September 2015
Software Full Version Download and Tech News Update

Huawei Bootloader Unlock Code တောင်းတဲ့အခါမှာ
Product ID တွက် ပြသနာတက်နေတဲ့ကိစ္စတွေအတွက်
ယခု Unlock Site တွင် Product ID ထည့်စရာမလိုပဲ Unlock Code တောင်းနိုင်ပါပြီ။
အဆင်ပြေပါစေ..
ref:Ye Lin Aung

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update


အမေရိကန်နိုင်ငံမှာ ၂၀၁၁ ခုနှစ်ရဲ့ စစ်တမ်းအရ အိမ်ထောင်ကွဲရခြင်းရဲ့  ၃ ပုံပုံ ၁ ပုံသော အကြောင်းအရင်းဟာ Facebook ကြောင့် ဖြစ်ကြောင်း သိရပါတယ်။ 

အဲဒါ ၂၀၁၁ ခုနှစ်တုန်းကပါ။ ၂၀၁၂ နဲ့ ၂၀၁၃ မှာ ပိုလို့တောင် တိုးပွားလာ ကြောင်း သိရပါတယ်။ ပတ်ဝန်းကျင်မှာလည်း ကိုယ်တွေ့ တွေ့မြင် ရပါတယ်။ မြန်မာပြည်မှာလည်း Facebook ကြောင့် ကွဲသွားတဲ့ အိမ်ထောင်ရှင်တွေကို တပ်အပ်မြင်ခဲ့ ရပါတယ်။ အမျိုးသမီး ဖြစ် သူဟာ နိုင်ငံခြားမှာ ရှိနေတဲ့ ငယ်ချစ်ဦးကို Facebook မှာ ပြန်တွေ့ရင်း အလွမ်းသည် ပြောဆိုနေမှုကို အမျိုးသားဖြစ်သူက တွေ့ ရှိခဲ့ပြီး ပြဿ နာ ရှာရာမှ တကယ်ကွဲသွားတဲ့ အတွဲ ရှိပါတယ်။ အိမ်ထောင်ကွဲသူ အမျိုးသားက တက္ကဆီဒရိုင်ဘာဖြစ်ပြီး သားသမီး ၂ ဦးနဲ့ ကျန်ခဲ့ပါတယ်။

ယင်းကဲ့သို့ အလားတူပဲ အခြားဖြစ်ရပ်တစ်ခုမှာ အမျိုးသားရဲ့  Facebook မှ တစ်ဆင့် အခြားအမျိုးသမီးတစ်ဦးနဲ့ ချစ်ခင်စုံမက်မှုကြောင့် အိမ်ထောင်ကွဲ တဲ့ ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။ ယင်းဖြစ်ရပ်မှာတော့ အမျိုးသမီးက နစ်နာပြီး သားသမီးနဲ့ ကျန်ခဲ့ပါတယ်။ ဒီလိုပါပဲ Facebook, G Talk တို့ကြောင့် ကွဲ သွားရတဲ့ အိမ်ထောင်တွေ အများကြီးပါတယ်။ ဒါဟာ မြန်မာပြည် မှာ ဖြစ်နေ တာတင် မဟုတ်ပဲ ကမ္ဘာမှာပါ အရေအတွက် အလုံးလိုက် အရင်းလိုက်ကို ဖြစ်နေခြင်း ဖြစ်ပါတယ်။ အချို့ ကျတော့လည်း အပြောင်းပြန် ပါ။ Facebook ကနေပဲ ဖူးစာရှာတွေ့ပြီး ချစ်ကြီုက် ထိမ်းမြားလက်ထက် သွားသူများလည်း ရှိပါသေးတယ်။

ဒါကြောင့် ၂၁ ရာစုမှာ Facebook , Twitter အသုံးပြုမှုဟာ အိမ်ထောင်ရှင် အကြားမှာ အိမ်ထောင်ကွဲ စေရန် အကြောင်းပြချက် တစ်ခုပါ ဖြစ်လာကြောင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း (ရိုးရာလေး)
 - See more at: http://www.achitabout.ga/#sthash.ILT6T3oh.dpuf
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update


လက်ကိုင်ဖုန်းကျေးဇူးကြောင့် ချစ်သူဘဝကို ရောက်သွားပေမယ့် အမှားအယွင်းတစ်ခုခုကြောင့် အနှောင့်အယှက်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အခုဖော်ပြထားတဲ့ အချက်တွေကနေ သင်ယူပြီးတော့ သင့်လက်ကိုင်ဖုန်းကို တရားခံမဖြစ်သွားအောင် ကြိုတင်သတိထားနိုင်ပါတယ်။

သူ့ရဲ့ Like ကို သေချာဆန်းစစ်ပါ။

ကိုယ်တင်ထားတဲ့ပုံ၊ စာတိုဖြစ်ဖြစ်ပေါ့ သူက Like လုပ်ပေးတိုင်း သူက အကုန်လုံးကို သဘောကျနေတယ်လို့ အဓိပ္ပာယ်ဖွင့်လို့မရပါဘူး။ ဒီလိုပြောလိုက်လို့ နည်းနည်းတော့ အောက်သွားလိမ့်မယ်။ သူပျော်နေလို့လည်း ဖြစ်မှာပေါ့။ ဒါပေမယ့် သင့်ရဲ့တချို့ပုံတွေ သူတကယ်သဘောကျနေတာတွေလည်း ရှိပါတယ်ဆိုတာ သတိရစေချင်ပါတယ်။

ခံစားချက်ကို ကိုယ်စားပြုတဲ့ သင်္ကေတလေးတွေကို အရမ်းအသုံးပြုခြင်း။

မိန်းကလေးတွေကတော့ သုံးရတာနှစ်သက်ပေမယ့် ယောင်္ကျားလေးတွေကတော့ သိပ်သဘောမကျတတ်ကြပါဘူး။ သင် လိုတာထက်ပိုသုံးတယ်ဆိုရင်တော့ တစ်ဖက်လူက ဒါမရင့်ကျက်တဲ့အပြုအမူ ဒါမှမဟုတ် သင်ချစ်စရာကောင်းအောင် တော်တော်ကြိုးစားနေတဲ့ပုံပဲ ဆိုပြီးတော့ ယူဆသွားနိုင်ပါတယ်။ တခါတလေတော့သုံးပါ…. အလွန်အကျွံမသုံးမိပါစေနဲ့ပေါ့။

မသေချာမစစ်ပဲ စာပို့လိုက်တာမျိုး။

သင်အလျင်လိုနေတဲ့အချိန်မျိုးမှာဆိုရင် ပထမစာလုံးတူတဲ့ နာမည်တွေဆီကို စာမှားပြီးပို့နိုင်ပါတယ်။ ပို့မိရင်တော့ ရှက်စရာကောင်းပါတယ်။ ဒါကြောင့် စာမပို့ခင်မှာ ဘယ်သူ့ဆီပို့နေလဲ ဘယ်လိုစာမျိုးလဲဆိုတာ သေချာစစ်ဆေးပြီးမှ ပို့ပါ။

ကိုယ့်အတွင်းကိစ္စနဲ့ပတ်သတ်ရင် စည်းကမ်းရှိပါ။

ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ သင့်ရဲ့ဟာသရိုက်ထားတဲ့ပုံတွေကို သူ့သူငယ်ချင်း တစ်ယောက်ယောက်ကို သူပြကောင်းပြနိုင်ပါတယ်။ ဒါကြောင့် သူနဲ့ပတ်သတ်တဲ့ သူငယ်ချင်းတွေကြား မပျံ့စေချင်တဲ့ အကြောင်းတွေရှိရင် သူ့ကို မပို့ပါနဲ့။

SMS နဲ့ပဲစကားပြောခြင်း။

စာလေးတွေနဲ့ ချစ်စကားဖလှယ်ရတာလည်း ရင်ခုန်ဖို့ အရမ်းကောင်းပါတယ်။ ဒါပေမယ့် ဒီစာလုံးတွေဟာ လူချင်းချိန်းတွေ့ဖို့ အစီအစဉ်ချပေးတဲ့ စာတိုလေးတွေဆိုတာကို သတိရစေချင်ပါတယ်။ ဆိုလိုချင်တာကတော့ သင်တို့ချိန်းတွေ့တဲ့အချိန်မှာ စာမှာသုံးတဲ့စကားလုံးနဲ့ အပြင်မှာ ပြောတဲ့စကားလုံး ကွာခြားနေတာမျိုးပေါ့။ လူတစ်ယောက် အတွင်းနဲ့အပြင် ကွာခြားလွန်းတာကလည်း မကောင်းပါဘူး။

အားရပါးရ ဖုန်းကို Scroll လုပ်တယ်ဆိုရင်…

Touch-screen ဖုန်းတွေမှာဆို အဖြစ်များပါတယ်။ အောက်ကစာတွေကို ဖတ်ချင်လို့ အပေါ်ကို ဆွဲတင်နေတုန်း လက်လွန်သွားပြီး Like သွားနှိပ်မိတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ဖုန်းအထိအတွေ့မှာ သတိထားပါ။

ပုံတွေတင်တဲ့အခါမှာ

ကိုယ့်ချစ်သူ သဝန်တိုသွားအောင် ဆိုပြီးတော့ အပြင်မှာရိုက်ထားတဲ့ပုံတွေကို တင်တာမျိုးမလုပ်သင့်ပါဘူး။ သူတကယ်လို့ စိတ်တိုသွားပြီး ပြဿနာဖြစ်လာမှ ဒုက္ခရောက်သွားနိုင်ပါတယ်။

ကိုယ့်အလှအပကိုအလေးပေးပြီးရိုက်ထားတဲ့ပုံများနေရင်….

ကိုယ့်ကိုယ်ကို သဘောကျတာက ကောင်းပါတယ်… ဒါပေမယ့် ကိုယ့်အလှအပကို အလေးပေးပြီး ရိုက်ထားတဲ့ ချစ်စရာပုံတွေ အင်တာနက်ပေါ် Post တာများနေတာမျိုးက မကောင်းပါဘူး (အထူးသဖြင့် ကောင်းလေးတွေကို စိတ်ပျက်လွယ်စေပါတယ်)။ အလှရိုက်ထားတဲ့ပုံတွေ Post လုပ်တာကို ခဏရပ်ထားပြီးတော့ အခြား သူငယ်ချင်းတွေနဲ့ အပျော်ရိုက်ထားတဲ့ ကြည့်လို့ကောင်းတဲ့ပုံတွေကို တင်လိုက်ပါ။

သင်တို့ရန်ဖြစ်နေတဲ့အကြောင်း အားလုံးသိအောင် ဖြန့်ချလိုက်ပြီဆိုရင်…

သင့်ချစ်သူအပေါ် စိတ်ဆိုးတယ်ဆိုရင် အွန်လိုင်းပေါ် Post လုပ်ပြီး ပေါက်ကွဲတာမျိုး မလုပ်ပါနဲ့။ သင်တို့ ရန်ဖြစ်ရခြင်း အသေးစိတ်အကြောင်းကို တစ်ကမ္ဘာလုံး အသိပေးချင်တယ်ဆိုရင်တော့ ဒီနည်းကတော့ အကောင်းဆုံးပေါ့။

Credit : Trend Myanmar

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update

ဒီနေ့သားကြီးကျောငိးကြိုရင်းအပြန်မှာ ဖေဖေ coca cola တစ်ဘူး ပူရှိန်းတစ်တောင့်ဝယ်ပေးပါတဲ့ မင်းဘာလုပ်ဘို့လဲဆိုတော့ သားမသောင်ပါဘူးတဲ့ 
ဒီနေ့ကျောင်းမှာ သိပ္ပံချိန်လက်တွေ့သင်တန်းမှာ ဆရာက coca cola ခွက်ထဲ ပူရှိန်းကိုထဲ့ပြတယ် ဖောက်ဆိုပေါက်ထွက်သွားတယ်တဲ့ အဲ့ဒါအိမ်မှာစမ်းလုက်ပြမလို့တဲ့ 
ကျွန်တော်လဲ သားမလုပ်ရဘူး သေတတ်တယ် ရောစားလို့လဲမရဘူးလို့ဟြေခဲ့တယ် 
လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းကလဲ သတင်းတစ်ပုတ်ဖတ်ဖူးတယ် ဘရာဇီးလ်နိုင်ငံကကျောင်းသားလေးတစ်ယောက် ကိုလာနဲ့ပူရှိန်းတွဲစားမိတာ ပါးစက်ကသွေးတွေအန်ထွက်လာပြီးသေဆုံးသွားခဲ့တယ်တဲ့
မိဘတွေအနေနဲ့လဲသတိထားသင့်ပါတယ် ကျောင်းတက်နေတဲ့သားသမီးတွေ အလွယ်တစ်ကူရနိုင်ပြီး ခလေးတွေကလဲ ကိုလာတို့ပူရှိန်းတို့ဆိုသူတို့အကြိုက်ပါပဲ
နောက်ထက်တစ်ခုကြားမိတာကမသေချာပေမဲ့ coca cola နဲ့ဒူရင်းသီးလဲ မတည့်ဘူးလို့ဆိုကြတယ်



ref:Bogone Village
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org





Advertise Here !

no image
Software Full Version Download and Tech News Update


Huawei Phone များကို Google service ထည့်သုံးပြီး နောက်ပိုင်း Play Store သုံးလို့ အဆင်မပြေဖြစ်ပြီး

စိတ်ညစ်နေသူများ အတွက် ပြန်လည်ဖြေရှင်းနိုင်မဲ့ နည်းလမ်းလေး ပြန်လည်မျှဝေပေးလိုက်ပါတယ် ခင်ဗျာ။

ပြန်လည်ဖြေရှင်း ဖို့ အတွက်တော့ Root လုပ်ထားဖို့နဲ့ Root Explore apk လေးတော့ လိုအပ်ပါမယ်။

ဒေါင်းပြီးပြီဆိုရင် Root Explore ကို install လုပ်လိုက်ပါ။

root explore ကိုဖွင့်ပါ search box ကနေ host ကို Search ကနေရှာလိုက်ပါ။

/etc/host ဆိုပြီးပေါ်လာပါလိမ့်မယ်။

/etc/host/ ကို ကြာကြာဖိ open with > Text Editor ကို နှိပ်ပြီး

အောက်က စာသားအတိုင်းပြင်လိုက်ပါ။

127.0.0.1(just one space)localhost

#74.125.93.113(just one space)android.clients.google.com

ပြီးရင် ပြန်ဝင်လိုက် ရပါပြီ။

အပေါ်မှာပြောထားသလိုလုပ်လို့ မှ မရဘူးဆိုရင်တော့ host ကို ဖျက်ပေးလိုက်ပါ။

““““““““““““““““““““““““““““““““““““

Credit : == MPX Team == ‪#‎နည်းပညာအဖွဲ့‬


အဆင်ပြေပါစေ..
ref:Myanmar Mobile FAQ


မောင်ပေါက်< Knowledge Note >
www.maungpauk.org





Advertise Here !

Software Full Version Download and Tech News Update


(#)
143 >> I Love You 
1daful >> Wonderful
2 >> Too
2L8 >> Too late
2EZ >> Too Easy
53X >> Sex
555 >> Hahaha
900913 >> Google
10Q >> Thank You
10X >> Thanks
?up >> What`s up?
< 3 >> Love
(A)
AFC >> Away From Computer
a/s/l >> Age/Sex/Location
Abt >> About
ASAP >> As Soon As Possible
(B)
Bae >> Babe, Baby or Significant other
BTW >> By The Way
Burma >> Be Undressed Ready My Angle
BZ >> Busy
(C)
C'mon >> Come On
Cing >> Seeing
CML >> Call me later
CMT >> Comment
Coz >> Because
CPY >> Copy
CTRL >> Control
CUL >> See you later
Cya >> See you (Goodbye)
(D)
D8 >> Date
Da >> The
DM >> Direct Message
DMAF >> Do me a favor
DND >> Do Not Disturb
(E)
e.g >> Example
EMM >> E.mail me
Epic >> Very impressive
Ezi >> Easy
(F)
F8 >> Fate
F9 >> Fine
FAM >> Family
FAQ >> Frequently Asked Questions
FB >> Facebook
(G)
Getcha >> Get you
GJ >> Good Job
GL >> Good Luck
GM >> Good Morning
GN >> Good Night
Gona >> Gonna >> Going to
Gotta >> Go to
G&8 >> Great
(H)
H8 >> Hate
Hak >> Here's a kiss
HD >> High-Definition
Homey >> Friend
Hubby >> Husband
Hun >> Honey
Hv >> Have
HRU >> How are you?
(I)
I<3U >> I Love You
IC >> I see
IDK >> I don't know
Info >> Information
(J)
J4U >> Just for you
Jas >> Just a second
Jus >> Just
(K)
K >> Ok >> Okay
(L)
Lil >> Little
LMFAO >> Laughing My F**king Ass Off
LMK >> Let me know
Lol, Lolz >> Laugh Out Loud or Laughing Out Loud
LTNS >> Long time no see
(M)
M >> am
M2 >> Me too
M8 >> Mate
M9 >> Mine
MeMe >> An idea, style or action which spreads, often as mimicry, from person to person.
Msg >> Message
Mwa >> Mwah >> An air kiss
[N]
NE >> Any
NOOB >> Newbie >> Newb >> Nub >> Someone who is new to a particular group, activity, game, field of study, etc.
Nope >> No
NP >> No problem
Nth >> Nthn >> Nothing
NVM >> Never mind
(O)
OF10 >> Often
OMG >> Oh My God
OP >> Original Poster
OS >> Operating System
Oways >> Oh wow are you serious?
Outa >> Outta >> Out of
(P)
P/W >> PWD >> Password
PFA >> Please find attached
Pic >> Picture
Pls >> Plz >> Please
(Q)
QT >> Cutie
QNA >> Question and answer
(R)
R&B >> Rhythm and Blues
RIP >> Rest In Peace
RSVP >> Re'pondez S'il Vous Plai^t,meaning Pls Reply
(S)
S2G >> Swear To God
Shawty >> Girlfriend or attractive female
SNAFU >> Situation normal, all f**ked up
SML >> So Much Love
SMS >> Short Message Service
SRSLY >> Seriously
Syns >> Sychronize
(T)
TB >> Text Back
TGIF >> Thank God It's Friday
TMI >> Too much information
TTYL >> Talk to you later
(U)
U/N >> Username
UR >> Your
USD >> United States Dollar
URL >> Uniform Resource Locator, also known as web address
(V)
VIP >> Very Important Person
Vry >> Very
Vzit >> Visit
(W)
WB >> Welcome Back
WBU >> What about you?
W/E >> Whatever
WTF >> What the f**k
WTH >> What the hell
WYM >> What you mean?
WYWH >> Wish you were here
(X)
X, XX >> Kisses
XD >> Extreme droll
XL >> Extra large
XO, XOXO >> Hugs and Kisses
[Y]
Y >> Why?
( Y ) >> Thumbs up
(.Y.) >> Breasts
Yep >> Yes
YGM >> You get me?
YOLO >> You only live one
YW >> You're welcome
(Z)
Zig. >> Cigarette
Zup >> What`s up?

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update


CPU Monitor Software လေးတင်ပေးလိုက်ပါပြီးကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ software တစ်ခုပါ မိမိကွန်ပျူတာမှာ CPU ဘာအမျိုးစားတပ်ထားလည်းဆိုတာစက်အဖုံးဖွင့်ပြီးဖြုတ်ကြည့်စရာမလိုတဲ့ software တစ်ခုဖြစ်ပါတယ်နောက်ပြီးမိမိကွန်တာပျူဘာ windows တင်ထားလည်း User Name တွေပါဖော်ပြထားတဲ့ software တစ်ခုဖြစ်ပါတယ်။ မြန်မာ Developer တစ်ယောက်ကြိုးစားပြီးရေးထားတဲ့ software ကိုအသုံးပြုပေးစေခြင်းပါတယ်
Download link 

https://www.dropbox.com/s/keez8ufyjzr1fts/CPU%20Monitor%20www.onekokoaung.blogspot.com.rar

http://www.sharebeast.com/gzya0mmtfj68
Next Software မြန်မာ Key logger come soon .........

Credit to - ၀မ်းကိုကိုအောင်


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org






Advertise Here !

Software Full Version Download and Tech News Update
 
မတင်တာလည်းကြာပြီနော် မအားလို့ပါ နောက်ပိုင်းအဆက်မပြတ် ကြိုးစားပြီးတင်ပေးသွားပါ့မယ်။ ။
မင်းအငွ့အသက်နဲ့အတူ
ဆုံးရှူံးခဲ့ရတဲ့ ကြေကွဲခြင်းတွေက
ငါ့မျက်ဝန်းထဲ အိမ်မှာ ရစ်ဝဲလျက်ပါကွာ...
ကိုအတွက် ဝေဒနာဟာ
မင်းအတွက် ရယ်စရာဖြစ်မခဲ့ရင်
 ကိုယ်အတွက် ထာဝရဟာမင်းအတွက်
တင်္ဂမဖြစ်ခဲ့ရင်ရက်ရက်စက်စက်
ချစ်ပြပါမယ်ချစ်သူရယ်...
ကိုယ်ဟာဌက်တစ်ကောင်ဆိုရင်
မင်းဟာဌက်ကို့ရဲ့အတောင်ပံပါ
ကိုယ်ဟာကောင်းကင်ဆိုရင်မင်းဟာ
ကိုယ်ရဲ့လမ်းလေးပါ
သူရယ်...
ရေးသူ=အမည်မသိ
                                     ကို.. ရက် လ နှစ်တွေ                                               
ပြောင်းလဲသွားပေမယ့်
ဒို့ရဲ့အချစ်ကတော့
ပြောင်းလဲမသွားပါ
ကို.. ပြောတဲ့စကားတွေဟာ
ဒို့အတွက်ကတော့
ဘယ်တော့မှဟောင်းမသွားပါ
အမြဲတမ်းချိုမြိန်နေစဲပါ
ခုချိန်များဆုတစ်ခုတောင်းပါဆိုရင်
ကိုဒို့နားရောက်လာပါစေလို့
ဆုတောင်းနေမိမှာ
သေချာပါတယ်ကိုရယ်...

ရေးသားသူ=အေးနောင့်

ချစ်သူရယ်........
အချိန်ရှိတိုင်းလွမ်း
တမ်းတခဲ့ရတိုင်းကို
အထီးကျန်စွာဖြတ်သန်းခဲ့
မင်း.......သိနိုင်မလား...
ရွက်ဟောင်းတွေကြွေ
ရွက်သစ်တွေဝေနေပေမဲ့
ရင်ထဲမှာ တစ်ယောက်တည်း
တမ်းတဆဲပါ ချစ်သူရယ်....

ရေးသားသူ=မြစ်ကြီးနား

ကောင်လေးရေ
ငါနင့်ကိုအရိပ်ယောင်ပြလည်း
နင်ဘာမှနားမလည်
စကားနဲ့လည်း
နင်မရိပ်မိ
တကောက်ကောက်လိုက်နေတာလည်း
နင်မသိ
ငါကမိန်းကလေးမို့
ဖွင့်မပြောရဲဘူး
နင်ဒါကိုနည်းနည်းလေးမှမရိပ်မိဘူးလား
ချစ်သူ သူငယ်ချင်းရေ............

ရေးသားသူ=ဇွန်(ပွင့်ဖြူ)

မိုးဆောင်းနွေပြောင်း
ရာသီဟောင်းလဲ
တနေ့တရက်မမေ့ရက်ဘူး
အချစ်ဦးရယ်
ပြည်ရွှေဆံတော်ဘုရားဦးထိပ်ထားပြီး
သစွာဆိုထား တို့စကားသည်မှာခဲလေသလား
အချစ်ဦးရယ်
မြစ်အေရာဘေး
လိုင်းဖွေးဖွေးနှင့်ကြည်နူးခဲရတု
ဘ၀သည်
အိမ်မက်လေးများဖြစ်ခဲ့သလား
အချစ်ဦးရယ်
နဝေဒေး တံတားဖြတ်သွားပြီး
တန်ကြည်တောင်တန်းအလှပန်းကို
မေ့ခဲ့လေသလား
အချစ်ဦးရယ်
အခုတော့
အချစ်ဦးတို့နှစ်ဦးသည်ဝေးခဲ့လေပြီ
တနယ်နယ်ရပ်ရပ် ခြာမင်းရောက်သွားလဲ
မင်းနဲ့ဆုံရတု
ပြည်အလှသည် မင်းကိုသတိရမေ့မရဖို့
မြင်ရအုံးမည် မနက်ဖြန်ဆီ

ရေးသားသူ=မင်းထက်(ကျွန်းတိုင်းရွှာ)
ကဗျာချစ်စာဖတ်ပရိတ်သတ်ကြီးကိုလေးစားလျက်ပါ ကျွန်တော် "သီဟထိုက် " အမြဲကြိုးစားလျက်ပါ  
"သီဟထိုက်"

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >


Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update





ဒီနေရာမှာသွားရောက် Download လုပ်နိုင်ပါတယ်ခင်ဗျာ

မသိသေးတဲ့ ညီအစ်ကိုတွေ Xiaomi ရဲ့ Official Website မှာ Official Rom, Dev Rom တွေ အလွယ်တကူ download ဆွဲနိုင်ပါတယ်....
တင်ပုံ တင်နည်းကတော့ official firmware zip ဖိုင်ကို storage ထဲထည့်ပြီး updater ကနေ flash ယုံပါပဲ.....


 




Credit mpxteam&WaiYar
Thiha Htike(THT)
thihahtike.it@gmail.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Advertise Here !

Software Full Version Download and Tech News Update
 
Windows Phone သုံးစွဲသူများအတွက် အသံများကို Record ပြုလုပ်ပေးနိုင်မည့် app တစ်ခု ဖြစ်သည်။ အဆိုပါ app သည် အစည်းအဝေးများ၊ အင်တာဗျူးများတွင် အသံများကို ကြည်လင်စွာဖြင့် ဖမ်းယူထားနိုင်ရန်အတွက် အထောက်အပံ့ပေးနိုင်သည့် app တစ်ခုလည်း ဖြစ်သည်။ ထို့အပြင် အဆိုပါ app သည် ၁ နာရီခန့် ကြာမြင့်စွာ ဖမ်းထားသည့် အသံဖိုင်များကိုလည်း One Drive ပေါ်သို့ Upload ပြုလုပ်ပေးနိုင်ရန်အတွက် စီစဉ်ပေးထားသည်။ Download ပြုလုပ်လိုသူများအနေဖြင့် Microsoft Store တွင် အခမဲ့ download လုပ်ယူနိုင်မည် ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။
Credit  internetjournal
Thiha Htike(THT)
(ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update

Ontrack EasyRecovery ဆိုတာ ကွန်ပျူတာထဲက ဖျက်လိုက်တဲ့ဖိုင်တွေ၊ ပျောက်ဆုံးသွားတဲ့ဖိုင်တွေ၊ Format ချမိတဲ့ဖိုင်တွေကိုပါ ပြန်လည်ရှာဖွေပေးနိုင်တဲ့ Recovery Software တစ်မျိုးဖြစ်ပါတယ်.. ကျွန်တော်တို့ရှာဖွေနေကျ Word, Pagemaker, Excel စတဲ့ Document ဖိုင်တွေ၊ Mp3, Mp4, MPEG စတဲ့ Video ဖိုင်တွေ၊ Jpeg, TTF, PNG စတဲ့ Image ဖိုင်အမျိုးအစားတွေအားလုံးနီးပါးကို ပြန်လည် ရှာဖွေပေးနိုင်ပါတယ်.. Storage Device ရဲ့ Format တွေဖြစ်တဲ့ FAT12, FAT16, FAT32, NTFS နဲ့ NTFS 5 စနစ်ထိတောင် Support ပေးပါတယ်.. Lost Partition တွေကိုလည်း ပြန်လည်ရှာဖွေပေးနိုင်ပါတယ်.. အသုံးပြုရလွယ်ကူပြီး Portable အဖြစ်နဲ့ တင်ပေးလိုက်ပါတယ်.. ကီးတောင်းတဲ့အခါ Key generator ကိုနှိပ်ပြီး Paste URL မှာ http://activations.lc-tech.com/activation/activate.php?vendorid=6&security=88425837&request=23727766&ticketcode=5070654940&lmver=v1.0.2.7-r8188:8194M ကိုထည့်ပေးလိုက်ပါ.. Activation Key အလိုအလျောက် ရလာမှာဖြစ်ပါတယ်..

Ontrack EasyRecovery Software Advantages
    Supports: Microsoft Windows® 95, Microsoft Windows® 98, Microsoft Windows® NT, Microsoft Windows® ME, Microsoft Windows® 2000, Microsoft Windows® XP, Microsoft Windows® Vista™, Microsoft Windows® 2003, Microsoft Windows® 7/Windows 8 all versions of Microsoft Windows® Server
    Easy-to-use, fully automated wizard that walks the user through the program
    Data protection through standard write system API, which minimizes the chance of disk corruption
    Proactive monitoring of hard drive health (HDD/SSD)
    Securely and permanently deletes data
    Supports recovery of VMDK files stored on local file systems (Enterprise Edition)
    Supports permanently deleting files and folders from a virtual disk (Enterprise Edition )
    Recovers data from FAT12, FAT16, FAT32, NTFS and NTFS 5 file systems
    Recovers data from Linux Ext2/Ext3 file systems
    Network support for recovering remote systems (Enterprise Edition)
    Hardware RAID and software RAID recovery, including stripe sets and mirrored drives (Enterprise Edition)
    Recovers from an emptied recycle bin, command line and from within Windows Explorer
    No file and drive size limitations associated with a DOS based programs
    Formatted drive recovery
    Lost partition recovery
    Can recover files based on unique signature allowing for recovery from RAW data
    Recovers from all types of digital media, HDD/SSD drives, flash memory devices, external USB media and all other types of removable media
    Preview files before recovery
    Supports SATA/IDE/SCSI
    Supports CD/DVD media recovery (ISO9660/UDF combined with ISO9660) and Oracle® Linux media (Ext2/3)


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Ontrack EasyRecovery Enterprise v11.5.0.1 (32bit): 32.89 Mb

UserCloud Download Link

Tusfiles Download Link

**
Ontrack EasyRecovery Enterprise v11.5.0.1 (64bit): 32.89 Mb

UserCloud Download Link

Tusfiles Download Link


Advertise Here !

Software Full Version Download and Tech News Update
မန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတွင် မိုဘိုင်းဖုန်း သိပ်သည်းဆ အနည်းဆုံးဒေသများမှာ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်၊ နည်းပညာ ဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ ဒေသနှစ်ခုသည် တစ်နိုင်ငံလုံး၏ မိုဘိုင်းသိပ်သည်းဆ ၂၀ ရာခိုင်နှုန်းအောက်တွင် ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုဘိုင်းဖုန်း သိပ်သည်းဆ နည်းပါးနေသေးခြင်းမှာ အဆိုပါဒေသများ၏ တစ်ဦးချင်း မိုဘိုင်းဖုန်းအသုံးပြုမှုနှင့် မိုဘိုင်း ဆက်သွယ်ရေးဈေးကွက် အနည်းငယ်သာရှိနေသေးခြင်း တို့ကြောင့် ဖြစ်ကြောင်း အထက်ပါ ဝန်ကြီးဌာန၏ တာဝန်ရှိသူ တစ်ဦးကဆိုသည်။
“ဒီမှာက မြို့ကြီးတွေလို တစ် ဦးချင်း မိုဘိုင်းဖုန်းကိုင်သုံးတာ နည်းတယ်ပြောရမယ်။ ရွာဘက် တွေဆို ပိုနည်းတာပေါ့။ စစ်တွေ၊ တောင်ကုတ်လိုမြို့ပေါ်မှာတော့ တစ်ယောက်ချင်းစီ ဖုန်းသုံးတာ ပိုများတယ်။ ဒါတောင် မိသားစု တစ်စုမှာ လူစေ့ဖုန်းကိုင်တာမျိုး မရှိသေးဘူး။ ရန်ကုန်မှာဆို မိသား စု လေးဦးရှိရင် လေးဦးလုံးမှာ မို ဘိုင်းဖုန်းတစ်လုံးစီရှိ ကြတယ်လေ” ဟု ရခိုင်ပြည်နယ် စစ်တွေ မြို့ရှိ ဒေသခံတစ်ဦးကဆိုသည်။

ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် မိုဘိုင်းဖုန်းသိပ်သည်းဆ နည်းပါးနေသေးသော ပြည်နယ်နှင့်တိုင်းဒေသကြီး အချို့ရှိနေသေးကြောင်း သိရသည်။ အဆိုပါ ဒေသများမှာ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ဖြစ်ကြသည်။
တစ်နိုင်ငံလုံးတွင် မိုဘိုင်းဖုန်း သိပ်သည်းဆ အများဆုံး ဒေသမှာ နေပြည်တော်ကောင်စီနယ်မြေ ဖြစ်နေပြီး ယင်းဒေသတွင် ၁၂၄ ရာခိုင်နှုန်းအထိ ရှိနေခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး၏ မိုဘိုင်းဖုန်း သိပ်သည်းဆပမာဏမှာ ၈၀ ရာခိုင်နှုန်းရှိနေပြီး မန္တလေး တိုင်းတွင် မိုဘိုင်းဖုန်းသိပ်သည်း ဆ ၅၀ ရာခိုင်နှုန်းသာရှိနေကြောင်း အထက်ပါဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များ အရသိရသည်။
အထက်ပါ ဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သော နိုင်ငံအတွင်း မိုဘိုင်းဖုန်းသိပ်သည်းဆ ပမာဏများသည် ဒေသတစ်ခုချင်းစီးအ တွက် ရောင်းချပြီးသော ဆင်းမ်ကတ် အရေအတွက်နှင့် အသုံးပြု နေသည့် အရေအတွက်တို့အား အချိုးချ တွက်ချက်ထားခြင်း ဖြစ်ကြောင်း သိရသည်။
Credit  internetjournal
Thiha Htike(THT)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update

 Flipagram ဆိုသည့် app သည် Windows Phone အသုံးပြုသူများအတွက် Social app တစ်ခု ဖြစ်သည်။ အဆိုပါ app သည် ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်အတိုများကို တင်၍ မိမိသူငယ်ချင်း အပေါင်းအသင်းများကို ဝေမျှနိုင်မည့် app တစ်ခုလည်း ဖြစ်သည်။ download ပြုလုပ်လိုသူများအနေဖြင့် Windows Store တွင် ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး download ပြုလုပ်ရမည့် ဖိုင်အရွယ်အစားမှာ 15.71 MB ခန့် ရှိမည်ဖြစ်သည်။ 

Windows Phone version 8 နှင့်နောက်ပိုင်းတွင် ထည့်သွင်းအသုံးပြုနိုင်မည့် app တစ်ခု ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

Credit  internetjournal
Thiha Htike(THT)
My Facebook Account Click


(ယခုတင်ပေးသောAppအား " ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး) "တွင်အခမဲ့လာရောက်ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update




ဂျပန်နိုင်ငံတွင်ကျင်းပမည့် တိုကျို ဂိမ်းပြပွဲသို့ မြန်မာဂိမ်းများ သွားရောက် ပြသမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Tokyo Game Show 2015 ပြပွဲသို့ မြန်မာနိုင်ငံ ကွန်ပျုတာလုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူများနှင့် ပြည်တွင်း Game Developers များ သွားရောက် လေ့ လာမည် ဖြစ်ကြောင်းနှင့် ပြည်တွင်း Game Developer များ ဖန်တီး ထုတ်လုပ်ထားသော ဂိမ်းများ ပါဝင်ပြသမည် ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း ဂိမ်းကုမ္ပဏီ သုံးခု၏ ဂိမ်းစုစုပေါင်း ၁၂ မျိုးဝန်းကျင်ခန့် ပြသမည်ဖြစ်သည်ဟု သိရသည်။

ဂျပန်နိုင်ငံရှိ အာဆီယံ-ဂျပန်စင်တာ (ASEAN-Japan Center-AJC) မှကြီးမှူး၍ ASEAN Creative Network အစီအစဉ်အရ Tokyo Game Show 2015 ကို စက်တင်ဘာလ (၁၇) ရက်မှ (၂၀) ရက်နေ့အထိကျင်း ပမည်ဖြစ်သည်။

“ကျွန်တော့် အနေနဲ့ကတော့ Rage of Rama ဂိမ်း (ရာမဇာတ်တော်အား အခြေခံထားသည့် ဂိမ်း) ကို အဓိကထား ပြသသွားမှာ ဖြစ်ပါတယ်” ဟု ပါဝင်ပြသမည့် Total Gameplay Studio မှကိုမြင့်ကျော်သူက ပြောသည်။ မြန်မာနိုင်ငံမှ Kodots, Total Gameplay Studio, Joy Dash တို့မှ ထုတ်လုပ် ဖန်တီးထားသော ဂိမ်းများ ပြသ သွားမည်ဖြစ်သည်။ Joy Dash အနေဖြင့် စုစုပေါင်း ဂိမ်းဆယ်မျိုး ဝန်းကျင်ခန့်ကို ပြသမည်ဖြစ်ကြောင်း Joy Dash မှ ကိုသက်နိုင်ဆွေကပြောသည်။

“ကျွန်တော်တို့ အနေနဲ့ ကတော့ ဥာဏ်စမ်းဂိမ်း၊ ဇာတ်လမ်း ဦးစားပေးတဲ့ ဂိမ်းအမျိုးအစားတွေကို အဓိကထား ပြသသွားမှာဖြစ် ပါတယ်” ဟု Kodots မှ ကိုချစ်ကိုကို က ပြောသည်။

အဆိုပါ တိုကျိုဂိမ်းပြပွဲတွင် နိုင်ငံ (၄၀) ကျော်မှ လာရောက် ပြသမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် တတိယအကြိမ် ပါဝင်ပြသခြင်း ဖြစ်ကြောင်း၊ နိုင်ငံတကာမှ နာမည်ရ ဂိမ်း ကုမ္ပဏီများဖြစ်သော Capcom, Namco, CryTeck စသည်တို့လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ ပြပွဲတွင် အချက်အလက်များ ယူဆောင်ပြီး ချိတ်ဆက်ရန် ဆက်သွယ်ရမည့် သူများ အဖြစ် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်းမှ ကူညီ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စိတ်ပါဝင်စားသူများ အနေဖြင့် အဆိုပါ အသင်းသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Credit  internetjournal
Thiha Htike(THT)
My Facebook Account Click
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update




CommuniCast 2015 နှင့် Myanmar International ICT Exhibition တို့ ပူးပေါင်း ကျင်းပမည်ဖြစ် ကြောင်း သိရသည်။

နိုဝင်ဘာ (၁၇) ရက်မှ (၁၉) ရက်နေ့အထိ Myanmar Event Park တွင် ကျင်းပမည်ဖြစ်ကြောင်း၊ အိုင် စီတီနယ်ပယ်အတွင်းမှ စီးပွားရေးလုပ်ငန်းများကို တစ်နေရာတည်းတွင် ပြသမည်ဖြစ်ကြောင်း သိရ သည်။ “ဒီပွဲကနေပြီး အိုင်စီတီနယ်ပယ်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုတွေ ဆထက်မကဖြစ်လာမယ်လို့ ယုံကြည် ပါတယ်၊ အိုင်စီတီလုပ်ငန်းက နိုင်ငံရဲ့အနာဂတ်စီးပွားရေးအတွက် အရေးပါပြီး နယ်ပယ်အနှံ့မှာ အခွင့်အလမ်းတွေ ရှိနေတယ်” ဟုမြန်မာနိုင်ငံကွန်ပျုတာအသင်းချူပ်၏ ဥက္ကဌ ဦးခွန်ဦးကပြောသည်။ အဆိုပါ အခမ်းအနားကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနနှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့၏ ပံ့ပိုး ကူညီမှုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

CommuniCast ၏ ပထမဆုံး အခမ်းအနားကို ၂၀၁၄ ခုနှစ်ကကျင်းပခဲ့သည်။ နိုင်ငံပေါင်း (၂၂) နိုင်ငံမှ ကုမ္ပဏီပေါင်း (၉၀) ကျော်နှင့် အိုင်စီတီ ကျွမ်းကျင်သူပေါင်း (၂၀၈၆) ယောက် တက်ရောက်ခဲ့ကြောင်း၊ Myanmar International ICT Exhibition ကို မြန်မာနိုင်ငံကွန်ပျုတာအသင်းချူပ်မှ အဆက်ဆက် ကျင်းပခဲ့ကြောင်း သိရသည်။ ယခုအခါ အဆိုပါ အခမ်းအနားနှစ်ခုကို တစ်ပေါင်းတည်း ကျင်းပမည်ဖြစ်သည်။ ဂြိုဟ်တု နည်းပညာနှင့် Broadband များမှ မိုဘိုင်းနှင့် Enterprise Solution များ အထိပြသသွား မည်ဖြစ်ကြောင်း သိရသည်။

Credit  internetjournal
Thiha Htike(THT)
My Facebook Account Click

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update

တင်ပေးသူကိုတော့ မမှတ်မိတော့ပါ.. ကျွန်တော် ဒေါင်းထားတာ အတော်ကြာပါပြီ.. မိတ်ဆွေတစ်ယောက်က မေးရင်း သတိရလာလို့ တင်ပေးလိုက်ပါတယ်..
ViVo Y-22, Y-15, Y-28 တွေ Root ဖောက်ဖို့အတော်ခက်ပါတယ်.. အခု ကျွန်တော် တင်ပေးထားတဲ့ insecure boot ကို Fastboot ကနေ Flash ပြီး vRoot နောက်ဆုံးထွက် နဲ့ Root လို့ရပါတယ်.. ကျွန်တော် စမ်းသပ်ပြီးသားပါ..

insecure boot လုပ်ပြီး တင်ပေးထားတဲ့ မိတ်ဆွေကို ကျေးဇူးတင်ပါတယ်..

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Advertise Here !

Software Full Version Download and Tech News Update
ကျွန်တော်တို့ကဗျာဂျာနယ်လေးလဲ ကျွန်တော်အလုပ်တွေမအားတာနဲ့ ပုံမှန်မလည်ပတ်မိဘူးဗျာ အခုကစပြီး ပုံမှန်လည်ပတ်မှာပါ ကျွန်တော့်ဖုန်းနံပါတတ်သိတဲ့သူတွေ တော့ ကျွန်တော်မပြောပါဘူးဒါပေမဲ့ ကျွန်တော်ဖုန်းနံပါတ်ပြန်တင်မှာပါ အဲ့ဒါ ကဗျာအတွက်သီးသန့်ပါ အရင်က sms နဲ့ပို့ခိုင်းပါတယ် အခု Viber or ကျန်တဲ့ social network app တစ်ခုခုသုံးပြီးပို့နုင်အောင်စိစဉ်ပေးမှာပါ သင်တို့အတွက်လည်းဘေကုန်သက်သာတာပေါ့ ကောင်းပါပြီအခုတော့ကျွန်တော်ဖုန်းမှာကဗျာပေါင်; 147 ပုဒ်ရှိနေပါတယ်ကျွန်တော့်ကိုထပ်မပို့သေးနဲ့ပါအုံး ဘာလို့လဲဆိုတော့ဖုန်းက wifi earror ဖြစ်နေလို့ပြန်ပြင်ရင်ကြိမ်းသေ Factory reset ချမှာမို့ပါ အဲ့တော့မိတ်ဆွေတို့ကဗျာတွေပါသွားမှာစိုးလို့ပါ အဲ့တော့ ဒီ 147 ထပ်ထပ်ပို့တဲ့ကဗျာတွေကို Cancel လုပ်ပလိုက်မှာပါ ဒီတော့မိတ်ဆွေတို့ မပို့သေးနဲ့ပါအုံးဗျ...နောက်ပြီးကဗျာအတွက် blog လေးတစ်ခုလုပ်ထားတယ် ပြင်ဆင်လို့မပြီးသေးဘူး ပြီးရင် ရေးသူတွေအားလုံးကို ကျွန်တော်တခါတည်း တင်ခိုင်းမှာပါ ဖုန်းကနေပေါ့ အဲ့တော့အမြဲ update လေးဖြစ်နေတာပေါ့... ဟုတ်ဘူးလား...
အစဉ်တစိုက် သိမ်းပိတ်ဖို့
                       မောင်ကြံရွှယ်
ချူ မယ်ကြံရွှယ်ကာမှန်းသော်လည်း
                                          တံချူကိုမမှီမကမ်းရယ်မို့
လွမ်းကျန်ရသေး
((ကဗျာရေးသူ=ဓနုမောင်)) 
           မဖြစ်နိုင်တဲ့ကြားထဲက 
 ကျွန်မသူ့ကိုချစ်မိသွားခဲ့တယ်
                                                            ဒါကြောင့်ရလာမည့်အဆိုးအကောင်းတွေအားလုံးကို
ကျွန်မကျေကျေနပ်နေမှာပါမောင်
((ကဗျာရေးသူ=Juliar Eisan)) BEHS PHAKANY)
စိမ်းရက်သူ.....
နီးလျက်ဝေးနေတဲ့
နှလုံးသားတစ်ခုကို
ရင်ထဲမှာ နာကျင်အောင်
ခံစားနေရပေမယ့်
မင်းသိဖို့မရည်ရွှယ်ခဲပါဘူး
အချစ်နန်းကိုစိတ်ကူးယဉ်ပြီး
ရူးခဲ့ရသမျှနောက်ကျတဲ့
ကိုယ့်ဘ၀မှာ
ယောက်ျးမာနဆိုတာ
တံခွထူလို့မရအောင်
ဖျက်ဆီးလို့
ချေမူန်းသွားရက်တယ်....
((ကဗျာရေးသူ=သာစည်သား))
"ချစ်ပိုင်းတိုင်"
ချောကလက်
အိပ်ရာထက်
ဖိတ်စင်သွားတဲ့
နုတ်ခမ်းများအတွက်
ခွင့်လွှတ်ပါ။
နတ်ဘုရားအစူစူပွင့်
ရင်နင့်အောင်
ကိုးကွယ်ခဲ့လို့
ဒီတစ်ခါအချစ်
နောက်ဆုံးဖြစ်ပါစေတော့ ။
((ကဗျာရေးသူ=Dညနေ)) 
ရည်ရွှယ်သူတို့
ကာရံမူကင်းတဲ့ စကားလုံး
ချိုမြိန်မူကင်းတဲ့အနမ်း
ရင်ထဲအချစ်သစ်ပင်
ဝေကွာခြင်းအကိုင်းအခက်
အလွမ်းသစ်ရွှက်တွေပြည့်စုံခဲ့သော်လည်း
ပျော်ရွှင်မူပန်းပွင့်လေးမဖူးပွင့်ခဲ့ဘူး
(ကဗျာရေးသူ=ရှင်မွေးလွန်း(နမ့်စန်))
ချစ်ခဲ့လေလား
နှလုံးသားဝယ်
ထိန်းမရလေသော
ချစ်ဖူးလေသော
အမှတ်တမဲ့က
အမှတ်တရဖြစ်စေပြီ
နင်မသိလည်း လွမ်းမိနေပြီ
နင်မခေါ်ချင်လည်း
ငါတော်ချင်နေပြီ
နင်မသိတဲ့အချစ်ခရီးလမ်းမှာ
အဖော်မပါဘဲ ငါရပ်စောင့်နေမိပြီ
((ကဗျာရေးသူ=only)) 
<နိဂုံး>
လိုက်ကာမချဘဲ
သိမ်းခဲ့ရတဲ့
ငါတို့နှစ်ယောက်ရဲ့
တစ်ခန်းရပ်ပြဇာတ်ထဲမှာ
နောက်ဆုံးအလွမ်းမင်းသမီးက
ငါတဲ့လား~~~~
((ကဗျာရေးသူ=မှော်ဝင်)) ကြာအင်းဆိပ်ကြီး
ငါ့ရဲ့အချစ် နင်မသိတော့
ကွယ်ရာမှာ
တွယ်တာကာ လွမ်းရတယ်
မချစ်ဘူးတော့ ရင်းတော့မယ်
အချစ်ဦးရယ်
ငါ့ရဲ့အချစ်နင်မသိတော့
ကွယ်ရာမှာ
တွယ်တာကာ
လွမ်းရတယ်
မချစ်ဘူးတော့ ရူးတော့မယ်
အချစ်ဦးရယ်
ငါ့ရဲ့အချစ် နင်မသိတော့
ကွယ်ရာမှာ တွယ်တာကာ
လွမ်းရတယ်
မချစ်ဘူးတော့ရူးတော့မယ်
အချစ်ဦးရယ်
((ကဗျာရေးသူ=အမည်မသိ)) 
<<ခွန်အား>>
ဘ၀ရေဆန်ခရီးလမ်း
မငြီးတမ်းပါ ရဲဝင့်စွာ
တွေ့ကြုံလာသမျှအခက်ခဲ
ရင်ဆိုင်နိုင်ဖို့
အသင့်ပြင်ဆဲ
ရှေ့ဆက်လှမ်းဖို့ ခွန်အားဆင်
ရောင်နီသစ်တို့ ဒို့ဇွဲပင်.....။
((ကဗျာရေးသူ=အမည်မသိ))
အပြုံးမရှားတဲ့မင်း
အရူုံးများနှင့်ရင်ဆိုင်ရချိန်မှာ
နောင်တတရားတွေ
လက်ဝယ်ပိုက်ရင်း
ရိုက်ရိုက်ကာငိုကြွေးမနေပါနဲ့
တိတ်တိတ် ကြွေကွဲ
မျက်ရည်ဝဲနှင့်
အားမန်ဖြည့်ကာ
ပြုံးစမ်းပါ 
((ကဗျာရေးသူ=nai(သဖ)))
Thiha Htike(THT)

thihahtike.it@gmail.com

My Facebook Account Click

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update

 မြန်မာတစ်နိုင်ငံလုံး၏ မဲဆန္ဒရှင်စာရင်းကို စက်တင်ဘာလ ၁၄ ရက်မှ ၂၇ ရက်အထိ ကြေညာမည်ဖြစ်ပြီး အဆိုပါ မဲဆန္ဒရှင်စာရင်းကို သွားရောက်ကြည့်ရှုကြရန်အတွက် အွန်လိုင်း hashtag ကမ့်ပိန်းတစ်ခုပြုလုပ်ရန် စီစဉ်နေသည်ဟု သိရသည်။


မည်သည့် ဘာသာစကားဖြင့်မဆို ရေးသားထားသည့် “မဲစာရင်းသွားကြည့်စို့” ဟု အဓိပ္ပာယ်ရသည့် စာတန်းကို ကိုင်ဆောင်ထားသည့် မိမိဓာတ်ပုံ (သို့မဟုတ်) မဲစာရင်း သွားရောက် စစ်ဆေးနေသည့် မိမိဓာတ်ပုံကို Facebook တွင် Public အနေဖြင့် တင်ပေးသည့် အစီအစဉ်တစ်ခုဖြစ်ပြီး အဆိုပါအစီအစဉ်အတွက် Facebook စာမျက်နှာ၌ စည်းရုံးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

ဓာတ်ပုံနှင့်အတူ စာသားများရေးသားရာတွင် မဲစာရင်းကို စစ်ဆေးသင့်သည့် အကြောင်းအရာများ ၊ မဲစာရင်းစစ်ဆေးခြင်း၏ အရေးပါမှု အခြေအနေများကို ပူးတွဲ တင်ဆက်နိုင်ကြောင်းနှင့် မိမိ ကိုယ်တိုင်သည်လည်း မဲပေးရမှု မဆုံးရှုံးစေရန်အတွက် သွားရောက်ကြည့်ရှုသင့်သည်ဟု ကမ့်ပိန်းလှုံ့ဆော်သူများက ဆိုသည်။

Credit  internetjournal
Thiha Htike(THT)
My Facebook Account Click

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !