September 2016
Software Full Version Download and Tech News Update

Mi Max ကို Unlock မလုပ်ပဲ Root လုပ်နည်း နဲ့ မြန်မာစာသွင်းနည်း လေးဖော်ပြပေးလိုက်ပါတယ်
Mi Max Root Kit Download ကို ဒေါင်းလုပ်ပြီးဖြေလိုက်ပါ Mi Flash နဲ့  imageroottwrp ဖိုင်ကိုရွေးပြီး 9008 mode ကနေ flash လိုက်ပါ (9008 mode ကို adb ကနေ adb reboot edl ရိုက်ပြီးဝင်ပါ သို့မဟုတ် Xiao mi jig ကြိုးနဲ့ဝင်လို့ရပါတယ် )
Flash ပြီးရင် TWRP ရသွားပါပြီ Vol up + Power နှိပ်ပြီး TWRP ၀င်ပါ BETA-SuperSU-v2.74-2-20160519174328.zip ဖိုင်ကို Flash ပြီး Reboot system နှိပ်ပါ ဒါဆိုရင် Root ရသွားပါပြီ 
MIUI 8 Font Changer(v2 (Beta)) နဲ့ မိမိနှစ်သက်ရာ Font ကိုချိန်းပြီးအသုံးပြုနိုင်ပါပြီ

Mi Max Root Kit Download
Mi Flash Download
password = thantoeaung
Post by Xiaomi MIUI MI Cloud Unlock Service


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update
ကိုယ့်ရဲ့ Blog က Zawgyi နဲ့ရေးထားတယ်.. ခုနောက်ပိုင်းဝင်လာတဲ့ဖုန်းတွေမှာ Zawgyi မြန်မာစာ ထည့်လို့မရသေးလို့ပဲဖြစ်ဖြစ်၊ ကိုယ်သုံးတဲ့ PC Browser မှာ Zawgyi မချိန်မိလို့ပဲဖြစ်ဖြစ် ၊ ကိုယ်က Myanmar Unicode နဲ့ရေးထားလို့ Zawgyi သုံးထားသူတွေ အမှန်မမြင်ရလို့ပဲဖြစ်ဖြစ် စာတွေ ကမောက်ကမဖြစ်နေတာတွေကို မှန်မှန်ကန်ကန်မြင်ရအောင် ကိုယ့် Blog မှာ ပြင်ဆင်ထားဖို့လိုပါတယ်..
လုပ်နည်း
  • Blogger ရဲ့ Template ကိုနှိပ်ပါ.. ညာဘက်က Mobile ဆိုတာရဲ့ အောက်မှာ စက်သွားပုံ( Setting ) ကိုနှိပ်ပါ.. Choose Mobile Template မှာ No, Show ကိုရွေးပြီး Save လိုက်ပါ.. ဒါက ဖုန်းနဲ့ကြည့်တဲ့အခါ ကိုယ့်ဘလော့ရဲ့ စာတွေကို မှန်မှန်ကန်ကန်မြင်စေဖို့ ပထမ ပြင်ဆင်ခြင်းဖြစ်ပါတယ်..

  • ပြီးရင် Live on Blog ရဲ့ အောက်က Customize ကိုနှိပ်ပါ.. ဘယ်ဘက်က Advanced ကိုနှိပ်ပါ.. ညာဘက်ခြမ်းမှာ Add Custom CSS ထဲကို အောက်က ကုဒ်တွေ Copy ယူပြီးထည့်ပေးလိုက်ပါ... ပြီးရင် Apply to Blog ကိုနှိပ်ပေးလိုက်ပါ...


Copy the following code :

@font-face {
font-family:'MON3 Anonta 1';
src:local('MON3 Anonta 1'),url('http://mmwebfonts.comquas.com/fonts/mon3.ttf');
}
body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'MON3 Anonta 1'!important;}
@font-face {
font-family:'Zawgyi-One';
src:local('Zawgyi-One'),url('http://mmwebfonts.comquas.com/fonts/zawgyi.ttf');
}
body,html,p,code,*,table,td,tr,span,div,a,ul,li,input,textarea{font-family:'Zawgyi-One'!important;}


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Advertise Here !

Software Full Version Download and Tech News Update

Yahoo ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အနည်းဆုံး အကောင့်ပေါင်း သန်း၅၀၀ကျော် ပါဝင်သွားခဲ့တဲ့ ဖောက်ထွင်းခံရမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ပြောကြာခဲ့ပြီး ကမ္ဘာ့အကြီးဆုံး အင်တာနက်ဆိုင်ရာ ဖောက်ထွင်းခံရမှုအဖြစ် စံချိန်တင်သွားခဲ့ပါတယ်။ ပါဝင်သွားခဲ့တဲ့ အသုံးပြုသူဆိုင်ရာ အချက်အလက်တွေထဲမှာ နာမည်၊ Email၊ လိပ်စာနဲ့ Password တွေပါဝင်သွားခဲ့တယ်လို့ သိရပါတယ်။
Yahoo ရင်းနှီးမြုတ်နှံသူတွေရဲ့ စာမျက်နှာမှာ ပြောကြားချက်အရ ဒီဖောက်ထွင်းမှုကို အာဏာပိုင် အဖွဲ့အစည်းတစ်ခုက ကျောထောက်နောက်ခံပြုထားတဲ့ အဖွဲ့အစည်းတစ်ရပ်ကနေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကုမ္ပဏီအနေနဲ့ တရားဥပဒေပိုင်းဆိုင်ရာအရေးယူဖို့နဲ့ ဘယ်သူပြုလုပ်တယ်ဆိုတာကို သိရှိဖို့အတွက် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

marissa-mayer1 
Yahoo CEO ဖြစ်သူ Marissa Mayer

“စုံစမ်းစစ်ဆေးမှုတွေအရတော့ ဒီအခိုးခံရတဲ့ အချက်အလက်တွေထဲမှာ ကာကွယ်မထားတဲ့ Password တွေ၊ ငွေပေးချေမှုတွေနဲ့ ဘဏ်အကောင့်အချက်အလက်တွေ မပါဝင်ပါဘူး၊ ငွေးပေးချေကတ်အချက်အလက်တွေနဲ့ ဘဏ်အကောင့် အချက်အလက်တွေက ဒီစနစ်ထဲမှာ မသိမ်းထားတာကြောင့် ဒါတွေမပါဝင်သွားခဲပါဘူး” လို့ Yahoo က ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက ဆိုခဲ့တာပါ။
Yahoo ဟာ အသုံးပြုသူတွေကို အကောင့်အတွက် သူတို့ရဲ့ Password တွေနဲ့ လုံခြုံရေးဆိုင်ရာ မေးခွန်းတွေကို ပြန်လည်ပြောင်းလဲပေးဖို့ ပြောကြားထားပါတယ်။ အသုံးပြုသူတွေအနေနဲ့ Link ချိတ်ထားတာတွေကို ကလစ်လုပ်တာ၊ Attachment တွေကို ဒေါင်းလုဒ်လုပ် တာတွေကို ရှောင်ကျဉ်ဖို့လည်း Yahoo ကပြောထားတာပါ။
တကယ်လို့ သင့်ရဲ့ Yahoo အကောင့်အတွက် ပါသွားမှာစိုးရင် သင့်ရဲ့လက်ရှိ Password နဲ့ Information တွေကို ပြောင်းလဲသင့်ပါတယ်။


Credit : Digital Times

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Advertise Here !

Software Full Version Download and Tech News Update

Redmi Note 2 Root ဒီဖိုင်က ဒေါင်းလုပ်လို့ရလာတဲ့ ဖိုင်လေး အဲဒါကိုနှစ်ချက်
နှိပ်ပြီးဖွင့်လိုက်မယ် Extract to ကိုနှိပ်လိုက်မယ် Desktop ကိုရွေးပြီး Ok ကို
နှိပ်လိုက်မယ် ဒါဆိုပြီးသွားပြီ Redmi Note 2 Root ဆိုတဲ့ဖိုင်လေးရလာမယ်
ဖုန်းနဲ့ကွန်ပျူတာနဲ့ချိတ်လိုက်မယ် Redmi Note 2 Root ဖိုင်ထဲက Beta ဆိုတဲ့
ဖိုင်ကို Copy ကူးလိုက်မယ် Redmi Note 2 ဖုန်းထဲကို ကူးထည့်လိုက်မယ် 
ဒါဆိုရင်တပိုင်းပြီးပြီ Redmi Note 2 Root ဖိုင်ကိုပြန်ဖွင့်မယ် Driver ထဲက
Driver 32 ကိုဖွင့်လိုက်မယ် bbs.ydss.cn.exe ကိုဖွင့်လိုက်မယ် ဒီနေရာမှာ
အနီရောင်နဲ့ Install / Don't Insatll ဆိုပြီးတက်လာရင် Install ကိုပဲရွေးပေးပါ
၃ - ၄ ခါလောက်တက်လာလိမ့်မယ် ဒီရင်ဒီစာတန်းလို Successfully လို့ပေါ်
နေလိမ့်မယ် အဲဒါပေါ်လာရင် Exit ကိုနှိပ်ပြီးပြန်ထွက်လိုက်မယ် ပြီးရင် 
Redmi Note 2 Root ဖိုင်ထဲက SP_Flash_Tool_v5.1620_Win ကိုဖွင့်မယ်
flash_tool.exe ကိုဆက်ဖွင့်လိုက်မယ် Scatter Loading ကိုနှိပ်လိုက်မယ်
Desktop\Redmi Note 2 Root\Recovery ထိ video ထဲကလိုသွားလိုက်မယ်
MT6795_Android_scatter ကိုရွေးပြီး Open နှိပ်လိုက်မယ် အဲဒါဆိုရင်
Recovery ဘေးကအကွက်လေးမှာ အမှန်ခြစ်လေးပြနေလိမ့်မယ်
အဲလိုပြီးပြီဆိုရင် အပေါ်က အစိမ်းရောင် Downlod မြှားလေးကိုနှိပ်လိုက်မယ်
နှိပ်ပြီးရင် ဖုန်းကို ဓာတ်ခဲဖြုတ် ကြိုးထိုး ဓာတ်ခဲပြန်ထည့်လိုက်မယ် ဒီလို
အနီတန်းနဲ့ အ၀ါတန်းပြေးပြီး အမှန်ခြစ်လေးလာပြသွားရင် Recovery သွင်း
တာပြီးပြီ ပြီးရင် ကြိုးဖြုတ်ပြီး ဓာတ်ခဲဖြုတ်ပြန်ထည့် Vol up + Power ကို
ဖိနှိပ်လိုက်ပါ Mi Logo တက်လာရင် ခလုတ်အားလုံးကိုလွှတ်လိုက်ပြီးခဏ
စောင့်နေလိုက်ပါ ဖုန်းမှာ All to swap Modify လို့ပေါ်လာရင် အတုံးလေးကို
ဖိဆွဲပြီးဘေးကိုတွန်းလိုက်ပါပြီးရင် Team Win လို့ပေါ်လာမယ် အဲဒီမှာ Insatll
ကိုနှိပ်လိုက်ပါ အောက်ဆုံးကိုဆွဲချပြီး BETA Super Su ကိုနှိပ်လိုက်ပါ
swipe to install အောက်က အတုံးအပြာရောင်လေးကို ဘေးကိုဖိတွန်းလိုက်
 SUCCESSFUL လို့ပြရင် Reboot system ကိုနှိပ်လိုက်ပါ Root လုပ်ခြင်း
အောင်မြင်သွားပါပြီ:D;;;
Download @ http://www.mediafire.com/?ak4vyuyxj7ypz4l

ThanToeAung
MIUI GLOBAL FORUM GOLD MEMBER
Mandalay Xiaomi Users Group

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update
Samsung PC တွေမှာ All boot options are tried ဆိုပြီး Boot မတက်တော့ဘဲ ရပ်နေတဲ့ ပြဿနာကြုံခဲ့ရင် ဖြေရှင်းနည်းပါ.. ကျွန်တော်ကတော့ Samsung Laptop တစ်လုံးမှာ ဖြေရှင်းလိုက်တဲ့နည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်..
-
ကဲ.. All boot options are tried ဆိုပြီး ရပ်နေခဲ့ရင်


Power Button ကိုဖိပြီး ပိတ်လိုက်ပါ... ပြီးရင် Power Button ကိုတစ်ချက်နှိပ်ပါ...
ကွန်ပျူတာ Power စတက်တဲ့အချိန် Function Key နဲ့ F10 ကိုတွဲနှိပ်ထားပါ.. Enter Setup ဆိုပြီးပေါ်လာပါမယ်.. Enter တစ်ချက် ခေါက်ပေးလိုက်ပါ...
Right Arrow နှိပ်ပြီး Boot Option ကိုရောက်အောင်သွားပါ.. ပြီးရင် Secure Boot ကိုရွှေ့. Enter ခေါက်.. Disable ကိုရွေး. Enter ခေါက်ပါ..


အောက်ကိုတစ်ချက်ထပ်ဆင်းပြီး OS Mode Selection ကိုရွှေ့. Enter ခေါက်.. CSM and UEFI OS ကိုရွေးပြီး Enter ခေါက်လိုက်ပါ...


F10 ကိုတစ်ချက်နှိပ်ပြီး Yes မှာ. Enter ခေါက်ပေးလိုက်ပါ.. ကွန်ပျူတာ Reboot တက်လာခဲ့အခါ အဆင်ပြေသွားပါပြီ...



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org





Advertise Here !

Software Full Version Download and Tech News Update


 
Smart phone အသုံးပြုသူတွေအနေနဲ့ ဖုန်းရဲ့ Setting ထဲမှာပါတဲ့ “USB Tethering” ဆိုတဲ့

function လေးကိုသိပြီးသားသူတွေရှိသလို မသိသေးလို့မေးလာတဲ့သူတွေအတွက် အကြံပြုပေးလိုက်ပါတယ်။

ဒီ function ဟာ Setting ထဲက “Tethering & Wi-Fi hotspot” ဆိုတဲ့ထဲမှာပါတဲ့ တစ်ခုပဲဖြစ်ပါတယ်။

ကျတော်တို့ Wi-Fi hotspot ဆိုတာကိုတော့ အားလုံးသိပြီးသားဖြစ်ပါတယ်။ ကိုယ့်ဖုန်းက internet ကို

အခြားဖုန်းများ / အခြား Computer ( PC ) များသို့ဝေမျှအသုံးပြုချင်တဲ့အခါမှာ ဒီ function လေးကိုအသုံး

ပြုကြတာဖြစ်ပါတယ်။

အဲဒီထဲမှာပါတဲ့ နောက်တစ်ခု “USB Tethering” ဆိုတဲ့ function လေးကိုတော့သိတဲ့သူနည်းပါတယ်။

ဒီ function ဟာအများဆုံးအနေနဲ့ မိမိဖုန်းက internet ကို Computer ( PC ) သို့မျှဝေအသုံးပြုချင်တဲ့အခါမှာ

အသုံးပြုရတဲ့ function တစ်ခုဖြစ်ပါတယ်။ ဒီလိုအသုံးပြုဖို့အတွက်ဆိုရင် မိမိမျှဝေအသုံးပြုချင်တဲ့ PC မှာ

ဒီဘက်ကနေပေးမဲ့ ဖုန်းရဲ့သက်ဆိုင်ရာ Driver ကို install လုပ်ပေးထားဖို့တော့လိုအပ်ပါတယ်။

ဒါမှသာဖုန်းနဲ့ PC ကိုချိတ်ဆက်တဲ့အခါမှာ ဖုန်းကို PC ကနေ detect သိနိုင်မှာဖြစ်ပါတယ်။

PC မှာ ဖုန်းရဲ့သက်ဆိုင်ရာ driver ကို install ပြီးရင်တော့ ဖုန်းရဲ့ Setting ထဲကနေ USB Debugging mode

ကို on ပေးထားပါ။ ပြီးရင်ဖုန်းနဲ့ PC ကို USB ကြိုးနဲ့ချိတ်ဆက်ပေးလိုက်ပါ။ ဖုန်းကို PC

ကနေသိပြီဆိုရင်တော့

Setting ထဲကနေ “Tethering & Wi-Fi hotspot” ထဲသို့သွားကာ “USB Tethering” ဆိုတဲ့ function ကို

ရွေးချယ်ကာ ဖုန်းရဲ့ internet connection ကို PC သို့အဆင်ပြေပြေမျှဝေအသုံးပြုနိုင်ပြီဖြစ်ပါတယ်။

CREDIT MMAS                                                                                                                              
 
သီဟထိုက် ( ဆွေသဟာ MOBILE )                                                                                                 

Advertise Here !

Software Full Version Download and Tech News Update
Xiaomi ဖုန်းတွေအတွက် MIUI 8 Update ထွက်ခဲ့တာ အချိန်တစ်ခုရှိသွားပြီဖြစ်သလို Xiaomi ဖုန်းကိုင်ဆောင်ထားတဲ့ Xiaomi ဖုန်းချစ်သူအများစုလည်း MIUI 8 ကို မြှင့်တင်ပြီးလောက်ပြီလို့ ထင်ပါတယ် ခင်ဗျာ။
MIUI 8 မှာ Second Space, Clone Apps စတဲ့ Features အသစ်အဆန်း အများအပြားပါဝင်နေသလို မကြီးမားပေမယ့်လည်း အသုံးဝင်တဲ့ Basic Features တွေကိုပါ ပြင်ဆင်ပေးခဲ့ပါတယ်။ ဘယ်လို Features တွေလည်းဆိုတာကတော့ အောက်မှာ လေ့လာကြည့်ရအောင်လား ခင်ဗျာ။
#Scrolling Screenshot
MIUI 8 ရဲ့ ပြောင်းလဲသွားတဲ့ Feature တွေထဲမှာ Screenshot ရိုက်တဲ့ပုံကလည်း တစ်ခုအပါအဝင်ဖြစ်မှာပါ။ ယခင်လိုမဟုတ်တော့ပဲ Screenshot ရိုက်ပြီးပါက Screen ရဲ့ညာဘက်အပေါ်ထောင့်မှာ Floating Preview အနေနဲ့ ခတ္တရှိနေမှာဖြစ်ပြီး Preview image ကို နှိပ်လိုက်ရင် Send (Share), Edit, Delete နဲ့ Scroll ဆိုတဲ့ Functions တွေကို တွေ့ရမှာပါ။ Scroll ကို နှိပ်လိုက်ရင် Screen ကို အောက်အထိဆွဲချပေးပြီး Scrolling Screenshot (သို့) Screenshot အရှည်တွေကို အလွယ်တကူ ရိုက်ကူးနိုင်မှာပါ။
#Gallery Editing
MIUI 8 မှာ Gallery ပုံစံ ပြောင်းသွားတာကိုတော့ အများစုသတိထားမိမှာပါ။ ဒါပေမယ့် Gallery ရဲ့ တကယ်ပြောင်းလဲမှုကတော့ Editing Features တွေလို့ပဲ သတ်မှတ်ချင်ပါတယ်။ပ ဓါတ်ပုံပဲဖြစ်ဖြစ် Video ပဲဖြစ်ဖြစ် Gallery က Edit ကိုနှိပ်လိုက်ပြီး ဓါတ်ပုံ နဲ့ Video တွေကို စိတ်ကြိုက်ပြင်ဆင်နိုင်မှာပါ။ ပြင်ဆင်နိုင်စွမ်းဟာဆိုရင် သာမန် Editing app တွေထက် များစွာသာလွန်တဲ့အတွက် စမ်းသပ်ကြည့်သင့်တဲ့ Feature တစ်ခု ဖြစ်မှာပါ။
#Quick Ball
Quick Ball features ကလည်း သာမန်ဖုန်းတွင်းဆောင်ရွက်မှုတွေကို ပိုမိုမြန်ဆန်စေတဲ့ Feature တစ်ခုဖြစ်မှာပါ။ Setting - Additional Setting ထဲကနေ Quick Ball ကို Functions ၅ ခု အထိသတ်မှတ်ထားနိုင်မှာဖြစ်ပါတယ်။ (Lock Screen, Mobile Data On/Off နဲ့ Screenshot တို့က ဖုန်းကိုပိုမို သွက်လက်စေမှာပါ။ ) Quick ball အလုံးလေးကို နှိပ်ပြီးလည်း ရွေးချယ်နိုင်ပြီး Quick Ball ကနေ အသုံးပြုလိုတဲ့ Functions ဘက်ကို အမြန်ပွတ်ဆွဲလိုက်ရုံနဲ့ အသုံးပြုနိုင်တဲ့အတွက် အချိန်ကိုများစွာလျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
#Lock Screen Shortcut
Lock Screen Shortcut ကိုတော့ Setting - Lock Screen & Password ထဲမှာ ပြင်ဆင်နိုင်မှာဖြစ်ပြီး ပုံမှန် Lock Screen မှာ သတ်မှတ်ပြီးသားဖြစ်တဲ့ ဘယ်ဘက် Mi Home app နဲ့ ညာဘက် Camera တို့ကို နှစ်သက်ရာ App နဲ့ ပြောင်းလဲသတ်မှတ်ထားနိုင်မှာဖြစ်တဲ့အတွက် ဖုန်းအသုံးပြုမှုကို ပိုမိုမြန်ဆန်စေမယ့် Feature လေးတစ်ခုဖြစ်နေမှာပါ။
#Take Note While Calling
ဖုန်းခေါ်နေတဲ့ အချိန်တွေမှာ မကြာခဏ Note မှတ်စရာကိစ္စတွေပေါ်လာတတ်မှာပါ။ အဲ့ဒီအတွက် MIUI 8 မှာ ဖုန်းခေါ်နေတဲ့အချိန်မှာ Note ဆိုတဲ့ Icon ပေါ်နေမှာဖြစ်ပြီး အလွယ်တကူ မှတ်စုတွေကို ရေးထားနိုင်မှာဖြစ်ပါတယ်။
#Notification Bar Style
MIUI 8 မှာ Default Notification Bar Style ကိုပြောင်းလဲခဲ့ပြီး ယခင်က Notifications Panel နဲ့ Quick Setting တွေကို တစ်ခုစီ ခွဲခြားထားတဲ့ပုံစံမျိုးမဟုတ်တော့ပဲ ၂ ခုကို ပေါင်းစပ်ထားလိုက်ပြီး တစ်မျိုးဆန်းသစ်ခဲ့ပါတယ်။ ဒါပေမယ့် ယခင် ခွဲထားတဲ့ပုံစံကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်လည်း Setting - Notification & Status Bar မှာ ပြန်လည် သတ်မှတ်ထားနိုင်မှာဖြစ်ပါတယ်။
MIUI 8 မှာ ပါဝင်လာတဲ့ တကယ်အသုံးဝင်တဲ့ Basic Features တွေပါ ခင်ဗျာ။ အခြား ကျန်နေသေးတဲ့ Features တွေကိုတော့ နောက်ထပ် Posts တွေမှာ ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက် Mi Store Yangon Page ကို ဆက်လက်အားပေးဖို့ ဖိတ်ခေါ်ပါရစေ ခင်ဗျာ။
အခြား သိချင်တဲ့ Features တွေကိုလည်း Page ရဲ့ Message Box ပဲဖြစ်ဖြစ်၊ Comments မှပဲဖြစ်ဖြစ် အချိန်မရွေး မေးမြန်းနိုင်ပါတယ် ခင်ဗျာ။

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update
MIUI 8 Font Changer(v2 (Beta))

ဒီ Fontchanger အသုံးပြုနိုင်ဖို့အတွက် Root လိုအပ်ပါတယ် MIUI 8 လဲတင်ပြီး ပြီ Root လဲရပြီဆိုရင် ဒီ App လေးအသုံးပြုလို့ရပါပြီ Zawgyi Font (၂၁) မျိုးနဲ့ Unicode Font (၃) တို့ပါဝင်ဖွဲ့စည်းထားပါတယ်နေရာတိုင်းမြန်မာစာ မှန်စေပါတယ် ဥပမာ Browser , သတင်းစုံ , Sing! Karaoke ect...
ကဲအောက်က Link မှာဒေါင်းလုပ်ကြရအောင် grin emoticon
Changelog : Fixed bold font 
DL @ http://www.mediafire.com/?kbdmf6u1g9of68n

Post by ThanToeAung
#MIUI_FORUM_GOLD_MEMBER

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update

Unfortunately, Gallery has stopped ဆိုတဲ့ပြဿနာဖြေရှင်းနည်း
Android ဖုန်းတွေမှာ Unfortunately,
Gallery has stopped ဆိုတဲ့ error တတ်
ပြီး ကင်မရာပါရိုက်လို့ မရတော့တဲ့ပြဿနာ
ဖြေရှင်းနည်းလေးကိုပြန်လည်ဝေမျှပေးပါရ
စေ။
တော်တော်များများကတော့သိပြီးသားဖြစ်မှာ
ပါ။မသိသေးသူများနဲ့ လက်တလောမှာဒီလိုပြ
ဿနာတတ်ပြီးဒုက္ခရောက်နေသူများအတွက်
ပြန်လည် ဝေမျှပေးရတာဖြစ်ပါတယ်ဗျာ။
Unfortunately, Gallery has stopped
ဆိုတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက်
၁။File Manager ထဲကိုဝင်ပါ။ sd card ထဲ
မှာဖြစ်ဖြစ် phone storage ထဲမှာဖြစ်ဖြစ်
DCIM ဆိုတဲ့ Folder ထဲက Carema ဆိုတဲ့ Folder ထဲမှာ ကိုယ်ရိုက်ထားတဲ့ပုံတွေရှိပါ
လိမ့်မယ်။အဲဒီပုံတွေကို select all ပေးပြီးcut နဲ့ယူပါ။ပြီးရင် DCIM ဆိုတဲ့ Folder ရဲ့
အပြင်ဖက်က အဆင်ပြေရာနေရာတစ်ခုမှာ
New Folder တစ်ခုဖွဲ့ပြီးနေရာချပေးလိုက်ပါ။
ဒါမှမဟုတ် Camera ဆိုတဲ့ Folder တစ်ခု လုံးကို DCIM ဆိုတဲ့ Folder ရဲ့အပြင်ဖက်က
တစ်နေရာရာကိုရွှေ့ပေးလိုက်လို့လဲရပါတယ်။
DCIM ဆိုတဲ့ Folder ထဲမှာ ဖိုင်အလွတ်တွေ
ရှိနေခဲ့ရင်လည်း delete လုပ်ပေးလိုက်ပါ။
၂။ Setting >> Apps (သို့မဟုတ်) Manage
apps >> ALL ထဲမှာ Gallery ကိုရှာပြီးဝင်
လိုက်ပါ။Clear cache ကိုနှိပ်ပါ၊ပြီးရင် Clear
data ကိုနှိပ်ပေးလိုက်ပါ။
၃။ဖုန်းကို Restart ချပေးလိုက်ပါ။
အဲဒါဆိုရင် အဆင်ပြေသွားပါပြီ။ပြန်တက်လာ
ရင် Unfortunately, Gallery has stopped ဆိုတဲ့ error ကိုတွေရတော့မှာ
မဟုတ်ပဲ Camera ကိုကောင်းမွန်စွာနဲ့ပြန်
လည်အသုံးပြုနိုင်ပြီဖြစ်ပါတယ်ဗျာ။
အဆင်ပြေပါစေ
Credit>>Org Upload
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update
ပုံမှန်အားဖြင့် Blogger ဖြင့် ရေးသားထားသော Blog များတွင် ပုံများရဲ့ Storage ကို 15GB ပေးထားပါသည်။ ဒီ Storage ကတော့ Gmail, Google Photos, Blogger နှင့် Google Plus တွင် တင်ထားသော ပုံတွေအတွက် အများဆုံး ဆန့်ဝင်မှုပဲဖြစ်ပါသည်။ဒါကို Storage အကန့်အသတ်မရှိပြောင်းလို့ရပါသည်။ Storage အကန့်အသတ်မရှိရသလို Photo Quality လည်း Hight Quality ရရှိမှာဖြစ်ပါသည်။

သင်ရဲ့ Blogger.com ရဲ့ Gmail ကို Sign in ၀င်ထားပါခင်ဗျာ။

ဒီ Link ကနေသွားပါခင်ဗျာ။

အောက်ပါပုံအတိုင်းမြင်ရတဲ့ High Quality (free Unlimited Storage) ကို ရွေးပေးယုံပါပဲ။


ကဲ ဒါဆိုရင်တော့ သင့်ရဲ့ Google နဲ့ ဆိုင်တဲ့ Storage လေးက Unlimited ဖြစ်သွားပါပြီ။



အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက ***Comment*** ဖြင့် မှာခဲ့နိုင်ပါသည်။
  
အားလုံးကို ကျေးဇူးတင်ပါသည်။

ကိုမြတ် (MICT Garden)
www.mictgarden.com
Facebook မှာ Friend Add ရန်

Facebook မှာ အသစ်အသစ်သော နည်းပညာတွေကို ဖတ်နိုင်ဖို့  ***Like***  လုပ်ထားဖို့ မမေ့နဲ့နော်.....




အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update
Blogger.com ဖြင့် တည်ဆောက်ထားသော Blog များတွင် Wrench Icons များသည် မိမိရဲ့ Blog ကို Professional Blog အဖြစ် မဖြစ်စေဘဲ မလှမပနှင့် အကျည်းတန်လှပေသည်။

ကျွန်တော် အခုရေးပေးမဲ့ အကြောင်းအရာကတော့ သိပြီးသား ဆရာများအတွက် ဘာမှ မဟုတ်ပေမဲ့
မသိသေးတဲ့ လိုအပ်နေသော Blogger များအတွက်ပဲဖြစ်ပါသည်။


ဒါကတော့ ထည့်ထားတဲ့ Gadget တွေတစ်ခုခြင်းစီရဲ့  Wrench Icons တွေပဲဖြစ်ပါသည်။



သူကိုဖယ်ရှားဖို့အတွက် CSS codes ဖြင့် Blog Template ပြင်ခြင်းဖြင့် ရနိုင်ပါသည်။

Blog Template ကိုဝင်ရန် Blogger.com တွင် မိမိရဲ့ Blog gmail ဖြင့်ဝင်ပြီး မိမိ Blog ကို ဖွင့်လိုက်ပါ။ ပြထားသည့် Template ထဲသို့ဝင်လိုက်ပါ။




Template ထဲသို့ ရောက်လျှင် ပြထားသည့် Edit HTML ကိုနှိပ်လိုက်ပါ။



Template Edit လုပ်ရန်အတွက် ပေါ်လာပါမည်။ ထို Template xml codes များထဲတွင် mouse တစ်ချက်နှိပ်ပြီး Ctrl+F ကိုနှိပ်လိုက်ပါ။ Search Box ပေါ်လာပါက </b:skin> ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။ ပုံပါအတိုင်း xml codes များထဲမှ  </b:skin> ကိုတွေ့ရပါမည်။

ထို </b:skin> ၏ အပေါ်တွင် .quickedit{display:none;} ကို ထည့်ပေးရပါမည်။ အောက်တွင်ပြထားသည့်အတိုင်းဖြစ်ပါမည်။ 
ဒါဆိုရင် Save Template ကိုနှိပ်ထွက်လိုက်ပြီး မိမိ Blog ကိုဖွင့်ကြည့်ပါ။ Wrench Icons အားလုံးပျောက်သွားမည့်ဖြစ်ပါသည်။







အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက ***Comment*** ဖြင့် မှာခဲ့နိုင်ပါသည်။
  
အားလုံးကို ကျေးဇူးတင်ပါသည်။

ကိုမြတ် (MICT Garden)
www.mictgarden.com
Facebook မှာ Friend Add ရန်

Facebook မှာ အသစ်အသစ်သော နည်းပညာတွေကို ဖတ်နိုင်ဖို့  ***Like***  လုပ်ထားဖို့ မမေ့နဲ့နော်.....




အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update

ကဲကဲ အားလုံးပဲမင်္ဂလာပါဗျာ
ဒီနေ့တော့ကျွန်တော်ကလိထားတာလေးတင်ပေးလိုက်ပါတယ်
အဲ့ဒါကတော့မိမိတို့ဘလော့အတွက်blogspotဆိုတာကိုဖျောက်ပြီး
မိမိရဲ့ Domain Name လေးထည့်မယ်ဗျာ
မလန့်သွားနဲ့ဦး Free ပါ။ပိုက်ပိုက်မပေးရပါဘူး :D
ပထမဆုံး www.freenom.com
မှာမိမိFacebookအကောင့်နဲ့Sing Up လုပ်လိုက်ပါ
အာ့ဆိုအောက်ကစာမျက်နှာကိုရောက်လာပါလိမ်ပမယ်
Check Availability ဆိုတဲ့နေရာမှာမိမိထားချင်တဲ့လိပ်စာပေါ့

