Advertise Here !

ကဗျာကို နှစ်သက်တဲ့သူတွေအတွက် လက်မလွှတ်ဘဲ အမြဲဆောင့်ဖတ်နေရတဲ့ ကဗျာပို့စ်လေးတစ်ခုပါပဲ
နေ့စဉ်ပုံမှန်ကဗျာ၅ပုဒ်တင်ဖြစ်အောင် အကောင်းဆုံးကြိုစားပါမယ် ဆိုတာနဲ့ ဝေဖန်အကြံပြုလိုသည်ဖြစ်စေ / ကဗျာများရေးသားပေးပို့လိုသည် ဖြစ်စေ ph-0973151297 ကို ရေးသားသူ၏ အမည်၊နေရပ်လိပ်စာ ရေးသားပြီး   Viber မှဖြစ်စေ၊sms ဖြင့်ဖြစ်စေ ပေးပို့နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ...နောက်ထပ်လည်း မည်သည့် လူတိုင်းအတွက်အကျိုးရှိစေမယ့်အစီအစဉ်ကောင်းလေးများဖန်တီးနိုင်အောင်လည်း အကြုံပြုနိုင်ပါတယ်ခင်ဗျာ... 
ဝေဖန်အကြုံချက်သည် ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ...
အ​ရောင်​ဖြူဝင်း၊ ရနံ့သင်း၍
အဆင်းလည်းလှ၊​ပြောမ၀​အောင်
များပြားလှသည်​၊​တော်​၀င်​သဇင်​.....
ရှေးယခင်​၊နန်းတွင်းဘုရင်
သူသာလျှင်​၊ရှိ​လေစွဟု
စိတ်​အာရုံတွင်​၊ဖမ်းယူစွဲငင်
ပြုနိုင်​စွမ်းပင်​၊​တော်​၀င်​သဇင်​.........
သူသာလျှင်​၊ဖြစ်​လာရန်​လည်း

အပင်​​ပေါ်အပင်​ဆင်​လို့၊​မြေ​ပေါ်မကျ
ပင်​မြင့်​ဖျားမှ၊ငွားငွားစွင့်
ဂုဏ်​ယူဝင့်​ထည်​၊ကျက်​သ​ရေရှိလှပါဘိ​၊​တော်​၀င်​သဇင်​.......
ဩော်​.....​ရွှေစံပယ်
အသင်​သည်​လည်း၊နှင်းရည်​ကို​သောက်
မြေမှာမြစ်​တွယ်​၊​ပေါက်​​ရောက်​ပါလည်း
သင်​၏ရနံ့၊​မွှေးပျံ့ပျံ့သည်
မြင်​သူတို့၏၊စိတ်​သဏာန်​၀ယ်​,
ကြည်​နူးရွှင်​လန်း​စေလိမ့်​မည်​။
ရေးသူ=ဇူး(​တောင်​တွင်းကြီး)
=============
'အလိမာ'
ငယ်တုန်းကလ္ဘက်ရည်ဆိုင်မှာ စားပွဲထိုးလေးငွေကိုင်သလို
စာရင်းအင်းပိုင်နိုင်စွါ
ငါတွက်နိုင်ချင်မိတယ်
သူငယ်ချင်းရီးစါးထားတဲ့အခါ
အယွင်းမှားမပါအောင်အလေးထားသလို
ငါလဲစါရေးသား တတ်ချင်မိခဲ့တယ်
ချစ်သူလေးများစါရေးသားတဲ့အခါ
ငါ့ကိုများပေးထားလာရင်
ကျွမ်းကျွမ်းကျင်ကျင်ငါဖတ်တတ်ချင်ခဲ့တယ်
ငါတပ်ထဲဝင်တဲ့အခါ
အရာရှိကြီးများစိုင်းထိုးကြပေမင့်
ငါ့မှာတော့ဝိုင်းထိုးတာကိုခံနေခဲ့ရတယ်
ခုတော့ငါရှေ့တန်းထွက်တဲ့အခါ်
မှတ်သားချက်ကိုနားမလည်မိလို့
မိုင်းကွင်းထဲငါဆင်းခဲ့မိတော့တယ်
သြော် ခုငါသေရတော့မယ်
စါတလုံးတော့တတ်ချမိပါတယ်....
 

ရေးသူ=KhinMaungWin
pone nar su 13.
BAGO
===========
"အလွမ်း"

တို့နှစ်ယောက်ဝေးသွားတဲ့နေ့ကစပြီး
တိတ်တခိုးရင်ခုန်သံနဲ့
နေ့ရက်တွေကိုအသက်ဆက်သူ

         ရေးသူ=  သွန်းဆစ်ကြယ်( ကော့ကရိတ်မြို့နယ် )
==========
"အချစ်ဝဋ်ကြွေး"
ချစ်သူ...
တကယ်ဆို   ဒို့တွေလမ်းခွဲခဲ့ကြပြီပဲ
 နေ့နေ့ညည မေ့မရခဲ့ပါဘူး
 မေ့ဖြောက်ဖို့ကြိုးစားတိုင်း
တိုးတိုးပြီးသတိရနေတဲ့  ငါ့စိတ်ကိုလည်းမုန်းတယ်
 မဖြစ်နိုင်တော့ဘူးဆိုကာမှ
သူလည်းပဲ ငါ့လိုသတိရနေမလားဆိုတဲ့ခပ်ကြောင်ကြောင်အတွေးတွေကြေင့်
ချစ်သူနဲ့ဝေးရာကို ထွက်ပြေးချင်ပေမယ့်
မင်းမရှိတော့တဲ့ အချိန်ကစပြီး
 ပျော်စရာတွေ ပျောက်ဆုံးသွားတဲ့
မနက်ဖြန်ဆိုတာကို  အတူကျော်လွှားရင်း
ဒါဟာဝဋ်ကြွေးတစ်ခုဖြစ်မယ်ဆိုရင် ဒီဘဝ ဒီမျှနှင့်သာကျေပါစေ
မသွားနိုင်တဲ့ ငါ့ရဲ့ခြေထောက်တွေကိုလည်းမုန်းတယ်
ဖြစ်ချင်တာထက်ဖြစ်သင့်တာကို ဦးစားပေးရတဲ့  ဘဝကြီးမှာ
ငါဘာများ တတ်နိုင်မှာလည်းချစ်သူရယ်...
 
ရေးသူ=----(ပေါင်းတည်)
==========
ရေးသူ=လွမ်းကာရံ( စစ်​​တွေ
ရခိုင်​  )
 
 
 
 
 
သီဟထိုက်
========

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !