August 2020
Software Full Version Download and Tech News Update

 Xiaomi ဟာ Smart Device ထုတ်လုပ်မှုမှာ တိုးတက်ကောင်းမွန်လာခဲ့ပြီး အခု တကယ့် Smart Oven တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်..
Smart Oven ဆိုတဲ့အတိုင်း တကယ် Smart ဖြစ်နေပါတယ်..
Oven ထဲမှာ HD Camera တစ်လုံးကိုတပ်ဆင်ပေးထားပြီး Oven ထဲမှာ ထည့်ထားတဲ့ ဟင်းတွေ၊ မုန့်တွေ စတဲ့ ပစ္စည်းတွေရဲ့အခြေအနေတွေကို ဖုန်းထဲကနေ ကြည့်ရှုမှတ်တမ်းတင်နိုင်ပါတယ်..
2.4 GHz Wifi connection စနစ်ကိုအသုံးပြုပြီး ဖုန်းနဲ့ချိတ်ဆက်နိုင်တာဖြစ်ပါတယ်.. Oven ရဲ့ Firmware ကိုတောင် ဖုန်းထဲကနေ Update လုပ်ပေးနိုင်ပါတယ်တဲ့.. Oven တောင် Firmware နဲ့..


အပူချိန် 200 ဒီဂရီ စင်တီဂရိတ်ကိုရောက်ဖို့ ၆ မိနစ်ကနေ ၈ မိနစ်ကြားပဲကြာမြင့်မှာဖြစ်ပါတယ်..
Oven ကို အဆင့်မြင့် ကာဗွန်ဖိုက်ဗာသားနဲ့ ပြုလုပ်ထားပြီး တန်ဖိုးကတော့ 423 USD (မြန်မာငွေ ၅ သိန်းခွဲကျော်ခန့်) ဖြစ်ပါတယ်..

Feature :

Tokit Smart Oven Review

Ref : Xiaomify
 

 အဆင်ပြေပါစေ..
မောင်ပေါက်< Blogger >
www.maungpauk.org

Advertise Here !

Software Full Version Download and Tech News Update

Smartphone တင်မက Smart TV လောကမှာလည်း ဆရာတစ်ဆူဖြစ်လာတဲ့ Xiaomi ဟာ ဟိုဘက်ဒီဘက်ဖောက်ထွင်းမြင်ရတဲ့ Mi Transparent TV တရားဝင် ရောင်းချလိုက်ပါတယ်..
၅၅ လက်မ OLED စကရင်နဲ့ အထူးပါးလွှာတဲ့ 5.7mm ultra-thin ဒီဇိုင်းနဲ့ဒီ TV ဟာ 1.07 billion primary colors, DCI-P3 93% wide color gamut, 120Hz refresh rate, MEMC motion compensation, 1ms transient response နဲ့ Gaming-level Display နဲ့ထုတ်လုပ်ထားတာပါ..
Chip ကိုတော့ MediaTek 9650 customized TV chip နဲ့တပ်ဆင်ပေးထားပြီး quad-core A73 processor နဲ့ Mali-G52 graphics card ကိုထည့်သွင်းပေးထားပါတယ်..
အရင် Generation တွေထက် ၃၀% ပိုမိုမြန်ဆန်စေပြီး စျေးနှုန်းကတော့ 49,999 YUAN ($7198)(မြန်မာငွေ သိန်း ၁၀၀ နီးပါး)ကျသင့်ပေမယ့် ဒီနေ့မှာပဲ ရောင်းကုန်သွားတယ်လို့ဆိုပါတယ်..
တကယ့်ဆရာကြီးပဲ.. 







Source : GizChina



အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org

Advertise Here !

Software Full Version Download and Tech News Update

Smartphone တွေရဲ့ စွမ်းဆောင်ရည်ကို တိုင်းတာစစ်ဆေးပေးတဲ့ Antutu ရဲ့ စာရင်းအရ
Global Top 10 Flagship Smartphone တွေကတော့−
  1. OPPO Find X2 Pro
  2. OnePlus 8 Pro
  3. Redmi K30 pro
  4. Mi 10 Pro
  5. OnePlus 8
  6. Poco F2 Pro
  7. Mi 10
  8. Samsung Galaxy S20 Ultra 5G
  9. Samsung Galaxy S20+ 5G
  10. iQOO Z1
တို့ဖြစ်ကြပြီး ဒီထဲမှာ Snapdragon မဟုတ်ဘဲ MediaTek ရဲ့ Dimensity 1000+ ကပထမဆုံး Global Top 10 စမတ်ဖုန်းနဲ့အတူ နေရာယူလာပါတယ်.. သူကတော့ iQOO Z1 ဖြစ်ပါတယ်..


အလယ်အလတ်ဆင့် Mid-range တွေမှာတော့−
  1. Redmi K30 5G
  2. Huaawei nov 7i
  3. Redmi Note 8 Pro
  4. Realme 6
  5. Realme 6 Pro
  6. Redmi Note 9 Pro
  7. Redmi Note 9S
  8. Mi Note 10 Lite
  9. Mi Note 10
  10. Galaxy A71

တို့ဖြစ်ကြပါတယ်.. 






Source : Antutu Benchmark

အဆင်ပြေပါစေ..

မောင်ပေါက်< Blogger >
www.maungpauk.org

Advertise Here !