Advertise Here !




စင်ကာပူအခြေစိုက် Digicel Asian Holdings မှတစ်ဆင့် Myanmar Tower Company ကို မလေးရှားကုမ္ပဏီတစ်ခုဖြစ်သည့် Edotco Group Shn Bhd က ဝယ်ယူလိုက်သည်ဟု ၄င်းတို့ Edotco က သတင်း ထုတ်ပြန်လိုက်သည်။

Edotco သည် Myanamr Tower Company ၏ အစုရှယ်ယာ ၇၅ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး Myanamr Tower Company ၏ အစုရှယ်ယာ ၂၅ ရာခိုင်နှုန်းကို Yoma Strategic Holding ကုမ္ပဏီက ပိုင်ဆိုင်ခြင်း ဖြစ်သည်ဟု သိရသည်။

Myanmar Tower Company ၏ လုပ်ငန်း လွှဲပြောင်းမှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၂၁ သန်းရှိသည်ဟု ကုမ္ပဏီ၏ အောက်တိုဘာလ ထုတ်ပြန်ချက် များအရသိပြီး Edotco ကုမ္ပဏီ၏ ဝယ်ယူမှုတွင် Yama Strategic Holding ၏ ပိုင်ဆိုင်မှုများ ပါဝင်ခြင်း မရှိကြောင်း သတင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Edotco Group Shn Bhd သည် မလေးရှားအခြေစိုက် Axiata ကုမ္ပဏီ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၌ တာဝါ တည်ဆောက်ခြင်းနှင့် တည်ဆောက်ပြီး တာဝါများ ငှားရမ်းပေး ခြင်းစသည့်လုပ်ငန်းများကို လုပ်ကိုင်နေသည့် Myanmar Tower Company ၏ အစုရှယ်ယာ ၇၅ ရာခိုင်နှုန်းကို ဝယ်ယူလိုက်ခြင်း ဖြစ်သည်။

Myanmar Tower Company ၌ တာဝါဆိုဒ်ပေါင်း ၁၂၅၀ ကိုပိုင်ဆိုင်ထားပြီး ဝန်ထမ်းအင်အား ၂၀၀ ကျော်ဖြင့် လည်ပတ်လုပ်ကိုင်နေသည်ဟု ၄င်းတို့ ဝက်ဘ်ဆိုက် စာမျက်နှာ၌ ဖော်ပြထားသည်။ တာဝါ တည်ဆောက်ခြင်း ကုန်ကျစရိတ်များ ပြားသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး တာဝါကောင်းကောင်းတစ်တိုင်အတွက် ကုန်ကျငွေ အမေရိကန် ဒေါ်လာ ၁ သိန်းခန့်ရှိနိုင်ကြောင်း ဆက်သွယ်ရေးလုပ်ငန်းပိုင်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးကပြောသည်။

Edotco ကို ၂၀၁၂ ခုနှစ်က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး မလေး ရှား၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီယား၊ သီရိလင်္ကာ နှင့် ပါကစ္စတန် စသည့်နိုင်ငံများတွင် တာဝါတိုင်ပေါင်း ၁၅၀၀၀ ဖြင့် လုပ်ငန်း လည်ပတ် လုပ်ကိုင်နေကြောင်း သိရသည်။

Credit  internetjournal
သီဟထိုက်
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !