Advertise Here !


2016 မှာ ထွက်လာတဲ့ Samsung Galaxy A5 (2016) SM-A510 ကို Root နည်း တင်ပေးလိုက်ပါတယ်..
Samsung နဲ့ပတ်သက်လာရင် CF-Auto Root က လွယ်ကူပြီးစိတ်ချရပါတယ်.. လွယ်လည်းလွယ်ကူပါတယ်..
  • ပထမဆုံး Odin ကိုဒေါင်းပါ.. ပြီးရင် CF-Auto Root ဖိုင်ကို သက်ဆိုင်ရာ Model အလိုက် ဒေါင်းပါ..
  • Odin ကို Run ပါ..
  • ဖုန်းကို Download Mode ဝင်ပါ.. ( Download Mode ဝင်နည်းကတော့ ဖုန်းကိုပါဝါပိတ်ပြီး Vol down ခလုတ် + Home ခလုတ် + Power ခလုတ်တွေကို တွဲနှိပ်ပါ.. Warning တက်လာရင် Vol Up ကိုတစ်ချက်နှိပ်ပေးလိုက်ပါ.. )
  •  Odin မှာ PDA ကိုနှိပ်ပြီး ခုနက ဒေါင်းထားတဲ့ CF-Auto root ဖိုင်ကိုရွေးပေးလိုက်ပါ..
  • ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ပါ.. ကွန်ပျူတာမှာတော့ ဖုန်းနဲ့ပတ်သက်တဲ့ Driver သွင်းပြီးသားဖြစ်ရပါမယ်.. ဖုန်းမှာလည်း USB Debugging ကို On ပြီးသားဖြစ်ရပါမယ်..
  • Odin က ဖုန်းကိုသိပြီဆိုရင် ဘယ်ဘက်အပေါ်နားလေးမှာ အရောင်သန်းလာပါမယ်..ဒါဆိုရင် Start ကိုနှိပ်ပေးလိုက်ပါ..
  • Odin မှာ Pass လို့ပြသွားရင် ဖုန်းက Reboot ကျသွားပြီး ပြန်တက်လာရင် Super Su လေးနဲ့ Root ပြီးနေပါပြီ..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org


Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !