September 2013
Software Full Version Download and Tech News Update

Logger တွေရဲ့ တိုက်ခိုက်ခံရမှုကနေ ကာကွယ်ပေးတဲ့ Zemana AntiLogger v1.9.3.505 ထွက်လာလို့ တင်ပေးလိုက်ပါတယ်.. AntiLogger ဆိုပေမယ့် ကိုယ့်စက်ထဲက Antivirus နဲ့ မတည့်မှုတွေ မဖြစ်စေပါဘူး.. Keylogger တွေအပါအဝင် Logger တွေရဲ့ ရန်က ကင်းဝေးစေဖို့ အသင့်ဆောင်ထားကြလေ့ရှိတဲ့ Software ဖြစ်ပါတယ်..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Advertise Here !

Software Full Version Download and Tech News Update

 
Windows အလန်းစားတွေကိုမှ အသုံးပြုချင်တဲ့ သူငယ်ချင်းများအတွက် Windows SeVen Super XP 2013  တင်ပေးလိုက်ပါတယ်။ Windows XP ကို Window 7 စတိုင်နဲ့ အသုံးပြုရမှာပါ။  Windows အလန်းစားတွေ ကိုမှ အသုံးပြုချင်တဲ့ သူငယ်ချင်းများ အတွက်တော့ အကြိုက်ဖြစ်မှာပါ။ Window 7 ကိုလည်းသုံးချင်၊ Window XP ကိုလည်း မစွန့်လွှတ်နိုင်သေးတဲ့ သူငယ်ချင်းများ အတွက်တော့ ဂွတ်ရှယ်ပါပဲ ခင်ဗျာ။ ပါဝင်တဲ့ Features  တွေကိုတော့  အောက်မှာကြည့် လိုက်ပါ။ လိုချင်ရင်တော့ ဒေါင်းလိုက်ပါဗျာ။ 
Windows အလန်းစားတွေကို လိုချင်သေးရင်တော့ ဒီနေရာမှာ မှာယူပါခင်ဗျာ။


 
 
 
 

  ကျွန်တော်တင်သမျှ ပို့စ်များအား Facebook ပေါ်ကနေဖတ်ချင်လျှင်

ဒီနေရာမှာ Like ပေးခဲ့ပါခင်ဗျာ
ဒေါင်းလုပ်=>>> လင့် ၁ , လင့် ၂

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Advertise Here !

Software Full Version Download and Tech News Update

iPhone ရဲ့ နောက်ဆုံး iOS version ဖြစ်တဲ့ iOS 7 မှာ ကိုယ်လက်မခံချင်တဲ့  phone call နဲ့ massage တွေကို 
ဘာ application မှမသုံးပဲ system မှာပါလာတဲ့ function လေးအသုံးပြုပြီးblock လုပ်တဲ့နည်းလမ်းလေး တင်ပေးလိုက်ပါ တယ်ဗျာ။ သိပြီးသားမိတ်ဆွေအတွက် မရည်ရွယ်ပေမဲ့ မသိသေးတဲ့သူတွေအတွက်တော့ နည်းလမ်းလေးသိသွားအောင်  လို့ပါ။ ရေးသာရေးရပါတယ်။ အောင်ကိုထက် မင်းဟာက ငါတို့ သိပြီးသားပဲအလကားပါလို့အပြောခံရမှာလည်း
 ကြောက်တယ်ဗျ။ေိေိ :D

ကဲစမယ်ဗျာ.........

1 .ပထမဦးဆုံး phone call ကို block မဲ့အကြောင်းစရေးမယ်ဗျာ။ Phone ရဲ့ application ကိုဖွင့်ပြီး Call Log     ကိုနှိပ်လိုက်ပါ။

2 .အဲ့ဒီထဲကမှ ကိုယ် block လုပ်ချင်တဲ့ phone number လေးရဲ့ညာဘက် ဘေးမှာ i ဆိုတဲ့ icon လေးကို နှိပ်လိုက်ပါ။ ပြီးရင် စာသားတွေပေါ်လာပါလိမ့်မယ်။ အဲ့ဒီထဲကမှ အောက်နားလေးထိကို စွဲချပြီး block this caller  ဆိုတဲ့စာသားလေးကို ရှာလိုက်ပါ။ အောက်ပုံလေးကိုကြည့်ပြီးလေ့လာနိုင်ပါတယ်။ 


3. အဲ့ဒီစာသားလေးကိုနှိပ်ပြီးသွားရင်တော့ ကိုယ်လက်မခံချင်တဲ့ phone number ကို block လုပ်ချင်းပြီးဆုံးသွားပါပြီ။ 


4. Block လုပ်တာကိုပြန်ဖြုတ်ချင်တယ်ဆိုရင်တော့ အပေါ်ကနည်းလမ်းတွေအတိုင်းသွားပြီးတော့ Block this caller ဆိုတဲ့စာသားနေရာ Unblock this caller ဆိုတဲ့စာသားလေးကိုပြန်နှိပ်ပေးလိုက်ရင် unblock လုပ်ခြင်းပြီးဆုံးသွားပါလိမ့်မယ်ဗျာ။

ဒါဆိုရင်တော့ iOS 7 မှာ ကိုယ်မလိုချင်တဲ့ phone number နဲ့ messages တွေကို block လုပ်နိုင်ပြီဖြစ်ပါတယ်ဗျာ။

အားလုံးအဆင်ပြေကြပါစေ..........

Aung Ko Htet (IT Studier)


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Advertise Here !

Software Full Version Download and Tech News Update



ဒီတစ်ခါအကြောင်းအရာလေးကတော့ မိတ်ဆွေများ
အားလုံးသိပြီးသားပါ.. မသိသေးတဲ့သူတွေအတွက်
တော့ ဗဟုသုတအနေနဲ့ရော နည်းပညာအနေနဲ့ရော
ရစေဖို့ပြန်တင်ပေးလိုက်ပါတယ်ဗျာ...

ကျွန်တော်တို့အသုံးပြုနေတဲ့ကွန်ပျူတာမှာ
CPU နဲ့ Memory ဆိုတာအရေးပါတယ်ဆိုတာအားလုံး
လဲသိပြီးသားပါ။ အဲဒါကြောင့်ကိုယ်သုံးနေတဲ့
ကွန်ပျူတာက CPU နဲ့ Memory ဟာဘယ်လောက်ထိ
အလုပ်လုပ်သေးလဲ ? ဘယ်လောက်ထိ
စွမ်းဆောင်နိုင်လဲ ? ဆိုတာသိဖို့လိုအပ်ပါတယ်။
အဓိကကတော့ မိမိကွန်ပျူတာက CPU နဲ့ Memory ကို
Upgrade လုပ်သင့်/မလုပ်သင့်ဆိုတာကို
သိဖို့ပိုအရေးကြီးပါတယ်။ လုပ်သင့်/မလုပ်သင့်
သိဖို့အောက်မှာပုံနဲ့ရှင်းပြထားပါတယ်နော်..

(၁)    Window Tesk Manager ကိုဖွင့်လိုက်ပါ။ Tesk Manager ကို
        ဖွင့်ဖို့အတွက် Keyboard မှ Ctrl+Alt+Del / delete ကိုတွဲနှိပ်လိုက်ပါ။
        ဒါမှမဟုတ် Mouse ကို Window မှ teskbar ပေါ်ကို Right click နှိပ်ပြီး
         ပေါ်လာတဲ့စာတမ်းတွေမှ Start Tesk Manager ကို click လိုက်ပါ။




(၂)    Task Manager ပွင်လာပြီဆိုလျင် Performance Tab ကို click လိုက်ပါ။
        အဲဒီ Tab ရဲ့အောက်မှာကြည့်လိုက်ပါ။ CPU Usage  နဲ့ Memory ဆိုတဲ့နေရာကို
       တွေ့ပါလိမ့်မယ်။အဲဒီနေရာတွေမှာ CPU နဲ့ Memory တို့ရဲ့အလုပ်လုပ်နေ
        ပုံကိုဖော်ပြနေပါလိမ့်မယ်။




တကယ်လို့ CPU ဟာသူ အလုပ်တွေအရမ်းလုပ်နေရတယ်ဆိုရင် CPU Usage
ဆိုတဲ့နေရာမှာအစိမ်းရောင်တန်းလေးဟာ အပေါ်ကိုတက်နေတာကိုတွေ့ရပါ
လိမ့်မယ်နော်။အဲဒီအချိန်မှာဘာတွေဖြစ်တတ်သလဲဆိုတော့ မိမိ ကွန်ပျူတာဟာ
စိတ်ညစ် စရာကောင်းလောက်အောင်လေးလံနေပါလိမ့်မယ်။ အဲဒါဆိုရင်တော့
CPU ကိုUpgrade လုပ်ဖို့လိုပါလိမ့်မယ်။ အကောင်းဆုံးကတော့ Memory ကိုပါ
ထပ်တိုးလိုက်မယ်ဆိုရင်ပိုကောင်းပါလိမ့်မယ်။ မိမိကွန်ပျူတာက Memory ဟာ
အရင်က1Gb ဆိုရင် 2Gb သာတိုးလိုက်ပါ။ သတိထားရမှာက မိမိကွန်ပျူတာကို
ဆော့ဖ်ဝဲတွေ Install လုပ်တော့မယ်ဆိုရင် အဲဒီ ဆော့ဖ်ဝဲရဲ့ Version ၊ မိမိကွန်ပျူ
တာက Memory မှာဘယ်လောက်နေရာယူမလဲ စတဲ့အချက်တွေကိုသိထား
ဖို့တော့လိုပါမယ်။အဲဒီအချက်တွေကြောင့်လဲ ကွန်ပျူတာက CPU နဲ့ Memory
တွေအလုပ်တွေပိုလုပ်နေရတာလဲပါပါတယ်။ အဲဒီလိုအချက်လေးတွေလဲထည့်
စဉ်းစားပြီးမိမိကွန်ပျူတာကိုအသုံးးပြုမယ်ဆိုရင်လဲပိုပြီးကောင်းပါတယ်။
ကဲဒါဆိုရင်တော့ ကွန်ပျူတာ CPU နဲ့ Memory နဲ့ပါတ်သတ်လို့အသေးစိတ်
မဟုတ်ပေမယ့် မသိသေးတဲ့ User တွေအတွက်တော့အကြမ်းဖျင်းလေးကိုတော့
နားလည်လောက်မှာလို့ယူဆပါတယ်နော်.. မိမိကွန်ပျူတာရဲ့ Performance တွေ
ကောင်းလာဖို့မိမိမှာလဲတာဝန်ရှိတယ်ဆိုတာသိစေဖို့အတွက်အကြံကောင်းလေး
ပေးလိုက်ပါတယ်ဗျာ..

www.mmitsky.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Advertise Here !

Software Full Version Download and Tech News Update
မြန်မာနိုင်ငံကနေ pay pal အကောင့်တွေဖွင့်ပြီး ပိုက်ဆံကို မြန်မာငွေအနေနဲ့ဘယ်လိုပြန်ထုတ်မလဲ ဆိုတာကိုမေးထားတဲ့ အစ်ကိုတွေအတွက်ပါ။ ကျွန်တော်တို့ဆီမှာ အသုံးပြုနေကြတဲ့ Pay Pal လိုပဲ MyanPay  ဆိုတဲ့ online banking ကိုအသုံးပြုပြီး ထုတ်ရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဆီမှာ Bank account ရှိထားရမှာဖြစ်ပြီး MyanPay account လည်းရှိထားမှအဆင်ပြေပါလိမ့်မယ်။ အသေးစိတ်ကိုတော့ အောက်မှာ လေ့လာနိုင်ပါတယ်ဗျာ။

ကဲ...အခု MyanPay ဆိုတဲ့ မြန်မာပြည်တွင်း Online Payment System အကြောင်းပြောတော့မယ်ဗျာ...အဓိကပြောမှာကတော့ အင်တာနက်ကနေရလာတဲ့ ပိုက်ဆံတွေကို
PayPal ကနေတစ်ဆင့် တကယ့်ငွေသားကိုယ့်လက်ထဲရောက်အောင် ထုတ်ဖို့အတွက် MyanPay ဆိုတာ သုံးကိုသုံးရမယ်ဗျာ..ကျနော်အခုအဓိကရေးမှာကတော့ MyanPay
ကနေ မိမိရဲ့ မြန်မာဘဏ်အကောင့်ထဲကိုငွေဘယ်လိုလွှဲမလဲဆိုတာပါဘဲ..ဒါကိုဘဲအဓိကထားရေးသွားပါ့မယ်... အရင်ဆုံး မိမိနဲ့ နီးစပ်တဲ့ ဘဏ်တစ်ခုခုကနေလုပ်ထားတဲ့ ဘဏ်စာအုပ်
ရှိရပါ့မယ်..ဘဏ်စာအုပ်လုပ်တာကလဲ တစ်ထောင်လောက်ပဲကုန်ကျတာပါ.. ဘဏ်စာအုပ်ရပြီဆိုရင် ဘဏ် Account ရပါ့မယ်..အဲဒီဘဏ်အကောင့်ထဲကို ငွေလွှဲရမှာဖြစ်ပါတယ်။
အိုကေစမယ်..အရင်ဆုံး MyanPay Account လုပ်ဖို့အတွက် www.myanpay.com.mm ကိုသွားလိုက်ပါ..ပြီးတာနဲ့ Create MyanPay Account ကိုနှိပ်လိုက်ပါ
Picture
Create Personal Account ကိုရွေးပါ
Picture
ပြီးတာနဲ့ Register လုပ်ရပါ့မယ်..သူမေးထားတဲ့အတိုင်း အောက်ပါပုံကိုသေချာကြည့်ပြီးဖြည့်ပေးပါ .. ပြီးတာနဲ့ မိမိထည့်ထားတဲ့ ဖုန်း နဲ့ မိမိ Register လုပ်ထားတဲ့ Email Account ထဲသို့ Register Code ပို့ပေးပါလိမ့်မယ်...အဲဒါကို ရိုက်ထည့်ပြီး Activate လုပ်ရင် MyanPay Account ( Unverified ) တစ်ခုရပါပြီ။ ပြီးတာနဲ့ Login ၀င်လိုက်ပါ
Picture
Login ၀င်လိုက်တာနဲ့ Unverified ကိုတွေ့ပါမယ်..Verified ဖြစ်ဖို့အတွက် အောက်ဖော်ပြပါ ပုံပါ လိပ်စာသို့ ဖုန်းဆက်ပြီး အကြောင်းကြားရပါ့မယ်..သို့မဟုတ် ငွေတစ်ထောင် သွင်းရပါမယ်..သို့မဟုတ် မိမိရဲ့မှတ်ပုံတင် Scan ဖတ်ထားတာကို သူတို့ရဲ့ Mail လိပ်စာဖြစ်တဲ့ support@myanpay.com.mm ကို ပို့ပေးရပါ့မယ်.. အကောင်းဆုံးကတော့
ဖုန်းအရင်ဆက်ပါ..မိမိအကောင့်ဖွင့်ထားကြောင်းပြောပါ.. verified လုပ်လိုကြောင်းပြောပြီး သူတို့ရဲ့ညွှန်ကြားချက်အတိုင်း လုပ်လိုက်ပါ...ဒါဆိုရင် Verified ဖြစ်သွားမှာပါ..ကျွန်တော်ကတော့ ကျွန်တော့်မှတ်ပုံတင်ကို Scan လုပ်ပြီးပို့ပေးလိုက်တာ 24 နာရီအတွင်း Verified ဖြစ်သွားပါတယ်..ကဲ..Verified ဖြစ်ပီဆိုမှတော့သောင်းကျန်းလို့ရဘီ .. :D
Picture
ကဲ..အခုမိမိရဲ့အကောင့်က Verified ဖြစ်သွားပြီ..မိမိမှာ ဘဏ်စာအုပ်လဲရှိပြီဆိုရင် ဘာဆက်လုပ်မလဲဆိုတော့ ဘဏ်စာအုပ်ထဲက Account Number ကို MyanPay ထဲထည့်မှာပါ..ဘယ်လိုထည့်မလဲ..အောက်ကပုံကိုကြည့်ပါ.. တစ်ခုသတိပေးချင်ပါတယ်.. ဘဏ်စာအုပ်မှာ Aung San ဆိုပြီးလုပ်မယ်ဆိုရင် MyanPay မှာလဲ Aung San ဆိုပြီး
လုပ်ပါ..သူတို့ဘက်က ငွေလွှဲလို့ နာမည်မတူရင် ရစ်ပါတယ်..အဲဒါကြောင့်တူတူလုပ်ပါ။ အိုကေအောက်က ပုံကိုကြည့်ပါ။
Picture
Withdraw ကိုနှိပ်ပါ... Withdraw to Bank Account ကိုနှိပ်ပါ.. ပြီးတာနဲ့ Add your Bank Account Information ကိုနှိပ်လိုက်ပါ။
Picture
ပုံမှာဆိုရင် မိမိ ဘဏ်အကောင့် (Or) ဘဏ်စာအုပ်လုပ်ထားတဲ့ ဘဏ်အမျိုးအစားကိုရွေးပါ..ကျွန်တော်ကတော့ KBZ မှာလုပ်ထားလို့ KBZ Bank လို့ဘဲရွေးလိုက်ပါတယ်..
အောက်က Bank Branch Name ကတော့ ဘဏ်ခွဲအမည်ပါ..ကျွန်တော်က နေပြည်တော် ပေါင်းလောင်းနားမှာနေတာဆိုတော့ Naypyidaw Branch (2 ) လို့ရွေးချယ်ပေး
လိုက်ပါတယ်.. အောက်က Bank Account Number မှာတော့ မိမိဘဏ်စာအုပ်ထဲမှာပါတဲ့ Account Number တွေကို ရိုက်ထည့်ပေးလိုက်ပါတယ်... ပြီးတာနဲ့ Add New ကိုနှိပ်ပေးလိုက်ပါ..ဒါဆိုရင မိမိရဲ့ ဘဏ်အကောင့် MyanPay အတွင်းထည့်သွင်းခြင်းပြီးဆုံးပြီဖြစ်ပါတယ်။ ကဲ.. ငွေထုတ်တဲ့နည်းစတင်ပါတော့မယ်... ထုံးစံအတိုင်း Withdraw >> Withdraw to Bank Account ကိုနှိပ်လိုက်ပါ..အောက်ပါပုံအတိုင်းပေါ်လာပါမယ်..
Picture
အဲဒီနေရာမှာ Select Bank Account ရဲ့ ဘေးနားက မြှားလေးကို တစ်ချက်နှိပ်လိုက်တာနဲ့ စောစောက မိမိထည့်သွင်းခဲ့တဲ့ မိမိရဲ့ ဘဏ်အကောင့်နံပတ်က အလိုလိုကျလာပါ
လိမ့်မယ်..အဲဒီအပေါ်ကိုရွေးချယ်လိုက်ပါ..ဒါဆိုရင်အောက်က ပုံအတိုင်း Bank Information ကျလာပါလိမ့်မယ်။
Picture
ကဲ..ကျလာပြီဆိုရင် မိမိလွှဲပြောင်းလိုတဲ့ မိမိရဲ့ Account Balance ထဲမယ်ရှိတဲ့ ငွေပမာဏကို ရိုက်ထည့်လိုက်ပေါ့..ပြီး၇င် Withdraw ဆိုတာကိုနှိပ်လိုက်ပေါ့။ အောက်က ပုံကို
ဆက်ကြည့်လိုက်ပါဦး။
Picture
ပုံမှာဆိုရင် ငွေကို ဘဏ်အကောင့်ထဲသို့ချက်ချင်းးမလွှဲသေးဘဲ Pending ( ဆိုင်းငံ့ ) နေတာကိုတွေ့ရပါလိမ့်မယ်...ဒီအချိန်မှာဘာလုပ်ရမလဲဆိုရင် MyanPay ကိုဖုန်းဆက်ပြီး
ငွေလွှဲထားတဲ့အကြောင်းအပြည့်အစုံကိုပြောပြလိုက်ပါ..သူတို့ဘက်က ချက်ချင်းလုပ်ပေးပါလိမ့်မယ်..နောက် သုံးလေးနာရီအတွင်း သက်ဆိုင်ရာဘဏ်ကနေ လူကြီးမင်းရှင့် လူကြီးမင်းရဲ့ အကောင့်ထဲကို ဘယ်လောက်ရောက်နေပါပြီဆိုပြီး ဖုန်းဆက်လာပါလိမ့်မယ်ခင်မျာ.. :D ကဲ..ဒါကတော့ဗျာ..အင်တာနက်ပေါ်ကနေငွေရှာနေတဲ့ ကျနော်တို့ ငွေဘယ်လိုအဆင့်ဆင့်ဖြတ်ထုတ်လာတယ်ဆိုတာရေးပြလိုက်တာပါဘဲ.....အားလုံးဘဲအဆင်ပြေမယ်မျှော်လင့်ပါတယ်ခင်ဗျာ...

credit >>>>> MM IT Helper

အားလုံးအဆင်ပြေကြပါစေ..........

Aung Ko Htet (IT Studier)



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Advertise Here !

Software Full Version Download and Tech News Update
ဒီ software လေးကတော့ click တစ်ချက်နှစ်လိုက်တာနဲ့ Root လုပ်ချင်တဲ့ မိတ်ဆွေတွေအတွက်ပါ။
တကယ့်ကိုတစ် click တစ်ချက်တည်းပါ။ ဒါပေမဲ့ သတိထားစေချင်တာကတော့ ကိုယ် Root လုပ်ချင်တဲ့ phone ရဲ့ USB Driver ကိုတော့ computer မှာ Run ပေးထားရမှာပါ။ အဲ့လိုမှ အဆင်ပြေမှာပါ။ ကျွန်တော် Root tool တွေတင်ပေးတိုင်းသတိပေးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်ကိုယ်တိုင် driver မ run ပဲ software နဲ့ပဲ Root လုပ်တာ ခုနှစ်ရက်ကြာပါတယ်။ ပြီးတော့ phone မှာလည်း USB Debugging ကို on ထားပေးပြီး unknown sources ကို အမှန်တွေ on ပေးထားရမှာဖြစ်ပါတယ်။
ကျွမ်းကျင်ပညာရှင်အဆင့်မှာရှိကြတဲ့ ဆရာသမားတွေကိုတော့ မပြောပါဘူးနော်။ ကျွန်တော့်ကို ဘာမှ နားမလည်သေးဘဲ အခုမှစပြီးလေ့လာခါစ သူငယ်ချင်းတွေအတွက် သတိပေးလိုက်ရခြင်းဖြစ်ပါတယ်ဗျာ။ 

ဒီ software လေးက ဘယ် phone တွေကို support လုပ်ပေးထားလဲဆိုတာကိုတော့ အောက်က link လေးကိုနှိပ်ပြီး လေ့လာနိုင်ပါတယ်။ 





Root Tool software အတွက်တော့ အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။ 





credit to >>>> MM IT Helper

အားလုံးအဆင်ပြေကြပါစေဗျာ။ 

Aung Ko Htet (IT Studier)


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Advertise Here !

Software Full Version Download and Tech News Update

Ontrack EasyRecovery ဟာ ပျက်စီး၊ ပျောက်ဆုံး၊ Format ရိုက်မှား၊ Delete လုပ်ထားတဲ့ ဖိုင်တွေကို အကုန်လုံးနီးပါး ကောင်းမွန်စွာ ပြန်လည်ရှာဖွေရယူနိုင်ပါတယ်.. ဘယ် Storage Device မဆို ရှာဖွေပြီး Recover လုပ်ပေးပါတယ်.. လုပ်နည်းကလည်း လွယ်လွယ်လေးမို့ မပြောပြတော့ပါဘူး..

Crack ကို ဘယ်လိုသုံးမလဲတော့ ပြောချင်ပါတယ်..
1. Setup နဲ့ Install လုပ်ပါ. ပြီးဆုံးသွားရင် Lunch မလုပ်ပါနဲ့..
2. Crack ဖိုင်ကို ဖြည်လိုက်ရင် ဖိုင် (၂) ခုတွေ့ပါမယ်.. ကိုယ်က Windows 7 32 bit တင်ထားရင် EREnt.exe , 64 bit တင်ထားရင် EREnt64.exe ကို Copy ကူးထားပြီး Desktop က Ontrack Icon ကို ညာကလစ်ထောက်လိုက်ကာ Open File Location ကိုနှိပ်လိုက်ပါ. ပေါ်လာတဲ့ဘောက်ထဲမှာ ခုနက copy ကူးလာတဲ့ဖိုင်ကို Paste ချလိုက်ပါ.. Replace လုပ်မှာလားမေးပါမယ်.. Replace လုပ်လိုက်ပါ..
ဒါဆို Full Version ဖြစ်ပါပြီ..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Advertise Here !

Software Full Version Download and Tech News Update

WHAT IS CDMA ?


မိတ်ဆွေများအားလုံးအတွက် ဗဟု နဲ့ သုတ
လေးရအောင်တင်ပေးလိုက်ပါတယ်နော်...
ရထားတာကြာပါပီ..အခုမှစိတ်ကူးပေါက်လို့
တင်ပေးလိုက်ပါတယ်ဗျာ..ပိုင်ရှင်တွေ့ရင်လဲ
Credit ပေးပါတယ်ဗျာ...


CDMA(Code Deivision Multiple Access) နည်းပညာကို
၁၉၉၃ တွင် စတင်သတ်မှတ်ခဲ့ပါတယ်။ CDMA
နည်းပညာကို Qualcomm မှစတင်၍ Ericsson က
ဆက်လက်ပြီး နည်းပညာဆိုင်ရာ ပြုပြင်မှု အချို့ကို
 ပြုလုပ်ပါတယ်။ Code Division Multiple Access ကို
အသုံးပြုထား၍ Privacy ပိုကောင်းပြီး GPS စနစ်များမှာပါ
အသုံးပြုခဲ့ပါတယ်။ 2G Network အတွက် CDMA One
 ခေါ် IS-95A ကို ဟောင်ကောင်တွင် စတင်အသုံးပြုခဲ့သည်။
 1999 ခုနှစ်တွင် CDMA IS-95B ကို ကိုရီးယားနိုင်ငံမှာ
 စတင်အသုံးပြုခဲ့ပါတယ်။ ကိုရီးယားနိုင်ငံမှာ တွင်ကျယ်စွာ
သုံးစွဲလာပြီးနောက်မှာ ဂျပန်နှင့် ပီရူးနိုင်ငံများမှာလည်း
ဆက်လက်သုံးစွဲလာကြပါတယ်။ CDMA လိုင်းဆွဲအားသည်
သာမန် Analog Cellular ဖုန်း ကွန်ယက်ထက် ၈ ဆမှ ၁၀ ဆထိ ပိုကောင်းလာပြီး GSM System ထက်ဆိုရင် ၄ ဆမှ ၅ ဆ ထိပိုမိုကောင်းမွန်ကြောင်း သိရှိရပါတယ်။ CDMA 2G Network ကို အသုံးပြုစဉ်မှာပဲ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သုံးစွဲသူတွေဟာ ၆ နှစ်အတွင်းမှာ လူဦးရေသန်း ၁၀၀ အထိ ကျယ်ပြန့်စွာ အသုံးပြုလာကြောင်း စစ်တမ်းများအရ သိရှိရပါတယ်။ ဆက်လက်၍ ၂၀၀၀ ခုနှစ် အောက်တိုဘာလမှစပြီး 3G ဆက်သွယ်ရေးကွန်ယက်အတွက် CDMA 2000 1X (3G) Standard ကို စအသုံးပြုလာပါတယ်။ 3G Network မှာဆိုရင် ဆက်သွယ်မှုဆိုင်ရာ အသံသာမက သတင်းအချက်အလက် Data များကိုပါပေးပို့နိုင်သော EV-DO (Evolution Data Only) နှင့် EV-DV (Evolution Data/Voice) စသော နည်းပညာများ ပါဝင်လာပါတယ်။ CDMA 2000 1X (3G) Standard တွင် 450 MHz, 800 MHz, 1800 MHz, 1900 MHz နှင့် 2100 MHz Frequency များကိုအသုံးပြုပြီး ကွန်ယက်အသုံးပြုသူအရေအတွက် ပိုမိုများပြားတယ်။ ယခုအခါတွင် CDMA ကို၂၀၀၉ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း အသုံးပြုသူ ၅၀၂ သန်းရှိပြီး CDMA 3G Network အသုံးပြုသူတစ်မျိုးထဲမှာပင် ၄၉၈ သန်းအထိရှိကြောင်း သိရှိရပါတယ်။


CDMA ၏ အဓိက အားသာချက်

CDMA ၏အားသာချက်တွေဟာဆိုရင် GSM ထက် လိုင်းဆွဲအားပိုမိုကောင်းမွန်ပြီး Analog System များမှာကဲ့သို့ FM Radio နှင့် ကြားဖြတ်နားထောင်နိုင်ခြင်းမရှိဘဲ Privacy ပိုကောင်းပါတယ်။ CDMA ထုတ်လွတ်တဲ့ Frequency က အခြား Mobile ထုတ်လွတ်တဲ့ Frequency ထက်ပိုမို ထုတ်လွတ်နိုင်တဲ့အတွက် ဖမ်းယူရရှိတဲ့အခါ အသံကြည်လင်ပြီး လိုင်းဆွဲအားလည်းကောင်းမွန်ပါတယ်။ CDMA 800 MHz ဟာဆိုရင် Station ကနေ ၄၈ ကီလိုမီတာထိ ဖမ်းယူရရှိနိုင်ပါတယ်။ ထို့ကြောင့် ကမ္ဘာတစ်ဝန်းရှိ တတိယဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဆက်သွယ်ရေးကွန်ယက်တိုးချဲ့မှုတွင် CDMA ကို အဓိကအသုံးပြုကြတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံတွင် ၁၉၉၅ နှစ်ကုန်မှာ CDMA 800 MHz ကို Qualcomm အထိုင်ဖုန်းများနဲ့ စတင်အသုံးပြုခဲ့ပါတယ်။ CDMA ဖုန်းနံပါတ် ၇၀၊ ၇၁၊ ၇၂၊ ၈၀ တို့နဲ့အစပြုတဲ့ ဖုန်းအများစုဖြစ်ပြီး RUIM Card အစားဖုန်းအတွင်း ESN Code ထည့်သွင်း၍ အသုံးပြုခဲ့ပါတယ်။ နောက်ပိုင်းမှာ CDMA 450 MHz စနစ်ကို ၂၀၀၈ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသများမှာ စတင်အသုံးပြုခဲ့ပါတယ်။ ယခုအခါတွင် ကုန်းတွင်းပိုင်းဒေသတွေကိုပါ ကွန်ယက်ဆက်လက်တိုးချဲ့ပြီး သုံးစွဲသူများမှ အထိုင်ဖုန်းနှင့် Handsets ၂ မျိုးစလုံးဖြင့် ကျယ်ပြန့်စွာအသုံးပြုလာကြပါတယ်။



Application ပိုင်းဆိုင်ရာ

CDMA Handset နဲ့ အထိုင်ဖုန်းတွေမှာ GSM Phone တွေလောက် Function အထွေအထူးမပါဝင်ဘဲ ကွန်ယက်ကိုသာ အဓိကထား၍ ထုတ်လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ GSM Smart Phone များကဲ့သို့ Function များပါဝင်သော Handset များကို Supplier တွေက ဖြည့်စွက်ခဲ့ပါတယ်။ CDMA အထိုင်ဖုန်းများတွင် FM Radio, Fax, IDD call တွေ ပိတ်လို့ရတာမျိုး၊ Lock ချလို့ရတာ၊ Conference Call တွေအစရှိသဖြင့် ပိုမိုစုံလင်အောင်ထည့်သွင်းခဲ့ကြပါတယ်။ CDMA လက်ပိုင်ဖုန်းတွေမှာဆိုရင်လည်း MP3, MP4 သီချင်းနားထောင်လို့ရတာမျိုးတွေ၊ Camera စသည်တို့ပါဝင်သော ဖုန်းများကို အသုံးပြုလာပါသည်။



နိဂုံးချုပ်


နိဂုံးချုပ်အနေနဲ့ ပြေရမယ်ဆိုရင်တော့ သာမန်အိမ်သုံးနဲ့ လုပ်ငန်းသုံးများအတွက် CDMA 450 MHz အထိုင်ဖုန်းများက CDMA လက်ပိုင်ဖုန်းများထက် ပိုမိုအသုံးတည့်ကြောင်းသိရှိရပါတယ်။ အခြားသော ဖုန်းတွေထက် CDMA ဖုန်းတွေက လိုင်းဆွဲအား အထူးကောင်းမွန်ပြီး Transmission အတွက် ဖုန်းပါဝါကို အဓိကထားအသုံးပြုကြပါတယ်။ ထို့ကြောင့် ဘက်ထရီစားနှုန်းမှာ သာမန် GSM ဖုန်းများထက ပိုမိုမြင့်မားပြီး ဘက်ထရီတက်တမ်း ပိုမို တိုတောင်းတယ်လို့ သိရှိရပါတယ်။

(၁) CDMA 450 Phone တွေမှာ ဘာကြောင့် ဘက်ထရီအကုန်မြန်ရတာလဲ?

အဓိကအကြောင်းကတော့ CDMA 450 MHz Network ဟာ Low Frequency Band ဖြစ်တာကြောင့် Network Coverage Area ဟာ အခြား High frequency တွေထက် ပိုများပါတယ်။ ဒါကြောင့် Cell တွေမှာ Transmit Power ပိုမိုသုံးစွဲရတဲ့အတွက် အခြားဖုန်းတွေထက် ဘက်ထရီအကုန်မြန်ရခြင်းဖြစ်ပါတယ်။

(၂) CDMA 450 MHz Network ကို မည်သည့်ဒေသတွေမှာ အဓိကထားပြီးတော့ သုံးစွဲသလဲ?

CDMA 450 MHz Network ဟာ Frequency အနိမ့်ပိုင်းမှာ အလုပ်လုပ်တဲ့အတွက် အတားအဆီးနည်းတဲ့ ကမ်းရိုးတန်းဒေသတွေမှာ အသုံးများရခြင်း ဖြစ်ပါတယ်။ အတားအဆီးများတဲ့ မြို့ပြဒေသတွေမှာကျတော့ အဆောက်အဦးတိုက်တာတွေ Block ဖြစ်နေပြီး Penetration ပိုင်းမှာ အနည်းငယ်အခက်အခဲရှိနေတာကြောင့် ကမ်းရိုးတန်းဒေသမှာ အဓိကထားပြီးသုံးရခြင်းဖြစ်ပါတယ်။

(၃) CDMA ၏ နည်းစနစ် အားသာချက်

CDMA 450 MHz Network ဟာ Large cell size ဖြစ်ပြီး Coverage Area ကျယ်သောကြောင့် Base Station နည်းနည်းဖြင့် အလုပ်လုပ်နိုင်ခြင်း၊ Base Station နည်းနည်းဖြင့် အလုပ်လုပ်နိုင်သည့်အတွက် ကွန်ယက်တိုးချဲ့သည့်အခါ ကုန်ကျစရိတ်သက်သာခြင်း၊ Transmission Signal များကိုလည်း အခြား GSM Network တွေထက် Receving လုပ်နိုင်ခြင်း (Better Receive Signal at Receiver) လိုင်းဆွဲအားမှာလည်း အခြား Network များထက် ပိုမိုသာလွန်ခြင်းတို့ ဖြစ်ပါသည်။

www.mmitsky.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Advertise Here !

Software Full Version Download and Tech News Update


ကားကောင်းကောင်းကြိုက်သူတွေအတွက် Window 7 Lambogini Theme လေးတင်ပေးလိုက်ပါတယ်ဗျာ။  ကားတွေကတော့ရေလည်လန်းတယ်ဗျာ။ ၀ယ်မစီးနိုင်တော့လည်း သရေတော့ကျမိသား။ မိမိကွန်ပျူတာကို အလှဆင်လိုသူများ အကြိုက်ဖြစ်မှာပါ။ Window 7 themes များကို ဒီနေရာမှာ ယူနိုင်ပါတယ်။  Window 8 မှာ လည်း အသုံးပြုလို့ရပါတယ်ခင်ဗျာ။ 

 ကျွန်တော်တင်သမျှ ပို့စ်များအား Facebook ပေါ်ကနေဖတ်ချင်လျှင်

ဒီနေရာမှာ Like ပေးခဲ့ပါခင်ဗျာ

Download=>> Link 1, Link 2


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Advertise Here !

Software Full Version Download and Tech News Update

Android Tuner apk

 Android အတွက် စွယ်စုံသုံး ဆော့ဝဲလ် Android Tuner v0.11.2 Apk (Latest Version) လာပါပြီဗျာ။ Android ဖုန်းတစ်လုံးးရဲ့ battery, cpu, network, memory ကိုစောင့်ကြည့်ထိန်းသိမ်ပေးခြင်း၊ မလိုအပ် တဲ့ ဆော့ဝဲလ်တွေ ကို uninstall လုပ်ခြင်း၊ Android ဖုန်းကို မြန်ဆန်သွက်လက်အောင် ဆောင်ရွက်ပေးခြင်း။ Android ဖုန်းတစ်လုံးရဲ့ နောက်ကွယ်မှာ run နေတဲ့ programs တွေကို ပိတ်ပေးခြင်း၊ ဖုန်းကို backup/restore လုပ်ပေးခြင်း၊ System app များကို ဖျက်ထုတ်နိုင်ခြင်း၊ Android ဖုန်းကို Reboot, Recovery , Bootloader, shudtdown လုပ်နိုင်ခြင်း အစရှိတာတွေကိုလုပ်ဆောင်နိုင်ပါတယ်။ APN, BT discovery, GPS & WiFi Localization ကိုဒီဆော့ဝဲလ်နဲ့ အဖွင့်အပိတ်လုပ်နိုင်ပါတယ်။ သူ့ရဲ့ tools တွေကိုအကုန်အသုံးပြုချင်တယ်ဆိုရင်တော့ ဖုန်းကို root လုပ်ထားဖို့လိုအပ်ပါတယ်ခင်ဗျာ။ Android version 2.1 နှင့်အထက်မှာအသုံးပြုနိုင်ပါတယ်။ အသုံးဝင် tools များစွာပါဝင်တဲ့ အတွက် Android ဖုန်းရှိသူတိုင်း အသုံးပြုသင့်ပါတယ်ခင်ဗျာ။  
 
" Android Tuner v0.11.2 Apk is
The most complete app for monitoring and controlling your Android devices"  လို့ဆိုထားပါတယ်ဗျာ။
           ကျွန်တော်ပြောတာဟုတ်ဘူးနော် ဟိဟိ........




Unique features not available elsewhere (requires root):
  • - Clean reboot
  • - Turn on/off APN, BT discovery, GPS & WiFi Localization
  • - Automatic backup of installed apps
  • - Logcat reader for Android JellyBean 4.1.x
  • - Graphical monitoring widgets
  • - milli-amp consumption reporting
 Full feature set (some require root access):
  • - File explorer (root, sd, network share, streaming)
  • - Application backups (auto, multiple version)
  • - Startup application manager*
  • - Application event control*
  • - System app uninstaller*
  • - System update cleaner*
  • - Monitoring (battery, cpu, network, memory)
  • - Logcat**, kernel message reader*
  • - App statistics since unplugged
  • - Task manager
  • - Auto-task killer
  • - Terminal emulator
  • - CPU tweaks (governor, frequency, voltages) relying on Kernel support*
  • - SD tweaks (cache size, scheduler)*
  • - Sysctl editor*
  • - Build.prop editor*
  • - Many notifications icons can be installed
  • - 1×1 and 2×1 text widgets
  • - 2×1, 3×1, 4×1, 4×2, 5×1 and 5×2 graphic widgets
  • - 1×1 and 4×1 toggle widgets***
  • - App optimizer (zipalign and database cleaner)
  • - Battery saver (cpu, switch off wifi, bt…)
  

ဒီနေရာမှာ Like ပေးခဲ့ပါခင်ဗျာ


Download=>> Link 1, Link 2



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Advertise Here !

Software Full Version Download and Tech News Update


KVM_Switch_Configuration_Example_small

KVM ဆိုသည်မှာ Keyboard, Video နှင့် Mouse ကို
ဆိုလိုခြင်းဖြစ်ပြီး တနေရာတည်းရှိ keyboard, monitor နှင့်
Mouse မှ ကွန်ပြူတာ(SERVER)များစွာကို KVM switch မှ
ထိန်းချုပ်အသုံးပြုနိုင်ပါတယ်။KVM switch ကို အသုံးပြုခြင်း
အားဖြင့် ကုန်ကျစရိတ်ကို သက်သာစေခြင်း၊ လုပ်ငန်းခွင်
ပစည်းများ နေရာချထားမှုကို တစ်စုတစည်းတည်းထဲ
 ဖြစ်စေခြင်းတို့အပြင် SERVER များစွာကို တစ်နေရာတည်းမှ
 တစ်ပြိုင်နက်သုံးစွဲနိုင်ခြင်းကြောင့် အလုပ်ပြီးမြောက်မှု မြန်ဆန်လာပါတယ်။
images

Administrator များအနေဖြင့် KVM switch တွင်
ချိတ်ဆက်ထားသော Server အားလုံးကို တစ်နေရာ
တည်းမှ အချိန်မရွေးအသုံးပြုနိုင်ပါတယ်။
KVM မှာ BUS ဘယ်နှစ်ခုပါသလဲ ဆိုတာအရေးကြီးပါတယ်။
 Dual Bus KVM တစ်ခုမှာဆိုရင် Remote Bus တစ်ခု
 Local Bus တစ်ခုပါဝင်ပါတယ်။ Local Console ကနေ
တိုက်ရိုက်ဝင်သုံးတာကို Local Bus က ဆောင်ရွက်ပေးတာဖြစ်ပြီး
Remote ကနေ IP မှတဆင့် ၀င်ရောက်ထိန်းချုပ်ဖို့ကိုတော့
 Remote Bus က လုပ်ဆောင်ပေးပါတယ်။ Remote Bus ကနေပြီး
 Multiple Users တွေ တပြိုင်နက်တည်း KVM ကို Login ၀င်နိုင်ပါတယ်။
အချင်းချင်း Message ပေးပို့ နိုင်ပါတယ်။

တစ်ခုသတိပြုရမှာက တကယ်လို့ Remote BUS ဟာ
တစ်ခုတည်းဖြစ်ခဲ့ရင် Remote Users များဟာ KVM ကို
တစ်ချိန်တည်းမှာ Login ၀င်ထားနိုင်သော်လည်း တပြိုင်နက်တည်းမှာ KVM port တစ်ခုကိုသာ ၀င်ရောက်သုံးစွဲနိုင်မှာပဲဖြစ်ပါတယ်။

Credit >>> IT Group


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Advertise Here !

Software Full Version Download and Tech News Update


မင်္ဂလာပါ.....
TubeMate.apkး Android သုံးဆော့ဝဲလ်လေးကတော့ Youtube Video များကို Download ဆွဲပြီး Offline ပြန်ကြည့်လို့ရပါတယ်။ အသုံးပြုပုံကတော့ အင်တာနက်ဖွင့် >>Run TubeMate >> အကောင့်ရှိလို့ Sign in လုပ်ချင်လည်းလုပ်၊ မလုပ်လည်းရပါတယ် >>Video Loading တက်လာပြီးရင်
Play ပါ >> ဒေါင်းချင်ရင်တော့ မြားစိမ်းလေးနှိပ်ပြီး နှစ်သက်ရာ Video Format ရွေးဒေါင်းပါကုန်....
ကျွန်တော်တို့တောမှာ၊ ဒိုက်ဦးမှာတော့ C800 Internet လိုင်းနဲ့ ဒေါင်းရတာ အတော်လေးအဆင်ပြေလို့
ပြန်လည်မျှဝေလိုက်တာပါ။ လိုအပ်လို့ဒေါင်းမယ်ဆိုရင်တော့...
Zippyshare   :   4Shared  

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Advertise Here !

Software Full Version Download and Tech News Update



Window Phone အသုံးပြုတဲ့မိတ်ဆွေများ
အားလုံးအတွက် Offline Map အသုံးပြု
ပုံလေးကို အင်တာနက်ဂျာနယ်မှာတွေ့
လို့ပြန်လည်မျှဝေလိုက်ပါတယ်ဗျာ...


        Offline Map တစ်ခုပြုလုပ်ဖို့အတွက်

-----ပထမဆုံးသင့်ရဲ့မိုဘိုင်းဖုန်းထဲကိုမြေပုံ

ကို Download ပြုလုပ်ပြီးထည့်သွင်းရမှာဖြစ်

ပါတယ်။မြေပုံကို Download ပြုလုပ်ဖို့အတွက်

Setting အောက်က Application အောက်မှာ

Map ဆိုတာကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။

ပြီးသွားပြီဆိုရင်တော့ Download New Map

ကိုရွေးချယ်ပြီးဖုန်းထဲကညွှန်ကြားချက်အတိုင်း

Download ယူရမှာဖြစ်ပါတယ်။ ကဲ...Down

ပြီးရင်တော့ မိမိဖုန်းထဲမှာ Offline Map အဖြစ်

အသုံးပြုလို့ရပါပြီဗျာ...


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Advertise Here !

Software Full Version Download and Tech News Update




Window Phone တစ်လုံးကိုသုံးစွဲသူတွေအတွက်
မိမိတို့ရဲ့အရေးကြီးတဲ့ Data တွေနဲ့ အခြားဓါတ်ပုံ
Movie ဖိုင်တွေ၊ Application တွေကိုအကြောင်း
အမျိုးမျိုးကြောင့် ပျက်စီးမှုမှကာကွယ်ဖို့အတွက်
Backup ပြုလုပ်ထားသင့်ပါတယ်။ အကြောင်းအမျိုး
မျိုးကြောင့် Backup ပြုလုပ်ထားတဲ့ဖိုင်တွေဟာ
Backup လုပ်ထားပေမဲ့ ပျက်စီးသွားပါက အလွယ်
တကူ Restore ပြုလုပ်ထားနိုင်မှာဖြစ်ပါတယ်။
ဒါမှသာလုပ်ကိုင်လိုတဲ့လုပ်ငန်းကိုပြီးဆုံးအောင်
လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ပြုလုပ်ပုံကိုလဲ
မိတ်ဆွေများကိုဖော်ပြပေးလိုက်ပါတယ်။
မိတ်ဆွေတို့အသုံးပြုတဲ့ Window Phone တစ်
လုံးထဲမှာရှိတဲ့ Data တွေ၊ Application တွေနဲ့
အခြားသော Data တွေကို Backup ပြုလုပ်ဖို့
အတွက် Microsoft ပေးထားတဲ့ Cloud Storage
Server မှာပဲသိမ်းသိမ်းဒါမှမဟုတ် ကွန်ပျူတာ
နဲ့ Micro SD Card ထဲမှာပဲသိမ်းသိမ်း  သိမ်း
ဆည်းပြီးပြန်လည်အသုံပြုနိုင်မှာဖြစ်ပါတယ်။
Backup ပြုလုပ်ဖို့အတွက်ကတော့ App list
အောက်က setting ကိုသွားရမှာဖြစ်ပါတယ်။
ပြီးရင်တော့ Backup ကိုရွေးချယ်ရမှာပါ။
Backup ဆိုတဲ့နေရာမှာ Turn on ပြုလုပ်ပေး
လိုက်တာနဲ့ Backup ပြုလုပ်တဲ့လုပ်ငန်းစဉ်
ကိုပြုလုပ်မှာဖြစ်ပါတယ်။ ဖိုင်တစ်ဖိုင်ကို Backup
လုပ်ထားပြီးပြန်လည်အသုံးမပြုလိုတဲ့အခါမှာ
Backup ဖိုင်ကိုဖျက်ဖို့အတွက် App-list>
Setting > Advanced > Delete ကိုရွေးချယ်
နိုင်မှာဖြစ်ပါတယ်။
Restore ပြန်လည်လုပ်ကိုင်လိုတယ်ဆိုရင်
သင်ဖုန်းမှာအသုံပြုတဲ့ Microsoft Account
ကိုအသုံးပြုပြီးဖုန်းရှဲ့Setting အောက်က
Restore ကနေအဆင့်လိုက်ပြန်လည်လုပ်
ဆောင်နိုင်မှာဖြစ်ပါတယ်။ App & Message
File တွေကိုသိမ်းဆည်းထားဖို့အတွက်က
တော့ Micro SD Card ကိုအသုံးပြုပြီး
Backup လုပ်ဆောင်သိမ်းဆည်းထားနိုင်မှာ
ဖြစ်ပါတယ်။ အဓိကမှာကြားလိုတာကတော့
အထက်ပါလုပ်ဆောင်ချက်တွေလုပ်ဖို့အတွက်
ဆိုရင်တော့ Internet Connection လိုအပ်မှာ
ဖြစ်ပါတယ်ခင်ဗျာ..။



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Advertise Here !

Software Full Version Download and Tech News Update



ဒီတစ်ခါတော့ မိတ်ဆွေများအားလုံးအတွက်
ဗဟုသုတ လေးရလိုရငြား Internet Journal
မှာတွေ့လိုက်လို့တင်ပေးလိုက်ပါတယ်ဗျာ...
Samsung Galaxy Note 3 မှာပါတဲ့
အချက်လေးတွေကိုတင်ပေးလိုက်ပါတယ်ဗျာ....


1>>> Network
.......... Samsung ကနေအသစ်ထပ်မံဝင်ရောက်
လာမယ့်ဖုန်းအမျိုးအစားသစ်တစ်ခုဖြစ်ပါတယ်။
နည်းပညာသစ်တွေပေါင်းစပ်ပါဝင်လာမယ့်ဖုန်း
အမျိုးအစားဖြစ်ပြီးထူးခြားဆန်းကျယ်မှုတွေကို
လည်းမြင်တွေ့ရမှာဖြစ်ပါတယ်။ GSM စနစ်သုံး
ုဖုန်းအမျိုးအစားဖြစ်ပြီး 2G, 3G ကွန်ရက်စနစ်
တွေအပြင် 4G LTE ကွန်ရက်စနစ်မှာပါအသုံးပြု
နိုင်မယ်လို့ဆိုပါတယ်။ Sim Card ကတော့
Micro Sim စနစ်ဖြစ်ပါတယ်။အင်တာနက်
စနစ်တွေအတွက်တော့ EDGE, GPRS, HSDPA,
HSUPA စနစ်တွေကိုအသုံးပြုနိုင်မှာဖြစ်ပြီး
WiFi စနစ်ကိုလည်းပါဝင်ပါတယ်။ Note 3 ဟာ
ဆန်းသစ်မှုတွေနဲ့ပေါင်းစပ်ထုတ်လုပ်ထားပြီး
တော့ ဖုန်းရဲ့နောက် Back Cover ဟာလည်း
Leather Cover ပုံစံမျိုးဖြစ်ပါတယ်။ဖုန်းတွင်း
အသုံးပြု Sensor စနစ်ပိုင်းတွေနဲ့ Function
စနစ်ပိုင်းတွေမှာ ပိုမိုတိုးချဲ့ထားပြီး ဒီဖုန်းနဲ့
တွဲဖက်အသုံးပြုနိုင်မယ့် Bluetooth Wireless
နာရီတစ်လုံးလဲတွဲဖက်ထုတ်လုပ်ထားတယ်
လို့ဆိုပါတယ်။ဒီနာရီမှာ ကိုယ့်ဖုန်းထဲကို
ဝင်လာမယ့်ဖုန်းတွေကိုမြင်တွေ့နိုင်မှာဖြစ်ပြီး
နာရီကနေတဆင့်စကားပြောနိုင်မယ်လို့
ဆိုပါတယ်။

2>> CPU & GPU
.....ဒီဖုန်းမှာထည့်သွင်းအသုံးပြုထားတဲ့ CPU ကတော့
Quad-core 2.3GHz Krait 400[N9005]/Quad-core
1.9GHz cortex-A15 & quad-core 1.3GHz Cortex-
A7[N9000]CPU ဆိုပြီးတော့အသုံးပြုထားတဲ့ CPU သုံး
မျိုးဖော်ပြထားတာတွေ့ရပါတယ်။ CPU စနစ်ပိုင်းမှာတော့
ကောင်းမွန်ပြည့်စုံနေပါတယ်။ ဂရပ်ဖစ်စနစ်ပိုင်းအတွက်
ကလည်း Adreno 330[N9005]/Mail-T628 MP6 [N9000]
GPU ဆိုပြီးတော့ GPU ကလည်း ၂မျိုးတွေ့ရပါတယ်။ဂရပ်ဖစ်
စနစ်ပိုင်းမှာလည်း မြင့်မားကောင်းမွန်နေတဲ့အခြေအနေမျိုး
မှာရှိနေပါတယ်။

3>>> Screen
..........Screen ကတော့ 5.7 လက်ရှိပြီး Screen အမျိုး
အစားကတော့ Super AMOLED Screen အမျိုးအစားပါ။
Screen စနစ်ပိုင်းမှာလည်း HD Resolution Screen
ဖြစ်တယ်လို့ဆိုထားပါတယ်။ Screen Resolution ပိုင်း
မှာလည်း Galaxy Note II ထက်ပိုပြီးတော့မြင့်မားနေ
တာတွေ့ရပါတယ်။ Note II ကတော့ 720x 1280 pixels
ဖြစ်ပြီး Note 3 ကတော့ 1080x1920 pixels ရှိပါတယ်။

4>>> Multimedia
 ...........SNS intergration , Dropox (50GB storage),
TV-out(via MHLA/Vlink), MP4,WMV,MP3,WAV,FLA
Player,Organizer, Image/Video editor,Document
editor(Word,Exel,PowerPoint,PDF), Google search,
Maps,Gmail,YouTube,Calendar,Google Talk,Picasa,
Voice memo/dial/comands အစရှိတဲ့စနစ်တွေကို
အသုံးပြုနိုင်မယ်လို့ဆိုပါတယ်။ Touch Pen စနစ်ပိုင်းတွေမှာ
လည်းအဆင်မြှင့်တင်ထားပြီး Screen ကိုမထိပဲအသုံး
ပြုနိုင်မယ့် Air Gestures စနစ်နဲ့ Air View စနစ်ပိုင်း
တွေမှာလည်းပိုမိုကောင်းမွန်မယ်လို့ဆိုပါတယ်။

5>>> OS

............... OS ကတော့ Android OS ဖြစ်ပြီးဗားရှင်း
ကတော့ 4.3 Jelly Bean ကိုအသုံးပြုထားတာဖြစ်ပါတယ်။

6>>> Dimension & Weight
..............ဖုန်းအရွယ်အစားကတော့ အမြင့်က 151.2mm
ရှိပြီဘေးတိုက်အကျယ်ကတော့ 79.2mm ရှိပါတယ်။
ဖုန်းရဲ့အထူကတော့ 8.3mm ဖြစ်တဲ့အတွက် Galaxy
Note 2 ထက်ပါးတယ်လို့ဆိုပါတယ်။အလေးချိန်
ကတော့ Note 3 က 16g ရှိတဲ့အတွက် Note 2 ထက်
ပေါ့တာတွေ့ရပါတယ်။

7>>> Sensor & Chipset
.............. Sensor စနစ်ပိုင်းမှာလည်းပိုမိုအဆင့်မြှင့်
တိုးချဲ့ထည့်သွင်းတပ်ဆင်ထားတာကိုမြင်တွေ့ရ
မှာပါ။ Accelerometer Sensor , Gyro, Proximity,
Compass Sensor စနစ်တွေအပြင်နောက်ထပ်
Sensor လေးခုထပ်ပံတိုးမြှင့်ထားတာတွေ့ရပါတယ်။
ဖော်ပြခဲ့တဲ့ Sensor လေးခုကတော့ပါနေကျ Sensor
တွေဖြစ်ပြီးထပ်တိုးအနေနဲ့ barometer, temperature,
humidity, gesture အစရှိတဲ့ Sensor စနစ်တွေကို
ထပ်မံတိုးမြှင့်ထားတာတွေ့ရပါတယ်။ Chipset ကလည်း
အဆင့်မြင့်မားတဲ့ Qualcomm Snapdragon 800
(N9005}/Exynos5 Octa Chipset ကိုအသုံးပြုထား
တာပါ။

8>>> Camera

............ ကင်မရာစနစ်ပိုင်းမှာလည်း တိုးမြှင့်မှုရှိနေပြီး
13 Megapixel ရှိတဲ့ HD ကင်မရာကိုထည့်သွင်းထား
ပါတယ်။ကင်မရာစနစ်တွေအနေနဲ့ autofocus , LED
Flash, Simultaneous HD video and image recording,
geotagging touch focus, face and smile detection,
image stabilization, panorama,HDR, Video စနစ်
တွေအပြင် Galaxy S4 မှာပါဝင်တဲ့ Dual Shoot Camera
စနစ်၊ Full HD Record Video စနစ်တွေကိုလည်းအသုံးပြု
နိုင်မယ်လို့တွေ့ရပါတယ်။ 2 Megapixel ရှိတဲ့ရှေ့
ကင်မရာစနစ်ပါဝင်တဲ့ဖုန်းပါ။ ကင်မရာစနစ်ပိုင်းမှာလည်း
Galaxy Note 2 ထက်ပိုမိုကောင်းမွန်လာတာတွေ့
ရပါတယ်။

9>>> Memory
....................မှတ်ဥာဏ်စနစ်တွေအတွက်တော
Internal Memory 32GB နဲ့ 3 GB RAM ပါဝင်ပါတယ်။
မှတ်ဥာဏ်ထပ်တိုးအသုံးပြုဖို့အတွက်လည်း Micro
SD Card ကိုထည့်သွင်းအသုံးပြုနိုင်ပြီးနောက်ထပ်
64GB ထိထပ်တိုးအသုံးပြုနိုင်တာကိုတွေ့ရပါတယ်။



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Advertise Here !

Software Full Version Download and Tech News Update

Adobe acrobat program သည်
အီလက်ထရောနစ် စာရွက်စာတာတမ်းများ
(ကွန်ပျူတာဖိုင်များ)ကို ကမ္ဘာနှင့်တ၀ှမ်း
ဖလှယ်သုံးစွဲရာတွင် အဓိက ကျသည့် software
တစ်ခု ဖြစ်ပါတယ်။ မည်သည့်စာရွက်စာတမ်းမျိုးကို
မဆို Acrobat ကို အသုံးပြု၍ PDF
(Portable Document Format) ဖိုင်အဖြစ်
စာအုပ်ထုတ်၍ ဖြန့်ဝေနိုင်ပါတယ်။ ၄င်းဖိုင်စနစ်ဖြင့်
သိမ်းဆည်းထားသည့် စာအုပ်စာတမ်းများကို
Electronic Book (သို့မဟုတ်) e-book ဟူ၍
လည်းကောင်း လူသိများသည်။ PDF ဖိုင်စနစ်ဖြင့်
သိမ်းဆည်းထားသည့် စာရွက်စာတမ်းများသည်
 မူရင်းအတိုင်း တိကျ သပ်ရပ်မှု့ရှိပြီး ရုပ်ပုံများ၊
စာလုံးများ ပြည့်စုံစွာ ပါရှိသဖြင့် ၄င်းကို အီးမေးလ်
 ပေးပို့ခြင်း (သို့မဟုတ်) INTERNET INTERNET
FILE SYSTEM တစ်ခုဖြင့် DISKETTE CD ROOM
စသည်တို့တွင် သိမ်းဆည်းထားပြီး၊ MICROSOFT
 WINDOW၊ MAC OS၊ UNIX စသည့် PLATFORM
(OPERATING SYSTEM) များကို အသုံးပြုကာ
 လူအများဖတ်ရှု့ရန်အတွက် ဖြန့်ဝေနိုင်ပါတယ်။
ကဲ ဘယ်လို ပြုလုပ်ရသလဲ ဘယ်လို အသုံးပြုရ သလဲ
 အောက်မှာ Download လုပ်ပြီးတော့ ဖတ်လိုက်ပါ။
 ဒီစာအုပ်လေးအတွက် ကိုညီနေမင်းကိုလည်း
 credit ပေးပါတယ်ဗျာ... 
 



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Advertise Here !

Software Full Version Download and Tech News Update

Window Phone တစ်လုံးမှာ
Battery နည်းပါကပြုလုပ်သင့်တဲ့
အချက်များစွာရှိပါတယ်။သင့်ရဲ့
Window Phone ဖုန်းဟာ Battery
အားကိုသက်သာအောင်ပြုလုပ်ထား
နိုင်ပါတယ်။
ပထမဦးစွာ Window Phone 8 ကို
Battery စွမ်းအင်သက်သာစေဖို့
အတွက် Settings ထဲကိုသွားရပါမယ်။
၁။ Setting ထဲမှ Brightness ကိုပိတ်ထား
ရပါမယ်။
၂။  Themes ကိုအရောင်စိုစိုတောက်
      တောက်တွေမထားပါနဲ့။ဖြစ်နိုင်ရင်
      အနက်ရောင်ကိုရွေးချယ်ရင်ကောင်း
      ပါတယ်။
၃။   Setting ထဲက Tab and Send ကို
      off ပြုလုပ်ထားရမှာဖြစ်ပါတယ်။ဒါ
      ကတော့ NFC အသုံးပြုတဲ့ဖုန်းအချင်း
      ချင်းနဲ့အချက်အလက်တွေဖလှယ်တဲ့
      အခါမှာအသုံးပြုနိုင်တဲ့ Feature တစ်
      ခုဖြစ်ပါတယ်။
၎။   နောက်ကွယ်ကနေ App တွေ Run
      မနေစေဖို့အတွက် Setting အောက်
      က Application Setting အောက်ကို
      သွားပြီး Background Task မှာ My
      Battery ကို Block ပြုလုပ်ထားရပါ
      မယ်။
၅။   Backup Setting အောက်မှာလည်း
      app list+ Setting မှာ Turn off
      Backup ဆိုတာကိုရွေးချယ်ပေးထား
      ရမှာဖြစ်ပါတယ်။
၆။   Update တွေ အလိုလျောက်ဆွဲနေ
      တာကိုတားဆီးဖို့အတွက် Setting
      အောက်က Phone Update ကိုသွား
      ရပါမယ်။အဲဒီထဲမှာမှ Automatically
      Download Update ကို Disable ကို
      ပြုလုပ်ထားရပါမယ်။
အထက်ကအချက်တွေအတိုင်းသာပြုလုပ်
ပါက Battery သက်တန်းအားနည်းနေတဲ့
ဖုန်းဟာအရင်ထက်သိသိသာသာပိုကောင်း
လာတာကိုတွေ့ရမှာဖြစ်ပါတယ်နော်။


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Advertise Here !

Software Full Version Download and Tech News Update

မိတ်ဆွေများအားလုံးအတွက် 

စားကြမယ်ဟေ့ကောင်းကောင်း(၁/၂/၃)

ကိုတင်ပေးလိုက်ပါတယ်ဗျာ....

(၂)တင်ပြီးကတည်းက မတင်တာလဲကြာပြီနော်.

အခုပြုစုပြီးလို့တင်ပေးလိုက်ပါပြီဗျာ..

ဒီတစ်ခါတော့ အားလုံးကြိုက်မယ့်

ဟင်းကောင်းလေးပါဗျာ.. ငါးခေါင်း

ဟင်းချိုပြုလုပ်နည်းလေးပါဗျာ..အပြင်မှာ

ကျွန်တော်တို့ 2000ိ/ ကျပ်လောက်

ပေးပြီးဝယ်စားရတဲ့ဟင်းလေးပါ။

ကဲလိုချင်ရင်တော့အောက်မှာဒေါင်း

လိုက်ပါဗျာ...


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Advertise Here !

Software Full Version Download and Tech News Update
 
မင်္ဂလာပါ....
Credit to - ၀မ်းကို ကိုအောင် (International Social Network Myanmar)
မြန်မာ Developer တစ်ယောက်ကြိုးစားပြီးရေးထားတဲ့ software ကိုအသုံးပြုပေးစေလိုခြင်းဖြစ်ပါတယ်။
မူရင်း Developer ၀မ်းကို ကိုအောင် ရဲ့စကားလုံးများအတိုင်းတင်ထားခြင်းပါခင်ဗျ။
 
CPU Monitor Software

လေးတင်ပေးလိုက်ပါပြီးကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ software တစ်ခုပါ မိမိကွန်ပျူတာမှာ CPU 
ဘာအမျိုးစားတပ်ထားလည်းဆိုတာစက်အဖုံးဖွင့်ပြီးဖြုတ်ကြည့်စရာမလိုတဲ့ software 
တစ်ခုဖြစ်ပါတယ်နောက်ပြီးမိမိကွန်တာပျူဘာ windows တင်ထားလည်း User Name တွေပါဖော်ပြထားတဲ့ 
software တစ်ခုဖြစ်ပါတယ်။ မြန်မာ Developer တစ်ယောက်ကြိုးစားပြီးရေးထားတဲ့ software 
ကိုအသုံးပြုပေးစေခြင်းပါတယ်။
 
Download link
 
https://www.dropbox.com/s/keez8ufyjzr1fts/CPU%20Monitor%20www.onekokoaung .blogspot.com.rar
 
http://www.sharebeast.com/gzya0mmtfj68


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Advertise Here !

Software Full Version Download and Tech News Update

ကဲသူငယ်ချင်းတို့အတွက်ကျွန်တော်ဒီ game လေးတင်ပေးလိုက်ပါတယ်လက်ရှိကျွန်တော်ဆော့နေ
တဲ့game လေးဖြစ်ပါတယ်ဒီကောင်ကအကောင်တွေကိုမျိုးစပ်ပြီးဆော့ရတဲ့gameလေးဖြစ်တယ်levelတွေ
များလာတာနဲ့အမျှပိုဆော့လို့ကောင်းလာတယ်ဆော့ချင်သူများအောက်မှာယူနိုင်ပါတယ်

                                                  DOWNLOAD HERE


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Download Here !

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်..

Advertise Here !