-----
Advertise Here !
၁။ ဖြေရှင်းလို့မရတဲ့ ပြသနာအပေါ် ဖိစီးမနေနဲ့။
လောကမှာ ဖြေရှင်းလို့ရတဲ့ ပြသနာနဲ့ ဖြေရှင်းလို့ မရတဲ့ ပြသနာဆိုပြီး နှစ်မျိုးရှိပါတယ်။ ဖြေရှင်းနိုင်တဲ့ ကိစ္စတိုင်းအတွက် ကြိုးစားဖြေရှင်းရမှာ
ဖြစ်သလို ကိုယ်ဘယ်လိုမှ မတတ်နိုင်တဲ့ ပြသနာတွေအတွက်ကျတော့ ကိုယ့်ကိုယ်ကို ဖိစီးမနေသင့်တော့ပါဘူး။
(ပြသနာရပ်တွေကို အလွယ်တကူ လက်မလျော့ဖို့တော့ လိုပါတယ်။)
၂။ အပျော်အပါးနောက် မလိုက်ပါနဲ့။ ပျော်ရွှင်ခြင်းနောက်သာ လိုက်ပါ။
လောမှာ အပျော်မျိုးစုံရှိပါတယ်။ အပျော်လို့ ထင်ရလောက်တဲ့ အရာတွေရှိသလို စစ်မှန်တဲ့ပျော်ရွှင်ခြင်းတွေလဲ ရှိပါတယ်။
တစ်ချိန်မှာ နောင်တရရမယ့် အပျော်တွေကတော့ တဒင်္ဂသာဖြစ်ပြီး အစစ်အမှန်တွေ မဟုတ်ပါဘူး။ ဒါကြောင့် အပျော်အပါးတွေကို
ရပ်တန့်ပြီး ဘဝအမောပြေစေမယ့် ပျော်ရွှင်ခြင်းတွေနောက်ပဲ လိုက်သင့်ပါတယ်။
၃။ စိတ်အားထက်သန်မှုတွေ ရှိပါစေ။
ဘဝကို လေးလံထိုင်းမှိုင်းစွာ ဖြတ်သန်းနေတဲ့ ငြီးငွေ့ဖွယ်လူတစ်ချို့ကို သင်တွေ့ဖူးပါလိမ့်မယ်။ သင့်ဘဝကိုတော့ ဒီလို မဖြတ်သန်းသင့်ပါဘူး။
သင်စိတ်ပါဝင်စားတဲ့အရာတစ်ခုကို ရှာဖွေပြီး စိတ်အားထက်သန်စွာ လုပ်ဆောင်သင့်ပါတယ်။ သင့်အောင်မြင်မှုတွေ၊ အလုပ်တွေနဲ့ ဆိုင်တာဖြစ်ဖြစ်၊
ဝါသနာတွေနဲ့ ဆိုင်တာဖြစ်ဖြစ် ဘယ်အရာကိုမဆို စိတ်အားထက်သန်မှုအပြည့်နဲ့ လုပ်ဆောင်ပါ။ သင့်ဘဝကို တက်တက်ကြွကြွဖြတ်သန်းတတ်တဲ့
အလေ့အကျင့်ကောင်းတစ်ခု ရလာပါလိမ့်မယ်။
၎။ ချစ်ခြင်းတရားတွေ မျှဝေပါ။
မနာလိုခြင်း၊ မုန်းတီးခြင်းတွေက သင့်ဘဝကို မောဟိုက်စေတဲ့ အဆိပ်အတောက်တွေပါ။ လူတိုင်းကိုမေတ္တာထားပါဆိုရင် အပြောလွယ်သလောက်
အလုပ်ခက်ပါလိမ့်မယ်။ ဒီတော့ မေတ္တာထားလို့ရတဲ့သူတွေကို မေတ္တာထားပါ။ မဟုတ်ရင်တော့ ဥပေက္ခာသာ ပြုထားလိုက်ပါ။ သင့်စိတ်ကို
ညစ်ထေးမခံပါနဲ့။
၅။ သင်လုပ်နေတဲ့အရာတွေကို တန်ဖိုးထားပါ။
ဘာအလုပ်ပဲဖြစ်ဖြစ် သင်လုပ်နေတာတွေကို တန်ဖိုးထားဖြင်းက သင့်ကိုယ်သင်လည်း ယုံကြည်မှုတွေ ရလာစေပါတယ်။ အများသူငါတွေကလည်း
သင့်ကို လေးစားမှုပေးမှာဖြစ်ပြီး သင့်ဘဝကိုလည်း ကျေနပ်မှုတွေ ရလာစေမှာပါ။
၆။ သင်ယူမှုတွေကို မရပ်တန့်လိုက်ပါနဲ့။
သင်ယူမှုဆိုတာ ဆုံးခန်းတိုင်တယ်လို့ မရှိပါဘူး။ အမြဲတစေ လေ့လာနေသင့်ပါတယ်။ လေ့လာတယ်ဆိုတာက ကျောင်းသင်ခန်းစာတွေမှ
မဟုတ်ပါဘူး။ ဘယ်အတတ်ပညာကိုမဆို လေ့လာလို့ရပါတယ်။ လေ့လာသင်ကြားမှုတွေ ရပ်လိုက်ပြီဆိုရင်တော့ သင့်ဘဝကြီးပါ
ရပ်တန့်သွားမှာ ဖြစ်ပါတယ်။
၇။ စုဆောင်းပါ။ ရင်းနှီးမြှုပ်နှံ့ပါ။
ဘဝမှာ ငွေရှာရုံနဲ့ မပြီးသေးပါဘူး။ ရှာဖွေထားတဲ့ငွေတွေကို စနစ်တကျ သုံးစွဲတတ်ဖို့၊ စုဆောင်းတတ်ဖို့ ဆိုတာလည်း လိုအပ်ပါသေးတယ်။
စုဆောင်းနိုင်ရုံတင်မကသေးဘဲ ပွားများချင်တယ်ဆိုရင်တော့ ရင်းနှီးမြှုပ်နှံ့မှုတွေလုပ်သင့်ပါတယ်။
၈။ ကျန်းမာရေး ဂရုစိုက်ပါ။
လောကမှာ အရေးကြီးဆုံးက ကျန်းမာရေးပါပဲ။ သူ့နောက်မှာမှ ငွေကြေးတွေ၊ ဂုဏ်အရှိန်အဝါတွေလိုက်တယ်လို့ အများစုက သတ်မှတ်ထားကြပါတယ်။
ဘာကြောင့်လဲဆိုတော့ သင်သာ မကျန်းမာရင် သင်စီးပွားလုပ်နိုင်မှာ မဟုတ်သလို၊ အရာရာမှာလည်း လစ်ဟာမှုတွေ ဖြစ်လာမှာပါ။
၉။ ခရီးသွားပါ။
ခရီးသွားခြင်းဟာ စိတ်အပန်းပြေရုံတင်မဟုတ်ပါဘူး။ ဗဟုသုတတွေလည်း များစွာ ဖြစ်ထွန်းစေပြီး အတွေးသစ်၊ အကြံဥာဏ်သစ်တွေလည်း
ရစေနိုင်ပါတယ်။ ဒါကြောင့် ဘဝတစ်လျှောက်လုံး အနည်းဆုံးတစ်နှစ်ကိုတစ်ခါ ခရီးသွားသင့်ပါတယ်။
ref:ရွှညာမောင် (Focus Youth E-magazine)
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb
UserCloud Download Link
Tusfiles Download Link
Mediafire1 Download Link
Back To Top
Post A Comment:
0 comments: