Advertise Here !

 ကဗျာကို နှစ်သက်တဲ့သူတွေအတွက် လက်မလွှတ်ဘဲ အမြဲဆောင့်ဖတ်နေရတဲ့ ကဗျာပို့စ်လေးတစ်ခုပါပဲ
နေ့စဉ်ပုံမှန်ကဗျာ၅ပုဒ်တင်ဖြစ်အောင် အကောင်းဆုံးကြိုစားပါမယ် ဆိုတာနဲ့ ဝေဖန်အကြံပြုလိုသည်ဖြစ်စေ / ကဗျာများရေးသားပေးပို့လိုသည် ဖြစ်စေ ph-0973151297 ကို ရေးသားသူ၏ အမည်၊နေရပ်လိပ်စာ ရေးသားပြီး   Viber မှဖြစ်စေ၊sms ဖြင့်ဖြစ်စေ,Facebook မှhttps://www.facebook.com/?q=#/thiha.htike.9 သို့ဖြစ်စေ ပေးပို့နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ...နောက်ထပ်လည်း မည်သည့် လူတိုင်းအတွက်အကျိုးရှိစေမယ့်အစီအစဉ်ကောင်းလေးများဖန်တီးနိုင်အောင်လည်း အကြုံပြုဆွေးနွေးဖို့ 09-73151297 ကို နေ့လည် 12pm မှ 5pm အတွင်းလွပ်လပ်စွာအကြံပြုနိုင်ပါတယ်ခင်ဗျာ...
ဝေဖန်အကြုံချက်သည် ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ...


ငါ့ကံ
 ငါ့အကြောင်းကို
နင်အသိဆုံး
 ငါကိုဘာကြောင့်
ထားသွားတာလဲ
 မသိစိတ်နဲ့
အိပ်မက်ထဲမှာ
နင်အမြဲပါတယ်
 နိုးထလာတော့ 
အမှန်တကယ်
 နင်မရှိတော့
 ငငဝမ်းနည်းတယ် 
ငါ့ရင်ဘတ်တွေ
 အောင့်အောင့်လာတယ်
 အသိစိတ်မှာ
 နင့်ကိုဘေးဖယ်
ရင်ခွင်သစ်မှာ
 ပျော်သူရယ်လို့
မျက်ဝန်းမျက်ရည်
 ပုတ်ကာဖယ်ထုတ် 
လက်သီးဆုပ်ကာ
 အံကျိတ်ကာနဲ့
ငါ့ဘဝကြိး
 ပျက်ပြိတကယ်
 မင်းသမီးတဲ့ကဗျာခေါင်းစဉ်ပါ
 မထင်မှတ်တဲ့ရိုက်ချက်
 ဟန်ဆောင်ကောင်းတဲ့အမူအရာ
မင်းမင်းသမီးလုပ်ပါလား
မနက်ဖြန်ချစ်ရသူရဲ့မင်္ဂလာဆောင်
 နှစ်တိုင်းအကယ်ဒမီရလိမ့်မယ်...
ရေးသူ=မိုးမောင်(ယုဇန)
==========
ဘဝကို ကျော့ကျော့လေး ဖြတ်သန်းခဲ့ရလို့
ပျော်နေခဲ့မယ် ဆိုရင်
ပြန်အကျ မှာ ဝမ်းမနည်းနဲ့ ဘဝမနာခဲ့လို့
အကျ နာတယ်လို့ မှတ်ပါ လဲနေရင်ပြန်ထ အဲဒါ ဘဝ....


ရေးသူ=KK(irrawaddy)
===========
#ဘကြီးအောင်နှင့်ကျွန်တော်#

ဘကြီးအောင်
ဘယ်လိုလုပ်လိုက်တာလဲ
ကျွန်တော့်ရဲ့ ရည်ရွယ်ချက်
မျှော်လင့်ချက်တွေ
ပြိုလဲကုန်ပြီဗျာ.....

ဘကြီးအောင်
ဘာ့ကြောင့် မျက်ကွယ်ပြုလိုက်တာလဲ
ကျွန်တော့်ရဲ့ ဆန္ဒတွေကိုလေ

ဘကြီးအောင်
ဘယ်ဘဝရေစက်လည်း
ကျွန်တော်နဲ့တွေ့ပြန်ပီ
တော်ပါပြီ
မပေးပါနဲ့တော့
ကတိတွေလည်း မလိုခြင်တော့ဘူး
မျှော်လင့်ချက်တွေလည်း
မထားရဲတော့ဘူးဗျာ

ဘကြီးအောင်
မြေဖြူတစ်တောင့်ကြောင့်
ကျောင်းသားတွေ သေနိုင်တယ်
ထို့အတူပါဘဲ
လူကြီးတစ်ယောက်ရဲ့
ကတိစကား တစ်လုံးလေးကြောင့်
လူငယ်တစ်ယောက်၏ ဘဝ
ပြိုလဲယိုင်နဲ့ပျက်စီးသွားနိုင်သည်။
ဒါ့ကြောင့် ပန်းပုဘဲထုပါ
ကတိမပြုပါနဲ့ နော်
ကျွန်တော့်ကို .........

ရေးသူ=ဆောင်းလရောင် (မော်လိုက် )
==============

ရေးသူ =mue hnin may(mandalay)
===================
"သတိရပေးပါ"
လပေါင်းများစွာကိုသတိရခြင်းတွေနဲ့ရင်ဆိုင်ကျော်ဖြတ်ခဲ့ပြီးပါပြီ 
 မေ့မရတဲ့ အချိန်တွေကိုကျော်ဖြတ်ဖို့  အားအင်တွေပေးလှည့်ပါလားကွယ်  ငါပိုင်ဆိုင်တဲ့နေ့ရက်တွေလည်း နင့်ကြောင့်ပဲ... တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားခဲ့ပါပြီ  နင်ကတော့တုန့်ပြန်မှုမပေးဘဲ  ရက်စက်စွာကျောခိုင်းရက်တယ်နှော် ... ပျော်သလိုသာခရီးဆက်ပါ ချစ်သူ .. နင်ပျော်တာကိုကြည့်ပြီးကျေနပ်နေမယ့်လူတစ်ယောက်  ကမ္ဘာပေါ်မှာသက်ရှိထင်ရှား ရှိနေသေးတယ်ဆိုတာသတိတော့ရပေးပါ...
ရေးသူ=မီးမီး
(ပေါင်းတည် )
သီဟထိုက်

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !