Advertise Here !



Viber ကိုအသုံးပြု၍ ပြည်တွင်း၊ ပြည်ပရှိ အင်တာနက်ချိတ်ဆက်ထားခြင်းမရှိသော ဖုန်းလိုင်း များကို ခေါ်ဆိုရန် နိုင်ငံအတွင်း Red Dot အရောင်းဆိုင်များတွင် ကြိုတင်ငွေဖြည့်သွင်းများ ပြုလုပ်ပေးသွားမည်ဟု Viber မှ သတင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။
နိုင်ငံအတွင်း၌ ချိတ်ဆက် ထားသည့် Red Dot အရောင်း ဆိုင်ပေါင်း ၉ ထောင်ကျော်တွင် Viber Out ခေါ်ဆိုမှုအတွက် ငွေ ဖြည့်သွင်းခြင်းကို ဒီဂျစ်တယ်စနစ် ဖြင့် ပြုလုပ်ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး ငွေဖြည့်သွင်းနိုင်သည့် ပမာဏကို ကန့်သက်ထားခြင်းမရှိကြောင်း သိရသည်။
“နံပါတ်ပြောပြီးတော့ ဖြည့်သွင်းရုံပါပဲ။ လိုချင်တဲ့ပမာဏကို ဖြည့်လို့ရတယ်”ဟု Viber မှ ပြန် ကြားရေးတာဝန်ခံ မဖူးဖူးကပြော သည်။ အဆိုပါဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ပထ မ အပတ်အတွင်း စတင်မည်ဖြစ် ပြီး Viber ထည့်သွင်းထားသည့် မည့်သည့် မိုဘိုင်းနံပါတ်မဆို အ သုံးပြုနိုင်မည် ဖြစ်သည်။
Viber Out ခေါ်ဆိုမှုအတွက် သက်မှတ်ဈေးနှုန်းများကို Viber Out မခေါ်ဆိုမီ Get Rates အနေ ဖြင့် ကြည့်ရှုနိုင်ကြောင်း မိမိခေါ် ဆိုသည့် ဖုန်းနံပါတ်ကို ထည့်သွင်း ၍ ကျသင့်ငွေကို ကြိုတင်ကြည့်ရှု ရာတွင် မြန်မာကျပ်ငွေအနေဖြင့် ပါ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း မဖူးဖူးက ဆိုသည်။
Viber ကို ကမ္ဘာပေါ်၌ လူဦး ရေ ၆၆၄ သန်းကျော်အသုံးပြုနေ ပြီး မြန်မာနိုင်ငံ၌ လူဦးရေ ၁၈ သန်းခန့်အသုံးပြုနေသည်ဟု သတင်းထုတ်ပြန်ချက်များအရ သိရသည်။ Viber သည် စာတိုပေး ပို့ခြင်း ၊ Video Call ခေါ်ဆိုခြင်း နှင့် Group အလိုက် စကားပြောဆိုခြင်းဖြင့် ၂၀၁၄ ခုနှစ်နောက်ပိုင်းမှစတင်၍ လူသိများပြားလာခဲ့ ခြင်းဖြစ်သည်။
ref:http://internetjournal.media/

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !