Advertise Here !

Xiaomi ဟာ ယနေ့မှာ Mi ဖုန်းတွေအတွက် cutom ROM အသစ် MIUI 8 ကို စတင်မိတ်ဆက်သွားခဲ့ပါတယ်။
အဓိကပြောင်းလဲမှုကတော့ အသုံးပြုထားတဲ့ကာလာအရောင်တွေနဲ့ စတိုင်တွေဖြစ်ပြီး၊ MIUI 8 Notification ဘားရဲ့ ကာလာဟာ ပတ်ဝန်းကျင်ရာသီဥတုအပေါ်မူတည်ပြီး အလိုအလျောက်အရောင်ပြောင်းလဲနိုင်တယ်လို့ Xiaomi က ဆိုပါတယ်။
ဒါဆို နောက်ထပ် ဘယ်လို feature အသစ်တွေ MIUI 8 မှာ ပါလာမလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်။
  • App Store ရဲ့ ဆက်ရှင်ကဏ္ဍတိုင်းမှာ ကာလာတွေ ပါဝင်လာမယ်
  • Daily Lock Screen မှာ Xiaomi နဲ့ လက်တွဲထားတဲ့ မီဒီယာပေါင်း ၅၀ ကျော်ကနေ category ပေါင်း ၁၂ ခုပါဝင်လာပြီး၊ အရည်အသွေးမြင့်ဓာတ်ပုံအသစ်တွေ ပါဝင်လာမှာပါ။
wallpape-carousel-miui8-photo-gallery
  • Calendar app ရဲ့ လတွေမှာ အရောင်အသစ်တွေ ပါဝင်လာမယ်
  • Notification bar ရဲ့ အရောင်က ပတ်ဝန်းကျင်ရာသီဥတုအခြေအနေနဲ့ လိုက်တဲ့အရောင် အလိုအလျောက်အရောင်ပြောင်းနိုင်တယ်။
MIUI-8
  • အသံ recording သွင်းထားစဉ်မှာ၊ အသံအနိမ့်အမြင့် tone ပြောင်းလဲတဲ့အတိုင်း recorder app မှာ ကာလာပြောင်းသွားမယ်။
  • စာအရှည်ကြီးတွေ၊ web စာမျက်နှာတွေကို screenshot ပုံတစ်ခုထဲ ရိုက်ဖို့အတွက် scrolling screnshot ရိုက်နိုင်တဲ့ tool အသစ်ပါဝင်လာတယ်။
MIUI-8-Long-screen-capture
  • Notes app မှာ လက်ဗွေရာ၊ password နဲ့ note တွေကို ပိတ်ထားနိုင်တဲ့အပြင်၊ Calculator ကနေ ငွေကြေးလဲနှုန်းတွေကို တွက်ချက်နိုင်သလို၊ ဆဲလ်စီးယပ်စ်ကနေ ဒီဂရီပြောင်းတာစတဲ့ အဆင့်မြင့် လုပ်ဆောင်ချက်တွေ ပါဝင်လာတယ်။
  • Power Save Mode ပါဝင်လာပြီး၊ background app တွေကို freeze လုပ်ပေးထားနိုင်ပြီး၊ ဘက်ထရီ ၂ နာရီ ၃ နာရီလောက် ပိုတာရှည်ခံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
  • SMS အတုရန် ကာကွယ်မှု – ဒါကတော့ ဒီနိုင်ငံမှာ သိပ်အသုံးဝင်မယ်မထင်ပါဘူး။ Xiaomi ရဲ့ ဒေတာနဲ့ သတင်းအချက်အလက်ဌာနက ရရှိတဲ့သတင်းအချက်အလက်တွေကို မူတည်ပြီး၊ MIUI 8 ဖုန်းကို ၀င်လာတဲ့မက်ဆေ့က spam လား၊ အန္တရာယ်ရှိမက်ဆေ့လားဆိုတာ အသုံးပြုသူက မနှိပ်မိခင် သတိပေးသွားမှာပါ။
  • Text Selection and Translate – တရုတ်စာသားကနေ အင်္ဂလိပ်စာသား၊ အင်္ဂလိပ်ကနေ တရုတ်ကို စာသားကို select လုပ်ပြီး ဘာသာပြန်ဆိုနိုင်မှာဖြစ်ပါတယ်။
  • နောက်ထပ်အထူးခြားဆုံးပြောင်းလဲမှုကတော့ Gallery app ပဲဖြစ်ပြီး၊ Gallery app ထဲမှာတင် ဗီဒီယိုတွေ ပြင်ဆင်၊တည်းဖြည်နိုင်တဲ့ tools တွေပါဝင်လာပြီး၊ စတစ်ကာထည့်ကာ၊ filter ထည့်တာတွေ၊ crop ဖြတ်တာတွေပါ လုပ်နိုင်တဲ့အပြင် music video တစ်ခုပါ Gallery app ထဲမှာတင် လုပ်နိုင်တယ်လို့ သိရပါတယ်။
miui-8-gallery
MIUI 8 ကို Mi 2 ၊ Mi 2S ၊ Mi 3 ၊ Mi 4 ၊ Mi 4C ၊ Mi 4S ၊ Mi 5 ၊ Mi Max ဖုန်းတွေအပြင်၊ Redmi စီးရီးနဲ့ Mi Note စီးရီးထဲက ဖုန်းတွေအကုန်လုံးရရှိသွားမှာဖြစ်ပါတယ်။
မေလ ၁၆ ရက်နေ့မှာ Chinese ROM အစမ်းစားသုံးဖို့အတွက် လူအကန့်အသတ်နဲ့ MIUI forum ကနေ ဖိတ်ကြားသွားမှာဖြစ်ပြီး၊ open beta ဗားရှင်းကိုတော့ ဂျွန်လ ၁ ရက်နေ့မှာ ထုတ်ပေးသွားမှာပါ။ Developer edition ကိုတော့ ဂျွန်လ ၁၇ ရက်နေ့မှ ၀င်မှာဖြစ်ပါတယ်။
Ref: Gizmotimes, Gadgets 360, Android Central
http://digitaltimes.com.mm/
အဆင်ပြေပါစေ..
-
မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !