Advertise Here !

light
အလင်းရောင်ကနေ တိုက်ရိုက်အားသွင်းနိုင်မယ့် နည်းပညာကို အိန္ဒိယမှ တီထွင်ပညာရှင်များက ဖန်တီးလိုက်ပါတယ်။ တိုက်တေနီယမ် ခဲတိုင်များကို ဓာတု အရည်ခွက်ထဲ ထည့်ထားပြီး ပန်ကာငယ်နဲ့ တိုက်ရိုက်ချိတ်ပြပါတယ်။ အလင်းရောင်က ရရှိတဲ့ စွမ်းအင်ကို ရေခွက်ထဲက ဒိုင်အုတ်ချောင်းက တိုက်ရိုက်ဆုပ်ယူခြင်း ဖြစ်ပြီး ပန်ကာကို လည်စေပါတယ်။
အားသာချက်ကတော့ သူဟာ နေရောင်ခြည်တင်မကပဲ အိမ်ထဲက ဖွင့်ထားတဲ့ မီးလုံးက အလင်းရောင်ကိုတောင် ဆုပ်ယူနိုင်အောင် Senstive ဖြစ်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ အလင်းရောင် အနည်းငယ်လေး ရှိတာနဲ့ အားအလိုအလျောက် သွင်းနေမှာ ဖြစ်ပါတယ်။ စမ်းသပ်ပြသမှုမှာ ပန်ကာကို စက္ကန့် ၃၀ မက လည်စေပါတယ်။ ပြီးတော့ တစ်မိနစ် မကြာပဲ ပြန်တပ်တဲ့အခါ ဆက်လည် ပါတယ်။ ဒါကြောင့်မို့ အားဟာ အလိုအလျောက် ဝင်နေခြင်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ ယင်းနည်းပညာကို မိုဘိုင်းဖုန်းအတွင်းက လစ်သီယမ် အိုင်းယွန်း ဘက်ထရီအစားထိုး အသုံးပြုနိုင်မှာ ဖြစ်ပြီး ကုန်ကျ စရိတ်ဟာလည်း အင်မတန့် အင်မတန် သက်သာ သွားမှာ ဖြစ်ပါတယ်။ အဓိကကတော့ ဈေးသက်သာတဲ့ တိုက်တေနီယမ် နိုက်ထရိတ် သတ္တုကိုသာ အသုံးပြုခြင်း ဖြစ်ပါတယ်။ အကယ်၍ ယင်း သတ္တုကို ဖုန်းတွေမှာ အလင်းရောင် ဆုပ်ယူနိုင်တဲ့ layer တစ်ခု အဖြစ် ထားနိုင်ရင် ဖုန်းဟာ အားကို အလင်းရောင်ကနေ အလိုအလျာက် ဆွဲယူမှာ ဖြစ်ပါတယ်။
နည်းပညာဟာ under development မှာပဲရှိပါသေးတယ်။ ပန်ကာကို စမ်းသပ်အောင်မြင်ပေမယ့် ဗို့အားများများ လိုအပ်တဲ့ ဖုန်းအတွက် အားအကြီးစား ထုတ်ပေးနိုင်အောင် ဆက်လည် ဖန်တီးမှာ ဖြစ်ပါတယ်။ သေချာတာကတော့ ယင်း နည်းပညာမှာ Apply လုပ်လို့ရမှာ ဖြစ်ပြီး အကြီးစားလိုအပ်ချက်အတွက် ဖန်တီးရန်သာ လိုအပ်တော့ခြင်း ဖြစ်ပါတယ်။
အကယ်၍ ယင်းနည်းပညာသာသ အောင်မြင်ရင် ဖုန်းတွေကို ပလပ်ပေါက်ထိုး အားသွင်းစရာလိုတော့မှာ မဟုတ်ပါဘူး။ ဗီဒိယို link – https://youtu.be/7Ap-Q1XfcxM
credit -  အောင်ခမ်း (MMAS)

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !