January 2021
Software Full Version Download and Tech News Update

Facebook ရဲ့ Messenger ကို အရင်က စမတ်ဖုန်းတွေအတွက်သာ Application သီးသန့် ထုတ်ပေးခဲ့ပေမယ့် အခုအခါတော့ Facebook ကိုဖွင့်ထားစရာမလိုဘဲ Browser ကနေ တိုက်ရိုက်ဝင်လို့ရတဲ့စနစ် နဲ့ Browser ဖွင့်စရာမလိုဘဲ Desktop အတွက် Software ကိုပါ သီးသန့်ထုတ်ပေးထားပါတယ်..

အရင်က ကွန်ပျူတာမှာ Messenger သုံးမယ်ဆိုရင် Browser မှာ www.facebook.com နဲ့ဝင်၊ ပြီးမှ ဘေးက Messenger ကိုဖွင့်သုံးရတာပါ.. ခုတော့ မလိုတော့ပါဘူး..

Facebook ကြီးတစ်ခုလုံးကို မြင်နေစရာမလိုဘဲ Browser ကနေ တိုက်ရိုက်ဝင်သုံးနိုင်ပါပြီ.. အဲလိုသုံးချင်တယ်ဆိုရင်တော့ Browser မှာ https://www.messenger.com/ လို့ရိုက်ထည့်ပြီး Facebook မှာလို Log in ဝင်တဲ့အတိုင်း ဝင်ပြီးသုံးနိုင်ပါပြီ.. 


 

Facebook News Feed တွေ ရှုပ်ရှက်ခတ်နေတာကို မြင်စရာမလိုတော့ဘဲ Messenger သီးသန့်အပြင်၊ Room စနစ်ကိုပါ အသုံးပြုနိုင်ပါတယ်..

နောက်တစ်ခုက Browser ကိုမသုံးချင်ဘူး.. Computer အတွက် သီးသန့် Messenger Software ကိုပဲ သုံးချင်သူတွေအတွက်လည်း Messenger Software ကို ထုတ်ပေးထားပါတယ်.. အောက်ကလင့်မှာ Download ရယူပြီး Install လုပ်ကာ အသုံးပြုနိုင်ပါပြီ.. Windows OS အတွက်ရော၊ Apple ရဲ့ Mac အတွက်ပါ အသုံးပြုနိုင်ပါတယ်..



ကျနော်သုံးကြည့်တာတော့ တော်တော်အဆင်ပြေပါတယ်.. ယူနီကုဒ် မြန်မာစာစနစ်လည်း မှန်ကန်ပါတယ်..

 

Download Messenger for Desktop: 



အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org

Advertise Here !