Advertise Here !





CommuniCast 2015 နှင့် Myanmar International ICT Exhibition တို့ ပူးပေါင်း ကျင်းပမည်ဖြစ် ကြောင်း သိရသည်။

နိုဝင်ဘာ (၁၇) ရက်မှ (၁၉) ရက်နေ့အထိ Myanmar Event Park တွင် ကျင်းပမည်ဖြစ်ကြောင်း၊ အိုင် စီတီနယ်ပယ်အတွင်းမှ စီးပွားရေးလုပ်ငန်းများကို တစ်နေရာတည်းတွင် ပြသမည်ဖြစ်ကြောင်း သိရ သည်။ “ဒီပွဲကနေပြီး အိုင်စီတီနယ်ပယ်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုတွေ ဆထက်မကဖြစ်လာမယ်လို့ ယုံကြည် ပါတယ်၊ အိုင်စီတီလုပ်ငန်းက နိုင်ငံရဲ့အနာဂတ်စီးပွားရေးအတွက် အရေးပါပြီး နယ်ပယ်အနှံ့မှာ အခွင့်အလမ်းတွေ ရှိနေတယ်” ဟုမြန်မာနိုင်ငံကွန်ပျုတာအသင်းချူပ်၏ ဥက္ကဌ ဦးခွန်ဦးကပြောသည်။ အဆိုပါ အခမ်းအနားကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနနှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့၏ ပံ့ပိုး ကူညီမှုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

CommuniCast ၏ ပထမဆုံး အခမ်းအနားကို ၂၀၁၄ ခုနှစ်ကကျင်းပခဲ့သည်။ နိုင်ငံပေါင်း (၂၂) နိုင်ငံမှ ကုမ္ပဏီပေါင်း (၉၀) ကျော်နှင့် အိုင်စီတီ ကျွမ်းကျင်သူပေါင်း (၂၀၈၆) ယောက် တက်ရောက်ခဲ့ကြောင်း၊ Myanmar International ICT Exhibition ကို မြန်မာနိုင်ငံကွန်ပျုတာအသင်းချူပ်မှ အဆက်ဆက် ကျင်းပခဲ့ကြောင်း သိရသည်။ ယခုအခါ အဆိုပါ အခမ်းအနားနှစ်ခုကို တစ်ပေါင်းတည်း ကျင်းပမည်ဖြစ်သည်။ ဂြိုဟ်တု နည်းပညာနှင့် Broadband များမှ မိုဘိုင်းနှင့် Enterprise Solution များ အထိပြသသွား မည်ဖြစ်ကြောင်း သိရသည်။

Credit  internetjournal
Thiha Htike(THT)
My Facebook Account Click

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !