မန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT သည် ၄င်းတို့၏ မိုဘိုင်း ဖုန်းနံပါတ် အလှများကို ဒီဇင်ဘာ လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၌ လေလံတင်ရောင်းချမည်ဖြစ်ပြီး အဆိုပါ လေလံပွဲမှ အမြတ်ငွေ သိန်း ၁ ထောင်ခန့် ရရှိမည်ဟု ခန့် မှန်းထားကြောင်း သိရသည်။
မိုဘိုင်းဖုန်းနံပါတ်ဆင်းမ် ကတ်ပေါင်း ၁၂၀ ကျော်ကို လေလံစနစ်ဖြင့် ရောင်းချမည်ဖြစ်ပြီး လေလံစနစ်မှ ရရှိလာသည့် အကျိုးအမြတ်ကို မန္တလေးတိုင်း ဒေသကြီးအတွင်း လျှပ်စစ်မီး မရရှိသေးသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများသို့ ဆိုလာ မီးအိမ်ဝယ်ယူ လှူဒါန်းသွားမည် ဟု MPT က သတင်းထုတ်ပြန်ခဲ့သည်။
လေလံပွဲသို့တက်ရောက်၍ နံပါတ်အလှများကို ဝယ်ယူလိုပါက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နှင့် ဆက်သွယ်ရမည်ဖြစ်ပြီး လေ လံစနစ်ဖြင့် ဝယ်ယူထားသည့် ဆင်းမ်များ အတွက် ကျသင့်ငွေကို လေလံပွဲအပြီး ၅ ရက်အတွင်း မြန်မာ့စီးပွားရေးဘဏ်၌ ပေးသွင်း ရမည် ဖြစ်သည်။
“လူ ၂၀၀ ပဲ ဝင်ရောက်ပြီး လေလံဆွဲလို့ရအောင် လုပ်ထားတယ်။ လူတစ်ယောက်ကို နံပါတ် ၁၀ ခုထက်ပိုပြီး လေလံဆွဲလို့ လည်းမရဘူး” ဟု မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းမှ ပြောရေး ဆိုခွင့်ရှိသူက ဆိုသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် နံပါတ် အလှများ လေလံတင်ခြင်းကို ဂျပန်နှင့်ပူးပေါင်းခြင်း မရှိခင်က ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် တစ်ကြိမ်စီ ပြုလုပ်ခဲ့ပြီး ငွေကျပ် သိန်းပေါင်း ၃ ထောင်ခန့် အမြတ် အစွန်းရရှိခဲ့သည်ဟု သိရသည်။
၂ သိန်းတန် မိုဘိုင်းဖုန်းနံပါတ် အလှများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လေလံစနစ်စတင် ပြုလုပ်ခဲ့ခြင်းဖြစ် ဆင်းမ်ကတ်နံပါတ်တစ်ခုလျှင် ငွေကျပ် ၅၀ ၀န်း ကျင် အထိ လေလံ တင်ရောင်းချနိုင်ခဲ့သည်။ အလားတူ ဆက်သွယ် အော်ပရေတာတစ်ခုဖြစ်သော Telenor သည်လည်း ၄င်းတို့၏ နံ ပါတ်အလှများကို တရားဝင် အနေ ဖြင့် ငွေကျပ် ၅ သိန်းမှ သိန်း ၃၀ အထိ သတ်မှတ်ကာ ရောင်းချခဲ့ဖူးကြောင်း သိရသည်။
Credit internetjournal
သီဟထိုက်
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb
Post A Comment:
0 comments: