာလည်း Qualcomm ရဲ့ Snapdragon 845 ကိုပဲ အသုံးပြုကြမှာဖြစ်ပါတယ်..
Snapdragon 845 ဟာ အရင်ထုတ်ခဲ့တဲ့ CPU Model ထက် ၂၅% ပိုမိုမြန်ဆန်ပြီး 1.2 Gbps Download Speed ကို အထောက်အပံ့ပေးနိုင်မှာဖြစ်ပါတယ်.. ခေတ်စားလာမယ့် မျက်နှာပြင်ဖတ်ပြီး Lock ဖွင့်တဲ့ စနစ် (Face Unlock) ကိုလည်း ပိုမိုကောင်းမွန်အောင် အထောက်အပံ့ဖြစ်စေမှာဖြစ်ပါတယ်။
အဓိကအားဖြင့် Virtual Image တွေအတွက် အထောက်အပံ့ပိုမိုပေးသွားမှာဖြစ်ပြီး 4K Video Format တွေကို 60 FPS နှုန်းနဲ့ ရေးသားပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
အဆင်ပြေပါစေ..
မောင်ပေါက်< Blogger >
www.maungpauk.org
Advertise Here !
Software Full Version Download and Tech News Update
Samsung ရဲ့ Galaxy A8 သတင်းကို လွန်ခဲ့တဲ့ ရက်သတင်းပတ်အနည်းငယ်တုန်းက သဲလွန်စအဖြစ် နည်းနည်း မြင်တွေ့ခဲ့ရပြီးတဲ့နောက် Galaxy A8(2018) နဲ့ A8+ (2018) ကို အကြောင်း Samsung က ကြေငြာလိုက်တယ်ဆိုတဲ့သတင်းကို ကြားခဲ့ရပြန်ပါတယ်.. Samsung ဟာ Galaxy A8(2018) နဲ့ A8+ (2018) အကြောင်းကို ၂၀၁၈ ခုနှစ်၊ လပ်စ်ဗီးဂက်စ် မြို့မှာကျင်းပမယ့် The 2018 Consumer Electronics Show မှာ တရားဝင် ထုတ်ဖေါ်ပြသသွားဖွယ်ရှိတယ်လို့ သိရပါတယ်။
Xiaomi နဲ့ OnePlus တို့ဟာ LG ရဲ့ နာမည်ကျော် G6 လို ultra-tall 18:9 aspect ratio Display တွေကို တုပပြီး ဈေးကွက်ထဲကို ထိုးဖောက်လာခဲ့တဲ့အချိန်မှာ ဆမ်ဆောင်းကလည်း ဈေးကွက်ခြေလှမ်းတွေကို ခပ်စိပ်စိပ်လှမ်းဝင်လာခဲ့ပါတယ်..
18.5:9 Full HD+ (2220 x 1080) Super AMOLED မျက်နှာပြင်၊ Rounded Corner နဲ့ ထုတ်လာမယ့် A8 (2018) နဲ့ A8+(2018)တို့ဟာ S8 နဲ့ S8+ နဲ့တော့ ဒီဇိုင်းကွာခြားပါတယ်..
မျက်နှာပြင်အရွယ်အစားကတော့ A8(2018) မှာ 5.6 လက်မအရွယ်၊ A8+(2018) မှာ 6 လက်မ ရှိပါမယ်..
A8(2018) နဲ့ A8+ (2018) နှစ်ခုလုံးမှာ ဖုန်နဲ့ ရေစိုခံနိုင်တဲ့ IP68-certified dust- and water-resistant glass ပါဝင်လာမှာဖြစ်ပြီး သတ္တုကိုယ်ထည်နဲ့ထုတ်လုပ်ထားတာမို့ အကြမ်းခံနေပါလိမ့်မယ်..
A8(2018) နဲ့ A8+ (2018) နှစ်ခုလုံး ကျောဘက်ကင်မရာအောက်မှာ လက်ဗွေဆင်ဆာကိုတပ်ဆင်ပေးထားမှာဖြစ်ပြီး Dual Camera ကိုတော့ သူများတွေလို နောက်မှာမဟုတ်ဘဲ ရှေ့မှာတပ်ဆင်ပေးထားပါတယ်.. ဆယ်ဖီသမားတွေအတွက်တော့ ကျေနပ်စရာဖြစ်မှာပါ..
အသံကျယ်ကျယ် ထုတ်လွှင့်ပေးမယ့် စပီကာကို ပါဝါခလုတ်ရဲ့အပေါ်ဘက်မှာတပ်ဆင်ပေးထားပြီး ဘယ်ဘက်မှာ nano-SIM Slot တစ်ခု နဲ့ အပေါ်ဘက်မှာတော့ Memory စိုက်ဖို့ Slot တစ်ခုထည့်ပေးထားပါမယ်.. Samsung A Series Dual SIM Model ရဲ့ အစဉ်အလာကိုချိုးဖောက်ပြီး sim ကဒ်တစ်ခုတည်းသာသုံးလို့ရမယ့် Single-SIM ကိုသာ အသုံးပြုထားပါတယ်..
ဆမ်ဆောင်းရဲ့ octa-core Exynos 7885 ကိုတပ်ဆင်ပေးထားပြီး အမြန်နှုန်းကတော့ 2 Cores မှာ 2.2GHz နဲ့ 6 Cores မှာ 1.6GHz ရရှိပါမယ်..
နှစ်မျိုးလုံးမှာ RAM 4 GB ပါဝင်လာမယ်လို့ဆိုပေမယ့် A8+ မှာတော့ RAM 6 GB ပါကောင်းပါနိုင်ပါတယ်..  Internal Memory ကို အများဆုံး 64 GB ထက်တော့ ပိုထည့်ပေးမှာမဟုတ်ပါဘူး.. ဒါပေမယ့် Memory Card ကနေတစ်ဆင့် 128 GB ထိ တိုးမြှင့်နိုင်ပါတယ်..
ရှေ့မှာတပ်ဆင်ထားတဲ့ Dual Camera မှာ 16MP f/1.9 sensor နဲ့ 8MP f/1.9 sensor ပါဝင်လာပြီး ခေတ်စားနေတဲ့ Portrait Mode စနစ်မျိုးလို နောက်မြင်ကွင်းကို ဝေဝါးစေတဲ့ bokeh-like blur effect စနစ်နဲ့ ရိုက်ကူးနိုင်ပါလိမ့်မယ်..
ကျောဘက်က 16 MP ကင်မရာကတော့ f/1.7 aperture, optical image stabilization နဲ့ phase detect autofocus စနစ်တွေပါဝင်လာပါမယ်..
ဘက်ထရီကတော့ A8(2018)rSm 3000 mAh ဖြစ်ပြီး A8+(2018) မှာ 3500 mAh ပါပါမယ်.. S8 နဲ့ ဘက်ထရီချင်းတူတာပေါ့..
black, orchid grey, gold နဲ့ Blue ဆိုပြီး အရောင် ၄ မျိုးနဲ့ လာမှာပါလို့ ဆိုပါတယ်.. ဈေးနှုန်းကတော့ Galaxy A8 (2018) ကို ဒေါ်လာ ၃၅၀ နဲ့ Galaxy A8+ (2018) ကို ဒေါ်လာ ၄၅၀ လောက်နဲ့ရောင်းချမယ်လို့ ခန့်မှန်းထားပါတယ်..
အဆင်ပြေပါစေ..
မောင်ပေါက်< Blogger >
www.maungpauk.org
Advertise Here !
Software Full Version Download and Tech News Update
လက်ရှိ Smartphone လောကကို ဦးဆောင်နေတဲ့ နာမည်ကြီးကုမ္ပဏီတွေဟာ ဈေးသက်သာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ Mid-range ဖုန်းတွေကို အပြိုင်အဆိုင် ထုတ်လုပ်လာကြပါတယ်.. ၂၀၁၇ ခုနှစ်မကုန်ခင် ထုတ်လုပ်ဖြန့်ချိခဲ့တဲ့ စမတ်ဖုန်းတွေထဲက ဒေါ်လာ ၂၅၀ ဝန်းကျင်သာ ပေးရပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ ဘတ်ဂျက်ဖုန်းအချို့ကို ဖေါ်ပြပေးလိုက်ပါတယ်..
၁. Moto G5S Plus
Moto G5S Plus ကို ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ဆက်သွယ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Motorolla က ထုတ်လုပ်ပါတယ်..
မျက်နှာပြင် 5.5 inches, 1080 x 1920 pixels (~71.3% screen-to-body ratio) ဟာ မကြီးလွန်းမသေးလွန်းတဲ့အရွယ်အစားပေါ်မှာ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ပြသပေးနိုင်ပါတယ်..
Qualcomm MSM8953 Snapdragon 625 Octa-core 2.0 GHz Cortex-A53 CPU ဟာ တော်ရုံတန်ရုံအကောင်းစား စမတ်ဖုန်းတစ်လုံးမှာသာ ပါဝင်တဲ့ CPU အမျိုးအစားပါ..
ROM 64GB အတွက် RAM 4GB နဲ့ ROM 32GB အတွက် RAM 3GB တပ်ဆင်ပေးထားတာမို့ Memory တွေဟာလည်း ခေတ်မီဖုန်းတစ်လုံးအဖို့မနည်းလွန်းမများလွန်းပါဘူး..
မြန်နှုန်းမြင့်အားသွင်းစနစ် Turbo Charge technology  ဟာ 3000 mAh ဘက်ထရီကို ၁၅ မိနစ်အတွင်း အားပြည့်အောင်သွင်းပေးနိုင်ပါတယ်..
လုံခြုံရေးစနစ်အတွက် မြန်ဆန်လှတဲ့ fingerprint sensor ကိုတပ်ဆင်ပေးထားပြီး 13Mp ရှိတဲ့ ကျောဘက် Dual ကင်မရာနှစ်လုံးက ပုံရိပ်တွေကို  2160p Resolution နှုန်းနဲ့ရိုက်ပေးနိုင်ပါတယ်..
ဆယ်ဖီကင်မရာအတွက် 8Mp ကင်မရာကိုတပ်ဆင်ပေးထားပြီး အဆင့်မြင့် ဆင်ဆာတွေလည်း ပြည့်စုံအောင်ပါဝင်ပါတယ်..
ဒီလောက်စွမ်းဆောင်ရည်မြင့်မားတဲ့ Moto G5S Plus ကို Motorolla က 279.99 ဒေါ်လာနဲ့ရောင်းချပေးခဲ့တာကြောင့် ၂၀၁၇ အတွက် ဒေါ်လာ ၂၅၀ ဝန်းကျင် စမတ်ဖုန်းတွေထဲမှာ ထိပ်တန်းအကောင်းစားဖုန်းအဖြစ် မှတ်ကျောက်တင်ခံခဲ့ရပါတယ်..
Moto G5S Plus Spec :
Dimensions=153.5 x 76.2 x 8 mm
Weight=168g
Software=Android 7.1 (Nougat)
CPU=Qualcomm MSM8953 Snapdragon 625 Octa-core 2.0 GHz Cortex-A53
GPU=Adreno 506
RAM and Storage=64 GB, 4 GB RAM or 32 GB, 3 GB RAM
Battery=3000 mAh battery
Display=5.5 inches, 1080 x 1920 pixels (~71.3% screen-to-body ratio)
Wi-Fi =802.11 a/b/g/n
Bluetooth=Bluetooth 4.2 LE
Ports=microUSB 2.0
Rear Cameras=Dual: 13 MP, f/2.0, autofocus, dual-LED dual-tone flash
Front Camera =8 MP, f/2.0, LED flash
--
၂။  Sony Xperia XA1
ကမ္ဘာ့ထိပ်တန်းစာရင်းဝင် Sony ကုမ္ပဏီဟာ  အံ့အားသင့်ဖွယ် စွမ်းဆောင်ရည်တွေပါဝင်တဲ့  Sony Xperia XA1 ကို အမေဇုံ မှာ 259.5 ဒေါ်လာနဲ့ ရောင်းချလိုက်တော့ Smartphone လောကမှာ တော်တော်အံ့သြသွားခဲ့ကြပါတယ်..
မျက်နှာပြင်အရွယ်အစား ၅ လက်မ၊ Mediatek MT6757 Helio P20 Octa-core CPU, RAM 3GB, ROM 32GB ထည့်သွင်းတပ်ဆင်ပေးထားပြီး 2300 mAh battery ကို USB Type-C နဲ့တွဲဖက်ကာ တစ်ခါအားသွင်းရင် 72 နာရီထိခံအောင် ဆောင်ရွက်ပေးထားပါတယ်..
ကျောဘက်ကင်မရာတစ်လုံးသာပါဝင်ပေမယ့် 23Mp Sensor ထောက်ပံ့ပေးထားတဲ့ ကင်မရာဟာ အလင်းရောင်အားနည်းတဲ့အချိန်တွေမှာ၊ ရီးသွားခြင်းနဲ့ Outdoor ရိုက်ကူးခြင်းတွေမှာ အခြားဖုန်းတွေရဲ့ ကင်မရာတွေထက် ပိုပြီး စွမ်းဆောင်ရည်ကောင်းမွန်ပါတယ်..
Sony Xperia XA1 Spec
Dimensions  -145 x 67 x 8 mm (5.71 x 2.64 x 0.31 in)
Weight        -143g
Software     -Android 7.0
CPU           - Mediatek MT6757 Helio P20 Octa-core
                   (4×2.3 GHz Cortex-A53 & 4×1.6 GHz Cortex-A53)
GPU          - Mali-T880MP2
RAM and Storage    - 32 GB, 3 GB RAM
Battery     - 2300 mAh battery
Display     - 5.0 inches, 720 x 1280 pixels
                 (~70.9% screen-to-body ratio)
Wi-Fi       -Wi-Fi 802.11 a/b/g/n
Bluetooth -Bluetooth 4.2 LE
Ports       -Type-C 1.0
Rear Cameras  -23 MP (f/2.0, 24mm, 1/2.3″)
Front Camera   - 8 MP (f/2.0, 23mm
--
၃။ Honor 7X
တရုတ်ဖုန်းထုတ်လုပ်ရေးကုမ္ပဏီ Huawei ဟာ Honor 7X ဆိုတဲ့ နာမည်နဲ့ အတော်အသင့် အဆင့်မြင့်တဲ့ဖုန်းတစ်မျိုးကို ၁၉၉ ဒေါ်လာနဲ့ ရောင်းချလိုက်ပါတယ်.. ဈေးနည်းတယ်ဆိုပေမယ့် သူ့မှာ စွမ်းဆောင်ရည်မြင့်မားတဲ့ အချက်တွေ ပါဝင်ပါတယ်..
5.93 လက်မမျက်နှာပြင်ဟာ အနေတော်မျက်နှာပြင်ဖြစ်ပြီး 1080x2160p resolution ထိပြသပေးနိုင်ပါတယ်.. Huawei ရဲ့ ကိုယ်ပိုင် Kirin 659 Octa-core 2.36 GHz CPU, ROM 64GB အတွက် RAM 4GB, ROM 32GB အတွက် RAM 3 GB တွေကိုတွဲဖက်ထုတ်လုပ်ထားတာကြောင့် ခေတ်မီတယ်လို့ဆိုရမှာဖြစ်ပါတယ်.. ကျောဘက်မှာ 16Mp ရှိတဲ့ Dual ကင်မရာနှစ်လုံးတပ်ဆင်ပေးထားပြီး ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ရိုက်ကူးယူနိုင်ပါတယ်.. USB Type-C နဲ့တပ်ဆင်အားသွင်းရမယ့် 3340 mAh battery ဟာ အားမခံမှာတော့ ပူစရာမလိုပါဘူး.. ဆယ်ဖီကင်မရာက 8Mp သာရှိတယ်ဆိုပေမယ့် 1080p Resolution ထိ ဖမ်းယူပေးနိုင်သတဲ့..
Honor 7X Spec
Dimensions     156.5 x 75.3 x 7.6 mm
Weight           165g
Software        Android 7.0 EMUI 5.1
CPU               Kirin 659 Octa-core (4×2.36 GHz Cortex-A53 &
                      4×1.7 GHz Cortex-A53)
GPU              Mali-T830 MP2
RAM and Storage     64 GB/4 GB RAM (L21) or 32/64 GB/4 GB RAM (L22) or
                              32 GB/3 GB RAM (L24)
Battery     3340 mAh battery
Display     5.93 inches, 1080 x 2160p, 18:9 ratio (~77.0% screen-to-body ratio)
Wi-Fi     Wi-Fi 802.11 b/g/n
Bluetooth     Bluetooth 4.1
Ports     microUSB 2.0
Rear Cameras     Dual: 16 MP (1/2.9″, 1.25 µm) + 2 MP
Front Camera     8 MP, 1080p
Ref : XDA
အဆင်ပြေပါစေ..
မောင်ပေါက်< Blogger >
www.maungpauk.org
Advertise Here !
Software Full Version Download and Tech News Update
ဒီအချိန်မှာပဲ Zanco ဟာ ကမ္ဘာ့အသေးဆုံး ဖုန်းတစ်မျိုးကို ထုတ်လုပ်လိုက်ပြီး ပြိုင်ဘက်ကုမ္ပဏီတွေကို အံ့အားသင့်စေခဲ့ပါတယ်..
<Unicode>
ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီများအကြားမှာ ကမ္ဘာ့အသေးဆုံး စမတ်ဖုန်းထုတ်လုပ်ရေး တော်တော်ယှဉ်ပြိုင်မှုပြင်းထန်ခဲ့ပါတယ်..
ဒီအချိန်မှာပဲ Zanco ဟာ ကမ္ဘာ့အသေးဆုံး စမတ်ဖုန်းတစ်မျိုးကို ထုတ်လုပ်လိုက်ပြီး ပြိုင်ဘက်ကုမ္ပဏီတွေကို အံ့အားသင့်စေခဲ့ပါတယ်..
t1 လို့အမည်ပေးထားတဲ့ အဲဒီဖုန်းသေးသေးလေးဟာ ဖုန်းခေါ်ဆိုမှုနဲ့ SMS ပေးပို့မှုကို ပြုလုပ်နိုင်မှာဖြစ်ပြီး 2G ကွန်ယက်(GSM580/900,DCS1800 နဲ့ PCS1900) စနစ်ကိုသာ အထောက်အပံ့ပေးပါတယ်..
200 mAh ပဲရှိတဲ့ ဘက်ထရီသေးသေးလေးဟာ အားတစ်ခါအပြည့်သွင်းထားရင် ၃ ရက်ထိ ခံမှာဖြစ်ပါတယ်..
0.49 လက်မ OLED Display နဲ့ 64x32 Resolution မှန်သားပြင်ပါဝင်ပြီး တပ်ဆင်ထားတဲ့ ကီးပက်ပေါ်က နံပတ်တွေ၊ အက္ခရာတွေကို နှိပ်မယ်ဆိုရင်တော့ လက်ချောင်းသေးဖို့လိုပါမယ်.. ကြီးရင်တော့ အခြားဂဏန်းတွေကိုပါနှိပ်မိသွားနိုင်တာပေါ့
Nano-SIM ကိုတပ်ဆင်နိုင်မှာဖြစ်ပြီး Contact ၃၀၀ နဲ့ Recent Call ၅၀၊ Tex Message အစောင် ၅၀ မှတ်ထားနိုင်ပါမယ်.. Internal Storage 32 MB နဲ့ RAM 32MB သာပါဝင်ပြီး microSD ကဒ် စိုက်လို့မရပါဘူး.. Micro USB Port ကနေ အားသွင်းနိုင်မှာဖြစ်ပြီး စုစုပေါင်း ဖုန်းတစ်လုံးလုံးရဲ့ အလေးချိန်ဟာ ၁၃ဂရမ်သာရှိပါတယ်..
တကယ်လို့များ ဝယ်ယူချင်တယ်ဆိုရင်တော့ Kickstarter မှာ ဖုန်းတစ်လုံးကို ဒေါ်လာ ၅၀ နဲ့ ဝယ်ယူနိုင်ပြီး ၂၀၁၈ ခုနှစ် မေလ ရောက်ရင်တော့ ကမ္ဘာတစ်ခွင်က အော်ဒါမှာယူတွေဆီ ရောက်အောင် ပို့ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်..
Ref : Phonearena
အဆင်ပြေပါစေ..
မောင်ပေါက်< Blogger >
www.maungpauk.org
Advertise Here !
Software Full Version Download and Tech News Update
Oppo ဟာ A75 နဲ့ A75S ကို တရားဝင်ဈေးကွက်ထဲဖြန့်ချိပြီးနောက် A83 ကို ပွဲထုတ်လာပြန်ပါတယ်.. မျက်နှာပြင် 5.7 လက်မနဲ့ထုတ်လုပ်ထားပြီး နာမည်ပေးထားခြင်းမရှိတဲ့ Octa-core 2.5GHz CPU ဟာ MediaTek P23 ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်.. 2.5D curved glass အခုံး နဲ့ 18:9 aspect ratio ရှိတဲ့ မျက်နှာပြင်ဟာ ဈေးကွက်ထဲကိုရောက်ရှိနေတဲ့ အခြား Brand တွေထက်ပိုပြီး ထူးခြားသွားမှာတော့မဟုတ်ပါဘူး.. ROM 32Gb, RAM 4Gb ရှိတဲ့ Memory တွေတပ်ဆင်ပေးထားတာကြောင့် ခေတ်မီ ဂိမ်းတော်တော်များများကို ကောင်းကောင်းနိုင်နင်းပါလိမ့်မယ်.. ရှေ့ကင်မရာ 8Mp နဲ့ ကျောကင်မရာ 13Mp တပ်ဆင်ပေးထားပြီး Oppo ရဲ့ သဘာဝအတိုင်း ဆယ်ဖီရိုက်တဲ့အခါ ကျေနပ်စေမယ့် နည်းပညာသစ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်..
မြန်ဆန်တဲ့ မျက်နှာဖတ်ပြီး Unlock လုပ်တဲ့စနစ် OPPO AI Facial Recognition ဟာ A83 အတွက် ထူးခြားတဲ့ Feature တစ်ခုဖြစ်ပြီး ဈေးနှုန်းကလည်း 1399 ယွမ်(ဒေါ်လာ ၂၁၀ ) လောက်နဲ့ ကြိုတင်အော်ဒါမှာယူနိုင်ပြီဖြစ်ပါတယ်.. ဈေးကွက်ထဲကိုဖြန့်ချိမယ့်ရက်ကိုတော့ 29.12.2017 လို့သတ်မှတ်ထားပြီး အဲဒီအတွက် ဈေးနှုန်းကို သီးခြား ကြေညာသွားမှာဖြစ်ပါတယ်...
  • 4GB RAM
  • 32GB Internal Storage
  • expandable up to 128GB
  • 8MP front camera
  • Dual-SIM
  • 4G LTE, VoLTE
  • Wi-Fi802.11 a/b/g/n
  • Bluetooth 4.2
  • GPS + GLONASS
  • 3,090mAh battery
  • 150.5 × 73.1 × 7.7
  • 143
<Unicode>
Oppo ဟာ A75 နဲ့ A75S ကို တရားဝင်စျေးကွက်ထဲဖြန့်ချိပြီးနောက် A83 ကို ပွဲထုတ်လာပြန်ပါတယ်.. မျက်နှာပြင် 5.7 လက်မနဲ့ထုတ်လုပ်ထားပြီး နာမည်ပေးထားခြင်းမရှိတဲ့ Octa-core 2.5GHz CPU ဟာ MediaTek P23 ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်.. 2.5D curved glass အခုံး နဲ့ 18:9 aspect ratio ရှိတဲ့ မျက်နှာပြင်ဟာ စျေးကွက်ထဲကိုရောက်ရှိနေတဲ့ အခြား Brand တွေထက်ပိုပြီး ထူးခြားသွားမှာတော့မဟုတ်ပါဘူး.. ROM 32Gb, RAM 4Gb ရှိတဲ့ Memory တွေတပ်ဆင်ပေးထားတာကြောင့် ခေတ်မီ ဂိမ်းတော်တော်များများကို ကောင်းကောင်းနိုင်နင်းပါလိမ့်မယ်.. ရှေ့ကင်မရာ 8Mp နဲ့ ကျောကင်မရာ 13Mp တပ်ဆင်ပေးထားပြီး Oppo ရဲ့ သဘာဝအတိုင်း ဆယ်ဖီရိုက်တဲ့အခါ ကျေနပ်စေမယ့် နည်းပညာသစ်တွေကိုလည်း ထည့်သွင်းပေးထားပါတယ်..
3090mAh ရှိတဲ့ ဘက်ထရီဟာ ကျေနပ်ဖွယ်ရာကောင်းလောက်အောင် သုံးရမှာလည်းဖြစ်ပါတယ်...
မြန်ဆန်တဲ့ မျက်နှာဖတ်ပြီး Unlock လုပ်တဲ့စနစ် OPPO AI Facial Recognition ဟာ A83 အတွက် ထူးခြားတဲ့ Feature တစ်ခုဖြစ်ပြီး စျေးနှုန်းကလည်း 1399 ယွမ်(ဒေါ်လာ ၂၁၀ ) လောက်နဲ့ ကြိုတင်အော်ဒါမှာယူနိုင်ပြီဖြစ်ပါတယ်.. စျေးကွက်ထဲကိုဖြန့်ချိမယ့်ရက်ကိုတော့ 29.12.2017 လို့သတ်မှတ်ထားပြီး အဲဒီအတွက် စျေးနှုန်းကို သီးခြား ကြေညာသွားမှာဖြစ်ပါတယ်...
OPPO A83 ရဲ့ Spec တွေကို ဖေါ်ပြရရင်-
  • 5.7-inch HD+ (1440 x 720) 18:9 display, 2.5D curved glass
  • Unnamed 2.5GHz Octa-core CPU (Possibly the MediaTek P23)
  • 4GB RAM
  • 32GB Internal Storage
  • expandable up to 128GB
  • 13MP rear camera with LED flash
  • 8MP front camera
  • Dual-SIM
  • 4G LTE, VoLTE
  • Wi-Fi802.11 a/b/g/n
  • Bluetooth 4.2
  • GPS + GLONASS
  • OPPO AI Facial Recognition
  • ColorOS 3.2 (Android 7.1 Nougat)
  • 3,090mAh battery
  • 150.5 × 73.1 × 7.7
  • 143
  • Champagne Gold and Black Colors
Source : OPPO China
အဆင်ပြေပါစေ..
မောင်ပေါက်< Blogger >
www.maungpauk.org
Advertise Here !
Software Full Version Download and Tech News Update
Google နဲ့ Xiaomi တို့ ပူးပေါင်းထုတ်လုပ်တဲ့ MiA1 ဟာ ဈေးကွက်ထဲမှာ နေရာရလာတဲ့ စမတ်ဖုန်းတစ်မျိုးဖြစ်ပါတယ်.. Xiaomi ကုမ္ပဏီက သီးခြားထုတ်လုပ်တဲ့ အခြားအဆင့်မြင့် Mi Model တွေမှာ Fast Charging စနစ်ကိုထည့်သွင်းရောင်းချခဲ့ပေမယ့် Google နဲ့ Xiaomi တို့ပူးပေါင်းထုတ်လုပ်တဲ့ MiA1 မှာတော့ ပါမလာခဲ့ပါဘူး..
ဒါပေမယ့် Android 8.0 ( Oero ) ကို ဗားရှင်းမြှင့်လိုက်ရင်တော့ Fast Charging စနစ်ကို ထည့်သွင်းပေးသွားမယ်လို့ဆိုပါတယ်..OnePlus 5T charger နဲ့ အားသွင်းစမ်းသပ်ခဲ့ရာမှာ Android 7.1 (Nougat) တုန်းက ဘက်ထရီ ၀% ကနေ ၁၀၀% ပြည့်ဖို့ ၂နာရီ ကျော်ကြာခဲ့ပေမယ့် Oreo မှာ ထည့်သွင်းပေးထားတဲ့ Fast Charging စနစ်ဟာ ဘက်ထရီ ၀% ကနေ ၁၀၀% ပြည့်အောင်အားသွင်းချိန် ၉၂ မိနစ်သာ ကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်..
Xiaomi ဟာ 2017 မကုန်ခင်မှာ Android Oreo Beta ကို စမ်းသပ်ဖို့ ထုတ်ပေးခဲ့ပြီးနောက် Bug တွေ၊ error တွေကို ပြုပြင်ဖာထေးပြီး Oreo Stable ကို မကြာခင်မှာ ထုတ်ပေးဖို့ ပြင်ဆင်နေပါတယ်..
Source : TeleconTalk
အဆင်ပြေပါစေ..
မောင်ပေါက်< Blogger >
www.maungpauk.org
Advertise Here !
Software Full Version Download and Tech News Update
၁၅ နှစ် ၁၆ နှစ်အရွယ်ဆိုတာ လူ့ဘဝမှာ ပျော်လို့ကောင်းတုန်း၊ စာသင်တုန်း၊ လေလွင့်တုန်း အရွယ်လေးတွေပါ.. ဘဝမှာ မရင့်ကျက်မတည်ငြိမ်သေးတဲ့အပြင် တီထွင်ဆန်းသစ်မှုအတွက် အသိအမှတ်ပြုခံရဖို့ ရာနှုန်း တော်တော်နည်းသေးတဲ့အရွယ်ပေါ့.. ဒီအရွယ်မှာပဲ ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့တဲ့ ဆယ်ကျော်သက်လူငယ်တွေဟာ ကမ္ဘာ့လူသားတွေကြားထဲမှာ တကယ်ပေါ်ထွက်ခဲ့ပါတယ်.. တီထွင်မှုကို ငယ်စဉ်ကတည်းက ရူးသွပ်ခဲ့ကြပြီး အပျော်အပါးနဲ့ လေလွင့်စိတ်တွေကို ထိန်းချုပ်ရင်း တီထွင်နိုင်စွမ်းရဲ့ ရလာဒ်တွေကို ခံစားခဲ့ရပါတယ်...
၁။ Philo Farnsworth
ဓာတုဗေဒနဲ့ရူပဗေဒဘာသာရပ်တွေမှာ ထူးချွန်တဲ့ အသက် ၁၄ နှစ်အရွယ် ဆယ်ကျော်သက်တစ်ယောက်ဟာ တစ်နေ့မှာ သူ့ရဲ့ စိတ်ကူးတစ်ခုကို သူ့အထက်တန်းကျောင်း ဆရာတွေကို ပြောပြခဲ့ပါတယ်။ အဲဒါကတော့ ဘုတ်ချပ်ပြားပေါ်မှာ ရှုပ်ထွေးပွေလီလှတဲ့ Diagram လေးတစ်ခုရေးဆွဲပြီး နောင်တစ်ချိန်မှာ ဆရာတွေ စာသင်တဲ့အခါ မိတ္တူကူးယူလို့ရအောင် ဆောင်ရွက်ဖို့ဖြစ်ပါတယ်..
ဆရာတွေလည်း သင်ခန်းစာတွေကို ထပ်ခါထပ်ခါရေးသားစရာမလိုတော့ဘဲ ဒီမိတ္တူနဲ့ပဲ ပြန်သင်နိုင်လိမ်မယ်ဆိုတဲ့ သူ့စိတ်ကူးကို အထက်တန်းဆရာတွေက သိပ်အလေးထားခဲ့ပုံမရပါဘူး..
စိတ်ပျက်မသွားတဲ့ လလူငယ်ဟာ သူ့ရဲ့စိတ်ကူးကို တစိုက်မတ်မတ် အကောင်အထည်ဖေါ်နေခဲ့ပါတယ်… နောက် ၇ နှစ်အကြာ၊ ၁၉၂၇ ခုနှစ်မှာတော့ Philo Farnsworth ဟာ ကမ္ဘာ့ပထမဆုံး လျှပ်စစ်ရုပ်မြင်သံကြားစက်ကို တီထွင်အောင်မြင်ခဲ့ပါတယ်.. လျှပ်စစ်ရုပ်မြင်သံကြားစက်ကို တီထွင်အောင်မြင်ချိန်မှာ Philo Farnsworth ရဲ့ အသက်ဟာ ၂၁ နှစ်ပဲရှိပါသေးတယ်..
Philo Farnsworth ဟာ လျှပ်စစ်ရုပ်မြင်သံကြားစက်၊ ရေဒီယို၊ နျူးကလီးယားပေါင်းစက်အသေး တို့ကို တီထွင်ခဲ့ကြောင်း ထင်ရှားကျော်ကြားခဲ့ပါတယ်..
၂။ Easton LaChappelle
© TEDxMileHigh
LEGO နဲ့ Fishing Wire တွေကို အသုံးပြုပြီး ပထမဆုံး စစ်ရုပ်လက်ကို တီထွင်ခဲ့တာကတော့ အသက် ၁၄ နှစ်အရွယ် Easton LaChappelle ဆိုသူဖြစ်ပါတယ်.. သူဟာ ဒီမှာတင်ရပ်မနေဘဲ 3D Printing နည်းပညာကိုအသုံးပြုပြီး ကိုယ်တိုင်ထိတွေ့မှုအာရုံကို ခံစားတုန့်ပြန်နိုင်တဲ့ စက်ရုပ်တွေရဲ့ ရှေ့ပြေးစက်ရုပ်ပစ္စည်းတွေကိုလည်း တီထွင်နိုင်ခဲ့ပါတယ်..
ရလာဒ်ကတော့ အမျိုးသားလေကြောင်းနှင့် အာကာသ အုပ်ချုပ်ရေးအဖွဲ့ နာဆာ (NASA)က သူ့သတင်းကို သိရှိသွားပြီး NASA ရဲ့ Robonaut အဖွဲ့နဲ့အတူလာရောက်ပူးပေါင်းဖို့ ကမ်းလှမ်းခြင်းခံခဲ့ရပါတယ်.. NASA မှာ စတင်တာဝန်ထမ်းဆောင်ချိန်မှာ Easton ဟာ အသက် ၁၇ နှစ်ပဲရှိပါသေးတယ်..
၃။ Louis Braille
© Stefan Malmesjö
မျက်မမြင်တဲ့သူတွေ စာရေးစာဖတ်ဖို့အတွက်သုံးတဲ့ Braille စနစ်ဆိုတာကို ကြားဖူးကြမှာပါ..
အဲဒီ Braille စနစ်ဆိုတာ အသက် ၁၅နှစ်အရွယ် ပြင်သစ်နိုင်ငံလူမျိုး Louis Braille ဆိုသူက တီထွင်ခဲ့တာပါ..
Louis ဟာ အသက် ၃ နှစ်အရွယ်မှာ မျက်စိကိုထိခိုက်မိတာကြောင့် မျက်လုံးတစ်ဖက် ကွယ်ခဲ့ရပါတယ်..
မျက်လုံးကွယ်ခဲ့ရပေမယ့် သူဟာ အပြင်းအထန်ကြိုးစားခဲ့လို့ မျက်မမြင်လူငယ်များအတွက် တော်ဝင်တက္ကသိုလ်မှ တက်ရောက်ဖို့ ပညာသင်ဆု ရရှိခဲ့ပါတယ်..
တက္ကသိုလ်မှာ မျက်မမြင်တွေအတွက် စာရေးဖို့၊ စာဖတ်ဖို့ကူညီရင်း မျက်မမြင်တွေစာရေးစာဖတ်တဲ့ စနစ်တခုကို တီထွင်နိုင်ခဲ့ပါတယ်.. Braille မျက်မမြင်စာရေးစာဖတ်စနစ်ကို တီထွင်ချိန်မှာ Louis Braille ဟာ အသက် ၁၅ နှစ်ပဲရှိပါသေးတယ်..
၎။ Boyan Slat
© TEDxDelft
အသက် ၁၆ နှစ်အရွယ် နယ်သာလန်လူမျိုး ဆယ်ကျော်သက် လူငယ်တစ်ယောက်ဟာ ဂရိနိုင်ငံက မြစ်တစ်ခုမှာ ရေငုတ်ရင်း ရေထဲမှာ ပလပ်စတစ်တွေအများကြီးကိုတွေ့ခဲ့ပြီးတဲ့နောက် အထက်တန်းကျောင်းကိုပြန်ရောက်တဲ့အခါ သမုဒ္ဒရာညစ်ညမ်းမှုကို စူးစမ်းရှာဖွေဖို့ အထက်တန်းကျောင်း သိပ္ပံပရောဂျက်တစ်ခုမှာပါဝင်ခဲ့ပါတယ်..
အသက် ၁၈ နှစ်အရွယ်ရောက်တဲ့အခါ ပင်လယ်သမုဒ္ဒရာထဲက ပလပ်စတစ်တွေ အလိုအလျောက် ချေဖျက်တဲ့ စနစ်တစ်ခုကို ပြသနိုင်ခဲ့ပါတယ်..
အဖွဲ့အစည်းပေါင်းစုံ၊ ကုမ္ပဏီပေါင်းစုံက Boyan ရဲ့ တီထွင်မှုကို ချီးကျူးထောပနာပြုခဲ့ကြပြီး ကမ္ဘာ့ကုလသမဂ္ဂရဲ့ အမြင်ဆုံးသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆုကို ချီမြှင့်ခြင်းခံခဲ့ရပါတယ်..
၅။ Elif Bilgin
© Elif BILGIN
တူရကီလူမျိုး အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ဟာ ရှာဖွေစူးစမ်းမှုတွေကို ၂ နှစ်လုံးလုံး ပြုလုပ်ခဲ့ပြီးတဲ့နောက် ငှက်ပျောခွံကနေ ဇီဝပလပ်စတစ်ထုတ်ယူတဲ့နည်းကို တွေ့ရှိခဲ့ပါတယ်.. ဒီနည်းလမ်းက လောင်စာဆီကို အခြေခံတဲ့ ညစ်ညမ်းမှုတွေကို အမှန်တကယ် လျှော့ချပစ်နိုင်မှာပါ..
 "ထိုင်းနိုင်ငံမှာ တစ်နေ့ကို ငှက်ပျောခွံ ၂ တန်လောက် စွန့်ပစ်နေကြတာကိုတွေ့ရှိခဲ့ရပါတယ်၊ ဒါဟာ ငှက်ပျောခွံကနေ ဇီဝပလပ်စတစ်ထုတ်လုပ်ဖို့ အကောင်းဆုံးအနေအထားပါ " လို့ ဂျာနယ်မှာ ရေးသားခဲ့ပါတယ်..
မိန်းကလေးဟာ ဇီဝပလပ်စနစ်နည်းပညာကို ဆက်လက်အကောင်အထည်ဖေါ်နေခဲ့ပြီး ၂၀၁၃ ခုနှစ် Google က ပြုလုပ်တဲ့ ပြိုင်ပွဲတစ်ခုမှာ ဒေါ်လာ ၅၀၀၀၀ တန်  သိပ္ပံဆိုင်ရာအကောင်းဆုံးစွမ်းဆောင်ရည်ဆု ကို ဆွတ်ခူးယူနိုင်ခဲ့ပါတယ်..
၆။ Alex Deans
၁၉၉၇ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Alex Deans ဆိုတဲ့လူငယ်ဟာ အသက် ၁၂ အရွယ်မှာ iAid ဆိုတဲ့ မျက်မမြင်တွေအတွက် လမ်းညွှန်ပရိုဂရမ်တစ်ခုကို ဖန်တီးခဲ့ပါတယ်.. တခါတုန်းက မျက်မမြင်အမျိုးသမီးတစ်ယောက်ဟာ လမ်းဆုံလမ်းခွမှာ ဘယ်လိုဖြတ်ကူးရမှန်းမသိဖြစ်နေတာကို ကူညီဖူးတဲ့အချိန်ကစပြီး Alex ဟာ မျက်မမြင်တွေကိုယ်တိုင် ဘယ်သူရဲ့ အကူအညီမှ မပါဘဲ သွားလိုရာကို ညွှန်ပြပေးတဲ့ ပရိုဂရမ်တစ်ခု ရေးဆွဲဖို့ စိတ်ကူးရခဲ့ပါတယ်..
Alex ဖန်တီးလိုက်တဲ့ iAid ဆိုတဲ့ ပရိုဂရမ်လေးထည့်ထားတဲ့ ပစ္စည်းလေးဟာ GPS လမ်းညွှန်စနစ်နဲ့ သံလိုက်အိမ်မြှောင်ကနေတစ်ဆင့် မျက်မမြင်တွေအတွက် လမ်းမှန်ကို ညွှန်ပြဖို့အတွက် အသုံးဝင်ခဲ့ပါတယ်..
၇။ Ann Makosinski
© TEDx RenfrewCollingwood
2013 ခုနှစ်မှာ အထက်တန်းကျောင်းသူတစ်ယောက်ဖြစ်တဲ့ ကနေဒါသူလေးဟာ ဘက်ထရီမပါဘဲ ခန္ဓာကိုယ်ရဲ့ အပူချိန်ကနေ အလင်းအဖြစ်ပြောင်းလဲပေးနိုင်တဲ့ Hollow Flashlight ကိုတီထွင်နိုင်ခဲ့ပါတယ်..
ရှေးဦးနမူနာပုံစံအတွက် ၂၆ ဒေါ်လာသာ ကုန်ကျခဲ့ပြီး သူ့ရဲ့ ပစ္စည်းလေးကို ဖွံ့ဖြိုးဆဲနိုင်ငံတွေဆီ အလကားပေးဖို့ ကြိုးစားနေပါတယ်..
၈။ Jack Andraka
၁၉၉၇ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Jack Andraka လေးတစ်ယောက်၊ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်းဖြစ်သူ ဟာ ပန်ကိရယကင်ဆာနဲ့ မသေဆုံးခင်ထိတော့ တကယ့် ကလေးလေးတစ်ယောက်ပါပဲ.. သူ့သူငယ်ချင်းသေဆုံးခဲ့ခြင်းဟာ Jack အတွက်တော့ ကင်ဆာရဲ့ရှေးဦးအဆင့်တွေအကြောင်း ရှာဖွေစူးစမ်းဖို့ တွန်းပို့ခဲ့ပါတယ်..
အသက် ၁၅ နှစ်အရွယ်မှာတော့ Jack ဟာ ကင်ဆာဆဲလ်တွေရဲ့ အခြေအနေတွေကို ဖေါ်ပြနိုင်တဲ့ အာရုံခံကိရိယာ(Sensor) သစ်တစ်မျိုးကို တီထွင်နိုင်ခဲ့ပါတယ်.. လက်ရှိအသုံးပြုနေကြတဲ့ ဈေးကြီးတဲ့ ကိရိယာတွေထက် ပိုမို ဈေးသက်သာတဲ့အပြင် ၁၆၈ ဆပိုမြန်ပြီး ၂၅-၅၀%ထိ ပိုမိုတိကျခဲ့ပါတယ်.. ဒီဆင်ဆာရေးတီထွင်ဖို့ကြိုးစားနေခဲ့တဲ့ကာလအတွင်း Jack ဟာ ဓာတ်ခွဲပေါင်း ၂၀၀ ကျော်ရဲ့ ငြင်းပယ်ခြင်းကိုခံခဲ့ရတာပါ.. နောက်ဆုံးမှတော့ John Hopkins တက္ကသိုလ်က Dr.Anirban Maitra က အတည်ပြုပေးပြီးနောက် ဒီ အာရုံခံကိရိယာသစ်( New Sensor) ကို တီထွင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်..
အဆင်ပြေပါစေ..
မောင်ပေါက်< Blogger >
www.maungpauk.org
Advertise Here !
Software Full Version Download and Tech News Update
Meizu Flyme 6 မြန်မာဖောင့်ထည့်နည်း လေးရေးပေးလိုက်ပါတယ်
Flyme 5 တုန်းက root ရပြီးတာနဲ့ supersu app လေးဒေါင်းပြီး full root access ရယူပြီး fontchanger တွေနဲ့ချိန်းလိုက်လျှင်အဆင်ပြေပေမယ့် Flyme 6 မှာကျတော့ supersu app နဲ့ full root access ရယူလျှင် phone logo ရပ်တာမျိုးဖြစ်နေတဲ့အတွက် full root access မရနိုင်သောကြောင့် fontchanger တွေနဲ့အဆင်မပြေပဲ မြန်မာဖောင့်အဆင်မပြေတာမျိုးတွေကြုံနေရတာတွေ့လို့ ဒီ post လေးရေးပေးလိုက်ရခြင်းဖြစ်ပါတယ်
ပထမဆုံး root Access ရယူရန်
setting > Fingerprint and Security ကိုဝင်ပါ
Root permission ကိုဝင်ပြီးအမှန်ခြစ်ပေးပါ Flyme account မထည့်ထားပါကရိုက်ထည့်လိုက်ပါ
အင်တာနက်ဖွင့်ထားဖို့လိုပါမယ် အမှန်ခြစ်ပြီး ခဏနေ ဖုန်းပိတ်ပြီးပြန်ပွင့်လာလျှင်တော့ root access
ရရှိပြီပဲဖြစ်ပါတယ်။
Root ရပြီးလျှင် ဖောင့်ချိန်းမယ်
ဖောင့်ချိန်းတဲ့အခါမှာ ခုနကပြောသလိုပဲ full root access မရသလိုဖြစ်တဲ့အတွက် ဘာ fontchanger နဲ့မှအဆင်မပြေဖြစ်နေပါတယ်အဲဒါကြောင့်အောက်မှာ ကိုယ်တိုင် command ရိုက်ပြီးဖောင့်ချိန်းနိုင်အောင် Command လေးတွေဆက်လက်ဖော်ပြပေးသွားပါမယ် တခြားဖုန်းတွေလည်းဒီနည်းအတိုင်းဖောင့်ချိန်းနိုင်ပါတယ်။
အရင်ဆုံး ဒီဖောင့်လေးကိုဒေါင်းလိုက်ပါ > Download Font
ဒေါင်းပြီးရင် Desktop ပေါ်ကိုကူးထည့်ထားပါ
ပြီးလျှင် ဖုန်းကို USB Debugging On ပြီး ကွန်ပျူတာနဲ့ချိတ်ဆက်ပေးလိုက်ပါ ချိတ်ပြီးလျှင် command box တွင် Command များစရိုက်နိုင်ပါပြီ။
၁။ ခုနကဒေါင်းထားတဲ့ဖောင့်ဖိုင်လေးကို ဖုန်းအတွင်းမှာ ရှိတယ် data အောက်ကိုရောက်အောင်ကူးထည့်ထားပေးရပါမယ်
adb push ( ဖောင့်ဖိုင် command box ထဲ ဆွဲထည့် ) data/local/tmp
လို့ရိုက်ပြီး ဖောင့်ဖိုင်ကို data/local/tmp အောက်ပို့ပါ
၂။ ဖောင့်ဖိုင် data အောက်ရောက်သွားလျှင် အဲဒီဖောင့်ကို system အောက်က ဖောင့်တွေနဲ့အစားထိုးရမှာဖြစ်ပါတယ် အစားထိုးဖို့ root command တွေရိုက်ပြီး အစားထိုးသွားမှာဖြစ်ပါတယ်။ root command များရိုက်နိုင်ရန်
adb shell လို့ရိုက်ပါ
$ ပေါ်လာလျှင် su လို့ထပ်ရိုက်ပေးပါ
(su လို့ရိုက်လိုက်လျှင် ဖုန်းမှာ root တောင်းတဲ့အကွက်ပေါ်လာမှာဖြစ်ပြီး allow or grant ပေးပါ)
# ပေါ်လာလျှင် root command များရိုက်လို့ရပါပြီ။
(အောက်ဖော်ပြပါ command များသည် root command များဖြစ်သဖြင့် # အနေအထားမှာရိုက်ရပါမယ်)
ဖောင့်ချိန်းချင်တာဖြစ်တဲ့အတွက် ဖောင့်တွေဟာ system အောက်က font ဖိုဒါထဲမှာရှိပါတယ် system ကြီးကိုရေးနိုင်ဖတ်နိုင်အောင် read write ဖြစ်အောင် mount လုပ်ရပါမယ်ဒါကြောင့်
mount -o rw,remount -t auto /system လို့ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ
ဒါဆိုရင် system ကိုရေးနိုင်ဖတ်နိုင်သွားအောင်လုပ်လိုက်သလိုဖြစ်သွားတဲ့အတွက် system အတွင်းကမည်သည့်ဖိုင်မဆို ထုတ်ခွင့် သွင်းခွင့် read-write ရသွားပြီပဲဖြစ်ပါတယ်။
နောက်ပြီး ခုနက data/local/tmp အောက်ရောက်နေတဲ့ ot.ttf ဆိုတဲ့ဖိုင်ကို system ထဲက မြန်မာစာ မမှန်တဲ့ unicode ဖောင့်ဖိုင်တွေနေရာမှာ အစားထိုးလဲလှယ်ရမှာဖြစ်ပါတယ်။
မြန်မာ Unicode ဖောင့်ဖိုင်တွေနာမည်တွေကတော့
Android 5 to 8 မှာ
NotoSansMyanmar-Bold.ttf
NotoSansMyanmar-Regular.ttf
NotoSansMyanmarUI-Bold.ttf
NotoSansMyanmarUI-Regular.ttf
SamsungMyanmar.ttf
တို့ပါတတ်ပြီး
Android 4.2.2 ကနေ 4.4.4 ထိ
Padauk.ttf
Padauk-book.ttf
Padauk-bookbold.ttf
ပါတတ်ပါတယ်။
ls -l system/fonts လို့ရိုက်ပြီး မိမိချိန်းမယ့်ဖုန်းထဲက ဖောင့်ဖိုင်တွေကိုလည်း စစ်ကြည့်နိုင်ပါတယ်။
ဒါကြောင့်အဲဒီ unicode myanmar ဖောင့်တွေနေရာမှာ အခုဇော်ဂျီ ဖောင့်ဖိုင်လေးကို အစားထိုးလိုက်လျှင် မြန်မာစာ မှန်ပြီဖြစ်ပါတယ်။ အောက်က command တွေရိုက်ပြီးမြန်မာစာ ချိန်းပါမယ်။
dd if=/data/local/tmp/ot.ttf of=/system/fonts/NotoSansMyanmar-Bold.ttf
ပထမက ကျနော်တို့ push လုပ်ထားတဲ့ data/local/tmp အောက်က ot.ttf ကို system ဖောင့်အောက်က NotoSansMyanmar-Bold.ttf နဲ့ လဲထည့်လိုက်တာဖြစ်ပါတယ် ဒီတိုင်းပဲ ဖောင့်တွေကို ဆက်လဲထည့်သွားပါမယ်။
dd if=/data/local/tmp/ot.ttf of=/system/fonts/NotoSansMyanmar-Regular.ttf
dd if=/data/local/tmp/ot.ttf of=/system/fonts/NotoSansMyanmarUI-Bold.ttf
dd if=/data/local/tmp/ot.ttf of=/system/fonts/NotoSansMyanmarUI-Regular.ttf
dd if=/data/local/tmp/ot.ttf of=/system/fonts/Padauk.ttf
command တကြောင်းချင်းစီကို copy လုပ်ပြီး enter ခေါက်သွားပါ အားလုံးပြီးသွားရင်တော့ ခုနက unicode ဖောင့်တွေနေရာမှာ ot.ttf လို့နာမည်ပေးထားတဲ့ ဇော်ဂျီဖောင့်ဖိုင်လေးဝင်သွားပြီဖြစ်ပါတယ်။
ဝင်သွားသော်လည်းဖတ်ခွင့်မရသေးဖြစ်နေပါလိမ့်မယ် ဒါကြောင့်
chmod 644 system/fonts/*.ttf
လို့ရိုက်ပြီး ဖတ်ခွင့်ပေးလိုက်မှ ပိုပြည့်စုံသွားပါမယ်။
ပြီးလျှင်တော့ reboot လို့ရိုက်လိုက်ပါ ဖုန်းပိတ်ပြီး ပြန်ပွင့်လာပါလိမ့်မယ် ပိတ်ပြီး ပြန်ပွင့်လာချိန်မှာတော့ မြန်မာစာ မှန်နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။
(command တွေကို အပြာရောင်လေးတွေချယ်ထားပေးပါတယ်  space ခြားရမယ့်နေရာမှာ ခြားပြီး ပြနထားသလိုသေချာရိုက်ပေးပါ အားလုံးအဆင်ပြေမယ်လို့ယုံကြည်ပါတယ်)
Post by Than Toe Aung
အဆင်ပြေပါစေ..
မောင်ပေါက်< Blogger >
www.maungpauk.org
Advertise Here !