January 2018
Software Full Version Download and Tech News Update
 Image result for Mobile Driver


မဂၤလာပါ... မွတ္မိၾကသေလးလားဗ်။
တစ္ႏွစ္ခပ္စြန္းစြန္းေလာက္ ခြဲသြားတဲ႔ သီဟထိုက္ေလ။ ကြ်န္ေတာ္ အခုျပန္လာပါျပီ။ ကြ်န္ေတာ္႔ရိုးရာက
ဘယ္ေလာက္ပဲအခိ်ဴ႕က ပရဟိတ နည္းပညာ Blogger ကေန စီးပြားေရး နည္းပညာ Blogger ေတြျဖစ္ျဖစ္
ကြ်န္ေတာ္ကေတာ႔ မူလလက္ေဟာင္း ေခတ္ေျပာင္းေသာ္ကား ကြ်ဴႏုပ္မေျပာင္း ဆိုသလိုပဲ ကြ်န္ေတာ္က
ေတာ႔အရင္အတိုင္းပါပဲ ။ တစ္ခုေတာ႔ ရွိတယ္ ကြ်န္ေတာ္တင္ေပးတာက မရွိေသးတဲ႔သူေတြ ရွိရဲ႕သားန႔ဲ
လိုတာေလးျဖည့္ဖုိ႔သူေတြဖို႔အတြက္ပါပဲ။တစ္ေယာက္ပဲလား ရတယ္ တစ္ေယာက္ပဲ။ ကိုယ္မလိုရင္ မေျပာနဲ႔
သူမ်ားလိုတာ ျဖည့္သြား ေကာင္းျပီေနာ္။ ခုခိ်န္ ကေနစျပီး သီဟထိုက္ နည္းပညာဆိုဒ္ေတြမွာ ျပန္တင္ပါေတာ႔
မယ္။

လိုရင္း။  ။ Mobile Driver ပါ။ ဘယ္ေလာက္ပဲ နည္းပညာေတြ အသစ္ေတြ ေပၚေနပါေစ။မေျပာင္းလဲပဲ
မူလအတိုင္း ရွိေနရတာက Driver ပါ။စာလံုးက ၆လံုးေပမယ့္ သူလုပ္ေပးတာက ၆မိ်ဳးမကေသာ Program
ကေတာ႔ Driver ရွိမွ အဆင္ေျပတာကိုး။ဒီလိုဗ်ာ  Hardware >> Operation System >>> Application software>>> User အဲ႔လို သြားတယ္ အသြားအျပန္ေတြသြားတယ္ေပါ့ေနာ္။သူတို႔ကို လည္ပတ္ဖို႔ Driver
လိုတယ္။ တစ္ခုနဲ႔တစ္ခုကို ခိ်တ္ဖို႔အတြက္ Driver လိုတယ္။အဲ႔လိုပဲ ဖုန္းနဲ႔ကြန္ျပဴတာနဲ႔ခ်ိတ္ဖို႔အတြက္
ၾကိဳးလိုတယ္။ၾကိဳးနဲ႔ခ်ိတ္လိုက္ရင္ ကြန္ျပဴတာ တန္းမသိဘူး။ၾကိဳးကို ဓါးနဲ႔ခြဲၾကည့္လိုက္ အဲ႔ထဲမွာ ၾကိဴးအေသး
ေလးေတြ အမ်ားၾကီးရွိတယ္။အဲ႔အေသးေလးေတြ က Chargin ဆို Chargin ၾကိဳး(အားသြင္းဖို႔အတြက္)
Data ဆို Data ၾကိဳး (အခ်က္အလက္ေတြ ေပးဖို႔သယ္ယူဖို႔) အဲ႔လိုေလးေတြေလ။အဲ႔လိုအခ်က္အလက္သယ္ဖုိ႔
ကြန္ျပဴတာမွာ ဖုန္းကိုသိဖုိ႔ Software တစ္ခုထည့္ေပးရတယ္ ဖုန္းဘက္ကလည္းလုပ္ေပးရတယ္။ကြန္ျပဴတာ
ကထည့္တာကို Driver software လို႔ေခၚပါတယ္။ေျပာမယ္ Drvier ကလည္း Samsung ဆို Samsung အတြက္ Oppo ဆို Oppo အတြက္ ဒီလိုေတြရွိတယ္။ဒါဆို ကြန္ျပဴတာ အတြင္းထည့္ေပ့းရတဲ႔ Driver ေတြ
အတြက္သိျပီ။ဖုန္းဘက္ကေတာ႔  Software ထည့္ေပးထားရတာမဟုတ္ဘူး။ဖုန္းက ကြန္ျပဴတာက Drvier
Software သိေအာင္ ဖြင့္ေပးရတယ္။ဘာလဲဖြင့္ေပးရတာက Developer Option ေလ။ဟုတ္တယ္ ဒါဆို
ကြန္ျပဴတာန႔ဲဖုန္းနဲ႔ခ်ိတ္ျပီ။ Driver သြင္းနည္းႏွစ္မိ်ဴးရွိတယ္။ Setup file ကိုႏွစ္ခ်က္ႏွိပ္ျပီးသြင္းတာရယ္
Device Managerကေန သြင္းတာရယ္။ကဲေအာက္မွာ တစ္မိ်ဴးေသာနည္းနဲ႔သြင္းရမယ့္ Setup file ေလးေတြပါ။

Mobile Device ေတြေပၚသထက္ေပၚေနတာေၾကာင့္ အပိုင္းခြဲထားတယ္။Part 1 ေအာက္မွာ ေဒါင္းလိုက္။
ေအာက္မွာဘာေတြလည္းအေသးစိတ္မေရးေပးတာနားလည္ေပးပါ။
ကြ်န္ေတာ္ ႔ကို ေက်းဇူးတင္ရင္တစ္ခုပဲလုပ္ေပးပါ။ ကို ဝင္းကမာၻေက်ာ္ site ကို Domain လွဴေပးပါ။





Download Mobile Driver  Part(1)


သီဟထိုက္

သစြာရွင္ Mobile

(မၾကာခင္ Online Training ဒီဆိုဒ္မွာလုပ္ေပးမယ္-မၾကားဘူး ခဏပဲ)



အဆင္ေျပပါေစ..

ေမာင္ေပါက္< Blogger >
www.maungpauk.org


Advertise Here !

Software Full Version Download and Tech News Update

CD/DVD ေတြ Burn ဖို႔အတြက္ Nero ဟာ Burning Software ေတြထဲမွာ လူသံုးအမ်ားဆံုးျဖစ္ပါတယ္.. ခုေနာက္ပိုင္း ဗားရွင္းေတြျမင့္လာေပမယ့္ ကၽြန္ေတာ္ကေတာ့ Nero 9 ကို သံုးတုန္းပါပဲ.. သိပ္လည္း ေထြေထြထူးထူး သံုးစရာမရွိဘူးေလ.. စက္ထဲက Data ေတြကို ေခြကူးမယ္၊ ေခြ ေခြခ်င္းကူးမယ္ ဒီေလာက္ပဲသံုးမယ္ဆိုရင္ေတာ့ Nero 9 ဟာ ေပါ့ပါးၿပီး အဆင္ေျပပါတယ္.. Nero ေတာင္းတဲ့သူရွိလို႔ ကၽြန္ေတာ္သံုးေနတဲ့ Nero 9 Essentials v9.4.12.3 ကိုတင္ေပးလိုက္ပါတယ္.. ဘာမွလုပ္စရာမလိုပါဘူး.. ဒီအတိုင္း Run ၿပီး Install လုပ္ရံုပါပဲ.. အထဲမွာ Serial လည္းတစ္ပါတည္း ျဖည့္ၿပီးသားျဖစ္ပါတယ္.. .Net Frame 3.0 ေတာ့ မရွိရင္ ထည့္ထားရပါမယ္.. အင္တာနက္ခ်ိတ္ထားရင္ေတာ့ အလိုအေလ်ာက္ ထည့္ေပးပါတယ္.. Windows 10 ထိ Support ေပးတာမို႔ အဆင္ေျပမွာပါ..


<CD/DVD တွေ Burn ဖို့အတွက် Nero ဟာ Burning Software တွေထဲမှာ လူသုံးအများဆုံးဖြစ်ပါတယ်.. ခုနောက်ပိုင်း ဗားရှင်းတွေမြင့်လာပေမယ့် ကျွန်တော်ကတော့ Nero 9 ကို သုံးတုန်းပါပဲ.. သိပ်လည်း ထွေထွေထူးထူး သုံးစရာမရှိဘူးလေ.. စက်ထဲက Data တွေကို ခွေကူးမယ်၊ ခွေ ခွေချင်းကူးမယ် ဒီလောက်ပဲသုံးမယ်ဆိုရင်တော့ Nero 9 ဟာ ပေါ့ပါးပြီး အဆင်ပြေပါတယ်.. Nero တောင်းတဲ့သူရှိလို့ ကျွန်တော်သုံးနေတဲ့ Nero 9 Essentials v9.4.12.3 ကိုတင်ပေးလိုက်ပါတယ်.. ဘာမှလုပ်စရာမလိုပါဘူး.. ဒီအတိုင်း Run ပြီး Install လုပ်ရုံပါပဲ.. အထဲမှာ Serial လည်းတစ်ပါတည်း ဖြည့်ပြီးသားဖြစ်ပါတယ်.. .Net Frame 3.0 တော့ မရှိရင် ထည့်ထားရပါမယ်.. အင်တာနက်ချိတ်ထားရင်တော့ အလိုအလျောက် ထည့်ပေးပါတယ်.. Windows 10 ထိ Support ပေးတာမို့ အဆင်ပြေမှာပါ..>
Nero 9 consists of over 20 different tools, from the standard Nero Burning ROM and Nero Express through to Nero WaveEditor and Nero SoundTrax.
While its core skills remain preparing data for copying to disc and archiving, Nero is increasingly beefing up its extras, so you'll even find back-up tools and even online storage being offered with this latest edition.

Nero 9 StartSmart Features
  • Data Burning on CD/DVD
  • Disc Copying
  • Rip & Burn, Create, Edit options are only available in Upgrade. If you only want to burn CD and DVDs,  then Nero 9 Free is best available software tool for you. Even though the Nero 9 specification page only suggests supported operating system as Windows XP, Vista and Windows 7, but it still works flawlessly on Windows 8.1 as well as Windows 10.


အဆင္ေျပပါေစ..

ေမာင္ေပါက္< Blogger >
www.maungpauk.org

Download Nero 9.4.12.3.exe : 54.53 MB
 

Advertise Here !

Software Full Version Download and Tech News Update

၂၀၁၅ ခုႏွစ္၊ ႏိုဝင္ဘာလမွာျဖစ္လုပ္တဲ့ ၅၆ႀကိမ္ေျမာက္ ဘက္ထရီဆိုင္ရာ စာတမ္းဖတ္ပြဲတစ္ခုမွာ ဘက္ထရီအျမန္အားသြင္းနည္းပညာသစ္တစ္ခုကို Huawei ရဲ႕ Watt Lab က နမူနာျပသခဲ့ဖူးပါတယ္..
အဲဒီ နည္းပညာသစ္ကေတာ့ lithium-ion ဘက္ထရီတစ္လံုးကို ၅ မိနစ္အတြင္း ၅၀% ေရာက္ေအာင္ သြင္းႏိုင္တဲ့စနစ္ပါ..
နမူနာဗီြဒီယိုတစ္ခုမွာ 3000mAh ဘက္ထရီတစ္လံုးကိုျဖဳတ္ၿပီး အားသြင္းခြက္နဲ႔ ၅ မိနစ္အားသြင္းျပခဲ့ရာမွာ ၄၈% အားျပည့္ေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္..
မေန႔က Youtube ေပၚမွာတင္လိုက္တဲ့ Huawei ရဲ႕ ေၾကာ္ျငာဗီြဒီယိုတစ္ခုမွာ အဲဒီစနစ္ကို ျမင္ေတြ႕ခဲ့ၾကတာပါ..
ဒီဗီြဒီယိုကိုျမင္ေတြ႔ခဲ့ရၿပီးေနာက္ ေဝဖန္သူေတြက Huawei ဟာ အျမန္အားသြင္းႏိုင္တဲ့ နည္းပညာတစ္ခုကို စပိန္ႏိုင္ငံ၊ ဘာစီလိုနာၿမိဳ႕မွာ ေဖေဖၚဝါရီ ၂၆ ကေန မတ္လ ၁ ရက္ေန႔ထိ က်င္းပမယ့္ ကမၻာ့ မိုဘ Mobile World Congress (MWC) မွာ တရားဝင္ ထုတ္ေဖၚျပသဖြယ္ရွိတယ္လို႔ ခန္႔မွန္းၾကပါတယ္..
အခ်ိန္ ၂ ႏွစ္ၾကာ ျပင္ဆင္တီထြင္မႈေတြလုပ္ၿပီးတဲ့ေနာက္ Huawei ရဲ႕ အျမန္အားသြင္းနည္းပညာဟာ ေတာ္သင့္တဲ့ အဆင္ေျပမႈေတြရွိေနႏိုင္တယ္ဆိုတာကို သံသယျဖစ္ဖြယ္မရွိဘူး လို႔လည္း ေျပၾကပါတယ္..
Huawei ရဲ႕ အျမန္အားသြင္းစနစ္ဟာ physical ပိုင္းေရာ၊ Chemical ပိုင္းမွာပါ lithium-ron အားသိုေလွာင္မႈစနစ္ကို အျမန္ျဖည့္ဆည္းေပးတဲ့ mulecular structure ျဖစ္တယ္လို႔ Huawei က ေျပာပါတယ္..
ဒီလို အျမန္အားသြင္းလိုက္လို႔ ဘက္ထရီသက္တမ္းကို ဘာမွထိခိုက္စရာမရွိဘူးလို႔လည္း Huawei က ရွင္းျပထားပါတယ္..
ဒါေပမယ့္ ျပႆနာတစ္ခုက ကၽြန္ေတာ္တို႔ ဖုန္းထဲကေန တိုက္ရိုက္အျမန္အားသြင္းလို႔ရမွာမဟုတ္ဘဲ သီးျခား Charger တစ္ခုနဲ႔ သြင္းရမွာပါ.. ဘက္ထရီအေသတပ္ဆင္ထားတဲ့ဖုန္းေတြအတြက္ေတာ့ ဒါဟာ အဆင္ေျပမယ့္ နည္းလမ္းမဟုတ္ပါဘူး..
Huwei ဟာ Charger ကို ဒီထက္ေသးေအာင္လုပ္ၿပီး ဖုန္းဘက္ထရီကို ျဖဳတ္စရာမလိုတဲ့ နည္းစနစ္နဲ႔ ပြဲထုတ္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါေၾကာင္း...
<Unicode>
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှာဖြစ်လုပ်တဲ့ ၅၆ကြိမ်မြောက် ဘက်ထရီဆိုင်ရာ စာတမ်းဖတ်ပွဲတစ်ခုမှာ ဘက်ထရီအမြန်အားသွင်းနည်းပညာသစ်တစ်ခုကို Huawei ရဲ့ Watt Lab က နမူနာပြသခဲ့ဖူးပါတယ်..
အဲဒီ နည်းပညာသစ်ကတော့ lithium-ion ဘက်ထရီတစ်လုံးကို ၅ မိနစ်အတွင်း ၅၀% ရောက်အောင် သွင်းနိုင်တဲ့စနစ်ပါ..
နမူနာဗွီဒီယိုတစ်ခုမှာ 3000mAh ဘက်ထရီတစ်လုံးကိုဖြုတ်ပြီး အားသွင်းခွက်နဲ့ ၅ မိနစ်အားသွင်းပြခဲ့ရာမှာ ၄၈% အားပြည့်နေတာကို မြင်တွေ့ခဲ့ရပါတယ်..
မနေ့က Youtube ပေါ်မှာတင်လိုက်တဲ့ Huawei ရဲ့ ကြော်ငြာဗွီဒီယိုတစ်ခုမှာ အဲဒီစနစ်ကို မြင်တွေ့ခဲ့ကြတာပါ..
ဒီဗွီဒီယိုကိုမြင်တွေ့ခဲ့ရပြီးနောက် ဝေဖန်သူတွေက Huawei ဟာ အမြန်အားသွင်းနိုင်တဲ့ နည်းပညာတစ်ခုကို စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ဖေဖေါ်ဝါရီ ၂၆ ကနေ မတ်လ ၁ ရက်နေ့ထိ ကျင်းပမယ့် ကမ္ဘာ့ မိုဘ Mobile World Congress (MWC) မှာ တရားဝင် ထုတ်ဖေါ်ပြသဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်..
အချိန် ၂ နှစ်ကြာ ပြင်ဆင်တီထွင်မှုတွေလုပ်ပြီးတဲ့နောက် Huawei ရဲ့ အမြန်အားသွင်းနည်းပညာဟာ တော်သင့်တဲ့ အဆင်ပြေမှုတွေရှိနေနိုင်တယ်ဆိုတာကို သံသယဖြစ်ဖွယ်မရှိဘူး လို့လည်း ပြေကြပါတယ်..
Huawei ရဲ့ အမြန်အားသွင်းစနစ်ဟာ physical ပိုင်းရော၊ Chemical ပိုင်းမှာပါ lithium-ron အားသိုလှောင်မှုစနစ်ကို အမြန်ဖြည့်ဆည်းပေးတဲ့ mulecular structure ဖြစ်တယ်လို့ Huawei က ပြောပါတယ်..
ဒီလို အမြန်အားသွင်းလိုက်လို့ ဘက်ထရီသက်တမ်းကို ဘာမှထိခိုက်စရာမရှိဘူးလို့လည်း Huawei က ရှင်းပြထားပါတယ်..
ဒါပေမယ့် ပြဿနာတစ်ခုက ကျွန်တော်တို့ ဖုန်းထဲကနေ တိုက်ရိုက်အမြန်အားသွင်းလို့ရမှာမဟုတ်ဘဲ သီးခြား Charger တစ်ခုနဲ့ သွင်းရမှာပါ.. ဘက်ထရီအသေတပ်ဆင်ထားတဲ့ဖုန်းတွေအတွက်တော့ ဒါဟာ အဆင်ပြေမယ့် နည်းလမ်းမဟုတ်ပါဘူး..
Huwei ဟာ Charger ကို ဒီထက်သေးအောင်လုပ်ပြီး ဖုန်းဘက်ထရီကို ဖြုတ်စရာမလိုတဲ့ နည်းစနစ်နဲ့ ပွဲထုတ်လာလိမ့်မယ်လို့ မျှော်လင့်မိပါကြောင်း...

Ref : GizMo

အဆင္ေျပပါေစ..

ေမာင္ေပါက္< Blogger >
www.maungpauk.org



Advertise Here !

Software Full Version Download and Tech News Update

ညစ္ညမ္းပံုေတြကိုေၾကာ္ျငာထည့္ထားတဲ့ ဂိမ္းေပါင္း ၆၀ ကို Play Store ကေန Google ဖ်က္ပစ္လိုက္ပါတယ္..
ကေလးသူငယ္ေတြရဲ႕ အက်င့္စာရိတၱေဖာက္ျပားမႈကို ဦးတည္ေစတဲ့ ညစ္ညမ္းေၾကာ္ျငာေတြကို ၾကားညွပ္ထည့္ထားတဲ့ Game Application ေတြကို Check Point Research လံုၿခံဳေရးအဖြဲ႔က စစ္ေဆးေတြ႔ရွိၿပီးေနာက္ အခုလိုဖ်က္ပစ္လိုက္တာပါ..
ဖ်က္ပစ္လိုက္တဲ့ အခ်ဳိ႕ Game ေတြထဲက Disney Pixar ရဲ႕ character ကိုအေျခခံထားတဲ့ Five Nights Survival Craft နဲ႔ McQueen Car Racing Game လို ဂိမ္းမ်ဳိးဆို Download လုပ္ထားတဲ့ပမာဏ ၁ သန္းေက်ာ္ေနၿပီလို႔ဆိုပါတယ္..
ခုလိုေတြ႔ရွိရတဲ့ App ကို Adult Swine လို႔ အမည္ေပးထားၿပီး အဲဒီ app ေတြဟာ ညစ္ညမ္းရုပ္ပံုေတြပါတဲ့ ေၾကာ္ျငာေတြကို ထပ္ခါထပ္ခါေဖၚျပတယ္၊ ၿပီးေတာ့ လံုၿခံဳေရး ေဆာ့ဖ္ဝဲအတုကို Install လုပ္ခိုင္းတယ္.. ၿပီးရင္ User ေတြကို Premium Service ေတြမွာ Sing up လုပ္ခိုင္းၿပီး အသံုးျပဳသူေတြဆီက အခေၾကးေငြ ေတာင္းခံတယ္ လို႔ Chech Point အဖြဲ႔က ေျပာပါတယ္..


Google ရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက " ကၽြန္ေတာ္တို႔ ဒီ Application ေတြကို Play Store ကေန ဖ်က္ပစ္လိုက္ပါၿပီ.. ၿပီးရင္ အဲဒီ App ေတြကိုတင္တဲ့ Developer Account ေတြကိုလည္း အၿပီးဖ်က္ပစ္လိုက္ပါတယ္.. ေနာက္ပိုင္းမွာ လူတိုင္းလူတိုင္း App ေတြကို Install လုပ္ေတာ့မယ္ဆိုရင္ ခုထက္ပိုၿပီး လံုၿခံဳေရးသတိေပးခ်က္ေတြကို ထုတ္ျပန္ေပးသြားမွာပါ..
User ေတြရဲ႕ လံုၿခံဳေရးနဲ႔ပတ္သက္ၿပီး အကူအညီအမ်ားႀကီးေပးတဲ့ Check Point အဖြဲ႔ရဲ႕ ေဆာင္ရြက္ခ်က္ေတြကိုလည္း ေက်းဇူးတင္ပါတယ္ " လို႔ ေျပာခဲ့ပါတယ္..
ဒီလို Melicious Code ေတြပါတဲ့ App ကို ကိုယ့္ဖုန္းမွာ Install လုပ္မိၿပီဆိုရင္ အျမန္ဆံုး Uninstall လုပ္ပစ္ဖို႔လိုအပ္မွာျဖစ္ၿပီး Google Play Store ရဲ႕ အဲဒီ App ေအာက္မွာ " ဒီ App မွာ ညစ္ညမ္းပံုေတြပါတယ္၊ ကေလးေတြရဲ႕ ဖုန္းမွာ ဒီ App သြင္းထားလား စစ္ၿပီး ခ်က္ခ်င္းဖ်က္ပစ္ပါ" စတဲ့ သတိေပးမွတ္ခ်က္ေတြကို ေရးသားေပးပါ လို႔လည္း အႀကံျပဳထားပါတယ္..
အခ်ဳိ႕ App ေတြက " သင့္ဖုန္းမွာ ဗိုင္းရပ္စ္ ဝင္ေနၿပီ.. ေအာက္ကလင့္ကိုႏွိပ္ၿပီး လံုၿခံဳေရး Software ကို Install လုပ္ၿပီး ရွင္းပစ္ပါ " စတဲ့ Virus Cleaner အတုေတြကို Install လုပ္ဖို႔ ျမွဴဆြယ္တတ္ပါတယ္၊ အခ်ဳိ႕က ကံစမ္းမဲေပါက္တဲ့အတြက္ သင့္ဖုန္းနံပတ္ကိုျဖည့္ပါ ဆိုၿပီး ျမွဴဆြယ္တတ္ပါတယ္.. ဒါေတြျမင္ေနရၿပီဆိုရင္ Melicious Code ေတြပါဝင္တဲ့ App တစ္ခုခု Install လုပ္ထားမိၿပီဆိုတာ သတိထားၿပီး အျမန္ဆံုး ဖ်က္ပစ္ဖို႔လိုပါမယ္...
<Unicode>
ညစ်ညမ်းပုံတွေကိုကြော်ငြာထည့်ထားတဲ့ ဂိမ်းပေါင်း ၆၀ ကို Play Store ကနေ Google ဖျက်ပစ်လိုက်ပါတယ်..
ကလေးသူငယ်တွေရဲ့ အကျင့်စာရိတ္တဖောက်ပြားမှုကို ဦးတည်စေတဲ့ ညစ်ညမ်းကြော်ငြာတွေကို ကြားညှပ်ထည့်ထားတဲ့ Game Application တွေကို Check Point Research လုံခြုံရေးအဖွဲ့က စစ်ဆေးတွေ့ရှိပြီးနောက် အခုလိုဖျက်ပစ်လိုက်တာပါ..
ဖျက်ပစ်လိုက်တဲ့ အချို့ Game တွေထဲက Disney Pixar ရဲ့ character ကိုအခြေခံထားတဲ့ Five Nights Survival Craft နဲ့ McQueen Car Racing Game လို ဂိမ်းမျိုးဆို Download လုပ်ထားတဲ့ပမာဏ ၁ သန်းကျော်နေပြီလို့ဆိုပါတယ်..
ခုလိုတွေ့ရှိရတဲ့ App ကို Adult Swine လို့ အမည်ပေးထားပြီး အဲဒီ app တွေဟာ ညစ်ညမ်းရုပ်ပုံတွေပါတဲ့ ကြော်ငြာတွေကို ထပ်ခါထပ်ခါဖေါ်ပြတယ်၊ ပြီးတော့ လုံခြံုရေး ဆော့ဖ်ဝဲအတုကို Install လုပ်ခိုင်းတယ်.. ပြီးရင် User တွေကို Premium Service တွေမှာ Sing up လုပ်ခိုင်းပြီး အသုံးပြုသူတွေဆီက အခကြေးငွေ တောင်းခံတယ် လို့ Chech Point အဖွဲ့က ပြောပါတယ်..
Google ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက " ကျွန်တော်တို့ ဒီ Application တွေကို Play Store ကနေ ဖျက်ပစ်လိုက်ပါပြီ.. ပြီးရင် အဲဒီ App တွေကိုတင်တဲ့ Developer Account တွေကိုလည်း အပြီးဖျက်ပစ်လိုက်ပါတယ်.. နောက်ပိုင်းမှာ လူတိုင်းလူတိုင်း App တွေကို Install လုပ်တော့မယ်ဆိုရင် ခုထက်ပိုပြီး လုံခြံုရေးသတိပေးချက်တွေကို ထုတ်ပြန်ပေးသွားမှာပါ..
User တွေရဲ့ လုံခြံုရေးနဲ့ပတ်သက်ပြီး အကူအညီအများကြီးပေးတဲ့ Check Point အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကိုလည်း ကျေးဇူးတင်ပါတယ် " လို့ ပြောခဲ့ပါတယ်..
ဒီလို Melicious Code တွေပါတဲ့ App ကို ကိုယ့်ဖုန်းမှာ Install လုပ်မိပြီဆိုရင် အမြန်ဆုံး Uninstall လုပ်ပစ်ဖို့လိုအပ်မှာဖြစ်ပြီး Google Play Store ရဲ့ အဲဒီ App အောက်မှာ " ဒီ App မှာ ညစ်ညမ်းပုံတွေပါတယ်၊ ကလေးတွေရဲ့ ဖုန်းမှာ ဒီ App သွင်းထားလား စစ်ပြီး ချက်ချင်းဖျက်ပစ်ပါ" စတဲ့ သတိပေးမှတ်ချက်တွေကို ရေးသားပေးပါ လို့လည်း အကြံပြုထားပါတယ်..
အချို့ App တွေက " သင့်ဖုန်းမှာ ဗိုင်းရပ်စ် ဝင်နေပြီ.. အောက်ကလင့်ကိုနှိပ်ပြီး လုံခြံုရေး Software ကို Install လုပ်ပြီး ရှင်းပစ်ပါ " စတဲ့ Virus Cleaner အတုတွေကို Install လုပ်ဖို့ မြှူဆွယ်တတ်ပါတယ်၊ အချို့က ကံစမ်းမဲပေါက်တဲ့အတွက် သင့်ဖုန်းနံပတ်ကိုဖြည့်ပါ ဆိုပြီး မြှူဆွယ်တတ်ပါတယ်.. ဒါတွေမြင်နေရပြီဆိုရင် Melicious Code တွေပါဝင်တဲ့ App တစ်ခုခု Install လုပ်ထားမိပြီဆိုတာ သတိထားပြီး အမြန်ဆုံး ဖျက်ပစ်ဖို့လိုပါမယ်...

အဆင္ေျပပါေစ..

ေမာင္ေပါက္< Blogger >
www.maungpauk.org


Advertise Here !

Software Full Version Download and Tech News Update

Sony ဟာ ႏွစ္စဥ္ CES ကို TV အမ်ဳိးအစားအသစ္ေတြနဲ႔ ပြဲထြက္မိတ္ဆက္ေလ့ရွိေပမယ့္ ဒီႏွစ္ CES 2018 မွာေတာ့ထူးထူးျခားျခား နည္းပညာေတြထုတ္ေဖၚျပသျခင္းမရွိပါဘူး..
၂၀၁၇ တုန္းက A1 TV ကို အဆင့္ျမင့္ OLED နဲ႔တြဲဖက္ၿပီး ထုတ္လုပ္ခဲ့တယ္.. ဒီႏွစ္ေတာ့ Bravia A8 Series TV ကို 4K OLED နည္ပညာနဲ႔ ပြဲထုတ္လာခဲ့ပါတယ္..
ဂ်ပန္နည္းပညာ ဂုရုႀကီးဟာ ဒီ OLED နည္းပညာကို TV ေတြမွာသာမက Smartphone ေတြမွာပါ ထုတ္လုပ္ေတာ့မယ္လို႔ သတင္းထြက္ေပၚလာၿပီးေနာက္ နည္းပညာေလာကမွာ Smartphone ေတြၾကား OLED ေတြအသံုးျပဳမႈတြင္က်ယ္လာေတာ့မလား ဆိုၿပီး လႈပ္လႈပ္ရွားရွားျဖစ္ကုန္ပါတယ္..
ကုန္ခဲ့တဲ့ႏွစ္က Sony ဟာ Xperia XZ Premium ကို ကမၻာ့ပထမဆံုး 4K HDR သံုးၿပီးထုတ္လုပ္မယ္လို႔ ေက်ညာခဲ့ေပမယ့္ တကယ္ထြက္လာတဲ့အခါက်ေတာ့ LCD နည္းပညာကိုပဲ အသံုးျပဳခဲ့ပါတယ္.. နည္းပညာသေဘာအရ LCD နဲ႔ OLED ေတြရဲ႕ စြမ္းေဆာင္ရည္ေတြဟာ သိသိသာသာကြာျခားပါတယ္..  Sony ရဲ႕ ပရိတ္သတ္ေတြအေနနဲ႔ 4K OLED နည္းပညာအသံုးျပဳထားတဲ့ Smatphone ေတြထြက္ေပၚလာေလမလားဆိုၿပီး ေမွ်ာ္လင့္ေနစဥ္မွာပဲ Sony Display Engineer ေတြရဲ႕ လုပ္ငန္းစဥ္နဲ႔ပတ္သက္တဲ့ သတင္းအခ်ဳိ႕မွာ 4K OLED နည္းပညာအေၾကာင္း ေဖၚျပခဲ့ၾကပါတယ္..
Display Engineer ေတြရဲ႕ အလုပ္ေခၚစာမွာ စမတ္ဖုန္းထုတ္လုပ္ေရးအတြက္ OLED လုပ္ငန္းမွာလုပ္ကိုင္ဖို႔ အလုပ္ေခၚစာကိုေတြ႔ရွိရၿပီးေနာက္ 4K OLED ကို Sony Smartphone ေတြမွာ အသံုးျပဳေတာ့မယ္ဆိုတာ ေသခ်ာသေလာက္ျဖစ္ေနပါတယ္..

 သို႔ေသာ္လည္း ၂၀၁၇ ႏိုဝင္ဘာလမွာ ေခၚခဲ့တဲ့ အလုပ္ေခၚစာဟာ ၂၀၁၈ ဇန္နဝါရီလ ၁၂ ရက္ေန႔မွာ ျပန္ျပင္ေရးသားခဲ့တာကိုၾကည့္ရင္ 4K OLED နဲ႔ပတ္သက္ၿပီး Sony မွာ အခက္အခဲအခ်ဳိ႕ ျဖစ္ေနပံုရပါတယ္..
အျခားဘက္မွာ နည္းပညာဆရာႀကီးေတြျဖစ္တဲ့ LG, Moto, Google ေတြကလည္း 4K Screen Smartphone အတြက္ ပူးေပါင္းေဆာင္ရြက္ေနတယ္လို႔ သတင္းထြက္ေပၚေနပါတယ္..
ဒီေတာ့ Sony ဟာ အျခား ျပိဳင္ဘက္ေတြကို အလဲထိုးၿပီး 4K OLED နည္းပညာကို အသံုးျပဳထားတဲ့ Smartphone ေတြနဲ႔ ေစ်းကြက္ေဝစုကို ပိုမိုရရွိဖို႔ ျမန္ျမန္ဆန္ဆန္ ႀကိဳးစားေနႏိုင္ပါတယ္..
ဒီေတာ့ Sony ရဲ႕ အသစ္ထြက္လာမယ့္ Smartphone Model အသစ္ေတြမွာ 4K OLED ကို အသံုးျပဳလာႏိုင္မလား၊ ဘယ္သူေတြကပဲ ကမၻာ့ပထမဆံုး 4K OLED နည္းပညာသံုး Smartphone ကို ထုတ္လုပ္လာႏိုင္မလဲဆိုတာေတာ့ ေစာင့္ၾကည့္ရအံုးမွာေပါ့..
<Unicode>
Sony ဟာ နှစ်စဉ် CES ကို TV အမျိုးအစားအသစ်တွေနဲ့ ပွဲထွက်မိတ်ဆက်လေ့ရှိပေမယ့် ဒီနှစ် CES 2018 မှာတော့ထူးထူးခြားခြား နည်းပညာတွေထုတ်ဖေါ်ပြသခြင်းမရှိပါဘူး..
၂၀၁၇ တုန်းက A1 TV ကို အဆင့်မြင့် OLED နဲ့တွဲဖက်ပြီး ထုတ်လုပ်ခဲ့တယ်.. ဒီနှစ်တော့ Bravia A8 Series TV ကို 4K OLED နည်ပညာနဲ့ ပွဲထုတ်လာခဲ့ပါတယ်..
ဂျပန်နည်းပညာ ဂုရုကြီးဟာ ဒီ OLED နည်းပညာကို TV တွေမှာသာမက Smartphone တွေမှာပါ ထုတ်လုပ်တော့မယ်လို့ သတင်းထွက်ပေါ်လာပြီးနောက် နည်းပညာလောကမှာ Smartphone တွေကြား OLED တွေအသုံးပြုမှုတွင်ကျယ်လာတော့မလား ဆိုပြီး လှုပ်လှုပ်ရှားရှားဖြစ်ကုန်ပါတယ်..
ကုန်ခဲ့တဲ့နှစ်က Sony ဟာ Xperia XZ Premium ကို ကမ္ဘာ့ပထမဆုံး 4K HDR သုံးပြီးထုတ်လုပ်မယ်လို့ ကျေညာခဲ့ပေမယ့် တကယ်ထွက်လာတဲ့အခါကျတော့ LCD နည်းပညာကိုပဲ အသုံးပြုခဲ့ပါတယ်.. နည်းပညာသဘောအရ LCD နဲ့ OLED တွေရဲ့ စွမ်းဆောင်ရည်တွေဟာ သိသိသာသာကွာခြားပါတယ်..  Sony ရဲ့ ပရိတ်သတ်တွေအနေနဲ့ 4K OLED နည်းပညာအသုံးပြုထားတဲ့ Smatphone တွေထွက်ပေါ်လာလေမလားဆိုပြီး မျှော်လင့်နေစဉ်မှာပဲ Sony Display Engineer တွေရဲ့ လုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့ သတင်းအချို့မှာ 4K OLED နည်းပညာအကြောင်း ဖေါ်ပြခဲ့ကြပါတယ်..
Display Engineer တွေရဲ့ အလုပ်ခေါ်စာမှာ စမတ်ဖုန်းထုတ်လုပ်ရေးအတွက် OLED လုပ်ငန်းမှာလုပ်ကိုင်ဖို့ အလုပ်ခေါ်စာကိုတွေ့ရှိရပြီးနောက် 4K OLED ကို Sony Smartphone တွေမှာ အသုံးပြုတော့မယ်ဆိုတာ သေချာသလောက်ဖြစ်နေပါတယ်..
 သို့သော်လည်း ၂၀၁၇ နိုဝင်ဘာလမှာ ခေါ်ခဲ့တဲ့ အလုပ်ခေါ်စာဟာ ၂၀၁၈ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ပြန်ပြင်ရေးသားခဲ့တာကိုကြည့်ရင် 4K OLED နဲ့ပတ်သက်ပြီး Sony မှာ အခက်အခဲအချို့ ဖြစ်နေပုံရပါတယ်..
အခြားဘက်မှာ နည်းပညာဆရာကြီးတွေဖြစ်တဲ့ LG, Moto, Google တွေကလည်း 4K Screen Smartphone အတွက် ပူးပေါင်းဆောင်ရွက်နေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်..
ဒီတော့ Sony ဟာ အခြား ပြိုင်ဘက်တွေကို အလဲထိုးပြီး 4K OLED နည်းပညာကို အသုံးပြုထားတဲ့ Smartphone တွေနဲ့ စျေးကွက်ဝေစုကို ပိုမိုရရှိဖို့ မြန်မြန်ဆန်ဆန် ကြိုးစားနေနိုင်ပါတယ်..
ဒီတော့ Sony ရဲ့ အသစ်ထွက်လာမယ့် Smartphone Model အသစ်တွေမှာ 4K OLED ကို အသုံးပြုလာနိုင်မလား၊ ဘယ်သူတွေကပဲ ကမ္ဘာ့ပထမဆုံး 4K OLED နည်းပညာသုံး Smartphone ကို ထုတ်လုပ်လာနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရအုံးမှာပေါ့..

အဆင္ေျပပါေစ..

ေမာင္ေပါက္< Blogger >
www.maungpauk.org


Advertise Here !

Software Full Version Download and Tech News Update

တရုတ္စမတ္ဖုန္းကုမၸဏီ Huawei နဲ ့ZTE တို ့ဟာ အေမရိကန္ေစ်းကြက္မွာ ခက္ခဲတဲ့ အေျခအေနေတြနဲ့ရင္ဆိုင္ေနရခ်ိန္မွာ အေမရိကန္ကြန္ဂရက္လႊတ္ေတာ္ဟာ ဒီတရုတ္နည္းပညာကုမၸဏီႏွစ္ခုရဲ့ ထုတ္ကုန္ေတြကို အစိုးရရံုးေတြမွာ မသံုးဖို ့ဥပေဒမူၾကမ္းတစ္ခု အဆိုျပဳလိုက္ျပီ ျဖစ္ပါတယ္။
အေမရိကန္အစိုးရ ဆက္သြယ္ေရးကာကြယ္ဟန္ ့တားမႈ အက္ဥပေဒအမွတ္ H.R.4747 ဆိုတဲ့ ဒီမူၾကမ္းမွာေတာ့ Huawei နဲ ့ZTE တို ့လို ျပင္ပဆက္သြယ္ေရးကုမၸဏီမ်ားဟာ အစိုးရေပၚလႊမ္းမိုးဖို့အေၾကာင္းရိွတယ္ဆိုျပီး ေထာက္လွမ္းမွတ္တမ္းေတြမွာ ေဖာ္ျပထားတယ္လို့ဆိုပါတယ္။ ဒါဟာ အေမရိကန္ႏိုင္ငံ့လံုျခံဳေရးဆိုင္ရာ စိုးရိမ္ခ်က္တစ္ခုျဖစ္ျပီး အင္အားၾကီးသထက္ ၾကီးလာေနတဲ့ တရုတ္နည္းပညာကုမၸဏီေတြရဲ့ စိမ့္ဝင္မႈေပၚ တုန္ ့ျပန္ခ်က္လည္း ျဖစ္ပါတယ္။ ယခုမူၾကမ္းမွာေတာ့ ၂၀၁၁ ခုႏွစ္က အေမရိကန္အစိုးရ တရုတ္ေကာ္မရွင္အဖဲြ ့ရဲ့ အစီရင္ခံစာတစ္ေစာင္ကို ကိုးကားေဖာ္ျပထားတာျဖစ္ျပီး ထုိစဥ္က Huawei နဲ ့တစ္ျခား ကုမၸဏီမ်ားဟာ တရုတ္အစိုးရရဲ့ ၾသဇာသက္ဝင္ေနတဲ့ လုပ္ငန္းစုေတြ ျဖစ္တယ္လို ့စြပ္စဲြထားခဲ့တာပါ။
၂၀၁၃ ခုႏွစ္က CIA နဲ ့NSA အၾကီးအကဲ ျဖစ္သူ ဗိုလ္ခ်ဳပ္မိုက္ကယ္ေဟဒင္ရဲ့ ထုတ္ျပန္ခ်က္တစ္ေစာင္မွာေတာ့ တယ္လီကြန္းကုမၸဏီေတြဟာ တရုတ္အစိုးရအဖဲြ ့ထံ အေရးပါတဲ့ သတင္းအခ်က္အလက္ေတြ ျပန္လည္ မွ်ေဝတာ ရိွတယ္လို ့ေဖာ္ျပထားပါတယ္။ ၂၀၁၅ခုႏွစ္က FBI ရီပို့တစ္ခုမွာလည္း တရုတ္အစုိးရဟာ Huawei ရဲ့ နည္းပညာမ်ားကေနတစ္ဆင့္ အေမရိကန္စီးပြားေရး ဆက္သြယ္မႈမ်ားရယူႏိုင္တယ္လို ့ဆိုပါတယ္။ ျပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ကလည္း တရုတ္နည္းပညာလုပ္ငန္းစုၾကီးျဖစ္တဲ့ ZTE Corporation ဟာ အေမရိကန္မွ တားျမစ္ထားတဲ့ အီရင္ႏိုင္ငံသို ့နည္းပညာထုတ္ကုန္မ်ား တိတ္တဆိတ္ေရာင္းခ်မႈေၾကာင့္ ေဒၚလာ သန္း ၉၀၀ ခန္ ့ ဒဏ္ေငြေပးေဆာင္ဖို ့အေမရိကန္အာဏာပိုင္မ်ားမွ အမိန္ ့ခ်ခဲ့ပါတယ္။ ထုိစဥ္က ZTE ဟာ အီရန္ႏိုင္ငံနဲ ့ ဆယ္ႏွစ္ေက်ာ္ၾကာ အေရာင္းအဝယ္လုပ္ခဲ့တယ္လို ့ဆိုပါတယ္။Huawei ကေတာ့ ယခုႏွစ္ထဲမွာ အေမရိကန္ေစ်းကြက္ထဲ စမတ္ဖုန္းမ်ား ေရာင္းခ်ႏိုင္ဖို ့AT&T နဲ့ညိွခဲ့ေပမယ့္ ေနာက္ဆံုးမွာ အျငင္းပယ္ခံခဲ့ရတာပါ။ Huawei အေနနဲ ့ျပီးခဲ့တဲ့ CES2013 နည္းပညာျပပဲြကတည္းက အေမရိကန္ေစ်းကြက္ထဲ ဝင္ဖို ့ၾကိဳးပမ္းခဲ့တာလည္း ျဖစ္ပါတယ္။

<Unicode>
တရုတ်စမတ်ဖုန်းကုမ္ပဏီ Huawei နဲ ့ZTE တို ့ဟာ အမေရိကန်စျေးကွက်မှာ ခက်ခဲတဲ့ အခြေအနေတွေနဲ့ရင်ဆိုင်နေရချိန်မှာ အမေရိကန်ကွန်ဂရက်လွှတ်တော်ဟာ ဒီတရုတ်နည်းပညာကုမ္ပဏီနှစ်ခုရဲ့ ထုတ်ကုန်တွေကို အစိုးရရုံးတွေမှာ မသုံးဖို ့ဥပဒေမူကြမ်းတစ်ခု အဆိုပြုလိုက်ပြီ ဖြစ်ပါတယ်။
အမေရိကန်အစိုးရ ဆက်သွယ်ရေးကာကွယ်ဟန် ့တားမှု အက်ဥပဒေအမှတ် H.R.4747 ဆိုတဲ့ ဒီမူကြမ်းမှာတော့ Huawei နဲ ့ZTE တို ့လို ပြင်ပဆက်သွယ်ရေးကုမ္ပဏီများဟာ အစိုးရပေါ်လွှမ်းမိုးဖို့အကြောင်းရှိတယ်ဆိုပြီး ထောက်လှမ်းမှတ်တမ်းတွေမှာ ဖော်ပြထားတယ်လို့ဆိုပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံ့လုံခြုံရေးဆိုင်ရာ စိုးရိမ်ချက်တစ်ခုဖြစ်ပြီး အင်အားကြီးသထက် ကြီးလာနေတဲ့ တရုတ်နည်းပညာကုမ္ပဏီတွေရဲ့ စိမ့်ဝင်မှုပေါ် တုန် ့ပြန်ချက်လည်း ဖြစ်ပါတယ်။ ယခုမူကြမ်းမှာတော့ ၂၀၁၁ ခုနှစ်က အမေရိကန်အစိုးရ တရုတ်ကော်မရှင်အဖွဲ ့ရဲ့ အစီရင်ခံစာတစ်စောင်ကို ကိုးကားဖော်ပြထားတာဖြစ်ပြီး ထိုစဉ်က Huawei နဲ ့တစ်ခြား ကုမ္ပဏီများဟာ တရုတ်အစိုးရရဲ့ သြဇာသက်ဝင်နေတဲ့ လုပ်ငန်းစုတွေ ဖြစ်တယ်လို ့စွပ်စွဲထားခဲ့တာပါ။
၂၀၁၃ ခုနှစ်က CIA နဲ ့NSA အကြီးအကဲ ဖြစ်သူ ဗိုလ်ချုပ်မိုက်ကယ်ဟေဒင်ရဲ့ ထုတ်ပြန်ချက်တစ်စောင်မှာတော့ တယ်လီကွန်းကုမ္ပဏီတွေဟာ တရုတ်အစိုးရအဖွဲ ့ထံ အရေးပါတဲ့ သတင်းအချက်အလက်တွေ ပြန်လည် မျှဝေတာ ရှိတယ်လို ့ဖော်ပြထားပါတယ်။ ၂၀၁၅ခုနှစ်က FBI ရီပို့တစ်ခုမှာလည်း တရုတ်အစိုးရဟာ Huawei ရဲ့ နည်းပညာများကနေတစ်ဆင့် အမေရိကန်စီးပွားရေး ဆက်သွယ်မှုများရယူနိုင်တယ်လို ့ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကလည်း တရုတ်နည်းပညာလုပ်ငန်းစုကြီးဖြစ်တဲ့ ZTE Corporation ဟာ အမေရိကန်မှ တားမြစ်ထားတဲ့ အီရင်နိုင်ငံသို ့နည်းပညာထုတ်ကုန်များ တိတ်တဆိတ်ရောင်းချမှုကြောင့် ဒေါ်လာ သန်း ၉၀၀ ခန် ့ ဒဏ်ငွေပေးဆောင်ဖို ့အမေရိကန်အာဏာပိုင်များမှ အမိန် ့ချခဲ့ပါတယ်။ ထိုစဉ်က ZTE ဟာ အီရန်နိုင်ငံနဲ ့ ဆယ်နှစ်ကျော်ကြာ အရောင်းအဝယ်လုပ်ခဲ့တယ်လို ့ဆိုပါတယ်။Huawei ကတော့ ယခုနှစ်ထဲမှာ အမေရိကန်စျေးကွက်ထဲ စမတ်ဖုန်းများ ရောင်းချနိုင်ဖို ့AT&T နဲ့ညှိခဲ့ပေမယ့် နောက်ဆုံးမှာ အငြင်းပယ်ခံခဲ့ရတာပါ။ Huawei အနေနဲ ့ပြီးခဲ့တဲ့ CES2013 နည်းပညာပြပွဲကတည်းက အမေရိကန်စျေးကွက်ထဲ ဝင်ဖို ့ကြိုးပမ်းခဲ့တာလည်း ဖြစ်ပါတယ်။

Credit : Duwun Tech

အဆင္ေျပပါေစ..

ေမာင္ေပါက္< Blogger >
www.maungpauk.org


Advertise Here !

Software Full Version Download and Tech News Update

ႏွစ္စဥ္ႏွစ္တိုင္း CES မွာ ကုမၸဏီအသီးသီးက ထုတ္လုပ္တဲ့ Laptop, TV, စက္ရုပ္၊ အေသးစား ကိရိယာဆန္းဆန္းျပားျပားေတြနဲ႔  နည္းပညာအသစ္အဆန္းေတြကို ထုတ္ေဖၚျပသေလ့ရွိၾကပါတယ္.. ဒီႏွစ္ CES မွာ SanDisk က 1TB (1000GB) ထိ သိမ္းဆည္းႏိုင္မယ့္ Flash Drive တစ္ခုကို ထုတ္ေဖၚျပသလိုက္ပါတယ္..
Flash Drive ဆိုတာ တကယ့္ကိုငယ္ရြယ္ၿပီး Data သိုေလွာင္မႈ ပမာဏ သိပ္မ်ားမ်ား ထုတ္ေလ့မရွိၾကပါဘူး.. 2TB ပမာဏ သိမ္းဆည္းႏိုင္တဲ့ Kingston’s DataTraveler Ultimate GT ကို Kingston က 2017 မွာထထုတ္လုပ္ခဲ့တယ္ဆိုေပမယ့္ အခု ထုတ္လုပ္လိုက္တဲ့ SanDisk ရဲ႕ 1TB Flash Drive လို ေသးေသးေလးမဟုတ္ပါဘူး.. အရြယ္အစား ပိုႀကီးၿပီး USB ကလည္း 3.0 သာရွိပါတယ္..
SanDisk က ထုတ္လုပ္လိုက္တဲ့ 1TB USB-C Flash Drive ကေတာ့ သိမ္းဆည္းႏိုင္တဲ့ ပမာဏမ်ားသလို ျမန္ဆန္တဲ့ Data ေတြကို Transfer လုပ္ႏိုင္ဖို႔ ေနာက္ဆံုးေပၚ USB Type C ကို သံုးထားပါတယ္.. USB Type C အေထာက္အပံ့ေပးတဲ့ Smartphone ေတြ၊ Tablet ေတြ၊ TV ေတြနဲ႔ တြဲဖက္သံုးစြဲႏိုင္မွာပါ..



CES ရဲ႕ ပထမဆံုးေန႔မွာ ထုတ္ေဖၚျပသလိုက္တဲ့ SanDisk ရဲ႕ 1TB USB-C Flash Drive ဟာ စိတ္ဝင္စားမႈ ျမင့္တက္ခဲ့သလို ကမၻာ့ အေသးဆံုး 1TB USB-C Flash Drive လည္း ျဖစ္လာဖြယ္ရွိပါတယ္... ခန္႔မွန္းတန္ဖိုး ေဒၚလာ 350 ေလာက္ရွိမယ့္ ဒီ 1TB USB-C Flash Drive ေလးဟာ ေစ်းကြက္ထဲကို ေရာက္ဖို႔ေတာ့ နည္းနည္း ေနာက္က်ႏိုင္တယ္လို႔ ခန္႔မွန္းၾကပါတယ္..

<Unicode>
နှစ်စဉ်နှစ်တိုင်း CES မှာ ကုမ္ပဏီအသီးသီးက ထုတ်လုပ်တဲ့ Laptop, TV, စက်ရုပ်၊ အသေးစား ကိရိယာဆန်းဆန်းပြားပြားတွေနဲ့  နည်းပညာအသစ်အဆန်းတွေကို ထုတ်ဖေါ်ပြသလေ့ရှိကြပါတယ်.. ဒီနှစ် CES မှာ SanDisk က 1TB (1000GB) ထိ သိမ်းဆည်းနိုင်မယ့် Flash Drive တစ်ခုကို ထုတ်ဖေါ်ပြသလိုက်ပါတယ်..
Flash Drive ဆိုတာ တကယ့်ကိုငယ်ရွယ်ပြီး Data သိုလှောင်မှု ပမာဏ သိပ်များများ ထုတ်လေ့မရှိကြပါဘူး.. 2TB ပမာဏ သိမ်းဆည်းနိုင်တဲ့ Kingston’s DataTraveler Ultimate GT ကို Kingston က 2017 မှာထထုတ်လုပ်ခဲ့တယ်ဆိုပေမယ့် အခု ထုတ်လုပ်လိုက်တဲ့ SanDisk ရဲ့ 1TB Flash Drive လို သေးသေးလေးမဟုတ်ပါဘူး.. အရွယ်အစား ပိုကြီးပြီး USB ကလည်း 3.0 သာရှိပါတယ်..
SanDisk က ထုတ်လုပ်လိုက်တဲ့ 1TB USB-C Flash Drive ကတော့ သိမ်းဆည်းနိုင်တဲ့ ပမာဏများသလို မြန်ဆန်တဲ့ Data တွေကို Transfer လုပ်နိုင်ဖို့ နောက်ဆုံးပေါ် USB Type C ကို သုံးထားပါတယ်.. USB Type C အထောက်အပံ့ပေးတဲ့ Smartphone တွေ၊ Tablet တွေ၊ TV တွေနဲ့ တွဲဖက်သုံးစွဲနိုင်မှာပါ..
CES ရဲ့ ပထမဆုံးနေ့မှာ ထုတ်ဖေါ်ပြသလိုက်တဲ့ SanDisk ရဲ့ 1TB USB-C Flash Drive ဟာ စိတ်ဝင်စားမှု မြင့်တက်ခဲ့သလို ကမ္ဘာ့ အသေးဆုံး 1TB USB-C Flash Drive လည်း ဖြစ်လာဖွယ်ရှိပါတယ်... ခန့်မှန်းတန်ဖိုး ဒေါ်လာ 350 လောက်ရှိမယ့် ဒီ 1TB USB-C Flash Drive လေးဟာ စျေးကွက်ထဲကို ရောက်ဖို့တော့ နည်းနည်း နောက်ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်..

Ref : The Verage

အဆင္ေျပပါေစ..

ေမာင္ေပါက္< Blogger >
www.maungpauk.org


Advertise Here !

Software Full Version Download and Tech News Update

စမတ္ဖုန္းေတြအၿပိဳင္အဆိုင္ ထုတ္လုပ္ေနတဲ့ေခတ္ကို အမီလိုက္ႏိုင္ဖို႔ Microsoft ကုမၸဏီႀကီးကလည္း ႀကိဳးစားေနၿပီထင္ပါတယ္.. Microsoft က စမတ္ဖုန္းထုတ္လုပ္လာႏိုင္သလားဆိုၿပီး နည္းပညာသတင္းေတြၾကားမွာ နားစြင့္ခဲ့ၾကေပမယ့္ Microsoft ကေတာ့ ႏႈတ္ဆိတ္ေနခဲ့တယ္..
ဒါေပမယ့္ တရုတ္အေမးအေျဖ website တစ္ခုမွာ Microsoft ရဲ႕ အင္ဂ်င္နီယာတစ္ေယာက္က အေျဖေပးထားတဲ့အထဲမွာ Surface Phone နဲ႔ပတ္သက္ၿပီး ထုတ္ေဖၚေျပာၾကားလာေတာ့ Microsoft ဟာ စမတ္ဖုန္းသစ္ Surface Phone ကို ျဖန့္ခ်ိဖို႔ နီးကပ္ေနၿပီလား ဆိုတဲ့ အေတြးဟာ နည္းပညာ ေလ့လာသူၾကား ေတာ္ေတာ္ စိတ္ဝင္စားခဲ့ၾကပါတယ္.. တရုတ္အေမးအေျဖ website ထဲမွာ Microsoft ရဲ႕ Windows OS မွာပါတဲ့ Cortana ဆိုတဲ့ Assistant Software ဟာ သံုးစြဲသူေတြကို အားရေက်နပ္ေလာက္ေအာင္ မစြမ္းေဆာင္ႏိုင္ဘူး.. အဲဒီျပႆနာနဲ႔ပတ္သက္ၿပီး Microsoft ဘယ္လိုေျဖရွင္းဖို႔ အစီအစဥ္ရွိပါသလဲ ဆိုတဲ့ ေမးခြန္းကို Microsoft အင္ဂ်င္နီယာက ေျဖၾကားရာမွာ
"Cortana Software ကို အဆင့္ျမွင့္တင္ဖို႔ ႀကိဳးစားေနပါတယ္.. အထူးသျဖင့္ အဆင့္ျမွင့္ထားတဲ့ Cortana ကို Microsoft ရဲ႕ Surface Phone မွာ စတင္သံုးစြဲမွာျဖစ္ၿပီး တကယ့္ကို လိုေလေသးမရွိ ျပည့္စံုတဲ့ Cortana ကို Surface Phone သံုးစြဲသူေတြ စတင္အရသာခံၾကရမွာျဖစ္ပါတယ္..
Siri နဲ႔ Bixby ဆိုတဲ့ အေထာက္အကူျပဳ Software ႏွစ္ခုကို အရင္ထည့္မယ္.. ၿပီးရင္ Cortana ကို Thirt-party Application အေနနဲ႔ထည့္ေပးလိုက္ပါမယ္.. Windows Phone သံုးစြဲသူေတြအေနနဲ႔ ပိုမိုျပည့္စံုတဲ့ Cortana app ကို အသံုးျပဳႏိုင္ၾကေတာ့မွာပါ.. Cortana ဟာ သံုးရ နည္းနည္းခက္တယ္ဆိုတာ သိပါတယ္.. ဒါေပမယ့္ အေသအခ်ာ ျပင္ဆင္ထားၿပီး ျပည့္စံုတဲ့ Cortana ကို Windows Phone မွာေရာ၊ Windows PC အသံုးျပဳတဲ့သူေတြပါ အဆင္ေျပေျပ အသံုးျပဳႏိုင္ေအာင္ စီစဥ္ေနပါတယ္" ဆိုၿပီး ေျပာခဲ့ပါတယ္..

Microsoft အင္ဂ်င္နီယာရဲ႕ ေျပာစကားထဲမွာ Microsoft Surface Phone အေၾကာင္း ထပ္ခါထပ္ခါ ပါဝင္ေနတာကို သတိထားမိၾကတဲ့ နည္းပညာေလ့လာသူေတြဟာ Microsoft Surface Phone အေၾကာင္း ပိုမို သိခ်င္လာၾကၿပီး အဲဒီအင္ဂ်င္နီယာကို ေမးခဲ့ၾကေပမယ့္ သူက ရယ္သြမ္းေသြးၿပီး "Microsoft Surface Phone နဲ႔ပတ္သက္လို႔ ခုေလာေလာဆယ္ေတာ့ ေျပာလို႔မျဖစ္ေသးဘူးဗ်" လိုသာ တုန္႔ျပန္သြားခဲ့ပါတယ္..
<Unicode>
စမတ်ဖုန်းတွေအပြိုင်အဆိုင် ထုတ်လုပ်နေတဲ့ခေတ်ကို အမီလိုက်နိုင်ဖို့ Microsoft ကုမ္ပဏီကြီးကလည်း ကြိုးစားနေပြီထင်ပါတယ်.. Microsoft က စမတ်ဖုန်းထုတ်လုပ်လာနိုင်သလားဆိုပြီး နည်းပညာသတင်းတွေကြားမှာ နားစွင့်ခဲ့ကြပေမယ့် Microsoft ကတော့ နှုတ်ဆိတ်နေခဲ့တယ်..

ဒါပေမယ့် တရုတ်အမေးအဖြေ website တစ်ခုမှာ Microsoft ရဲ့ အင်ဂျင်နီယာတစ်ယောက်က အဖြေပေးထားတဲ့အထဲမှာ Surface Phone နဲ့ပတ်သက်ပြီး ထုတ်ဖေါ်ပြောကြားလာတော့ Microsoft ဟာ စမတ်ဖုန်းသစ် Surface Phone ကို ဖြန့်ချိဖို့ နီးကပ်နေပြီလား ဆိုတဲ့ အတွေးဟာ နည်းပညာ လေ့လာသူကြား တော်တော် စိတ်ဝင်စားခဲ့ကြပါတယ်.. တရုတ်အမေးအဖြေ website ထဲမှာ Microsoft ရဲ့ Windows OS မှာပါတဲ့ Cortana ဆိုတဲ့ Assistant Software ဟာ သုံးစွဲသူတွေကို အားရကျေနပ်လောက်အောင် မစွမ်းဆောင်နိုင်ဘူး.. အဲဒီပြဿနာနဲ့ပတ်သက်ပြီး Microsoft ဘယ်လိုဖြေရှင်းဖို့ အစီအစဉ်ရှိပါသလဲ ဆိုတဲ့ မေးခွန်းကို Microsoft အင်ဂျင်နီယာက ဖြေကြားရာမှာ

"Cortana Software ကို အဆင့်မြှင့်တင်ဖို့ ကြိုးစားနေပါတယ်.. အထူးသဖြင့် အဆင့်မြှင့်ထားတဲ့ Cortana ကို Microsoft ရဲ့ Surface Phone မှာ စတင်သုံးစွဲမှာဖြစ်ပြီး တကယ့်ကို လိုလေသေးမရှိ ပြည့်စုံတဲ့ Cortana ကို Surface Phone သုံးစွဲသူတွေ စတင်အရသာခံကြရမှာဖြစ်ပါတယ်..
Siri နဲ့ Bixby ဆိုတဲ့ အထောက်အကူပြု Software နှစ်ခုကို အရင်ထည့်မယ်.. ပြီးရင် Cortana ကို Thirt-party Application အနေနဲ့ထည့်ပေးလိုက်ပါမယ်.. Windows Phone သုံးစွဲသူတွေအနေနဲ့ ပိုမိုပြည့်စုံတဲ့ Cortana app ကို အသုံးပြုနိုင်ကြတော့မှာပါ.. Cortana ဟာ သုံးရ နည်းနည်းခက်တယ်ဆိုတာ သိပါတယ်.. ဒါပေမယ့် အသေအချာ ပြင်ဆင်ထားပြီး ပြည့်စုံတဲ့ Cortana ကို Windows Phone မှာရော၊ Windows PC အသုံးပြုတဲ့သူတွေပါ အဆင်ပြေပြေ အသုံးပြုနိုင်အောင် စီစဉ်နေပါတယ်" ဆိုပြီး ပြောခဲ့ပါတယ်..

Microsoft အင်ဂျင်နီယာရဲ့ ပြောစကားထဲမှာ Microsoft Surface Phone အကြောင်း ထပ်ခါထပ်ခါ ပါဝင်နေတာကို သတိထားမိကြတဲ့ နည်းပညာလေ့လာသူတွေဟာ Microsoft Surface Phone အကြောင်း ပိုမို သိချင်လာကြပြီး အဲဒီအင်ဂျင်နီယာကို မေးခဲ့ကြပေမယ့် သူက ရယ်သွမ်းသွေးပြီး "Microsoft Surface Phone နဲ့ပတ်သက်လို့ ခုလောလောဆယ်တော့ ပြောလို့မဖြစ်သေးဘူးဗျ" လိုသာ တုန့်ပြန်သွားခဲ့ပါတယ်..

Ref : Windows Lastest

အဆင္ေျပပါေစ..

ေမာင္ေပါက္< Blogger >
www.maungpauk.org


Advertise Here !

Software Full Version Download and Tech News Update

Dell ဟာ 2018 မွာ ပထမဆံုးနဲ႔ အဆင့္ျမင့္ျမင့္အသံုးျပဳလို႔ရႏိုင္မယ့္ Dell XPS 13 ကို 999.99 ေဒၚလာ နဲ႔ ေစ်းကြက္တင္လိုက္ပါတယ္...
Dell XPS 13 ဟာ ေခတ္စနစ္နဲ႔ကိုက္ညီနဲ႔ 13 လက္မ မွန္ျပင္အရြယ္အစားကို ေဘာင္မဲ့နည္းပညာ bezel-less နဲ႔ ထုတ္လုပ္လာတာျဖစ္ၿပီး အလြန္ပါးလႊာတဲ့ Ultra Thin နဲ႔ အဆင့္ျမင့္ျမင့္ ပြဲထြက္လာပါတယ္.. CPU အေနနဲ႔ Intel ရဲ႕ 8th Generation Core i Series ကိုထည့္သြင္းထုတ္လုပ္ထားပါတယ္.. CPU ေတြကေတာ့ Core i5-8250U နဲ႔ Core i7-8550U တို႔ကိုသံုးထားၿပီး ဘက္ထရီစားသက္သာၿပီး အပူစီးကူးမႈနည္းႏိုင္သမ် နည္းေအာင္ ေဆာင္ရြက္ထားပါတယ္.. 4K Display စနစ္က ခုေခတ္ေပၚ 4K Resolution Video ေတြရဲ႕ အရသာကို ေကာင္းေကာင္းခံစားႏိုင္မွာျဖစ္ပါတယ္..

 Storage အတြက္ 1TB SSD ကိုထည့္သြင္းေပးထားၿပီး RAM ကို အနည္းဆံုး 4GB ကေန 8GB ထိ တပ္ဆင္ေပးထားမယ္လို႔ဆိုပါတယ္..
Bluetooth 5th gen နဲ႔ ျမန္ဆန္သြက္လက္တဲ့ Wifi, USB Type A to Type C Adapter တို႔လည္း ပါဝင္ပါမယ္.. စုစုေပါင္း အေလးခ်ိန္ 1.22 Kg သာ ေလးတာမို႔ ေပါ့ပါးၿပီး သယ္ေဆာင္ရတာလည္း လြယ္ကူပါမယ္..
Windows 10 64bit ကို Official အေနနဲ႔ Install လုပ္ေပးထားၿပီး မ်က္ႏွာဖတ္ၿပီး UnLock ျဖည္တဲ့စနစ္ နဲ႔ လက္ေဗြနဲ႔ Unlock စနစ္လည္းပါဝင္လာပါမယ္.. Windows OS သံုးထားတဲ့ Dell XPS 13 ကို 999.99 ေဒၚလာနဲ႔ Linux Ubuntu သံုးထားတဲ့ Dell XPS 13 ကေတာ့ 949.99 ေဒၚလာ က်သင့္မယ္လို႔ဆိုပါတယ္..
<Unicode>
Dell ဟာ 2018 မှာ ပထမဆုံးနဲ့ အဆင့်မြင့်မြင့်အသုံးပြုလို့ရနိုင်မယ့် Dell XPS 13 ကို 999.99 ဒေါ်လာ နဲ့ စျေးကွက်တင်လိုက်ပါတယ်...

Dell XPS 13 ဟာ ခေတ်စနစ်နဲ့ကိုက်ညီနဲ့ 13 လက်မ မှန်ပြင်အရွယ်အစားကို ဘောင်မဲ့နည်းပညာ bezel-less နဲ့ ထုတ်လုပ်လာတာဖြစ်ပြီး အလွန်ပါးလွှာတဲ့ Ultra Thin နဲ့ အဆင့်မြင့်မြင့် ပွဲထွက်လာပါတယ်.. CPU အနေနဲ့ Intel ရဲ့ 8th Generation Core i Series ကိုထည့်သွင်းထုတ်လုပ်ထားပါတယ်.. CPU တွေကတော့ Core i5-8250U နဲ့ Core i7-8550U တို့ကိုသုံးထားပြီး ဘက်ထရီစားသက်သာပြီး အပူစီးကူးမှုနည်းနိုင်သမျ နည်းအောင် ဆောင်ရွက်ထားပါတယ်.. 4K Display စနစ်က ခုခေတ်ပေါ် 4K Resolution Video တွေရဲ့ အရသာကို ကောင်းကောင်းခံစားနိုင်မှာဖြစ်ပါတယ်.. Storage အတွက် 1TB SSD ကိုထည့်သွင်းပေးထားပြီး RAM ကို အနည်းဆုံး 4GB ကနေ 8GB ထိ တပ်ဆင်ပေးထားမယ်လို့ဆိုပါတယ်..

Bluetooth 5th gen နဲ့ မြန်ဆန်သွက်လက်တဲ့ Wifi, USB Type A to Type C Adapter တို့လည်း ပါဝင်ပါမယ်.. စုစုပေါင်း အလေးချိန် 1.22 Kg သာ လေးတာမို့ ပေါ့ပါးပြီး သယ်ဆောင်ရတာလည်း လွယ်ကူပါမယ်..

Windows 10 64bit ကို Official အနေနဲ့ Install လုပ်ပေးထားပြီး မျက်နှာဖတ်ပြီး UnLock ဖြည်တဲ့စနစ် နဲ့ လက်ဗွေနဲ့ Unlock စနစ်လည်းပါဝင်လာပါမယ်.. Windows OS သုံးထားတဲ့ Dell XPS 13 ကို 999.99 ဒေါ်လာနဲ့ Linux Ubuntu သုံးထားတဲ့ Dell XPS 13 ကတော့ 949.99 ဒေါ်လာ ကျသင့်မယ်လို့ဆိုပါတယ်..

အဆင္ေျပပါေစ..

ေမာင္ေပါက္< Blogger >
www.maungpauk.org



Advertise Here !