November 2014
Software Full Version Download and Tech News Update

ကျနော်လက်လှမ်းမှီသမျှ android မြန်မာဖေါင့်ထည်.တဲ့ Method မှန်သမျှကို 1 Click ရအောင် လုပ်ပေးထားပါတယ်.. MPPG Font Tool { APK version } ပါ
Samsung တွေ EMojo မပျောက်ပါဘူး.. မြန်မာစာ ရှေ့နောက်မလွဲပဲမှန်မယ် (ဆရာကိုကျော်ဇောနိုင်ကိုကျေးဇူးတင်လိုက်ပါ )
ရိုးရိုးဖေါင့်နဲ့မပေါ်နိုင်တဲ့ဖုန်းတွေ SmartZawgyi သုံးထားပါတယ် (ကျော်စွာသွင်မှထုတ်လုပ်ထားပါတယ်)
အခြားအခြားသော ယခု apk ထဲမှာပါတဲ့ ဖေါင့်များကို ရေးသားထားတဲ့ ဒဘလော့ပါတွေကို ဒီနေရာကနေ ကျေးဇူးတင်ကြောင်းပြောကြားပါတယ်
ကျနော်ကိုယ်တိုင်လည်း free release လုပ်တာဖြစ်တဲ့အတွက် ကျန်နေသူတွေရှိရင်ဒီနေရာကတောင်းပန်ပါတယ်



 

င်္ဒီ apk ရဲ့ အထူးအားသာချက်ကတော့
  • နေရာတိုင်းမြန်မာစာ ရှေ့နောက်မလွဲစေရန် FEPFZ method ထည့်ထားခြင်း
  • USER မှ ဘာမှရွေးချယ်ပေးစရာမလိုပဲ
  • 1 Click 1 Button ဖြင့်သာ သုံး၇န်လိုအပ်ပီး ကျန်တာအားလုံး ကျနော့် ဘက်မှတာဝန်ယူ
  • ထားခြင်း
  • သတင်းခေါင်းစဉ်များ ဖေ့ဘုတ်မြန်မာနာမည်များ COC Game များက အစ မြင်ရအောင်လုပ်ထားပေးခြင်း
  • Original font restore ပြုလုပ်နိုင်ခြင်း
တို.ဖြစ်ပါတယ်

What is New : v1.3
  • Y320-U01 fixed
  • G620-L72 fixed
  • G730-U00 fixed
  • Bug Fixed
OS : Android 2.3 and Above
Update : 29.11.2014

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




MPPG Font Tool 1.3.apk : 6.95 Mb

Download Links:

DevHost

Solidfiles

Zippyshare

Tusfiles

Mirror ( 7 Links )



Advertise Here !

Software Full Version Download and Tech News Update

 
Huawei Ascend G6-U00 ရဲ့ Build Number B182, B183, B191, B193 နဲ့ဆုံးတဲ့ Official Firmware နဲ့ B191 နဲ့ဆုံးတဲ့ MIUI Firmware တွေဖြစ်ပါတယ်..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org






Advertise Here !

Software Full Version Download and Tech News Update


Huawei Ascend G6-T00 ရဲ့ Build Number B122, B125, B151 နဲ့ဆုံးတဲ့ Official Firmware နဲ့ B191 နဲ့ဆုံးတဲ့ MIUI Firmware တွေဖြစ်ပါတယ်..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb

Advertise Here !

Software Full Version Download and Tech News Update

 

Huawei Ascend G6-C00 ရဲ့ Build Number B181, B184, B186, B191, B193 နဲ့ဆုံးတဲ့ Official Firmware နဲ့ B191 နဲ့ဆုံးတဲ့ MIUI Firmware ဖြစ်ပါတယ်...


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Advertise Here !

Software Full Version Download and Tech News Update

 

Huawei Ascend G615-U10 ရဲ့ Build Number B111, B112, 113,  B116, B120 နဲ့ဆုံးတဲ့ Official Firmware တွေကိုစုစည်းတင်ပေးလိုက်ပါတယ်..



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Download Links :

Advertise Here !

Software Full Version Download and Tech News Update


Huawei C8816 ရဲ့ Build Number B186 နဲ့ ဆုံးတဲ့ Official Firmware ဖြစ်ပါတယ်...




အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Soft : Mb

Download Links:

Solidfiles

Zippyshare

Tusfiles

ShareBeast

Mirror ( 7 Links )



Advertise Here !

Software Full Version Download and Tech News Update


Y330-C00 Official Firmware Build Number B117, B123, B127 နဲ့ဆုံးတဲ့ Firmware တွေပါ..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org





Download Links:

Download Multiple Links




Advertise Here !

Software Full Version Download and Tech News Update





အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org





Advertise Here !

Software Full Version Download and Tech News Update

နေ့ခေတ် မြန်မာနိုင်ငံမှာ အပေါဆုံးနဲ့လူအကြိုက် အများဆုံး အသုံးအဆောင်ကို ပြပါဆိုရင်တော့ လူ တိုင်းနီးပါးရဲ့ လက်ထဲမှာရှိနေတဲ့ Smartphone aတွပဲ ဖြစ်ပါတယ်။
ဆက်သွယ်ရေး အော်ပရေတာတွေရဲ့ SIM ကတ်တွေ ဈေးကွက်ဝင်လာမှုနဲ့အတူ လူတိုင်းလူ တိုင်း ဖုန်းတစ်လုံးတော့ ကိုင်ထားကြပါတယ်။ ဒီနေရာမှာ ပြောစရာတစ်ခုတော့ ရှိလာပါတယ်။ အဲဒါကတော့ Smartphone အလွဲသုံးမှုပါ။ ဒီစာလုံးက လက်ရှိခေတ်စကား အနေနဲ့တော့ စိမ်းနေပါလိမ့်မယ်။ အကြောင်းကတော့ အလွဲသုံးမှုဆိုတဲ့စကားအနေနဲ့သုံးတာက မူးယစ်အလွဲ သုံးမှုဆိုတဲ့နေရာတစ်နေရာပဲ ရှိလို့ပါ။ ဒါပေမဲ့ မူးယစ်ဆေး ကလည်း စွဲတတ်သလို အခု Smartphone ကိုလည်း အလွဲသုံးမိလို့ကတော့ မှားတတ်ပါတယ်။
ကဲ . .ကျွန်တော့် ဆောင်းပါးလေးဆက်ပါ့မယ်။ ပထမဆုံးအနေနဲ့ ကျွန်တော်က Smartphone ရဲ့ ဆိုလိုရင်း အဓိပ္ပာယ်ကိုပြောချင်ပါတယ်။ ရန်ကုန်လူထုအနေနဲ့ တော့ Smartphone ရဲ့ ဆိုလိုရင်းကို နားလည်သဘော ပေါက်ကောင်းပေါက်နိုင်ပေမယ့် နယ်ဘက်ကစာဖတ်သူ တွေအတွက်ရည်ရွယ်ပြီး အခုစာပိုဒ်လေးကို ထည့်ပြော လိုက်တာပါနော်။
Smartphone ဆိုတာကတော့ Touch စနစ်နဲ့ သုံးနိုင်တဲ့ဖုန်းတွေကိုပြောတာပါ။ Keypad စနစ်နဲ့မဟုတ်တဲ့၊ ခလုတ်နှိပ်ရတဲ့ဖုန်းမဟုတ်တဲ့ဖုန်းအားလုံးကို Smartphone လို့ ခေါ်ပါတယ်။ နည်း ပညာမြင့်ဖုန်းစနစ်တွေကို ဆိုလိုတာပါ။
ဒီဖုန်းတွေရဲ့ အားသာချက်ကတော့ အလွယ်ဆုံးဥပမာပေးရရင် Message ပို့ဖို့အတွက် စာရိုက်တာတောင်မှ Keyboard ကို မျက်နှာပြင်မှာ ခေါ်ပြီးရိုက်နိုင်တာဖြစ်ကာ Keypad တွေမှာလို စာလုံးတစ်လုံးအတွက် ခလုတ်တစ်ခုတည်းကိုပဲ မျှပြီးသုံးရတာမျိုး မဟုတ်ပါဘူး။ ထားပါတော့၊ ဒါက ကျွန်တော့်ရဲ့လိုရင်းမဟုတ်ပါဘူး၊ ဒီတော့ Smartphone ဆိုတာနဲ့ Keypad မဟုတ်တဲ့ ဖုန်းတွေဆိုတာကို နား လည်ထားပေးရင် ရပါပြီနော်။
ဒီနေ့ခေတ်လူငယ်အများစုမှာ ကိုင်ဆောင်သုံးစွဲနေ တဲ့ ဖုန်းအမျိုးအစားက Smartphone တွေပါ။ Keypad တွကို ကိုင်ရမှာရှက်တဲ့ လူငယ်တွေတောင်ရှိပါတယ်။ အ ကြောင်းကတော့ Keypad တွေမကောင်းလို့၊ အားနည်း လို့ဆိုတာထက် တန်ကြေးကြောင့်ပါ။ ဈေးကွက်မှာ Keypad ဖုန်းတွေက ဈေးနည်းနည်းနဲ့ရနိုင်သလို Smartphone တွေ ကတော့ ဈေးမြင့်ပါတယ်၊ ဒါပေမဲ့ လူငယ်တွေအများစု ကိုင်ဆောင်နေကြတဲ့ Smartphone အများစုကတော့ တန်ကြေးအနည်းဆုံး သိန်းဂဏန်း ဝန်းကျင်ကနေ နောက် ဆုံးပေါ်ဖုန်းတွေထိအောင် သိန်းနဲ့ချီတဲ့ ဖုန်းတွေလည်း ပါပါတယ်။
ဒီတော့ဟုတ်ပြီ၊ တန်ကြေးနည်းတာကို မသုံးချင်ဘူး၊ တန်ကြေးကြီးတာကို သုံးချင်တယ်၊ ဒီတော့ဘယ်နေရာမှာ သုံးမှာလဲ၊ အသုံးဝင်အောင်သုံးမှာလား ဆိုတဲ့ မေးခွန်း တွေ မေးလာစရာရှိပါတယ်။ ကျပ် ငါးသိန်းလောက်တန် ကြေးရှိတဲ့ Smartphone ကိုင်ထားတဲ့ လူငယ်တစ်ယောက် ကို ကျွန်တော်အဲဒီမေးခွန်းမျိုး မေးကြည့်ဖူးပါတယ်။ သူ့ အဖြေကတော့''ဒီဖုန်းက မြင်ကွင်းကျယ်တယ်လေ အစ်ကို ရဲ့၊ Video တွေ ကောင်းကောင်းကြည့်လို့ ရတယ်၊ နောက် ပြီး Screen ကျယ်တော့ Facebook သုံးရတာလဲ အဆင် ပြေတယ်၊ Style လဲ ကျတယ်''လို့ ပြန်ဖြေပါတယ်။ သူ့ အဖြေထဲမှာ ဒီလောက်တန်ကြေးကြီးဖုန်းတစ်လုံးကို ကိုင် ထားပြီး ဒီဖုန်းရဲ့ တန်ကြေးနဲ့တန်အောင် အကျိုးရှိရှိအသုံး ချမယ်ဆိုတဲ့ အဖြေတစ်ခုမှမပါပါဘူး။
အဲဒါက ယနေ့ ခေတ်လူငယ်တွေရဲ့ Smartphone အလွဲသုံးမှုပါ။
တလောလေးက ကျွန်တော်စာရေးနေတဲ့ စာပေတိုက် တစ်တိုက်က သတင်းထောက်လေးတွေ Smartphone တစ်လုံးစီ အရစ်ကျစနစ်နဲ့ ဝယ်လာကြပါတယ်။ ပျမ်းမျှ ပြောရရင်တော့ သူတို့ဝယ်လာတဲ့ ဖုန်းတစ်လုံးစီရဲ့တန်ကြေး က ကျပ် နှစ်သိန်းခွဲလောက်ရှိပါတယ်။ ဒီတော့ ကျွန်တော် က ''မင်းတို့တွေ ဘာသုံးဖို့ဝယ်လာတာလဲ''လို့ မေးကြည့် ဖြစ်ပါတယ်။
''ကင်မရာလေးကောင်းတာရယ် နောက်ပြီး လူတောတိုးဖို့ရယ်လေဆရာရဲ့''လို့ ဖြေသွားကြပါတယ်။ ဟုတ်ပါပြီ၊ သတင်းထောက်ဖြစ်တဲ့အတွက် ဖုန်းနဲ့တစ်ပါ တည်းပါတဲ့ ကင်မရာကောင်းတာကို ရွေးချယ်ဝယ်ယူတာ ကိုတော့ ကျွန်တော်အပြစ်ပြောစရာမရှိပါဘူး၊ ဒါပေမဲ့ လူတောတိုးဖို့ဆိုတဲ့ အဖြေနဲ့အတွေးကတော့ တော်တော် ကိုမှားနေတာပါ။ ''သူတို့တွေရဲ့ လစာဘယ်လောက်ပေး ရသလဲ''လို့ အဲဒီတိုက်က အယ်ဒီတာကို မေးကြည့်တော့ ''တစ်သိန်းစွန်းစွန်းပါပဲ''တဲ့။
ကိုယ်ရတဲ့ လခနဲ့မတန်အောင် Smartphone တစ် လုံးကို အလွဲသုံးနေကြပါတယ်။ ဒါက ကျွန်တော်နဲ့နီးစပ်တဲ့ အပိုင်းပါ။ ကျွန်တော်နေတဲ့ ရွှေပြည်သာမှာကိုပဲ အထည် ချုပ်ဝန်ထမ်းလေးတွေဆိုရင် လစာသိန်းဂဏန်းလောက် နဲ့သိန်းကျော်တန်တဲ့ Smartphone တွေကို ဝယ်နေ၊ သုံး နေကြတာ မျက်မြင်ဖြစ်ပါတယ်။ ဒီတော့ သူတို့တွေ ဘာ အတွက် Smartphone တွေ ဝယ်နေတာလဲ၊ အဖြေက တော့ အထက်မှာ သတင်းထောက်လေးတွေဖြေတဲ့ အဖြေ မျိုးပါ။ လူတောတိုးဖို့ ဖြစ်ပါတယ်။
''သူများက တစ်သိန်း တန်ဖုန်းကိုဝယ်ရင် ကိုယ်ကသူ့ထက်တန်ကြေးနည်းတာ တော့ ဝယ်လို့မဖြစ်ဘူး''ဆိုတဲ့ အတွေးက ဒီနေ့ခေတ်လူငယ် တိုင်းမှာ စွဲနေ၊ တွေးနေကြတာပါ။
ဒီအတွေးက မှားပါတယ်၊ ကိုယ်က ဖုန်းတစ်လုံးကို ဝယ်တော့မယ်ဆိုတာနဲ့ အဲဒီဖုန်းကို ဘယ်လိုအပိုင်းတွေ မှာသုံးမှာလဲ၊ ဘယ်လောက်ထိ အဆင့်မြင့်ဖို့ လိုအပ်သလဲ ဆိုတာ ကြိုတွေးထားသင့်ပါတယ်။ မဟုတ်ရင်တော့ ကိုယ့် ရဲ့ ချွေးနှဲစာကို ကိုယ်တိုင်ဖြုန်းတီးပစ်လိုက်တာနဲ့တူ နေမှာပါ။ ဒီနေ့ ကျွန်တော်တို့ ဖုန်းတွေကို သုံးနေကြတာက အချင်းချင်းကြားမှာ ဆက်သွယ်မှုရှိဖို့ပါ။ ပြိုင်ဆိုင်ဖို့ မ ဟုတ်ပါဘူး။ ပြီးတော့ အခုဆောင်းပါးက အခြေခံလူ တန်းစား အများပြည်သူတွေ အတွက် ရည်ရွယ်ပါတယ်။ ပြိုင် ဖို့ မစဉ်းစားပါနဲ့၊ အသုံးတည့်ပြီး အဆင်ပြေဖို့ဦးစားပေးပါ။ သင့်အနေနဲ့ဖုန်းပြောဖို့ သက်သက်လောက်ပဲဆိုရင် တန် ကြေးနည်း Smartphone အမျိုးအစားကိုဖြစ်စေ၊ Keypad အမျိုးအစားကိုဖြစ်စေ သုံးသင့်ပါတယ်။
ဒီနေရာမှာ လူငယ်တော်တော်များများက တန်ကြေး ရှိတဲ့ ဖုန်းကိုသုံးမှ အထင်ကြီးခံရမယ်လို့ ထင်နေကြပါတယ်။ ဒီအတွေးကလည်း မှားတယ်လို့ ဆိုပါရစေ။ တကယ်လို့ လူတစ်ယောက်အတွက် အရေးကြီးတာက အရည်အချင်း ပါ၊ အသုံးအဆောင်မဟုတ်ပါဘူး။ တကယ်လို့ အထက်မှာ ဥပမာပေးခဲ့တဲ့ သတင်းထောက်လေးတွေလိုများ လူတော တိုးဖို့အတွက် တန်ကြေးကြီးတဲ့ Smartphone ကို ကျွန် တော်ကိုယ်တိုင်လည်း ဝယ်ကိုင်ရမယ်ဆိုရင် မခက်လားဗျာ။
လက်ရှိ ကျွန်တော်သုံးနေတဲ့ Smartphone ဆိုရင် ကျပ် ၇ဝဝဝဝလောက်ပဲ တန်ပါတယ်။ Mail အဝင်စစ်ဖို့အ တွက်၊ လိုအပ်ရင် Browser ဖွင့်ဖို့အတွက်၊ ဖုန်းခေါ်ဆို လက်ခံဖို့အတွက်၊ Message ပို့ဖို့အတွက် အဆင်ပြေပါ တယ်။ ဒါဆို မပြီးဘူးလားဗျာ၊ ကျွန်တော်တို့က လူချမ်းသာ တွေ မဟုတ်ပါဘူး၊ ဒီတော့ ပြိုင်ဆိုင်ဖို့ကို အရင်ဆုံးမတွေး ပါနဲ့အသုံးတည့်ဖို့ကိုသာ ဦးစားပေးကြပါဗျာ။ ။

ချစ်ဖေ(တောင်တွင်းမြေ)


Credit : Yangon Media Group

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Advertise Here !

Software Full Version Download and Tech News Update
Function တွေစုံလင်လွန်းလို့ ဘယ်လို ရေးပြလိုက်ရမှန်းမသိဘူး.. ပုံကိုသာကြည့်ပါတော့ခင်ဗျာ.. အိန္ဒိယက ရေးတဲ့ Tool ပါ.. အရင်က version 2 ကိုတော့ တင်ပေးခဲ့ဖူးပါတယ်.. ခုဗားရှင်းဟာ ကိုဟိန်းဇော်ဆီမှာတွေ့တာနဲ့ ပြန် Share လိုက်တာပါ.. PC နဲ့တွဲသုံးရပါမယ်..




အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




ni-Android Tool version 5.0 : 1.68 Mb

Download Links:

Mediafire




Advertise Here !

Software Full Version Download and Tech News Update
MediaTek Inc ကထုတ်လုပ်တဲ့ MTK Chipsets တွေဟာ ကျွန်တော်တို့ နိုင်ငံမှာ လက်ရှိအသုံးများနေတဲ့ တန်ဖိုးသင့် ဖုန်းတွေ၊ တက်ပလက်တွေမှာ အများဆုံးအသုံးပြုထားတာကိုတွေ့မြင်နေရပါတယ်.. MTK Chipsets တွေမှာ Model အလိုက်အားသာတဲ့ Features တွေရှိပါတယ်.. ဒါကြောင့် MTK Chipsets တွေရဲ့ Features တွေကို ရသလောက် စုဆောင်းပြီး တင်ပေးလိုက်ပါတယ်..



MT6235
Features

  •  GPRS class 12; EDGE
  • ARM9 @208MHz
  •  MP3/FM support
  •  2Mpixel camera
  • QCIF video
  •  WiFi/GPS support
  •  Excellent Java performance
  •  Pre-integrated with MediaTek's highly proven SW platform.

MT6236
Features

  • GPRS/EDGE  class 12
  • ARM9 @312MHz Integrated 5Mp ISP camera
  • CIF decode; QVGA encode
  • Support for HVGA LCM
  • Integrated BT2.1 EDR
  • Integrated HS 2.0 USB
  • Pre-integrated with MediaTek's highly proven SW platform.

MT6238
Features

  •  GPRS/EDGE class 12
  •  Integrated 3MP ISP camera
  •  MDTV support
  •  HW accelerators for MP4/H.263 and  H.264 codecs
  •  Support USB OTG, TV out
  •  Pre-integrated with MediaTek's highly proven SW platform.

MT6239
Features

  •  GPRS/EDGE class 12
  •  Integrated 5MP ISP camera
  •  MDTV support
  •  HW accelerators for MP4/H.263 and H.264 codecs
  •  Support USB OTG, TV out
  •  Pre-integrated with MediaTek’s highly proven SW platform.

MT6252
Features

  •  GSM/GPRS Class 12, Quad band
  •  ARM7-EJ 104MHz
  •  Embedded 32MB pseudo-SRAM
  •  Audio: MP3, AAC, AMR-NarrowBand
  •  Tier-1 voice noise reduction and echo cancellation
  •  Support up to 262K color WQVGA LCM
  •  Support up to 0.3MP camera (YUV)
  •  MP4 CIF@30fps video decode and up to HVGA@15fps.
  •  Rich video codec support: H.264, AVI, MJPEG
  •  Support dual-standby single talk
  •  Integrated RF, PMU, USB 2.0 FS
  •  Integrated Class-AB audio amplifier (700mW@3.7V)
  •  Integrated resistive touch controller
  •  Pre-integrated with MediaTek’s highly proven, feature-rich SW platform.

MT6253
Features

  • GSM/GPRS Class 12
  •  ARM7-EJ 104MHz
  • Support up to 262K color WQVGA LCM
  • Support up to 2MP camera (YUV)
  • CIF 30fps video decode
  • Support dual-standby single talk
  •  Integrated Class-AB/D audio amplifier (700mW@3.7V)
  • Pre-integrated with MediaTek’s highly proven SW platform.

MT6268
Features

  • GPRS Class 12 / EDGE /WCDMA
  • The best cost-effective 5 mega pixel camera/video phone with Auto Focus
  • Support Mobile TV soluition
  • Excellent GPRS/EDGE/WCDMA throughput
  • Excellent Power Consumption
  • Package solution with mature and stable SW

MT6276M
Features

  • HSPA Rel. 6 with 7.2Mbps downlink and 5.76Mbps uplink
  • GSM/GPRS/EDGE Class 12, Quad band
  • ARM11 520MHz
  • Integrated PMU, USB 2.0 FS
MT6516
Features

  • A multimedia-rich application processor built-in EDGE modem.
  • GPRS Class 12 / EDGE.
  • Excelent GPRS/EDGE.
  • The best cost-effective camera phone up to 5 M. 
  • Sopport LCD resolution up to WVGA.
  • Support DVB-T MPEG2 decode.
  • Excellent power consumption.

MT6573
The MT6573 platform incorporates a highly-integrated core chipset, a full range of connectivity solutions and supports the latest versions of the popular AndroidTM operating system. The MT6573 platform supports a quad-band, 3G/HSPA modem with mobile broadband rates of 7.2Mbps in the downlink and 5.76 Mbps uplink, as well as quad-band EDGE. The integrated applications processing system combines a 650 MHz dedicated ARM®11 subsystem for the Android operating system; support for advanced 3D graphics; multi-format video capture and playback up to FWVGA 30fps; high-resolution camera support to 8MP and a high-end FWVGA, touch-screen display. This platform chipset is completed with a full range of connectivity solutions for Bluetooth, WiFi, GPS, FM and Mobile TVfrom MediaTek.

Features
  • MT6573 integrates the modem, applications & multimedia subsystem and all necessary power management functions into a single SOC.
  • Single-chip, multi-mode, multi-band transceiver, it enables extremely small footprints that allow for smaller, more innovative industrial designs and form-factors.
  • The integrated 3D graphics capability brings gaming and user interface capabilities that were previously available only to high-end smartphones.
  • Advanced camera and multimedia features that include smile and face detection, panorama and burst shot, as well as high-resolution video capture and playback.

MT6575
MT6575 is MediaTek’s new dual-SIM smartphone platform for the mainstream mid- and entry-level smartphone markets. Enabling browsing, gaming and multimedia features that will delight consumers, support the latest Android releases and the industry’s best dual-SIM performance for voice and data calls, the MT6575 is MediaTek’s most advanced and competitive smartphone platform to date.The MT6575 combines a software and hardware reference design solution to enable dramatically faster time to market at a highly competitive price point. The MT6575 is set to redefine the performance of mainstream smartphones.

Features
  • 1GHz ARM CortexTM-A9 CPU allows for outstanding web browsing and application performance
  • High-performance 3D gaming and UI features enabled by PowerVRTM SGX Series5 GPU
  • High-definition 720p video playback and record
  • Per-packet Rx antenna diversity
  • 8 MP camera with enhanced image processing capabilities
  • Up to high-resolution qHD (960x540) displays
  • Supports both portrait and landscape display modes by built-in dedicated HW
  • Features stereo 3D video playback and advanced 2D-to-3D image/video conversion
  • No lost calls on either SIM – even with active data transmission on either SIM
  • Better Power Efficiency – Up to 500 hours of standby and over 8 hours of talk-time on 3G, 45 hours of audio playback and 6 hours of 3D gaming.

MT6589
MediaTek MT6589 combines quad-core performance with dual-SIM flexibility for competitive smartphones that don’t skimp on features. With an ARM® Cortex®-A7 quad-core processor and Imagination Technologies PowerVR™ Series5XT GPU, MT6589 delivers impressive performance and maximum entertainment.

Support for Full HD displays means images are razor sharp, matched by crisp 1080p Full HD video and a crystal-clear 13-megapixel camera. MT6589 also supports 3D video playback with seamless on-the-fly 2D to 3D conversion and comprehensive connectivity options, with Wi-Fi, Bluetooth and GPS.

Features
  • Quad-core (1GHz) ARM Cortex-A7 processor.
  • Imagination Technologies PowerVR Series 5 XT GPU.
  • UMTS Rel. 8/HSPA+/TD-S CDMA.
  • 1920 x 1080 (Full HD) display controller.
  • 802.11n Wi-Fi , Bluetooth 4.0, GPS, FM receiver.
  • 13MP rear camera with image signal processor.
  • 1080p Full HD video recording and playback.

MT6592
MediaTek MT6592 is a ‘true octa-core’ smartphone platform based on the energy-efficient ARM® Cortex®-A7 processor. Based on 28nm HPM (high-performance mobile) process technology, MT6592’s eight cores are fully scalable and capable of clock speeds up to 2GHz for excellent performance-per-Watt. An advanced MediaTek scheduling algorithm also monitors temperature and power consumption to ensure optimum performance at all times.

MT6592 also features the quad-core ARM Mali™ graphics engine with a Full HD display controller and 16-megapixel camera support. Comprehensive wireless connectivity includes an advanced multi-mode cellular modem and dual-band 801.11n Wi-Fi.

Features
  • Octa-core (1.7GHz or 2GHz) ARM Cortex-A7 processor.
  • ARM Mali GPU.
  • UMTS / HSPA+ R8 / TD-SCDMA / EDGE / LTEDual-band 801.11a/b/g/n, Bluetooth, GPS, FM receiver.
  • Full HD display controller.
  •  16MP image signal-processor H.265 Ultra HD video record & playback.

MT6595
Designed for the ‘super-mid’ market, MediaTek MT6595 is based on the ARM® ‘big.LITTLE’ architecture, with four high-performance Cortex®-A17 and four energy efficient Cortex-A7 processors. Mediatek CorePilot™ heterogeneous multiprocessing technology unlocks the full power of all eight processors for outstanding performance with ultra-low power consumption.

Release 9, Category 4 dual-mode LTE provides worldwide 4G-network compatibility and MT6595 also features a 2560 x 1600 (WQXGA) display controller and a 20-megapixel image signal-processor for high-quality smartphone digital camera applications. Comprehensive wireless connectivity includes with 802.11ac Wi-Fi, Bluetooth 4.0 LE and multi-system GNSS, and ANT+ for ultra-lower power wireless fitness-tracking devices.

Features
  • 4x ARM Cortex-A17 processors & 4x ARM Cortex-A7 processors.
  • Imagination Technologies PowerVR™ Series 6 GPU Rel. 9.
  • Cat. 4 LTE (FDD & TDD), DC-HSPA+, TD-SCDMA, EDGE802.11ac, Bluetooth LE, multi-GNSS (GPS, GLONASS, Beidou, Galileo & QZSS).
  • ANT+WQXGA (2560 x 1600) display controller.
  • 20MP image signal-process or H.265 Ultra HD video record & playback.
  • MediaTek multi-mode wireless charging support.

MT6732
MediaTek MT6732 is a 64-bit quad-core LTE platform based on the ARM® Cortex®-A53 64-bit processor. Designed for the ‘super-mid’ market, MT6732 features ARM Mali-T760 graphics, and delivers high-end performance with low power consumption and efficient compatibility with legacy ARM 32-bit applications.

Release 9, Category 4 dual-mode LTE provides worldwide 4G-network compatibility, while dual-band 802.11n Wi-Fi and Bluetooth 4.0 support high-performance wireless networks and devices. MT6732 also features a 13-megapixel image signal-processor for high-quality smartphone digital camera applications and Ultra HD video support.

Features
  • 64-bit quad-core (1.5GHz) ARM Cortex-A53 processorARM Mali-T760 GPURel.
  • Cat. 4 LTE (FDD & TDD), DC-HSPA+,TD-S CDMA, EDGE Dual-band 802.11n.
  •  Bluetooth 4.0.
  • 13MP image signal-processor H.265 Ultra HD video record & playback.



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Advertise Here !

Software Full Version Download and Tech News Update

 (၁)သူသေကိုယ်သေ (မြန်မာပြန်)(တက္ကသိုလ်နေ၀င်း)
http://www.mediafire.com/?eehk5bux345f68v

(၂)အင်ဖာတိုက်ပွဲ (တက္ကသိုလ် နန္ဒမိတ်)
http://www.mediafire.com/?4y8v8pctbcgfma7

(၃)တိုင်တန်းနစ် (တက္ကသိုလ် နန္ဒမိတ်)
http://www.mediafire.com/?laz45o2adjaz6ak

(၄)ပျောက်ဆုံးနေသောကမ္ဘာ(ဌေးမောင်)
http://www.mediafire.com/?fomlkhbfbutj224


(၅)သန်းကောင်ယံ ခုနှစ်မိနစ် (တက္ကသိုလ် နန္ဒမိတ်)
http://www.mediafire.com/?soehqh7gf7rr3ik

(၆)ဘင်လာဒင်ရှာပုံတော် (စိန်ဝင်းစိန်)
http://www.mediafire.com/?r7b5brt2r9blkb8

(၇)ဂျူလိယက်ဖူးချစ် - ကြိုးစင်ပေါ်မှ မှတ်တမ်းများ (ဘာသာပြန်-အိုးဝေထွန်းအောင်နှင့်ဦးစံရွှေ)
http://www.mediafire.com/?5pih1dcttkly4vt

(၈)နေဝင်ဘုရင်များ (ကျော်အောင်)
http://www.mediafire.com/?j7em79774th5pbp

(၉)အို ဂျေရုဆလမ် (ကျော်အောင်)
http://www.mediafire.com/?9w964qgos05veef

(၁၀)အိုင်းစတိုင်း(ဆန်းလွင်)
http://www.mediafire.com/?ijzbeazsij9uijz

(၁၁)မေတ္တာရှင်မလေးပ်ါလီယာနာ(ထင်လင်း)
http://www.mediafire.com/?egecbrvap2rymvm

(၁၂)တစ်ကျွန်းစံ၏ အပြန်လမ်း(ထင်လင်း)
http://www.mediafire.com/?w5ppjwanfp61ose

(၁၃)အဆိပ်(ထင်လင်း)
http://www.mediafire.com/?1gl6ar75j4uf33v

(၁၄)စည်းအပြင်ကလူ(ထင်လင်း)
http://www.mediafire.com/?rj0ia7r0905ers0

(၁၅)လေယာဉ်ပြန်ပေးနှင့်အစ္စရေးဓါးစာခံ (မောင်မောင်ညွန့်)
http://www.mediafire.com/?l3twnmtd33m88j3

(၁၆)ဘ၀ကိုကြက်ခြေခတ်ခဲ့ရပေမယ့်(မြတ်ငြိမ်း)
http://www.mediafire.com/?nn8xctc1qxhsddd

(၁၇)အဖေပေးတဲ့အမွေ(မြတ်ငြိမ်း)
http://www.mediafire.com/?36faok93aices7f

(၁၈)လက်ဆောင်မွန်(မြတ်ငြိမ်း)
http://www.mediafire.com/?o531p156bqbvzh5

(၁၉)ဖိနပ်ခြောက်ရန်ဆောင်ရွက်နည်း(မြတ်ငြိမ်း)
http://www.mediafire.com/?qv7diz42rdauyg7

(၂၀)ဘယ်သူ့ဒိန်ခဲငါနေရာရွှေ့လို့ရမည်လဲ(မြတ်ငြိမ်း)
http://www.mediafire.com/?3dvq18mg1rpplbp

(၂၁) ချစ်သွေးသစ္စာ(မောင်ထွန်းသူ)
http://www.mediafire.com/?14lhi0x4qx5x3x8

(၂၂) ဂျပန်ဘာကြောင့် အောင်မြင်ခဲ့သလဲ(မောင်ထွန်းသူ)
http://www.mediafire.com/?qp8847mi30scdnn

(၂၃)နှစ်လောက (ဘာသာပြန်)(မောင်ထွန်းသူ)
http://www.mediafire.com/?q16ltol1jhqyckq

(၂၄)ကာမင်း(ဘာသာပြန်)(မောင်ထွန်းသူ)
http://www.mediafire.com/?hk8schhswm14919

(၂၅)မော်ရေးဗီးယား ၀တ္ထုတိုများ(မောင်ထွန်းသူ)
http://www.mediafire.com/?9f8blckobv12l9k

(၂၆)မောင်ထွန်းသူ- ဒေါသမာန်(မောင်ထွန်းသူ)
http://www.mediafire.com/?h6lqwizdwxc6amo

(၂၇)ရဲတိုက် အတွဲ(၁) – (မောင်ထွန်းသူ)
http://www.mediafire.com/?1f0u1d65rt71n4l

(၂၈)ရဲတိုက် အတွဲ(၂) – (မောင်ထွန်းသူ)
http://www.mediafire.com/?13mr2rj4bipmcgs

(၂၉)တော်စတွိုင်းဝတ္ထုတိုများ(မောင်ထွန်းသူ)
http://www.mediafire.com/?r0crw254sx62we3

(၃၀)ဆိုင်ဂုံ (၁+၂+၃)(မောင်ထွန်းသူ)
http://www.mediafire.com/?iqdbuy7y7ewnnpi


(၃၁)ဆိုင်ဂုံ (၄+၅+၆)(မောင်ထွန်းသူ)
http://www.mediafire.com/?7275mmq27q6p6ms
or
https://docs.google.com/open?id=0B9UcDHcVpAz6Ny1QTHhPMmpuVHM
(Google Doc သည် ဆိုက်၏ ဘယ်ဘက် အပေါ်ဆုံးရှိ File ကိုနှိပ် Download ကိုနှိပ်၍ ဒေါင်းပါ)

(၃၂)ဆိုင်ဂုံ (၇+၈)(မောင်ထွန်းသူ)
http://www.mediafire.com/?ho2rnp44i2jr4rr


(၃၃)ဆင်ကုန်သည်(မောင်ထွန်းသူ)
http://www.mediafire.com/?mm8ghhdkosa8yod

(၃၄)ပီကင်း(မောင်ထွန်းသူ)
http://www.mediafire.com/?4bcfy33r82nmcbv

(၃၅)ခွင့်လွှတ်ခြင်းသူခိုးနှင့် မိုဆွန်ပါ ၀တ္ထုများ(မောင်ထွန်းသူ)
http://www.mediafire.com/?5jbcjxaqj33dbbb
or
https://docs.google.com/open?id=0B674PBCHce-mMXZTV3hjcmJhd0U
(Google Doc သည် ဆိုက်၏ ဘယ်ဘက် အပေါ်ဆုံးရှိ File ကိုနှိပ် Download ကိုနှိပ်၍ ဒေါင်းပါ)

(၃၆)တို့ဘ၀တို့ကမ္ဘာ(မောင်ထွန်းသူ)
http://www.mediafire.com/?39i9wyv6d18h8td


(၃၇)ချစ်မျက်ရည် ဘယ်ခါစဲလေလိမ့်(မောင်ထွန်းသူ)
http://www.mediafire.com/?7147v33z16yk3u4

(၃၈)အနန္တမေတ္တာ (Three Loves ) (ပထမပိုင်း)(မောင်ထွန်းသူ)
http://www.mediafire.com/?0k5nvyuobbgbyxm

(၃၉)အနန္တမေတ္တာ (Three Loves ) (ဒုတိယပိုင်း)(မောင်ထွန်းသူ)
http://www.mediafire.com/?yea8aadtl1jnqaj

(၄၀)အကျဉ်းစံ(မောင်ထွန်းသူ)
http://www.mediafire.com/?mltfbexn2554naq

(၄၁)အိုဟင်နရီ၏ ၀တ္ထုတိုများ(မောင်ထွန်းသူ)
http://www.mediafire.com/?vjt7sry7u0mnrnu

(၄၂) စူဇီဝေါင်း(မောင်ထွန်းသူ)
http://www.mediafire.com/?4g7u3nre34b7bd5


(၄၃)ပင်လယ်ပြာနှင့် တံငါအို(မောင်ဆုရှင်-မြန်မာပြန်)
http://www.mediafire.com/?3pog6mpd8u4a2z4

(၄၄)စစ်နှင့် ငြိမ်းချမ်းရေး (အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ) (မောင်သိန်းလွင်)
http://www.mediafire.com/?166nb2cv3u9aluv

(၄၅)ရှိတ်စပီးယားပုံပြင်များ (အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ) (မောင်သိန်းလွင်)
http://www.mediafire.com/?5p63nav3q6t167j

မူရင်း တင်ပေးသူ mmcybermedia နှင့်ထပ်ဆင့် တင်ပေးသူကို ကျေးဇူးတင်ပါတယ်.. 

Ref : 

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Advertise Here !

Software Full Version Download and Tech News Update

ဒီ မြန်မာစာထည့်တဲ့ Software ကတော့ G730-U00 အတွက်လို့ဆိုပေမယ့် Y-511 ကိုပါ မြန်မာစာ မှန်မှန်ကန်ကန်ထည့်ပေးနိုင်ပါတယ်..

တခြား Font Changer တွေနဲ့ချိန်းထားလို့ Font မပေါ်တာတွေကိုပါ ပြင်ပေးပါတယ်။ Font Install လုပ်တာကတော့ G730 နဲ့ Y511 တို့မှာ စမ်းသပ်ပြီးသားဖြစ်ပါတယ်။ Font မပေါ်တာကို Fix လုပ်ပေးတာကတော့ G730-U00 တစ်မျိုးတည်းမှာပဲရပါတယ်ခင်မျာ။

တခြား Font Changer တွေနဲ့ချိန်းထားလို့ Font မပေါ်တာတွေကိုပြင်မယ်ဆိုရင်တော့Original Restore ကိုနှိပ်ပြီးတော့မှ Font ထည့်ပေးပါ။တခြား Font Installer နဲ့မချိန်းထားရင်တော့ Install ကိုနှိပ်ပေးလိုက်ရင်ရပါပြီခင်မျာ။





Credit to : Kyawminn Khant @ www.superstarmobilemdy.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Huawei G730-U00 MM Font Installer.exe : 5 Mb

Download Links:

Solidfiles

Zippyshare

Tusfiles

ShareBeast

Mirror ( 7 Links )



Advertise Here !

Software Full Version Download and Tech News Update
Honor 3C က china နဲ့ international ဆိုပြီး brand 2 ခုလာပါတယ်။ ဘယ် Brand အတွက်မဆို IMEI ပျောက်သွားတာ၊ SIM မသိတာတွေအတွက် Tool တစ်ခုရထားလို့ တင်ပေးလိုက်ပါတယ်.. USB Debugging On ပြီး Driver သိနေရပါမယ်.. ပြီးရင် ဖုန်းမှာ Root ဖောက်ထားဖို့လိုပါမယ်..


ကိုယ့်ဖုန်းက China လား International လားမသိရင်တော့ china or international checker.bat ကို Run ကြည့်လိုက်ရုံပါပဲ.


Credit : Hein Maung Mobile Academy

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Honor 3C imei error fixer and version checker : 488 Kb

Download Links:

Solidfiles

Zippyshare

Tusfiles

ShareBeast

Mirror ( 7 Links )



Advertise Here !

Software Full Version Download and Tech News Update
ခုနောက်ပိုင်း ထွက်ရှိလာတဲ့ Huawei ဖုန်းတွေမှာ Root လုပ်ဖို့ အတွက် BoodLoader Unlock လုပ်ဖို့ လိုလာကြပါတယ်။ တစ်ခုပြဿနာတတ်တာက Huawei ရဲ့တရားဝင် BoodLoader Unlock ၀ဘ်ဆိုဒ်မှာမိမိ BoodLoader Unlock လုပ်မယ့် ဖုန်းအမျိုးစားမပါလို့ တိုင်ပတ်နေကြတဲ့ မိတ်ဆွေတွေအဆင်ပြေအောင် မိမိဖုန်းရဲ့ Model ကို အဲဒီ webPage မှာထည့်သွင်းတဲ့နည်းလေးပြောပြသွားမှာဖြစ်ပါတယ်။
ပထမဆုံးပုံမှန်အတိုင်ပဲ BoodLoader Unlock လုပ်မဲ့ဆိုဒ်ကိုသွားလိုက်ပါ.
အောက်မှာ အင်္ဂလိပ်ဆိုဒ်လိပ်စာရော တရုတ်ဆိုဒ်လိပ်စာပါ ရေးပေးထားပါတယ်။

China >>> http://www.emui.com/plugin.php?id=unlock&mod=detail
English >>> http://en.club.vmall.com/emotiondownload.php?mod=unlock&action=pre

ပထမဆုံး ပုံမှန်အတိုင်းပဲ Product type မှာ Smartphone ကိုရွေးပေးပါ..
ဒုတိယ စာကြောင်း Product Model အကွက်မှာ မျှားလေးကိုကလစ်ပေးပြီးပေါ်လာတဲ့ Huawei Phone Model တွေထဲမှ နှစ်သက်ရာရွေးပြီ Right Click ထောက်ပြီးပုံ(1) မှာပြထားတဲ့အတိုင်း Inspect Element(Q) ကိုရွေးပေးလိုက်ပါ။

ပုံ ၁
ဒါဆိုရင် WebPage အောက်နားမှာ web HTML code တွေပြတဲ့ဇယားကွက်ပေါ်လာပါလိမ့်မယ် ဒါဆိုရင် ပုံ(2) မှာပြထားတဲ့အတိုင်း နှစ်သက်ရာစာကြောင်း
တစ်ကြောင်းပေါ်မှာ Right Click ထောက်ပြီးအပေါ်ဆုံးက Edit As HTML ကိုရွေးပေးလိုက်ပါ။
ပုံ ၂
  
 ပြီးရင်တော့ ပုံ(3) အတိုင်း အကွက်လေးထဲမှစာကြောင်းကိုSelect ပေးပြီး Ctrl+C အသုံးပြုပြီး Copy ယူလိုက်ပါ ပြီးရင် အဲဒီစာကြောင်းအောက်မှာပဲ mouse cursors ချပြီး Ctrl+V အသုံးပြုပြီး Paste ပြန်လုပ်လိုက်ပါ။
ပုံ ၃

မိမိ Paste လုပ်ထားတဲ့စာကြောင်းထဲမှ အနီရောင် စာသား Huawei C8812 ဆိုရင်
မိမိလုပ်မဲ့ Phone ရဲ့Model ဥပမာ Huawei Y330-C00 လို့ ပြင်ရေးလိုက်ပါ.
ပြီးရင်အဲဒီနားက ဥပမာHuawei C8812 ဆိုရင် Huawei Y330-C00 လို့ ထပ်ပြင်လိုက်ပါ။
ပုံ(4) မှာပြထားတဲ့အတိုင်းပါ ပြီးရင်တော့ HTML အကွက်ကိုပိတ်လိုက်ပါ။


ဒါဆိုရင်တော့ Product model အကွက်မျှားကိုကလစ်လိုက်တာနဲ့ မိမိဖုန်းModel ပါလာတာကိုဝမ်းမြောက်စွာတွေ့ရပါလိမ့်မယ်။ ကျန်တာကတော့အရင် Unlock
လုပ်တဲ့အဆင့်အတိုင်းပြုလုပ်ပေးလိုက်ပါ။ Huawei Y330-C00 တစ်လုံးအထက်ပါ
နည်းအတိုင်းလုပ်ပြီးတောင်းကြည့်တာအဆင်ပြေပါတယ်။
ခုနည်းကိုသိပြီးသားဆိုရင် ကျော်သွားလိုက်ပါ။ မသိဘူး ဖတ်ပြီးမှနှစ်သက်တယ်ဆိုရင်
Share ပေးခဲ့ပါအုန်းမိတ်ဆွေ။ ကျွန်တော်မော်လမြိုင်က မောင်သု ပါ။

ဒါက စမ်းသပ်အောင်မြင်ထားတာပါ


Speical Thanks >>>>>> Myo TayZa

Credit : ThuHtet Aung @ M.L.M Mobile Phone Professional Group

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Advertise Here !

Software Full Version Download and Tech News Update
တယ်လီဖုန်းတွေ စတင်တီထွင် သုံးခဲ့တာ ကြိုးဖုန်းတွေ ဖြစ်ပါတယ်။ ကြိုးသုံးဖုန်းတွေသုံးဖို့ ကြိုးတွေသီးခြား သွယ်တန်း ရတဲ့အလုပ်၊ တပ်ဆင် ပြီးပြန်တော့လည်း အထိုင်ဖုန်းရှိတဲ့ နေရာမှာပဲ သုံးနိုင်တဲ့အတွက် ကန့်သတ်ချက်တွေ ရှိပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့ ကွန်ရက်ဖြန့် ကျက်ထားပြီးတဲ့ ဧရိယာမှာ ဘယ်နေရာက ဖြစ်ဖြစ် ခရီးသွားလာရင်း၊ ယာဉ်ရထား စီးနေရင်း ဖြစ်ဖြစ် သုံးစွဲနိုင်အောင် ကြံဆလုပ်ဆောင်လာကြပါတယ်။
အဲဒီကြိုးမဲ့ဖုန်း ဆက်သွယ်ရေး နည်းပညာတွေကို မျိုးဆက်အလိုက် တီထွင်ခဲ့ကြတာ အခုအချိန် မှာတော့ ဖုန်းလည်း ပြော၊ မက်ဆေ့ခ်ျလည်း ပို့၊ အင်တာနက်လည်း ကြည့်၊ ဓာတ်ပုံ ဗွီဒီယိုတွေလည်း ရိုက်၊ မှတ်သားချင်တာတွေကိုလည်း မှတ်သားနိုင်တဲ့ 3G, 4G အဆင့် ရောက်လာပါပြီ။
3G ဖုန်း မဟုတ်လို့ အဲဒီ App သုံးလို့ မရတာ၊ အဲဒီ ဆင်းကဒ်က အဲဒီဖုန်းမှာ သုံးလို့ မရဘူး။ 4G ကတော့ ဒီမှာ သုံးလို့ မရသေးဘူး ဆိုတာမျိုးတွေ ပြောဆိုနေကြတဲ့ 3G, 4G ဆိုတာ ဘာကို ပြောတာလဲ။ အဲဒီ 3G နဲ့ 4G ကရော ဘာတွေ ကွာသလဲ။ 4G ပြီးရင်ကော ဘာတွေ လာဦးမှာလဲ ဆိုတာတွေ ရေးထားပါတယ်။

နည်းပညာသုံး မိုဘိုင်းလ်ဖုန်း အဆင့်ဆင့် ပြောင်းလာသည့် ပုံများ (A, B, C, D, E)


ပထမမျိုးဆက် 1G
မိုဘိုင်းလ် ကြိုးမဲ့ ဆက်သွယ်ရေးရဲ့ ပထမဦးဆုံး မျိုး ဆက် 1G က အာနာလော့ ဆဲလ်လူလာ စံနစ်ဖြစ်ပြီး AMPS (Advanced Mobile Phone System) ကို သုံးထားပါတယ်။ AMPS စံနစ်ကို ဘဲလ်သုတေသန ဓာတ်ခွဲခန်း (Bell Lab) ကနေ တီထွင်ခဲ့ပြီး အမေရိကမှာ ၁၉၈၃ အောက်တိုဘာလ၊ အစ္စရေးမှာ ၁၉၈၆၊ သြစတေးလျမှာ ၁၉၈၇ က စတင် သုံးခဲ့ ပါတယ်။ အဲဒီ 1G ဟာ frequency division multiplexing နည်းပညာကို သုံးထား ပါတယ်။
အဲဒီနည်း ပညာကိုသုံးပြီး bandwidth ကို တိကျတဲ့ ဖရီကွင်စီတွေ အဖြစ် ခွဲထုတ်ပြီး တယောက်ချင်းစီ ကနေ ပြောဆို ဆက်သွယ်ဖို့ အဲဒီ ဖရီကွင်စီတွေကို သုံး၍ ဆက်သွယ်ပါတယ်။ 1G တွေရဲ့ အမြန်နှုန်းက 2.4 Kbps (Kilobit per second) ပဲ ရှိပြီး အသံ ခေါ် ဆိုမှု အတွက်ပဲ သုံးနိုင်ပါတယ်။
နောက်ပိုင်း 2G, 3G တွေ သုံးခဲ့တဲ့ အချိန်အထိ အဲဒီ 1G တွေနဲ့ အတူ တွဲသုံးခဲ့ပါတယ်။ အသံ အရည်အသွေး မကောင်းသလို ဘက်ထရီတွေရဲ့ သုံးနိုင်တဲ့ အချိန်လည်း တို၊ ဖုန်းတွေ ကလည်း အုတ်ခဲ ဖုန်းလို့ တင် စားခေါ်ရ လောက်အောင် ကြီးနေပါတယ်။
အမေရိကရဲ့ ဖုန်း ၀န်ဆောင်မှု ပေးတဲ့ ကုမ္ပဏီကြီး တွေဖြစ်တဲ့ AT&T, Verizon တို့ကနေ ၂၀၀၈ ခုနှစ်မှာ ဆက်မသုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သြစတေးလျမှာတော့ ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလအထိ သုံးခဲ့ပါတယ်။

ဒုတိယမျိုးဆက် 2G
ဒုတိယမျိုးဆက် 2G တွေက GSM (Global System for Mobile Communation) ကို အခြေခံ လုပ်ဆောင်ထား ပါတယ်။ အဲဒီ GSM နည်းပညာကို ETSI (European Telecommunication Standards Institute ) ကနေ ဒုတိယ မျိုးဆက် (2G) ဒစ်ဂျစ်တယ် ဆဲလ်လူလာ ကွန်ရက်ကို စံသတ်မှတ်ပေး ခဲ့တာ ဖြစ်ပါတယ်။ GSM ဟာ တကမ္ဘာလုံး အဆင့်အထိ ကျယ်ပြန့်စွာ သုံးခဲ့ပြီး၊ အဲဒီအချိန်က တခြား နည်းပညာတွေနဲ့ ယှဉ်ကြည့်ရင် ဈေးကွက် အနေအထား ၉၀ ရာခိုင်နှုန်း အထိ သုံးခဲ့ပါတယ်။ GSM သုံးစွဲတဲ့ နိုင်ငံပေါင်းက ၂၅၉ နိုင်ငံ အထိ ကျယ်ပြန့်စွာ သုံးစွဲပါတယ်။
2G တွေဟာ ဒစ်ဂျစ်တယ် ပုံစံ စပြောင်းလာပြီး ဖင်လန်နိုင်ငံမှာ ၁၉၉၁ က စတင်သုံးပါတယ်။ အမြန်နှုန်း 64 Kbps နဲ့ ဆက်သွယ်နိုင်ပါတယ်။ 2G တွေဟာ TDMA (Time Division Multiple Access) ဒါမှ မဟုတ် CDMA (Code Division Multiple Acess ) နည်းလမ်း နှစ်ခုကို သုံးခဲ့ပါတယ်။
ဥရောပရဲ့ GSM ဟာ သူ့ရဲ့ကိုယ်ပိုင် TDMA နည်းလမ်းကို သုံးစွဲထားတာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ နိုင်ငံတချို့မှာ တော့ CDMA နည်းလမ်းကို သုံးခဲ့ကြပါတယ်။ 2G တွေမှာ သူ့ရဲ့သီးသန့် လုပ်ဆောင်ချက်တွေ ဖြစ်တဲ့ Caller ID, Call Forwarding နဲ့ SMS (Shorting Message Service) တွေ သုံးလာ ပါတယ်။
သူ့ရဲ့ အဓိက လုပ်ဆောင်ချက် ကတော့ တယ်လီဖုန်း သုံးသူတွေဟာ ၀န်ဆောင်မှု သက်ရောက်တဲ့ ဧရိယာ အတွင်းမှာ အဆက်အသွယ် မပြတ်ရွှေ့ပြောင်းသွားရင်း ဖုန်းပြော  နိုင်တာ  ဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင် ပေးနိုင်တာကို seamles roaming လို့ခေါ် ပါတယ်။ 2G တွေဟာ 1G တွေထက် အသံ အရည်အသွေး ပိုကောင်းလာပေမယ့် Signal တွေ အားကောင်း ဖို့လိုပါတယ်။ ဒစ်ဂျစ်တယ် ဒေတာတွေကို သယ်ဆောင် သုံးနိုင်ပေမယ့် ရှုပ်ထွေး များပြားတဲ့ ဗွီဒီယိုဖိုင် လိုဒေတာမျိုးကို ပို့ဆောင် သုံးနိုင်ခြင်း မရှိသေးပါဘူး။ အသံ ဆက်သွယ် သုံးစွဲမှု အတွက် 2G တွေကို အခု ထိ သုံးစွဲ နေကြဆဲ ဖြစ်ပါတယ်။

2G နဲ့ 3G ကြားထဲက 2.5G
2G နဲ့ 3G ကြားထဲမှာ 2.5G ဆိုတာ ရှိပါသေးတယ်။ 2.5G ဆိုတာက 2G ရဲ့ ဆဲလ်လူလာ မိုဘိုင်းလ်နည်းပညာနဲ့ GPRS (General Packet Radio Service) နှစ်မျိုး ပေါင်းသုံးထားတာ ဖြစ်ပါတယ်။ ဖုန်းခေါ်ဆို ဆက်သွယ်မှု၊ အီးမေးလ်တွေ ပို့ယူဖို့၊ ၀က်ဘ် (web) ထဲ ၀င်ကြည့်ဖို့တွေ စတင် လုပ်ဆောင် နိုင်လာပြီး၊ ဖုန်းတွေမှာ ကင်မရာ စတင် သုံးခဲ့ပါတယ်။ (၃) မီးနစ်စာ MP3 သီချင်း တပုဒ်ကို ဒေါင်းလုတ် လုပ်ဖို့ အတွက် ၆ မနစ်ကနေ ၉ မိနစ်လောက် ကြာပါ တယ်။ အမြန်နှုန်း အနေနဲ့ဆိုရင် 64 Kbps ကနေ 144 Kbps အထိ ရှိလာပါတယ်။

တတိယ မျိုးဆက် 3G
တတိယ မျိုးဆက် 3G ကို ဆဲလ်လူလာ ဒေတာဆက်သွယ်ရေး (Cellular Data Communication) လို့လည်း ခေါ် ပါတယ်။ တစက္ကန့်မှာ 2Mbit အထိ (2Mbps) အထိ ပို့ဆောင် နိုင်လာပါတယ်။ ITU (International Telecommunication Union) ကနေ 3G တွေရဲ့ စံ သတ်မှတ် ပေးခဲ့တာ IMT ( International Mobile Communication-2000 ) သတ်မှတ် ကတည်းက ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကြိုးမဲ့ဆက်သွယ်မှု ဖရီကွင်စီ အတိုင်းအတာတွေ၊ ဒေတာတွေရဲ့ ပို့ဆောင်တဲ့ အမြန်နှုန်း၊ စတင်သုံးစွဲ လုပ်ဆောင်နိုင်မယ့်ရက် စတာတွေကို သတ်မှတ် ပေးထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် တကမ္ဘာလုံးဆိုင်ရာ အနေနဲ့ စံသတ်မှတ်ဖို့ လက်တွေ့ လုပ်ဆောင် ရာမှာ အခက်အခဲတွေ ရှိနေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နေရာဒေသအလိုက် သုံးထားတဲ့ ဖရီကွင်စီတွေ မတူကြတာကြောင့် အဲဒီ မတူတာတွေကို ချိတ်ဆက်ဖို့ အဆင် မပြေတာ ဖြစ်ပါတယ်။ အဲဒါကို Mode ၃ ခု ခွဲပြီး ၃ မျိုးခွဲခြား သတ်မှတ်လိုက် ပါတယ်။
နိုကီယာဖုန်း ဆိုရင် သူရဲ့ 3G ပစ္စည်း တွေဟာ ကိုယ်ရေး ကိုယ်တာ ကိစ္စတွေ ဆက်သွယ်မှတ်သားဖို့၊ မိုဘိုင်းလ် မာလ်တီ မီဒီယာနဲ့ ဆက်သွယ်ရေး ပစ္စည်းတွေကို အပိုင်းလိုက် ခွဲထုတ်လိုက်ပြီး၊ ဖုန်းပြောဆိုမှု၊ ရောင်စုံ ရုပ်ပုံတွေနဲ့ ဗွီဒီယိုတွေ တခြား သတင်းအချက် အလက်တွေ စတဲ့ ဒေတာတွေကို ပုံစံ  အမျိုးမျိုးနဲ့ ဆက်သွယ် နိုင်စေ ပါတယ်။ 3Gနဲ့ ပတ်သက်ပြီး စိတ်ဝင်စားရင် nokia ရဲ့ ၀က်ဘ်ဆိုက် ( http:// www.nokia.com ) မှာ ကြည့်ရှုလေ့ လာနိုင် ပါတယ်။
3G ဟာ စမတ်ဖုန်းတွေ စတင် သုံးခဲ့တဲ့ မျိုးဆက်ဖြစ်ပြီး ဖုန်းရဲ့ လုပ်ဆောင်ချက်တွေ အများအပြား စတင် သုံးစွဲ နိုင်ခဲ့ ပါတယ်။ ၀က်ဘ် အခြေခံတဲ့ app တွေနဲ့ အော်ဒီယို၊ ဗွီဒီယိုဖိုင်တွေ စတင်သုံးနိုင်ခဲ့ ပါတယ်။ သိုလှောင် သိမ်းဆည်းနိုင်မှု တီဗွီ ဖမ်းယူကြည့်နိုင်မှု အတွက် မိုဘိုင်းလ်တီဗွီ၊ ဗွီဒီယို ဖုန်းခေါ်ဆိုမှု၊ သရီးဒီဂိမ်း စတာတွေ စတင်သုံးနိုင် ခဲ့ပါတယ်။
သူ့ရဲ့ bandwidth အနေနဲ့ ပိုကျယ်လာပြီး ဒေတာတွေ ပို့ယူနိုင်တဲ့နှုန်း ပိုမြန်လာ ပါတယ်။ အမြန်နှုန်း 144 Kbps က နေ 2 Mbps အထိ ရှိလာပါတယ်။ ၃ မိနစ်စာ MP3 ဖိုင် တခုကို ဒေါင်းဖို့ အတွက် ၁၁ စက္ကန့်ကနေ (၁) မိနစ်ခွဲ လောက်ပဲ ကြာပါတော့တယ်။
3G တွေရဲ့ ဈေးနှုန်းဟာ ဈေးမပေါ လှပဲ၊ ၀န်ဆောင်မှု  လိုင်စင်ကြေး မြင့်ပါတယ်။ သူ့ရဲ့ အခြေခံ အဆောက်အဦ အရင်းအမြစ်တွေ တည်ဆောက်ဖို့ ကုန်ကျစရိတ် မြင့်မားနေပါတယ်။ မြန်နှုန်းမြင့် ဆက်သွယ်ဖို့ အတွက် bandwidth တွေ မြင့်ဖို့ လိုပါတယ်။ ဖုန်းတွေရဲ့ အရွယ်အစား မြင်ကွင်းပိုကြီးလာပြီး၊ ဖုန်းတွေဟာလည်း ကွန်ပျူတာ အသေးစား လေးလောက် လုပ်ဆောင် သုံးစွဲနိုင် လာပါတယ်။ 3Gသုံးနိုင်တဲ့ ဖုန်းတွေရဲ့ ဈေးနှုန်း တွေလည်း ပိုမြင့်လာ ပါတယ်။

3G ပြီးတော့ 4G နဲ့ 4G LTE
4G တွေက 3G ရဲ့ စံသတ်မှတ်မှု အရှုပ်အထွေးတွေ ဖြေရှင်းလို့ မပြီး သေးခင်မှာပဲ အသစ် သတ်မှတ်လိုက်တဲ့ မျိုးဆက်သစ် ဖြစ်ပါတယ်။ 3G တွေရဲ့ အရေးပါမှုက ကြိုးမဲ့ဖုန်း ခေါ်ဆိုမှုတွေ အမြောက်အမြား ခေါ်ဆိုနိုင်မှုလို့ ပြောခဲ့ရင် 4G ကတော့ အပြည့်အ၀ လုပ်ဆောင်သုံးစွဲနိုင်တဲ့ မြန်နှုန်းမြင့် ဒေတာ ဆက်သွယ်မှုလို့ ပြောရပါမယ်။ 4G ရဲ့ ဒေတာ ဆက်သွယ်မှုနှုန်းဟာ 2Mbps ကနေ 156 Mbps အထိရှိလာပြီး သိသိသာ သာတိုးတက် ပြောင်းလဲ လာတာ ဖြစ်ပါတယ်။ 4G ဟာ IP (Internet Protocol) ကို အပြည့်အ၀ ထောက်ပံ့လုပ်ဆောင် ပေးနိုင်ပြီး၊ သူ့ရဲ့ မြန်နှုန်းမြင့် ဆက်သွယ်နိုင်မှု ကြောင့် Signal Processor တွေရဲ့ စွမ်းအင်ကိုပါ တိုးတက်လာစေပါတယ်။ Modulation နည်းလမ်း အသစ်တွေ သုံးလာနိုင်စေပါတယ်။
စမတ်အင်တာနာတွေ သုံးထားပြီး Signal တွေကို ဖုန်းသုံးခဲ့တဲ့ သူ့ဆီကို တိုက်ရိုက် ရောက်အောင် ဆုံချက် ဖမ်းလုပ်ဆောင် ပေးနိုင်ပါတယ်။ OFDM လို့ခေါ်တဲ့ Orthogonal Frequency Division Multiplexing နည်းပညာ ကနေ ကြိုးမဲ့ ဒေတာတွေကို အလွန် မြန်တဲ့ နှုန်းနဲ့ ဆက်သွယ် ပေးနိုင်အောင် လုပ်ဆောင် ပေးပါတယ်။ လက်ရှိ ရောင်း ချနေ တဲ့ 4G စမတ်ဖုန်း တွေမှာ 4G လုပ် ဆောင်ချက် ပါနေပြီး 3G ကိုပါ လက်ခံ လုပ်ဆောင် ပေးနိုင်ပါတယ်။
4G LTE ဆိုတာက စတုတ္ထမျိုး ဆက် (Long Term Evolution) ကိုပြော ဆိုတာဖြစ်ပြီး CDMA နဲ့ GSM နည်း ပညာ ကြားထဲက ကွာဟချက်တွေကို ပေါင်းစပ် လုပ်ဆောင် ပေးပါ တယ်။ 4G LTE ကို 3GPP (3rd Generation Partnership Project) ကနေ တာဝန်ယူ လုပ်ဆောင်ပြီး 3G ကွန်ရက် တွေထက် ၁၀ ဆ ပိုမြန် ပါလိမ့်မယ်။
စမတ်ဖုန်း၊ တက်ဘလက်၊ netbook, notebook, wireless hot-spots စတာတွေက 4G နည်းပညာကို ထောက်ပံ့ လုပ်ဆောင်ပေးဖို့ လိုပါတယ်။ အမြန် နှုန်း 100 Mbps ကနေ 1G Bit per second (1GBps) အထိ ဆက်သွယ် နိုင်ပါမယ်။ အဲဒီမှာ 4G LTE မှာ  FDD (Frequency Division Duplex) LTE နဲ့ TDD (Time Division Duplex) LTE  ဆိုပြီး နည်းပညာ အချက်အလက်တွေ ကွဲနေပါတယ်။
တရုတ်နိုင်ငံရဲ့ စက်မှုလုပ်ငန်းနဲ့ သတင်းအချက် အလက် နည်းပညာ ၀န်ကြီးဌာနကနေ FDD  LTE ရောTDD  LTE ကိုပါ တွဲအလုပ် လုပ်ပေး ခိုင်းတဲ့ 4G -3100/6200 TDD/FDD-LTE Chipset ကို ထုတ်လုပ်ဖို့ အယ်လ်တိုင်ယာ (Altair) တပိုင်း လျှပ်ကူးကုမ္ပဏီနဲ့ စာချုပ်ချုပ်ပြီး တရုတ်နိုင်ငံရဲ့ မိုဘိုင်းလ် ကွန်ရက်မှာ 4G တွေ သုံးနိုင်အောင် လုပ်ပြီး သက်သေ ပြခဲ့ပါတယ်။
အခု အချိန် မှာတော့ 4G ကွန်ရက်တွေ သုံးစွဲနိုင်တဲ့ နိုင်ငံ တော်တော်များများ ရှိနေပြီး Apple ရဲ့ iPhone 5S, 5C, HTC One (M8), HTC One Mini, Samsung Galaxy S5, Sony Xperxia Z2, Z1 Compact, Google Nexus 5, LG G3, Nokia Lumia 1520 စတဲ့ စမတ်ဖုန်းတွေနဲ့ နောက်ပိုင်းထုတ် ဖုန်းတွေဟာ 4G ထောက်ပံ့ လုပ်ဆောင် ပေးနိုင်နေပါပြီ။ 4G တွေဟာ သူ့ရဲ့ မိုဘိုင်းလ် မာလ်တီ မီဒီယာ လုပ်ဆောင်ပေးနိုင်မှု၊ ကမ္ဘာ အ၀ှမ်း ဆက်သွယ်နိုင်မှု၊ ကြိုးမဲ့ကွန်ရက် တွေကို တပေါင်းတစည်းတည်း ဆက်သွယ်နိုင်မှု တွေကြောင့် 4G တွေကို Mobile Broadband Everywhere လို့ ခေါ်ပါတယ်။

နောက်လာမယ့် 5G
4G ပြီးရင် 5G ဆိုတာ လာပါဦး မယ်။ 5G တွေက အကန့်အသတ်မဲ့ ကြိုးမဲ့ ဆက်သွယ် နိုင်လောက်အောင် လုပ်ဆောင်မှာ ဖြစ်ပြီး အဲဒီလို လုပ်ဆောင် နိုင်တဲ့ အတွက် WWWW (Wireless World Wide Web) ဆိုပြီး ခေါ်ထားပါ တယ်။ 5G တွေက၂၀၂၀ လောက်မှ ဈေးကွက် တင်နိုင်ပါလိမ့်မယ်။ အမြန်နှုန်းအ နေနဲ့ 1 Gbps အထိ ဆက်သွယ်နိုင်ပါ လိမ့်မယ်။ လုံခြုံရေးဆိုင်ရာ လုပ်ဆောင် ချက်တွေ ပိုကောင်းလာပါ လိမ့်မယ်။
ဒီမှာတော့ မိုဘိုင်းလ် ဆက်သွယ်ရေး နည်းပညာတွေ ရေးဖို့ အသက်ငင် နေတဲ့ဖုန်းနဲ့ အင်တာနက်ကို မရ ရအောင် ချိတ်၊ အချက်အလက်တွေ ရအောင် ယူ ရေးထားပါတယ်။ နည်းပညာတွေ၊ နည်း ပညာကုမ္ပဏီတွေ ကတော့ သူ့ထက် သူ အစွမ်းထက်အောင် လုပ်ဆောင်နေကြပါ လိမ့်မယ်။
အခု ရေးထားတဲ့ မိုဘိုင်းလ် ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာ မျိုးဆက်တွေ အကြောင်းက ပါးပါးလေး ရေးထားတာပါ။ လိုအပ်တဲ့ အချက်တွေ၊ အကြောင်း အရာတွေကို အစဆွဲထုတ်ပြီး ဆက်လက် လေ့လာဖို့ အများကြီး လိုအပ်နေ ကြောင်းပါ ခင်ဗျား။    ။

ဖိုးနိုင်ဝင်း (မာစတာပိစ်) @ ဧရာဝတီ


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Advertise Here !

Software Full Version Download and Tech News Update

Viber ၏ ဗားရှင်းအသစ်တွင် ယခင်ဝန်ဆောင်မှု ပေးအပ်ခဲ့သည့် Group Chat တွင် ပါဝင်ခြင်းမရှိသည့် သတင်းအချက်အလက် ဖြန့်ဝေပုံစနစ်သစ်ကို Public Chat အနေဖြင့် မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။
“ဆိုရှယ်မီဒီယာတစ်ခုအနေနဲ့ ဘယ်လိုလုပ်မလဲဆိုပြီး စဉ်းစားတဲ့အခါမှာ Public Chat ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်”ဟု Viber မှ ပြောရေးဆိုခွင့်ရှိသူ Ms. Megan Qurik ကပြောသည်။

Public Chat သည် ကိုယ်ပိုင်အမည် တစ်ခုနှင့် စာမျက်နှာတစ်ခု ထူထောင်နိုင်သည့် စနစ်တစ်ခုဖြစ်ပြီး အဆိုပါစာမျက်နှာကို Viber အသုံးပြုသူ မည်သူ မဆို Follow ပြုလုပ်နိုင်သည်ဟု သိရသည်။ Viber အသုံးပြုသူများသည် ကိုယ်တိုင် Follow ပြုလုပ်ထားသည့် Public Chat စာမျက်နှာမှ သတင်း အချက်အလက်များကို အမြဲရရှိနေမည် ဖြစ်သော်လည်း Massage အနေဖြင့်သော်လည်းကောင်း၊ Sticker အနေဖြင့်သော်လည်းကောင်း၊ ပြန်လည်ပေးပို့နိုင်မည် မဟုတ်ကြောင်း Viber က သတင်းထုတ်ပြန်ထားသည်။

“လူမှုစီးပွားကို အကျိုးပြုတဲ့ အကြောင်းအရာတွေ၊ သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုတဲ့အကြောင်း အရာတွေအပြင် အခြားသော အပြုသဘောဆောင်တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အသုံးပြုသွားမှာပါ။ အွန်လိုင်းမှာ တချို့ကိစ္စရပ်တွေက ပြန်လည်ဖြေရှင်းဖို့ ခက်တဲ့အခါတွေမှာလည်း သုံးနိုင်တယ်။ မကောင်းတဲ့ အနေနဲ့ သုံးတဲ့လူတွေကလည်း ရှိမှာပဲ။ ပိုကောင်းတဲ့ဘက်ကနေ အသုံးပြုသွားဖို့ရှိပါတယ်” ဟု လက်ရှိအချိန်၌ Viber Public Chat ကို အသုံးပြုနေသူတစ်ဦးဖြစ်သည့် မတင်မိုးလွင်ကပြောသည်။

ပြည်တွင်း၌ Viber အသုံးပြုသူ ၅.၅ သန်းရှိပြီး Public Chat စတင်အသုံးပြုသူ ၈ ဦးရှိနေပြီဟု သိရသည်။ စီးပွားရေးလုပ်ငန်းများ၊ အနုပညာရှင်များနှင့် အခြားသော Public Chat ကို စတင် အသုံးပြုလို သူများသည် Publicchat@viber.com သို့ ဆက်သွယ်ဆောင်ရွက်ရပြီးဖြစ်ပြီး နောင်တစ်ချိန်၌ အသုံးပြုသူကိုယ်တိုင် Public Chat ကို Create ပြုလုပ်နိုင်ရန် စီစဉ်ပေးမည်ဟုသိရသည်။ Public Chat တစ်ခု၌ သတင်းအချက်အလက်များ ဖြန့်ချိပေးနိုင်သည့် Participant ကို ၉၉ ဦးအထိ ခန့်အပ်ထားနိုင်သည့်အပြင် Follower များနှင့် Participant များသည် အခြားသော Viber အသုံးပြုသူများကိုလည်း Public Chat အတွင်းသို့ ဖိတ်ခေါ်မှုများ ပြုလုပ်နိုင်မည်ဟု သိရသည်။

Viber ၏ ကြေညာချက်အရ Follower တစ်ဦးသည် Follow ပြုလုပ်ထားခြင်းမှာ ရပ်တန့်နိုင်မည် မဟုတ်ကြောင်း၊ ညစ်ညမ်းသော Public Chat များကို Report ပြုလုပ်နိုင်မည် ဖြစ်သော်လည်း Public Chat ကို လက်ရှိအချိန်၌ Viber Desktop တွင် အသုံးပြုနိုင်မည်မဟုတ်ကြောင်း သိရသည်။ ထို့အပြင် Viber ၏ Public Chat ၌ Follower များနှင့် Create ပြုလုပ်ထားသူများ၏ မိုဘိုင်းဖုန်းနံပါတ်နှင့် အခြားသော သတင်းအချက်အလက်များကို မည်သူတစ်ဦးတစ်ယောက်မျှ ကြည့်ရှုနိုင်မည်မဟုတ်ကြောင်း သိရသည်။

Internet Journal


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Advertise Here !

Software Full Version Download and Tech News Update

တနင်္လာနေ့ကို National Unfriend Day ဟု သတ်မှတ်ကြောင်း ကြားဖူးပါသလား။ ဤအားလပ်ရက်က အစစ်အမှန်တော့ မဟုတ် ပါ။ ယင်းကို တီဗီစကားဝိုင်းတင်ဆက်သူ ဂျင်မီကမ်းမဲလ်က တီထွင် လိုက်ခြင်းဖြစ်သည်။ သူ့အဆိုအရ ဖေ့စ်ဘွတ်ခ်မိတ်ဆွေဆိုသူထဲမှ အမျိုး အစား ငါးမျိုးကို Unfriend  လုပ်သင့်သည်ဟူ၏။

ဖေ့စ်ဘွတ်ခ်ကို မိမိစိတ်ဝင်စားဖွယ်ရာများ ဖတ်ရှုရန်၊ ဖလှယ်ရန်၊ ရေးသားရန်၊ ဆွေးနွေးရန်၊ အသိမိတ်ဆွေများနှင့် ရံဖန်ရံခါ ဆက်သွယ် ကြရန်၊ စာမရေး ဖုန်းမဆက်သော်လည်း ကြီးမားသော အပြောင်း အလဲများဖြစ်လာပါက မိသားစုဆွေမျိုးမိတ်ဆွေ အသိုင်းအ၀ိုင်းအတွင်း သိမြင်ကြရန် ဤစာမျက်နှာကို ဖွင့်ကြသည်။ ယင်းသို့ပြုလုပ်ရန် အတွက် မိတ်ဆွေများကို လက်ခံကြသည်။ သို့သော် ကံမကောင်း အကြောင်းမလှစွာပင် ဖေ့စ်ဘွတ်ခ်တွင် အနှောင့်အယှက်ဖြစ်စရာ မိတ်ဆွေစာရင်းက အဆမတန်တိုး၍လာနေသည်။ ထို့ကြောင့် စိတ် ပြတ်ပြတ်သားသားချပြီး မိမိ၏ လူမှုရေးကွန်ရက်စာမျက်နှာကို အိမ်သန့် ရှင်းရေးလုပ်သလို သံယောဇဉ်ဖြတ်ကာ သန့်ရှင်းရေးလုပ်သင့်ပြီဟု လူမှု ရေးလေ့လာသူများက အကြံပြုကြသည်။

အနေဝေးလှသည့် ဟိုးယခင်က ကျောင်းနေဖက် သူငယ် ချင်းဟောင်းများ၊ ခပ်ဝေးဝေးကတော်စပ်သည့် အမျိုး များ (သို့မဟုတ်) အစေးမကပ်သည့် လုပ် ဖော်ကိုင်ဖက်များနှင့် ရေးတေး တေးသာ မှတ်မိပြီး လုံးဝမသိ သူများကို မိမိ၏လူမှုရေးကွန်ရက်အတွင်း ဆက်မထားသင့်ဟု အကြံ ပေးကြသည်။

ဖေ့စ်ဘွတ်ခ်သုံးသူ လူကြီးတစ်ဦးတွင် ပျမ်းမျှအားဖြင့် အွန်လိုင်း မိတ်ဆွေ ၃၃၈ ဦးခန့်ရှိပြီး ယင်းတို့အားလုံးနှင့်သာ ဆက်သွယ်နေမည် ဆိုလျှင် သင်သည် စူပါမင်းဖြစ်ရင်ဖြစ်၊ မဖြစ်ရင် လွှတ်တော်အမတ် ရွေးချယ်ခံရန် လူရနေပြီဟု ဆိုသည်။ ထို့ကြောင့် မိမိ၏ အွန်လိုင်းမိတ် ဆွေစာရင်းမှ ထုတ်ပယ်သင့်သူများကို Talk-Show တင်ဆက်သူ ဂျင်မီ ကမ်းမဲလ်က ယခုလို အကြံပြု၏။

မူလတန်းကျောင်းသားဘ၀က အတန်းဖော်များ
အနေဝေးလွန်းသဖြင့် တစ်ကြိမ်တစ်ခါ နှုတ်ဆက်ကြရုံကလွဲ၍ ရှယ်စရာကုန်သွားမည်။ ယင်းနောက်ပိုင်းတွင် ပြောစရာမရှိ တော့ဘဲ ကြောင်တောင်တောင်နှင့် အနေခက်သည့် တစ်ချိန် ရောက်လာနိုင်သည်။ စောစောစီးစီး ဖြတ်လိုက်ပါ။

အရှယ်လွန်သူများ
‘‘ဒီမှာ မနက်စာဗျို့’’ဟု မနက်စာတိုင်းကို ဓာတ်ပုံရိုက်တင်နေသူ များ၊ ‘‘မနက်တိုင်းရုံးသွားရတာ စိတ်ညစ်လိုက်တာ’’ဟူ၍ နိစ္စဓူဝ လုပ်ငန်းကို တင်လောက်စရာပို့စ်ဟု ထင်နေသူများ။ ‘‘ဒီတစ်ပတ် အတွက် ကျွန်မကလေးရဲ့ (၁၁) ကြိမ်မြောက် ဓာတ်ပုံစလိုက်ရှိုးပါ။ ကြည့်ကြပါဦး၊ သိပ်ချစ်စရာကောင်းတာပဲ’’ဟု မိမိကလေး လှုပ်ရှား သမျှပုံကိုရိုက်ပြီး တင်နေသူမိခင်များ စသဖြင့် အရှယ်လွန်သူများ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာသည် ရေဒီယိုကြော်ငြာလိုပင် ဖြစ်လာသည်။ အရေးကောင်း ဒိန်းဒေါင်းဖျက်သလို သတင်းနားထောင်ရင်း၊ သီချင်း နားထောင်ရင်း ၀င်လာသည့် စိတ် ရှုပ်စရာကြော်ငြာကို မည်သူမှ မနှစ်သက်ကြပါ။ ပိုဆိုးသည်က ယင်းအရှယ်လွန်သူများ တင်သည့်ပို့စ်က များပြားလွန်းသောကြောင့် သင် တကယ်မြင်ချင်၊ ကြားချင်သည့် မိတ်ဆွေ များ၏ ပို့စ်များကို မမြင်ရတော့ခြင်းပင်။ ထို့ကြောင့် အရှယ်လွန်သူများကို ထုတ်ပစ်လိုက်ပါဟူ၏။

အဟောင်းများ
ဟောင်းတိုင်းလည်း မ ကောင်းပါ။ ရည်းစားဟောင်း များကို အမှန်တကယ်အနေအ ထား ပြောင်းပြီး မိတ်ဆွေကောင်း များ ဖြစ်မလာနိုင်ဘူးဆိုလျှင် ဖေ့စ်ဘွတ်ခ်မိတ်ဆွေအဖြစ် ဆက် မထားပါနှင့်။ သနားရအောင်က လည်း မဟုတ်၊ မိမိလမ်းမိမိဆက် လျှောက်ရမည်ဖြစ်၍ ထားစရာ အကြောင်းတစ်စုံတစ်ရာ မရှိပါ ဟူ၏။

အပျော်လွန်၊ အကောင်းလွန်၊ အလှလွန်နေသူတို့၏
ကြော်ငြာများ

အားလုံးကတော့ ဖေ့စ် ဘွတ်ခ်ပေါ်တွင် ပုံကောင်းလေး များကိုသာ တင်လိုကြသည်။ သို့ သော် သင့်မိတ်ဆွေများထဲတွင် ကြော်ငြာဝင်နေသူများလည်း ရှိ နေသည်။ သူတို့၏ လှပသည့်အိမ် များ၊ ကျောင်းများတွင် အတော် လွန်နေကြသည့် သူတို့၏ကလေး များ၊ ကောင်းလိုက်သည့် စီးပွား ရေး အောင်မြင်မှုများ၊ စား သောက်ဆိုင်အသစ်များတွင် ပလူပျံနေသည့် စားကောင်း သောက်ဖွယ်များနှင့် ကမ်းခြေ တကာတွင် အပန်းဖြေသည့် သူတို့၏ ရိုမန်တစ်စုံတွဲပုံများ။ သတင်းဆိုးတော့ မဟုတ်ပါ။ သို့ သော် ထိုသူများသည် ဘယ်တော့ မှလည်း သတင်းဆိုးဟူ၍ မရှိဘဲ အကောင်းလွန်နေသည့် သတင်း များသာ ဖြစ်နေသည်။ ဟောလိ ၀ုဒ်ရုပ်ရှင်လား။ ပုံတိုင်း ပုံတိုင်းက လည်း ပြုပြင်ထားသည့် ပုံများလို ဖြစ်နေသည်။ ယင်းသို့သော သူ များသည် တခြားသူများတင်ထား သည့် မလှမပပုံများကို လိုက်ခ် လုပ်ပြကာ သူတို့၏ ကြွားဝါးမှုများ ကို လူကြည့်အောင် နည်းမျိုးစုံနှင့် လုပ်နေကြသည်ဟု ကမ်းမဲလ်က ဆိုသည်။ မိမိဧည့်ခန်းသည် အကြွားသန်သူများ လာရောက် နှောင့်ယှက်စရာ နေရာမဟုတ်ပါ။ ကြော်ငြာခပေးပြီး ကြော်ငြာရ သည့် နေရာများသို့ သွားကြပါစေ ဟူ၏။

Unfriend နှင့် Block လုပ် သင့်ကြောင်း အကြံပြုသည့် စာ ရင်းတွင် Candy Crush Request ပို့သူများ၊ တစ်ပါးသူ၏ မဆီ မဆိုင်ကလေးများ ဖေ့စ်ဘွတ်ခ် တွင် Friend လုပ်နေခြင်းများ၊ လေ့ကျင့်ခန်းကြော်ငြာသလို လေ့ ကျင့်ခန်း လုပ်နေသည့် မိမိ၏ပုံ ကိုတင်ပြီး ကြော်ငြာသူများ၊ သဲ သောင်ခြေတွင် အပန်းဖြေနေ သည့် ၎င်းတို့စုံတွဲပုံတင်သူများ၊ စားသမျှ ဓာတ်ပုံရိုက် တင်နေသူ များ၊ နိုင်ငံရေးပြဿနာအ ကြောင်း အတင်လွန်သူများ၊ စာ လုံးပေါင်းမစစ်ဘဲ ဖြစ်သလိုရေး တင်နေသူများ၊ ထိုသူများကို သင့် လူမှုရေးဧည့်ခန်းထဲက ထုတ် လိုက်ပါဟု အမေရိကန် Talk-Show တင်ဆက်သူ ဂျင်မီကမ်း မဲလ်က အကြံပြုလိုက်သည်။

ဤသည်ကား အမေရိကန် လူမှုရေးကွန်ရက်စာမျက်နှာပေါ် မှ ပြဿနာများအပေါ် အမေရိ ကန်တစ်ဦး၏ အကြံပြုချက်သာ ဖြစ်ပါသည်။

မှတ်ချက်-မနေ့တစ်နေ့ကမှ ဖေ့စ်ဘွတ်ခ်စတင်သုံးစွဲလာကြ သော မြန်မာများကိုတော့ သူက ရည်ရွယ်ပုံမရပါ။ မရည်ရွယ်ဘဲ ထိခိုက်သွားပါလျှင်လည်း ဂျင်မီ ကမ်းမဲလ်ကိုသာ ဆက်သွယ်ကြ ပါကုန်။

Internet Journal

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

Advertise Here !

Software Full Version Download and Tech News Update

Advertise Here !

Software Full Version Download and Tech News Update

အရင်က ကျွန်တော်တို့ ပင်လယ်ဓါးပြ Root လို့အသိများခဲ့တဲ့ Root Genius ဖြစ်ပါတယ်.. ဒီတစ်ခါ ပင်လယ်ဓါးပြရဲ့ ဒီဇိုင်းလည်း ပြောင်းသွားပြီး Feature တွေလည်း ထပ်မြှင့်ထားတယ်လို့ ဆိုပါတယ်.. Android 4.4.2 တွေမှာ ဖြစ်ခဲ့တဲ့ error တွေကိုရှင်းပေးထားပြီး Windows 8 မှာလည်း ဘာ error မှမရှိဘဲ အလုပ်လုပ်နိုင်တယ်လို့ဆိုပါတယ်.. Huawei, ZTE, Samsung, Sony, HTC, Oppo, LG, Motorola, Google တွေအပါအဝင် နာမည်ကြီး Brand ပေါင်း 10000 ကျော်ကို error ကင်းကင်းနဲ့ Root လုပ်ပေးနိုင်တယ်လို့ သူ့ တရားဝင် Website မှာ အတည်ပြုထားပါတယ်.. Support ပေးတဲ့စာရင်းကို http://www.shuame.com/root/support.html မှာ ကြည့်နိုင်ပါတယ်.. ဒီ Root Genius ကို နာမည်ကြီး Shuame ကထုတ်လုပ်တာဖြစ်ပြီး Root ELF လို့လည်း ခေါ်တယ်လို့သိရပါတယ်..


-
Update log
1. New Root component upgrade, to ensure security and stability Root authorization
2. To enhance the ability of red rice series models Root
3. The new interface style, the new operating experience
4. millet M4 really support a key ROOT (world premiere)
5. 4.3 system upgrade again ROOT compatibility
6. New "Uninstall stubborn Applications": pre-installed with operators say breaking Breaking
7. New "Forgot password lock screen": still unclear password to unlock, you know
8. Now ROOT also participate in three annual events, Gifts to send non-stop


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Root Genius 2.1.4 For PC : 7.98 Mb

Download Links:

Solidfiles

Zippyshare

Tusfiles

ShareBeast

Mirror ( 7 Links )



Advertise Here !

no image
Software Full Version Download and Tech News Update
ရေနီသားဖြိုးလေးဦးစွာတောင်းပန်ပါရစေ
ရေနီသားဖြိုးလေးကပညာရှင်အဆင့်မဟုတ်ပါဘူး
ရေနီသားဖြိုးလေးတတ်နိုင်တဲ့ဘက်ကနေကူညီပေးတာပါ
ကဗျာဝါသနာရှင်တွေအတွက်ပါ
ကျွန်တော့်ကိုViberကနေကိုယ်တိုင်ရေးကဗျာလေးတွေ
ကိုပုံလေးတွေနဲ့ကဗျာရေးပြီးပို့ပေးပါ
ကဗျာရေးသူနာမည်နဲ့ပါရေးပေးပါနော်

Advertise Here !

Software Full Version Download and Tech News Update


ချစ်​သူနဲ့​ခွဲခွာခဲ့ပြီး
ရင်​ထဲမှာအလွမ်းစိတ်​​တွေထင်
အနမ်းရိပ်​​တွေကျ​ရောက်​တုန်းက
 ဟိုအရင်​က
ပျော်​စရာအတိတ်​ဘဝကို
 အကြိမ်​ကြိမ်​တမ်းတလွမ်းဆွတ်​မိကာ
 ရူးနှမ်း​နေမိခဲ့တဲ့ငါ-------

Advertise Here !

Software Full Version Download and Tech News Update

အောင်မြင်ကျော်ကြားလူသိများပြီး
 ကမ္ဘာတစ်ဝှမ်းလေးစားရတဲ့
စီးပွားရေးလုပ်ငန်းရှင်မဟုတ်သလို
 ပြောင်းလဲမှုအဆင့်ဆင့်နဲ့
ဆန်းသစ်မှုများစွာကို
အချိန်နဲ့အညီကြိုးစားနေရတဲ့
တီထွင်သူတစ်ယောက်လည်းမဟုတ်ဘူး

Advertise Here !

Software Full Version Download and Tech News Update

မင်္ဂလာပါနော်...ကွှန်တော် သည်နေ့ ရေးသားဖြစ်တာလေးကတော့  ဘလော့တွေမှာ ပို့စ်အောက်က စာမျက်နှာ နံပါတ်လေးတွေ ထားတဲ့ စတိုင်လေး တွေနဲ့ထားမယ်ဆို နည်းလမ်းလေး အလွယ်တကူအသုံးပြုနိုင်ရန် ပြန်လည် မျှဝေလိုက်ပါတယ်နော်..လ်ုပနည်းတွေနဲ့အတူ သေသေခြာခြာ ရှင်းပြထားတာမို့ စမ်းသတ်လိုက်ပါ ...စမယ်နော်..
ပထမဆုံး မိမိတို့ ဘလော့ကာကို  Sing In  ၀င်လိုက်ပါနော်... ရောက်တာနဲ့ အောက်ပါတိုင်း ဆက်သွားလိုက်ပါ...

►1-  Blogger Singin ၀င်လိုက်ပါ။
►2-  Dashboard  ကိုသွားလိုက်ပါ။
►3-  Template    ကိုကလစ်ပါ..။
►4-  Edit  Html   ကိုဝင်ပါ..
►5- Ctrl+F  (သို့မဟုတ်) F3  အကူညီဖြင့် ပေးထားတဲ့ ကုဒ်ကို ရှာလိုက်ပါ။

အဆင့် ( ၁  )     အနေနဲ့  မိမိတို့ ဘလော့ကာရဲ့ Html  Code  တွေထဲရောက်တာနဲ့..လိုအပ်တာတွေ ဆက်လုပ်ကြပါမယ်နော်...

ကုဒ်တွေထဲမှာ မောက်တချက်ချကလစ်ပါနောက်  Ctrl + F ဆိုတာတွဲကလစ်လိုက်ပါ..
ကုဒ်တွေရဲ့ ညာအပေါ်ထောင့်မှာ  Search Box  လေးတခုကိုတွေ့ရမှာဖြစ်ပါတယ်..
အဲဘောက်ထဲမှာ  အောက်ကရှာခိုင်းတဲ့ကုဒ်ကို ထည့်ပြီး Enter ခေါက်ရှာလိုက်ပါနော်...
</body>ိုတဲ့ကုဒ်လေးကို ထည့်ပြီးရှာလိုက်ပါ..တွေ့ပြီဆိုတာနဲ့ အောက်ကပုံလေးတိုင်း
ပေးထားတဲ့ကုဒ်တွေကို  </body>  ရဲ့အောက်မှာ ကပ်ထည့်ပေးလိုက်ပါ။

    ထည့်ရန်အတွက်ကုဒ်များ   

<b:if cond='data:blog.pageType != &quot;item&quot;'>
<b:if cond='data:blog.pageType != &quot;static_page&quot;'>
<script type='text/javascript'>
  /*<![CDATA[*/
    var perPage=7;
    var numPages=6;
    var firstText ='First';
    var lastText ='Last';
    var prevText ='« Previous';
    var nextText ='Next »';
    var urlactivepage=location.href;
    var home_page="/";
  /*]]>*/
</script>
  <script src="http://helplogger.googlecode.com/svn/trunk/page-navigation2.js"/>
</b:if>
</b:if>
 သည်ပုံလေးအတိုင်း လုပ်လိုက်ပါနော်



ပြီးတာနဲ့   Save Template  ဆိုတာကလစ်ဆေ့ပေးလိုက်ပါနော်။

 အဆင့်   (  ၂  )   အနေနဲ့ကတော့ နောက်ထပ်  ဘလော့ရဲ့ စာမျက်နှာ ကုဒ်တွေ ဒီဇိုင်းတွေ ဆိုင်ရာ ထည့်ရမှာဖြစ်ပါတယ်..။အောက်ကတိုင်းပေါ့
 မိမိတို့ ကုဒ်တွေထဲက  ကုဒ်တစ်ခုကို ထပ်ရှာရမှာဖြစ်ပါတယ် ရှာရမဲ့ကုဒ်နဲ့ ရှာနည်းကို ရှင်းပြပါ့မယ်..

]]></b:skin>  ဆိုတဲ့ကုဒ်လေးကို အပေါ်ကရှာတဲ့အတိုင်း Search  Box  ထဲမှာထည့်ရှာရမှာပါ..
သည်ကုဒ်လေးရှာတဲံအခါသတိထားစေလိုပါတယ်..တော်တော် များများက ရှာမတွေ့တတ်ကြပါဘူး ဒါကလည်း ခုနောက်ပိုင်း ကုဒ်တွေ ခေါက်ထားတဲ့  ပြသနာလေးကြောင့်ဘဲဖြစ်ပါတယ်.. အဲတာကိုရှင်းပြမယ်နော်..  ရှာတဲ့အခါ    b:skin   လေးကိုဘဲ ရေးထည့်ရှာပါ။ အဲခါမှာ တွေ့လာတဲ့ကုဒ်ရှေ့မှာ  မျှားအမည်းလေးကိုတွေ့မယ် အဲတာ ကျနော်တို့လိုခြင်တဲ့ကုဒ်ကို ခေါက်ထားတဲ့ မျှားလေးပါ သူ့ကိုကလစ်ပြီး ဖြေပေးလိုက်ပါ..
အိုကေ ဒါဆို Search Box မှာ မောက်တချက်ကလစ် Enter  တချက်ထပ်ခေါက်လိုက်ပါ..
ဒါဆို ကျနော်တို့လိုခြင်တဲ့  ]]></b:skin>   ကုဒ်  တိုင်းတွေ့ရပါပြီ....။
တွေ့တာနဲ့ သူ့အပေါ်မှာကပ်လျှက်  အောက်က မိမိတို့ ကြိုက်တဲ့ ဒီဇိုင်း ပုံစံ  နံပါတ် ( ၁ )...( ၂ )...( ၃  )
ထဲက ကြိုက်ရာပုံစံရဲ့ ပေးထားတဲ့ ဘောက်လေးထဲက ကုဒ်ကို ထည့်ပေးလိုက်ယုံပါဘဲဗျာ...
ပုံလေးကို ကြည့်လိုက်ပါ


 ပြီးတာနဲ့  မိမိတို့ Template  ကို Save  နိုင်ပါပြီနော်...အဆင်ပြေမယ်ဆိုတာ ယုံပါတယ်..
စတိုင်တွေရဲ့ ကုဒ်တွေအောက်မှာ ယူလိုက်ပါ.. အဆင့် ( ၂ ) မှာ ထည့်ရမဲ့ ကုဒ်တွေနော်...

    ထည့်ရန်အတွက်ကုဒ်များ   

ဒါလေးကတော့ ကျွန်နော်ကိုယ်တိုင်သုံးထားတဲ့  Style ( 1 ) ပုံစံလေးပါ

 


 နောက်ထပ် စတိုင်ပုံစံ  ( ၂ ) အနေအထားလေးပါနော်

  

ဒါကတော့ စတိုင်လေးနောက်တခု ပုံစံ  ( ၃ )  ပေါ့ဗျာ.
  

 အားလုံး အဆင်ပြေ ကြပါစေလို့ ဆုတောင်းလျှက်
ဘလော့ခရီးသည်
ဆင်မပြေပါက ချက်ဘောက်မှာ အော်ခဲ့ပါ။

Advertise Here !