ကျွန်တော်ကတော့WIKIPEDIA MYANMAR ကိုလုပ်မှာဆိုတော့
mmwikipediaလို့ပဲရိုက်ထားတယ်။မိတ်ဆွေတို့ကအဆင်ပြေတာလေးပေါ့နော်
ပြီးရင်Check Availability ကိုနှိပ်လိုက်ပါ။
အောက်ကစာမျက်နှာကိုရောက်လာပါလိမ့်မယ်။
အထက်ပါစာမျက်နှာမှာကျွန်တော်ဝိုင်းပြထားတဲ့နေရာကိုကလစ်လိုက်ပါ။
အောက်ကစာမျက်နှာရောက်လာပါလိမ့်မယ်။
ကျွန်တော်ဝိုင်းပြထားတဲ့နေရာကိုထပ်နှိပ်ပါခင်ဗျ။အောက်ကစာမျက်နှာထပ်ရောက်လာပါလိမ့်မယ်။
ဝိုင်းပြထားတဲ့နေရာမှာ12monthလို့ပြင်ပေးလိုက်ပါခင်ဗျ။ပြီးရင်Continueကိုနှိပ်လိုက်ပါ။
အောက်ပါစာမျက်နှာကိုရောက်သွားပါမယ်။
အဲ့မှာI have read team & conditions ကိုအမှန်ခြစ်ပြီးComplete Order ကိုနှိပ်ပေးလိုက်ပါ။
အောက်ကစာမျက်နှာရောက်သွားပါမယ်။
အထက်ပါစာမျက်နှာကိုရောက်လာရင်တော့ Service ကိုနှိပ်ပြီးMy Domains ကိုရွေးပေးပါ
အောက်ပါစာမျက်နှာကိုရောက်သွားပါမယ်။
အထက်ပါစာမျက်နှာကိုရောက်ရင်တော့ ၀ိုင်းပြထားတဲ့ Mange Domain ကိုနှိပ်လိုက်ပါခင်ဗျ
အောက်ပါစာမျက်နှာကိုရောက်သွားပါမယ်။
အထက်ပါအတိုင်းရောက်ရင်ဝိုင်းပြထားတဲ့ Manage Freenom DNS ကိုကလစ်ပေးပါ။
အဲ့ဒါဆိုအောက်ကစာမျက်နှာရောက်လာပါလိမ့်မယ်။
ကဲကဲ ဒီကောင်ကိုခဏထားခဲ့မယ်နော်ပြီးမှပြန်လာကြည့်မယ်။အခုမိတ်ဆွေတို့ရဲ့
ဘလော့ကိုLog in ၀င်ပြီးသားထင်ပါတယ်။ဒီအထိလုပ်ပြီးပြီဆိုတော့ဝင်ပြီးလောက်ပါပြီ :D
အောက်မှာကြည့်ပါ။မိမိDNS ချိတ်မယ့်ဘလော့ကိုရွေးပါ။ကျွန်တော်ကတော့
WIKIPEDIA MYANMAR ကိုချိတ်မှာဆိုတော့ရွေးလိုက်ပြီ။
အောက်ကစာမျက်နှာကိုသေချာကြည့်ပါ။
ကျွန်တော်ဝိုင်းပြထားသလိုSetting ကိုနှိပ်လိုက်ပါ။အောက်ပါစာမျက်နှာအတိုင်းပေါ်လာပါမယ်။
ကျွန်တော်ဝိုင်းပြထားတဲ့နေရာကိုပဲနှိပ်ပါ။
အထက်ပါစာမျက်နှာကိုရောက်ရင်အပေါ်က၀ိုင်းပြထားတဲ့နေရာမှာစောစောက
ကျွန်တော်တို့လျှောက်လာခဲ့တဲ့Domain ကိုရေးပါ။ပြီးရင်Save လိုက်ပါ။အောက်ပါအတိုင်းError
ပေါ်လာပါလိမ့်မယ်။
ဒီစာမျက်နှာရောက်ပြီဆိုရင်ခဏထားခဲ့မယ်။စောစောကDNS လျှောက်ထားတဲ့နေရာကိုပြန်သွားကြမယ်။
အောက်ကပုံကိုကြည့်ပါ။ဝိုင်းပြထားတဲ့နေရာတွေမှာဖြည့်ရတော့မယ်နော်။
အထက်ပါဝိုင်းပြထားတဲ့နေရာတွေအတွက်Blog မှာ Error တက်တော့ပေါ်လာတဲ့
စာလေးတွေထည့်ရပါမယ်။အောက်က၀ိုင်းပြထားတဲ့နှစ်ခုကိုထည့်မှာပါ။

အဲ့နှစ်ခုကိုအောက်မှာထည့်တာကြည့်ပါ။
အထက်ပါအတိုင်းဖြည့်ပြီးရင်သူ့အောက်လေးပါ။
More Record ကိုနှိပ်ပေးပါ။
နောက်နှစ်ခုထပ်ထည့်ပါမယ်။ခုဏလိုပဲပေါ့။
ခုဏလိုထည့်ပြီးရင်ဝိုင်းပြထားတဲ့နေရာတွေမှာပြထားတဲ့စာဖြစ်အောင်ပြောင်းပေးပါဦး။
ပြီးရင်More Record ကိုထပ်နှိပ်ပါ။ပြီးရင်အောက်ကပုံကိုကြည့်ပါခင်ဗျ။
အထက်ပါအတိုင်းဝိုင်းပြထားတဲ့စာကိုNew Window ခေါ်လိုက်ပါ။
အောက်ပါစာမျက်နှာကိုရောက်သွားပါမယ်။ကြည့်ပါ။
အဲ့မှာဝိုင်းပြထားတာလေးနှိပ်လိုက်ပါအောက်ကအတိုင်းပေါ်လာပါမယ်။
အပေါ်မှာဝိုင်းပြထားတာလေးကစာတွေကိုအောက်မှာထည့်ပြထားသလို
More Record နှိပ်လိုက်ထည့်လိုက်နဲ့လုပ်ပေးသွားပါ။
အပေါ်မှာထည့်ပြထားသလိုထည့်ပါ။လေးခုလုံးထည့်ရမှာနော်။
တော်ကြာပြထားတာနှစ်ခုထဲပြောနေမှာဆိုးလို့။
ပြီးရင် Save Change နှိပ်လိုက်ပါ။
ပြီးရင်တော့အောက်ပါအတိုင်းဘလော့စာမျက်နှာမှာ Save ကိုနှိပ်ပေးလိုက်ပါ။
အောက်ကစာမျက်နှာအတိုင်းပေါ်လာပါမယ်
ပြထားတဲ့ Edit ကိုနှိပ်ပေးပါ။
အောက်ပါအတိုင်းအမှန်ခြစ်ပေးပြီးSave လုပ်လိုက်ပါ။

အားလုံးပြီးသွားပါပြီ
အောက်မှာဘလော့လေးကိုကြည့်လိုက်ပါ ရှယ်ပဲ

အဆင်ပြေကြပါစေဗျာ

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Advertise Here !