Advertise Here !


သင့်မှာ ထက်သန်တဲ့ အိမ်မက်တစ်ခုရှိပါသလား? အိမ်မက်ကို လက်တွေ့အဖြစ် ဘယ်လိုပြောင်းလဲအသုံးချရမလဲဆိုတာကိုရော သိပါသလား?
ကဲပါ.. သင့်ဘဝမှာ ဘာကို ဖြစ်ချင်လို့ဖြစ်ချင်မှန်း ရေရေရာရာမရှိသေးဘူးဆိုရင်တော့ ဒီအဆင့် (၄) ဆင့်နဲ့ သင့်ရဲ့အိမ်မက်တွေကို ရှာဖွေလိုက်ရအောင်ဗျာ။ 
.
အဆင့် (၁)

ဘာမှမလုပ်သေးခင်မှာ အရင်ဆုံး စဉ်းစားပါတဲ့။ စဉ်းစားဆိုတာ ကိုယ်ဘာဖြစ်ချင်လဲဆိုတာ သေချာသိအောင် ကိုယ့်ကိုယ်ကို ရှာဖွေရမှာပါ။ ကိုယ်ဖြစ်ချင်တာကို သိပြီဆိုရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့အပိုင်းကို ထပ်ပြီးတော့ စဉ်းစားရမှာဖြစ်ပါတယ်။
.
အဆင့် (၂)

စဉ်းစားရင်းနဲ့ ဘာဖြစ်ချင်လဲဆိုတာသိပြီ။ ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း သိပြီဆိုရင်တော့ ဒုတိယအဆင့်အနေနဲ့ ယုံကြည်ပါ။ ကိုယ်လုပ်မယ့်အရာတစ်ခုကို ဒီအတိုင်းအလုပ်ဖြစ်ရုံလုပ်လိုက်တာနဲ့ ပြင်းပြတဲ့ ယုံကြည်စိတ်ကို အရင်းခံပြီး လုပ်လိုက်တာနဲ့ ဘာကွာသွားလဲဆိုတော့ ခရီးတစ်ခုကို စက်ဘီးနဲ့သွားတာနဲ့ မော်တော်ကားနဲ့ သွားတာနဲ့ ကွာသလိုကို ကွာသွားတာပါ။ လဲပြိုကျသွားတဲ့အခါမှာလည်း ထက်သန်တဲ့ ယုံကြည်စိတ်တစ်ခုက အရာရာကို တည့်မတ်ပေးသွားပါလိမ့်မယ်။
.
အဆင့် (၃) 

စဉ်းစားမယ်။ ယုံကြည်မယ်။ ပြီးရင်တော့ အိမ်မက်တွေအဖြစ် ပြောင်းလဲလိုက်ပါတော့။ သင့်ရဲ့အိမ်မက်ဆိုတာ သင့်ရဲ့အနာဂတ်လည်းပဲ ဖြစ်ပါတယ်။ သင့်လျှောက်ရမယ့် ဦးတည်ချက်၊ လမ်းလည်းပဲဖြစ်ပါတယ်။ အိမ်မက်တွေကို အကောင်အထည်ဖော်နေရတယ်ဆိုတဲ့ ခံစားချက်ကလည်း သင့်ဘဝကို အဓိပ္ပာယ်ရှိစေတဲ့ ခံစားချက်မျိုး ဖြစ်စေပါလိမ့်မယ်။
.
အဆင့် (၄) 

ဘာဖြစ်ချင်လဲဆိုပြီး စဉ်းစားလိုက်တဲ့အဆင့်ကနေပြီးတော့ သင့်အတွက် အိမ်မက်တစ်ခုရှိလာတယ်ဆိုတဲ့ အဆင့်တစ်ခုကို ရလာတဲ့အခါမှာတော့ လုပ်ကိုင်ရဲတဲ့ သတ္တိတစ်ခုကို မွေးရပါတော့မယ်။ တိုက်ခိုက်ရဲတဲ့ စစ်ဘုရင်ပဲ စစ်ပွဲကိုအောင်တာပါ။ ယှဉ်ပြိုင်ရဲတဲ့ သူရဲကောင်းကပဲ အောင်ပွဲကို ရတာပါ။ သင့်ရင်ထဲကို ရောက်လာတဲ့ အိမ်မက်တစ်ခုအတွက် အဆုံးစွန်ဆုံးထိရောက်အောင် သွားမယ်ဆိုတဲ့ သတ္တိမျိုး မွေးရပါလိမ့်မယ်
.
ဘီလ်ဂိတ်၊ ဇူကာဘတ်တို့တွေဟာ သူတို့ရဲ့ ယုံကြည်ရာအိမ်မက်တွေအတွက် ထိပ်တန်းတက္ကသိုလ်တွေကနေ ကျောင်းထွက်ခဲ့ပါတယ်။ စွန့်စားမှုတွေ၊ သတ္တိတွေ ကြီးမားခဲ့ပါတယ်။ 
.
သင့်အတွက်ရော? အောင်မြင်ဖို့အတွက် ကျောင်းထွက်စရာတော့ လိုချင်မှလိုပါလိမ့်မယ်။ ဒါပေမယ့် သတ္တိရှိဖို့တော့လုံးဝဥသုန် လိုအပ်ပါလိမ့်မယ်။
________
ရွှေညာမောင် (Focus Youth)
ref - focusyouthmyanmar
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !