December 2015
Software Full Version Download and Tech News Update



အနာဂတ်တွင် WiFi ထက် ပိုမိုလျှင်မြန်သော LiFi နည်းပညာကို အသုံးပြုနိုင်တော့မည်ဖြစ်သည်။ သိပ္ပံပညာရှင်များက WiFi ထက် အဆတစ်ရာလျှင်မြန်သော နည်းပညာကို စမ်းသပ်နေကြပါသည်။ အောင်မြင်လျှင် 1 Gbps အမြန်နှုန်းကို ရရှိနိုင်မည်ဖြစ်သည်။ 

အဆိုပါ အမြန်နှုန်းဖြင့် High-Definition Movie တစ်ကားကို စက္ကန့်ပိုင်းအတွင်း ဒေါင်းလုပ်ရယူနိုင်မည်ဖြစ်သည်။ Velmenni ဟု အမည်ရသော ကုမ္ပဏီက အဆိုပါ နည်းပညာကို အက်စတိုးနီးယားနိုင်ငံတွင် စမ်းသပ်အောင်မြင်ပြီဖြစ်ကြောင်း IBTimes UK ကို ပြောကြားပါသည်။ 

LIFi နည်းပညာတွင် LED Lights များကို အသုံးပြု၍ ဒေတာများကို ပေးပို့ခြင်းဖြစ်ပြီး Nanoseconds အတွင်း ဒေတာများကို ပေးပို့၊ ရယူနိုင်ပါသည်။ အဆိုပါ နည်းပညာကို ၂၀၁၁ ခုနှစ်တွင် စတင်တီထွင်နိုင်ခဲ့ပြီး Lab ထဲတွင် 224 Gbps အမြန်နှုန်းကို ရရှိခဲ့ပါသည်။ 

သို့သော် WiFi သည် နံရံများကို ဖောက်ထွင်းနိုင်ပြီး LiFi သည် ထိုသို့ စွမ်းဆောင်နိုင်ခြင်းမရှိပါ။ အဆိုပါ အချက်သည် LiFi ၏ အားနည်းချက်ဖြစ်ပါသည်။ LiFi သည် စမတ်အိမ်သုံး ကိရိယာများအတွက် ပိုမို အသုံးဝင်နိုင်ပါသည်။ အနာဂတ်တွင် LED မီးလုံးများသည် အလင်းရောင်ပေးရုံသာမကဘဲ နေအိမ်ရှိ အခြား စမတ်ကိရိယာများတွဲဖက်၍ အလုပ်များလုပ်နိုင်မည်ဖြစ်သည်။ 

Velmenni အပြင် Oledcomm, pureLiFi တို့ကလည်း LiFi ကို အများပြည်သူအသုံးပြုရန် ၀န်ဆောင်မှုများပေးနေပြီဖြစ်ပြီး ဒုတိယ ကုမ္ပဏီသည် LiFi ကို တီထွင်သူ Harald Haas က ထူထောင်ထားခြင်းဖြစ်ပါသည်။ ကုမ္ပဏီနှစ်ခုသည် နေအိမ်၊ ရုံးများတွင် LiFi Network များကို တပ်ဆင်ပေးနေပြီး pureLiFi က လက်ရှိတွင် 10 Mbps အမြန်နှုန်း ရရှိသည်ဟု ပြောပါသည်။ 

ref Myanmar Digital Life Journal
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update

မကြာခင် ရက်ပိုင်းအတွင်းမှာပဲ ၂၀၁၆ ကိုရောက်ပါတော့မယ်။ ၂၀၁၅ မှာ ချန်ထားပြီး ၂၀၁၆ ကို ယူမသွားသင့်တဲ့ အရာ ၈ ခုကို Huffington ဝက်ဆိုက်က ဖော်ပြပါတယ်။

ကျိုးပဲ့နေတဲ့ ဆက်ဆံရေး

ဆက်သွယ်မိတဲ့ အခါတိုင်း သင့်စိတ်ကို တွေဝေစေတဲ့ ဆက်ဆံရေး၊ လက်ရှိ သင်နေထိုင်နေတဲ့ ဘဝပုံစံကို လမ်းချော်သွားစေမယ့် ဆက်ဆံရေးတွေအားလုံးကို နောက်မှာ ထားခဲ့ပါ။ အချစ်ရေး၊ အလုပ်အကိုင်တွေမှာ ဒီလိုဆက်ဆံရေးမျိုးရှိရင် လုံးဝထားခဲ့ပါ။

အများနောက်လိုက်ခြင်း

အများက လုပ်တာနဲ့ လိုက်လုပ်တဲ့ အကျင့်ကို ထားခဲ့ပါ။ အများက လူတစ်ယောက်ကို ဝေဖန်နေပြီဆို လိုက်ဝေဖန်စရာမလိုပါဘူး။ လူတွေ ပြောင်းနေကြတဲ့ ဖေ့ဘွတ်ပရိုဖိုင်ကိုလည်း ပြောင်းစရာမလိုပါဘူး။ သင်တကယ်ကြိုက်မှသာလုပ်ပါ။

ကြိုးစားရမှာ ကြောက်ခြင်း

အရေးကြီးပါတယ်။ ဒါကိုလုပ်သင့်တယ်၊ လုပ်လိုက်ရင်လည်း ကိုယ့်အခြေအနေတိုးတက်သွားမယ်ဆိုတာသိပေမဲ့ ကြိုးစားရမှာ ကြောက်တာနဲ့ မလုပ်ဖြစ်ခဲ့တာတွေ ဘယ်နှစ်နှစ်ရှိပြီလဲ။ ကြိုးစားရမှာ ကြောက်နေတဲ့ စိတ်ကို၂၀၁၅ မှာပဲ ထားခဲ့လိုက်ပါတော့။ နှစ်သစ်မှာ စတင်လုပ်ဆောင်ပါတော့။

မသိဘူး

အရာအားလုံးကို မသိဘူးလို့ပြောနေတာဟာ ဂုဏ်ယူစရာမဟုတ်ပါဘူး။ မသိဘူးလို့ ပြောနေတဲ့ အကျင့်ကို ၂၀၁၅ မှာပဲ ထားခဲ့လိုက်ပါ။ ကိုယ့်အသက်အရွယ် ကိုယ့်အခြေအနေနဲ့ သိသင့်တယ်လို့ ထင်တာတွေကို လေ့လာပါ။

အစာလျော့စားပြီး ဝိတ်ချတာ

ဝိတ်ချတာ ကောင်းပါတယ်။ ဒါပေမဲ့ စားချင်တိုင်းမစားရတဲ့ စိတ်ဒုက္ခမျိုးကို နှစ်သစ်ကို ယူမသွားသင့်ပါဘူး။ အရေးကြီးတာ ကိုယ်တွင်းပိုင်း ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေး ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် လိမ်နေတာ

ကိုယ့်ကိုယ်ကိုယ် လိမ်နေတာတွေကို ထားခဲ့လိုက်ပါ။ ကံမှမကောင်းတာ၊ ပိုက်ဆံမှ မရှိတာ၊ ငါ့အခြေအနေနဲ့မှ မတူတာဆိုတဲ့ စကားတွေကို ထားခဲ့ပါ။ လက်ရှိလုပ်လို့မရတာကို ခဏထားပြီး လုပ်သင့်တာတွေကို ၂၀၁၆ မှာလုပ်ပါ။

အဟောင်း

ရည်စားဟောင်း၊သူငယ်ချင်းဟောင်း၊ ဆက်ဆံရေးဟောင်း အဟောင်းတွေအားလုံးကို ထားခဲ့ပါ။ သူတို့အတွက် ကိုယ့်အတွက် အဟောင်းဖြစ်သွားရတဲ့ အကြောင်းအရင်း ကောင်းကောင်းရှိပါတယ်။

နောင်တများ

သင်ဟာ လူသားတစ်ယောက်အနေနဲ့ အမှားတွေလုပ်ခဲ့မိပါတယ်။ အမှားတွေကို နောင်တအဖြစ် ပြောင်းမပစ်ဘဲ သင်ခန်းစာအဖြစ် နှစ်သစ်ကို သယ်ဆောင်သွားပါ။

Ref;Duwun.com.mm

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Advertise Here !

Software Full Version Download and Tech News Update



နှစ်ဟောင်းတစ်ခုကုန်သွားတဲ့အခါ အောင်မြင်ခဲ့တယ်ဖြစ်စေ၊ ကျရှုံးခဲ့တယ်ဖြစ်စေ.. လာမယ့်နှစ်သစ်မှာတော့ အောင်မြင်မှုတွေရဖို့၊ တိုးတက်မှုတွေ ဆောင်ကြဉ်းဖို့ ထပ်ပြီး
ကြိုးစားရဦးမှာပေါ့။ တစ်နှစ်တစ်နှစ်ကို ဒီအတိုင်း မသိလိုက်မသိဖာသာကြီး ကုန်ဆုံးမသွားသင့်ပါဘူး။ ဒီတော့ နှစ်ဟောင်းမှာ ရှိခဲ့တဲ့ သင်ခန်းစာတွေအားလုံးကို ဆင်ခြင်ပြီး 
နှစ်သစ်မှာ အကောင်းဆုံးဖြတ်သန်းနိုင်အောင် အောက်ဖော်ပြပါ အဆင့် (၃)ဆင့်နဲ့ သုံးသပ်လိုက်ရအောင်..

၁။ ဆင်ခြင်သုံးသပ်မယ်..
လွန်ခဲ့တဲ့ ၃၆၅ ရက်အတွင်းမှာ သင်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေဟာ ကောင်းတာတွေလည်း ရှိသလို၊ မကောင်းတာတွေလည်း ရှိမှာပါပဲ။ အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေ၊
ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေ ပြည့်နေတဲ့ ကုန်ဆုံးခဲ့တဲ့နှစ်ဟာ သင့်အတွက် သာမန်နှစ်တစ်နှစ် ဖြစ်နိုင်သလို၊ သင့်ဘဝကို အပြောင်းအလဲဖြစ်စေခဲ့တဲ့ နှစ်တစ်နှစ်လည်း 
ဖြစ်ချင်ဖြစ်နေမှာပါပဲ။ ဒီနှစ်အတွင်းမှာ ဖြစ်ခဲ့တဲ့အရာတိုင်းကို လေ့လာစရာ သင်ခန်းစာတွေအဖြစ် မှတ်ယူပြီး လာမယ့်နှစ်အတွက် ကြိုတင်ပြင်ဆင်သင့်ပါတယ်။
ကျန်ခဲ့တဲ့နှစ်ကို ဆင်ခြင်သုံးသပ်မယ်ဆိုရင်တော့ ဒီမေးခွန်းလေးတွေကို သင်ဖြေကြည့်ပါ..

- သင် ဘယ်အရာတွေကို အောင်မြင်ခဲ့သလဲ?
- သင် ဘယ်အရာတွေကို ဆုံးရှုံးခဲ့သလဲ?
- ဘယ်သူတွေကို သင်အချိန်အများဆုံး ပေးဖြစ်လဲ?
- သင့်ကို အပျော်ရွှင်ဆုံးပေးနိုင်ခဲ့တဲ့ အချိန်?
- သင့်ကို ဝမ်းအနည်းစေနိုင်ဆုံးအချိန်?
- ဘယ်အရာက ဂုဏ်ယူစရာ အကောင်းဆုံး ဖြစ်ခဲ့လဲ?
- ပြင်ဆင်နိုင်မယ်ဆို ဘယ်အရာကို နောင်တအရဆုံးလဲ?
ဒီလောက်ဆို ကျန်ခဲ့တဲ့ နှစ်က သင့်အတွက် ဘယ်လိုနှစ်မျိုးဖြစ်ခဲ့သလဲဆိုတာ သင် ခန့်မှန်းမိလောက်ပါပြီ။

၂။ ပြင်ဆင်မယ်။ 
လူတိုင်းဟာ ပြီးပြည့်စုံတယ်ဆိုတဲ့သူ မရှိပါဘူး။ ကမ္ဘာပေါ်က ထူးခြားတဲ့ ပါရမီရှင်တွေနဲ့ အချမ်းသာဆုံးလူတွေမှာတောင် ပြီးပြည့်စုံမှုဆိုတာမျိုး မရှိနိုင်ပါဘူး။ ဒီတော့
သင့်မှာလည်း လိုအပ်ချက်တွေ၊ အမှားအယွင်းတွေ ရှိခဲ့တာ မဆန်းပါဘူး။ 
ဒီတော့ကျန်ခဲ့တဲ့နှစ်အတွင်းမှာ သင့်ရဲ့ ကျရှုံးမှုတွေ၊ လဲပြိုကျမှုတွေကို ပြန်သုံးသပ်သင့်ပါတယ်။ ဆိုးရွားတဲ့ အတွေ့အကြုံတွေမို့ ပြန်မစဉ်းစားချင်တော့ဘဲ ပြည်ဖုံးကားချလိုက်မယ်ဆိုရင်
သင်ပဲ နစ်နာမှာပါ။ အရှုံးတွေကို ပြန်ခံစားနေဖို့ မလိုပါဘူး။ ဒါပေမယ့် သင်ယူနိုင်ဖို့၊ ပြင်ဆင်နိုင်ဖို့တော့ လိုပါတယ်။

- အနာကျင်ရဆုံးနဲ့ လဲအပြိုကျဆုံးအချိန်ဟာ ဘယ်အချိန်လဲ?
- ဒီအမှားတွေ၊ ဆုံးရှုံးမှုတွေက ဘာကြောင့်လို့ သင်ထင်သလဲ?
- သင် ဘယ်အရာတွေမှာ တိုးတက်အောင် လုပ်သင့်လဲ?
ကဲ.. ဖြစ်ခဲ့တဲ့အမှားတွေ၊ ခါးသီးမှုတွေကို ပြင်ဆင်လိုက်ရအောင်!

၃။ သွေးသစ်လောင်းမယ်။
နှစ်သစ်ဟာ သင့်ရဲ့ လက်တစ်ကမ်းအလိုမှာ ရောက်နေပါပြီ။ နှစ်သစ်ဟာ သင့်ရဲ့ ကျရှုံးမှုတွေ၊ စိတ်ပင်ပန်းမှုတွေကို ချန်ထားခဲ့ဖို့ အခွင့်အရေးတစ်ခုပါပဲ။ ဒီမကောင်းတဲ့အရာတွေထဲက
သင်ယူစရာတွေကိုပဲ ယူပြီး၊ ခံစားမှုတွေအားလုံးကို ချန်ထားဖြစ်အောင် ချန်ထားခဲ့လိုက်ပါ။ နှစ်သစ်ကို သယ်ယူမလာပါနဲ့။ ဒီနှစ်သစ်မှာ အောင်မြင်မှုတွေရအောင် ဘယ်လိုပြင်ဆင်မလဲ ဆိုတာကတော့..

- တစ်နှစ်စာ အသေးစိတ် Plan ချပါ။ (ဒီနှစ်အတွင်း ငါဘာဖြစ်ရမယ်ဆိုတာမျိုးပေါ့)
ဥပမာ- ငါရာထူးတိုးရမယ်။ ငါ weight ဘယ်လောက်ကျရမယ်။ ငါ ဘယ်လိုအောင်မြင်ရမယ်..စသဖြင့်..

- သင့်ကိုယ်သင် ယုံကြည်စိတ်မွေးပါ။ 
သင် ချထားတဲ့ Plan အတိုင်း ဒီတစ်နှစ်မှာ လုပ်နိုင်ရမယ်ဆိုတဲ့ ယုံကြည်စိတ်နဲ့ ဆုံးဖြတ်ချက်တွေကိုချပါ။ 

- ဘယ်အရာတွေကို သင်ယူမလဲ။ တိုးတက်စေမလဲ။
သင့်အောင်မြင်မှုအတွက် အရေးပါတဲ့အရာတိုင်းကို စနစ်တကျဘယ်လိုသင်ယူမလဲဆိုတာ စဉ်းစားထားပါ။ သင့်ရဲ့တိုးတက်မှုတိုင်းဟာ ဗရမ်းဗတာဖြစ်တာမျိုး၊
နှောင့်နှေးနေတာမျိုး မရှိဘဲ စနစ်တကျ ဖြစ်နေပါစေ။

နှစ်သစ်ဟာ အောင်မြင်မှုတွေအတွက် တိုက်ပွဲဝင်ဖို့ စိတ်သစ်လူသစ်ဖြစ်စေတဲ့ အခွင့်အရေးပါ။ သင်လည်း ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ အမိအရဆုပ်ကိုင်လိုက်ပါ။
တစ်သက်လုံး ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့၊ နှစ်ဟောင်းမှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့။ လာမယ့်နှစ်သစ်မှာတော့ မျှော်မှန်းထားတဲ့အတိုင်း အောင်မြင်ရမယ်ဆိုတဲ့စိတ်ကို မွေးထားပါ။

နှစ်သစ်မှာ အောင်မြင်မှုများ ရကြပါစေ...
ref: ရွှေညာမောင် (Focus Youth E-magazine)
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update


၁။ ဖြေရှင်းလို့မရတဲ့ ပြသနာအပေါ် ဖိစီးမနေနဲ့။
လောကမှာ ဖြေရှင်းလို့ရတဲ့ ပြသနာနဲ့ ဖြေရှင်းလို့ မရတဲ့ ပြသနာဆိုပြီး နှစ်မျိုးရှိပါတယ်။ ဖြေရှင်းနိုင်တဲ့ ကိစ္စတိုင်းအတွက် ကြိုးစားဖြေရှင်းရမှာ
ဖြစ်သလို ကိုယ်ဘယ်လိုမှ မတတ်နိုင်တဲ့ ပြသနာတွေအတွက်ကျတော့ ကိုယ့်ကိုယ်ကို ဖိစီးမနေသင့်တော့ပါဘူး။ 
(ပြသနာရပ်တွေကို အလွယ်တကူ လက်မလျော့ဖို့တော့ လိုပါတယ်။)

၂။ အပျော်အပါးနောက် မလိုက်ပါနဲ့။ ပျော်ရွှင်ခြင်းနောက်သာ လိုက်ပါ။
လောမှာ အပျော်မျိုးစုံရှိပါတယ်။ အပျော်လို့ ထင်ရလောက်တဲ့ အရာတွေရှိသလို စစ်မှန်တဲ့ပျော်ရွှင်ခြင်းတွေလဲ ရှိပါတယ်။
တစ်ချိန်မှာ နောင်တရရမယ့် အပျော်တွေကတော့ တဒင်္ဂသာဖြစ်ပြီး အစစ်အမှန်တွေ မဟုတ်ပါဘူး။ ဒါကြောင့် အပျော်အပါးတွေကု
ရပ်တန့်ပြီး ဘဝအမောပြေစေမယ့် ပျော်ရွှင်ခြင်းတွေနောက်ပဲ လိုက်သင့်ပါတယ်။

၃။ စိတ်အားထက်သန်မှုတွေ ရှိပါစေ။
ဘဝကို လေးလံထိုင်းမှိုင်းစွာ ဖြတ်သန်းနေတဲ့ ငြီးငွေ့ဖွယ်လူတစ်ချို့ကို သင်တွေ့ဖူးပါလိမ့်မယ်။ သင့်ဘဝကိုတော့ ဒီလို မဖြတ်သန်းသင့်ပါဘူး။
သင်စိတ်ပါဝင်စားတဲ့အရာတစ်ခုကို ရှာဖွေပြီး စိတ်အားထက်သန်စွာ လုပ်ဆောင်သင့်ပါတယ်။ သင့်အောင်မြင်မှုတွေ၊ အလုပ်တွေနဲ့ ဆိုင်တာဖြစ်ဖြစ်
ဝါသနာတွေနဲ့ ဆိုင်တာဖြစ်ဖြစ် ဘယ်အရာကိုမဆို စိတ်အားထက်သန်မှုအပြည့်နဲ့ လုပ်ဆောင်ပါ။ သင့်ဘဝကို တက်တက်ကြွကြွဖြတ်သန်းတတ်တဲ့
အလေ့အကျင့်ကောင်းတစ်ခု ရလာပါလိမ့်မယ်။

၎။ ချစ်ခြင်းတရားတွေ မျှဝေပါ။
မနာလိုခြင်း၊ မုန်းတီးခြင်းတွေက သင့်ဘဝကို မောဟိုက်စေတဲ့ အဆိပ်အတောက်တွေပါ။ လူတိုင်းကိုမေတ္တာထားပါဆိုရင် အပြောလွယ်သလောက်
အလုပ်ခက်ပါလိမ့်မယ်။ ဒီတော့ မေတ္တာထားလို့ရတဲ့သူတွေကို မေတ္တာထားပါ။ မဟုတ်ရင်တော့ ဥပေက္ခာသာ ပြုထားလိုက်ပါ။ သင့်စိတ်ကို
ညစ်ထေးမခံပါနဲ့။

၅။ သင်လုပ်နေတဲ့အရာတွေကို တန်ဖိုးထားပါ။
ဘာအလုပ်ပဲဖြစ်ဖြစ် သင်လုပ်နေတာတွေကို တန်ဖိုးထားဖြင်းက သင့်ကိုယ်သင်လည်း ယုံကြည်မှုတွေ ရလာစေပါတယ်။ အများသူငါတွေကလည်း
သင့်ကို လေးစားမှုပေးမှာဖြစ်ပြီး သင့်ဘဝကိုလည်း ကျေနပ်မှုတွေ ရလာစေမှာပါ။

၆။ သင်ယူမှုတွေကို မရပ်တန့်လိုက်ပါနဲ့။
သင်ယူမှုဆိုတာ ဆုံးခန်းတိုင်တယ်လို့ မရှိပါဘူး။ အမြဲတစေ လေ့လာနေသင့်ပါတယ်။ လေ့လာတယ်ဆိုတာက ကျောင်းသင်ခန်းစာတွေမှ 
မဟုတ်ပါဘူး။ ဘယ်အတတ်ပညာကိုမဆို လေ့လာလို့ရပါတယ်။ လေ့လာသင်ကြားမှုတွေ ရပ်လိုက်ပြီဆိုရင်တော့ သင့်ဘဝကြီးပါ 
ရပ်တန့်သွားမှာ ဖြစ်ပါတယ်။

၇။ စုဆောင်းပါ။ ရင်းနှီးမြှုပ်နှံ့ပါ။
ဘဝမှာ ငွေရှာရုံနဲ့ မပြီးသေးပါဘူး။ ရှာဖွေထားတဲ့ငွေတွေကို စနစ်တကျ သုံးစွဲတတ်ဖို့၊ စုဆောင်းတတ်ဖို့ ဆိုတာလည်း လိုအပ်ပါသေးတယ်။
စုဆောင်းနိုင်ရုံတင်မကသေးဘဲ ပွားများချင်တယ်ဆိုရင်တော့ ရင်းနှီးမြှုပ်နှံ့မှုတွေလုပ်သင့်ပါတယ်။

၈။ ကျန်းမာရေး ဂရုစိုက်ပါ။
လောကမှာ အရေးကြီးဆုံးက ကျန်းမာရေးပါပဲ။ သူ့နောက်မှာမှ ငွေကြေးတွေ၊ ဂုဏ်အရှိန်အဝါတွေလိုက်တယ်လို့ အများစုက သတ်မှတ်ထားကြပါတယ်။
ဘာကြောင့်လဲဆိုတော့ သင်သာ မကျန်းမာရင် သင်စီးပွားလုပ်နိုင်မှာ မဟုတ်သလို၊ အရာရာမှာလည်း လစ်ဟာမှုတွေ ဖြစ်လာမှာပါ။

၉။ ခရီးသွားပါ။
ခရီးသွားခြင်းဟာ စိတ်အပန်းပြေရုံတင်မဟုတ်ပါဘူး။ ဗဟုသုတတွေလည်း များစွာ ဖြစ်ထွန်းစေပြီး အတွေးသစ်၊ အကြံဥာဏ်သစ်တွေလည်း
ရစေနိုင်ပါတယ်။ ဒါကြောင့် ဘဝတစ်လျှောက်လုံး အနည်းဆုံးတစ်နှစ်ကိုတစ်ခါ ခရီးသွားသင့်ပါတယ်။

ref:ရွှညာမောင် (Focus Youth E-magazine)
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Advertise Here !

Software Full Version Download and Tech News Update


" လူတွေဟာ စက်ဘီးနဲ့တူတယ်။ ရှေ့ကိုကောင်းကောင်းဆက်သွားနေနိုင်သလောက်လဲမကျပဲဟန်ချက်ညီနေဦးမှာပါပဲ။"
.
" စိတ်ကူးဥာဏ်ကွန့်မြူးခြင်းဟာ ဗဟုသုတထက်တောင်ပိုအရေးကြီးပါတယ်
ဗဟုသုတဆိုတာ အကန့်အသတ်ရှိနိုင်တယ်။ စိတ်ကူးဥာဏ်ကွန့်မြူးခြင်းဟာ ကမ္ဘာကြီးတစ်ခုလုံးကိုတောင်ပြောင်းလဲပစ်နိုင်တယ်
တော်လှန်ချင်စိတ်တွေကိုမွေးဖွားစေတယ်။" 
.
" စာအုပ်တွေအများကြီးဖတ်ပြီး ဦးနှောက်ကိုနည်းနည်းပဲသုံးတဲ့လူဟာ 
ပျင်းစရာကောင်းတဲ့အတွေးအခေါ်တွေဆီမှာပဲ ကျဆုံးသွားလိမ့်မယ်။"

" ဈေးနှုန်းဆိုတာမရှိရင် တန်ဖိုးဆိုတာလည်းရှိလာမှာမဟုတ်ဘူး။
.
" ငြိမ်းချမ်းရေးဆိုတာ အတင်းအကျပ်လုပ်ယူရတဲ့အရာမဟုတ်ဘူး။
နားလည်မှုနဲ့သာ ရယူနိုင်တဲ့အရာဖြစ်တယ်။ " 
.
" ပျော်ရွှင်တဲ့ဘ၀ကိုလိုချင်ရင် ရည်မှန်းချက်ကိုသာဖက်တွယ်ထားပါ။
လူတွေအရာဝတ္တုတွေကို ဖက်တွယ်မထားပါနဲ့"
.
"ပညာဗဟုသုတရဲ့တစ်ခုတည်းသောအရင်းအမြစ်က အတွေ့အကြုံဖြစ်ပါတယ်။"
.
"လောကမှာ အဆုံးမရှိတဲ့အရာ၂ခုရှိတယ်
စကြ၀ဋ္ဌာကြီးနဲ့ လူတွေရဲ့ရူးသွပ်မှု"
.
" လူတစ်ယောက်ရဲ့တန်ဖိုးအစစ်အမှန်ကို အခြေခံကျကျတိုင်းတာရမယ်ဆိုရင်
သူဘယ်လောက်သူ့အတ္တကနေ လွတ်မြောက်လာသလဲအပေါ်မူတည်ပါတယ်။"
.
" ကျွန်တော့်မှာ ထူးခြားတဲ့အရည်အသွေးတွေမရှိပါဘူး။
ကျွန်တော့်မှာ ပြင်းပြတဲ့စူးစမ်းလိုစိတ်တစ်ခုပဲရှိပါတယ်။" 
_____________
ref : လင်းထက်မော်
( Focus Youth E-magazine)
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Advertise Here !