-----
Advertise Here !
အနာဂတ်တွင် WiFi ထက် ပိုမိုလျှင်မြန်သော LiFi နည်းပညာကို အသုံးပြုနိုင်တော့မည်ဖြစ်သည်။ သိပ္ပံပညာရှင်များက WiFi ထက် အဆတစ်ရာလျှင်မြန်သော နည်းပညာကို စမ်းသပ်နေကြပါသည်။ အောင်မြင်လျှင် 1 Gbps အမြန်နှုန်းကို ရရှိနိုင်မည်ဖြစ်သည်။ အဆိုပါ အမြန်နှုန်းဖြင့် High-Definition Movie တစ်ကားကို စက္ကန့်ပိုင်းအတွင်း ဒေါင်းလုပ်ရယူနိုင်မည်ဖြစ်သည်။ Velmenni ဟု အမည်ရသော ကုမ္ပဏီက အဆိုပါ နည်းပညာကို အက်စတိုးနီးယားနိုင်ငံတွင် စမ်းသပ်အောင်မြင်ပြီဖြစ်ကြောင်း IBTimes UK ကို ပြောကြားပါသည်။ LIFi နည်းပညာတွင် LED Lights များကို အသုံးပြု၍ ဒေတာများကို ပေးပို့ခြင်းဖြစ်ပြီး Nanoseconds အတွင်း ဒေတာများကို ပေးပို့၊ ရယူနိုင်ပါသည်။ အဆိုပါ နည်းပညာကို ၂၀၁၁ ခုနှစ်တွင် စတင်တီထွင်နိုင်ခဲ့ပြီး Lab ထဲတွင် 224 Gbps အမြန်နှုန်းကို ရရှိခဲ့ပါသည်။ သို့သော် WiFi သည် နံရံများကို ဖောက်ထွင်းနိုင်ပြီး LiFi သည် ထိုသို့ စွမ်းဆောင်နိုင်ခြင်းမရှိပါ။ အဆိုပါ အချက်သည် LiFi ၏ အားနည်းချက်ဖြစ်ပါသည်။ LiFi သည် စမတ်အိမ်သုံး ကိရိယာများအတွက် ပိုမို အသုံးဝင်နိုင်ပါသည်။ အနာဂတ်တွင် LED မီးလုံးများသည် အလင်းရောင်ပေးရုံသာမကဘဲ နေအိမ်ရှိ အခြား စမတ်ကိရိယာများတွဲဖက်၍ အလုပ်များလုပ်နိုင်မည်ဖြစ်သည်။ Velmenni အပြင် Oledcomm, pureLiFi တို့ကလည်း LiFi ကို အများပြည်သူအသုံးပြုရန် ၀န်ဆောင်မှုများပေးနေပြီဖြစ်ပြီး ဒုတိယ ကုမ္ပဏီသည် LiFi ကို တီထွင်သူ Harald Haas က ထူထောင်ထားခြင်းဖြစ်ပါသည်။ ကုမ္ပဏီနှစ်ခုသည် နေအိမ်၊ ရုံးများတွင် LiFi Network များကို တပ်ဆင်ပေးနေပြီး pureLiFi က လက်ရှိတွင် 10 Mbps အမြန်နှုန်း ရရှိသည်ဟု ပြောပါသည်။
ref
Myanmar Digital Life Journal
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb
UserCloud Download Link
Tusfiles Download Link
Mediafire1 Download Link
Back To Top
Post A Comment:
0 comments: