Advertise Here !



ဒီမေးခွန်းဟာ လူတိုင်း ကိုယ့်ကိုယ်ကို မေးသင့်တဲ့ မေးခွန်းဖြစ်ပါတယ်။ ခေါင်းဆောင်တစ်ယောက် ဖြစ်ဖို့ဆိုတာ ရာထူးတွေ၊ အာဏာတွေ ရှိမှရယ် မဟုတ်ပါဘူး။ နောက်လိုက်တွေကို အကောင်းဆုံး ဦးဆောင်ပဲ့ကိုင်နိုင်တဲ့ အ
ရည်အချင်း ရှိတဲ့သူဟာ ခေါင်းဆောင်ကောင်းလို့ ဆိုလို့ရပါတယ်။ ဒီတော့ ခေါင်းဆောင်တစ်ယောက် ဖြစ်ဖို့ဆိုရင် ဘာလိုမလဲ? ဟုတ်ကဲ့.. ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ဆိုရင် ခေါင်းဆောင်တစ်ယောက်မှာ ရှိသင့်တဲ့ အ
ရည်အသွေးမျိုးတွေကို ကျင့်ကြံဖို့ လိုပါမယ်။ ဒီအရည်အသွေးတွေဟာ မီလျံနာသူဌေးကြီးကနေစပြီး အတန်းပညာစုံအောင် မတတ်တဲ့သူတွေထိ ကျင့်ကြံလို့ရပါတယ်။
.
(၁) ခေါင်းဆောင်မှုဆိုတာ သင်ယူလေ့လာခြင်းကစတယ်။

ခေါင်းဆောင်ဆိုတာ မွေးကတည်းက သူရဲကောင်းတစ်ယောက်လို အလိုလျောက်ဖြစ်လာတာမဟုတ်ပါဘူး။ (ရှိခဲ့ရင်လည်း ရှားမှာဖြစ်ပြီး အများစုသော ခေါင်းဆောင်တွေဟာ သင်ယူလေ့လာရင်းနဲ့ ဖြစ်လာတာပါ။) ကိုယ်သာ 
ခေါင်းဆောင်တစ်ယောက် ဖြစ်ချင်စိတ်ရှိပြီး ခေါင်းဆောင်မှုစွမ်းရည်တွေကို သင်ယူလေ့လာကျင့်သုံးနေမယ်ဆိုရင်လူတိုင်း ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်ပါတယ်။
.
(၂) နောက်လိုက်တွေအပေါ် အားကိုးပါ။

ခေါင်းဆောင်ဆိုတာ အရာရာတိုင်း၊ တာဝန်တိုင်းကို သူတစ်ယောက်တည်းရဲ့ ပုခုံးမှာ ထမ်းထားရုံနဲ့ မလုံလောက်ပါဘူး။ သူတစ်ယောက်တည်း အရည်အချင်းရှိနေရုံနဲ့ မပြီးသေးပါဘူး။ သူ့နောက်လိုက်တွေ၊ အဖွဲ့သားေ
တွရဲ့ အရည်အသွေးတွေ တိုးတက်လာအောင် လုပ်ဖို့လည်း သူ့မှာ တာဝန်ရှိပါတယ်။ နောက်လိုက်တွေအပေါ် ယုံကြည်မှုအပြည့်နဲ့ အားကိုးတတ်ဖို့လည်း လိုပါတယ်။
.
(၃) သင်ပြရမယ်။ သင်ယူရမယ်။
ခေါင်းဆောင်တစ်ယောက်ဟာ ကိုယ်သိ၊ကိုယ်တတ်ထားတာကို ဝေမျှဖို့ ဝန်လေးနေလို့မရပါဘူး။ ကိုယ့်နောက်လိုက်တွေအတွက် ကိုယ့်မှာရှိထားတဲ့အရာမှန်သမျှကို ပေးဆပ်ဖို့ အမြဲ အဆင်သင့်ဖြစ်နေရပါမယ်။ ဒါတင် မကေ
သးပါဘူး။ သင်ယူဖို့လည်း အမြဲ အားထုတ်နေရပါမယ်။ ကိုယ့်ထက် စီနီယာတွေဆီက သင်ယူရမှာဖြစ်သလို တစ်ခါတစ်ရံမှာတော့ ကိုယ့်နောက်လိုက်တွေဆီကပါ သင်ယူဖို့ လိုအပ်လာတာမျိုးတွေလည်း ရှိတတ်ပါတယ်။
.
(၄) ခေါင်းဆောင်ဆိုတာ အရှင်သခင်မဟုတ်ပါ။

ခေါင်းဆောင်ဆိုတာ နောက်လိုက်တွေရဲ့ အရှင်သခင်မဟုတ်ပါဘူး။ နောက်လိုက်တွေရဲ့ အားကိုးရာ ဦးဆောင်သူပါ။ ဒီအဓိပ္ပာယ်နှစ်ခုကို ကွဲကွဲပြားပြား သိဖို့လိုပါမယ်။ ကိုယ်ဟာ အရှင်သခင်ဖြစ်ချင်တာလား။ ခေါင်းဆောင်
ဖြစ်ချင်တာလား။
.
(၅) ဟန်ဆောင်တတ်ရမယ်

လူသားမှန်ရင် ဝမ်းနည်းတတ်တယ်။ လူသားမှန်ရင် အားငယ်တတ်တယ်။ လူသားမှန်ရင် စိတ်ဓါတ်ကျတတ်တယ်။ ဒါပေမယ့် သင်ဟာ ခေါင်းဆောင်တစ်ယောက် လုပ်တော့မယ်ဆိုရင်တော့ နောက်လိုက်တွေရှေ့မှာ ဝမ်းနည်
းလို့ မရပါဘူး။ အားငယ်လို့မရဘူး။ စိတ်ဓါတ်ကျလို့မရဘူး။ သူတို့အတွက် စံနမူနာကောင်းတစ်ယောက် ဖြစ်ဖို့လိုသလို သူတို့ကို စိတ်ဓါတ်ခွန်အား မြှင့်တင်ဖို့ကလည်း သင့်ရဲ့တာဝန်တစ်ခုပါပဲ။
.
(၆) ခွင့်လွှတ်တတ်ရမယ

နောက်လိုက်တွေရဲ့ အမှားအယွင်းတွေအတွက် အငြိုးအတေးထားတတ်ရင် သင်ဟာ ခေါင်းဆောင်ကောင်းမ
ဟုတ်တာ သေချာပါတယ်။ သူတို့ရဲ့ အမှားတွေအတွက် ခွင့်လွှတ်တတ်ဖို့လည်း လိုပါမယ်။
.
(၇) ခေါင်းဆောင်ဖြစ်ချင်ဖို့ပဲ လိုတယ်။

ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ဘာလိုလဲလို့ တည့်တည့်မေးလာရင်တော့ ခေါင်းဆောင်တစ်ယောက် ဖြစ်ချ
င်စိတ်ရှိဖို့ လိုတယ်လို့ပဲ ပြောရမှာပါပဲ။ သင့်မှာသာ ခေါင်းဆောင်ဖြစ်ချင်စိတ် တကယ်ရှိရင် သင်ဟာ ခေါင်းေ
ဆာင်တစ်ယောက်အဖြစ် ရပ်တည်ခွင့်ရဖို့ အခွင့်အရေးအတော်များသွားပါပြီ။ 
__________
ရွှေညာမောင် (Focus Youth)
Ref: MG . focusyouthmyanmar
အဆင်ပြေပါစေ..
- မောင်ပေါက်< Knowledge Note >
www.maungpauk.org



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !