Advertise Here !


မှားဖျက်မိသော/ပျောက်ပျက်သွားသော File များကို ပြန်လည်ရှာဖွေနိုင်ရေးသည် ဖုန်းအသုံးပြုသူများအတွက် တကယ့်ကို အရေးပါတဲ့ အချက်တစ်ချက်ပါ။ ဖုန်း ကို Firmware Update လုပ်မိလို့ပဲဖြစ်ဖြစ်၊ reset မှားချမိတာပဲဖြစ်ဖြစ် ပျောက်ဆုံးသွားတဲ့ ကိုယ့်ရဲ့ အမှတ်တရတွေဟာ နှမြောဖို့ကောင်းသလို ပြန်ရဖို့လဲ ခက်ခဲမှာဖြစ်ပါတယ်။ အကယ်၍မလွဲသာမရှောင်သာ ဆုံးရှုံးခဲ့ရပြီဆိုပါက မည်သို့ မည်ပုံ ပြန်ယူရမည်ဆိုသည်မှာ တကယ့်ကို ခေါင်းကိုက်စရာ အလုပ်တစ်ခုပါ။ ၄င်း ပြဿနာများကို အလွယ်တကူဖြေရှင်းပေးနိုင်မယ့် Software တစ်ခုကတော့ FonPaw Android Data Recovery Software ပဲဖြစ်ပါတယ်။
FonePaw Android Data Recovery Software သည် သင့် Android ဖုန်းမှ မှားဖျက်မိသော File များနှင့် အရေးကြီးသော အချက်အလက်များကို အလွယ်တကူ ပြန်လည် recover ပြုလုပ်နိုင်ရန်ကူညီပေးမှာပဲဖြစ်ပါတယ်။ FonePaw Android Data Recovery Software မှာ အသုံးပြုရလွယ်ကူပြီး ထိထိရောက်ရောက် recover ပြုလုပ်ပေးနိုင်တဲ့ Software တစ်ခုပဲဖြစ်ပါတယ်။
FonePaw ဖြင့် recovery ပြုလုပ်နိုင်တဲ့ File အမျိုးအစာများကတော့ Videos၊ Audios၊ Photos၊ Text Message၊ Contact၊ Call Logs၊ Documents စသည့် တို့ဖြစ်ပါသည်။ ၄င်း Recovery Software သည် Android စနစ် သုံး HTC, Sony, Google, Huawei, Samsung, Motorola, LG, Asus, Acer နှင့် အခြား ဖုန်းများအတွက်ပါ အသုံးပြုနိုင်သော Software တစ်ခုပါ။
ပထမ ဦးဆုံးအနေနဲ့ FonePaw Android Data Recovery Software ကို Download ပြုလုပ်ရမှာဖြစ်ပါတယ်။
FonePaw for Window PC ~ https://drive.google.com/open?id=0B1xNA9r4_wcyT0ZzRDFLMURwWG8
FonePaw for MAC ~ https://drive.google.com/open?id=0B1xNA9r4_wcyXzhXVzg0eGN3Yjg
Download ပြုလုပ်ပြီးပါက FonePaw Android Data Recovery Software ကိုဖွင့်ပါ။
fonepaw-opening-screen-w782
ထို့နောက် ဖုန်းမှ USB debugging feature on ကိုထားဖို့အတွက် ဖုန်းရဲ့ Setting —> Developer Option ထဲကနေဝင်ပြီးတော့ USB Debugging ဆိုတဲ့ option ကို on ထားလိုက်ပါ ။ ပြီးလျှင် ကွန်ပြုတာ နှင့် ဖုန်းကို USB ကြိုးဖြင့် ဆက်သွယ်လိုက်ပါ။
ဖုန်းနှင့် ကွန်ပြုတာချိတ်ဆက်မိသွားပြီဆိုလျှင် ကွန်ပြုတာ Screen ပေါ်တွင် မိမိ recover ပြုလုပ်လိုက်သည့် File အမျိုးအစားကိုရွေးချယ်ပေးရန် Option များပေါ်လာမှာဖြစ်ပါတယ်။
fonepaw3-w782
ထို့နောက် မိမိ recover ပြုလုပ်လိုသော File များကို ရွေးပေးလိုက်ပြီး Next ကို နှိပ်လိုက်ပါ။ ထိုအခါ software မှနေ၍ သင် recover ပြုလုပ်လိုသော files များကို ဖုန်းပေါ်မှာ scanလုပ် ရှာဖွေပေးနေပါလိမ့်မယ် ။ ၄င်း Scan ဖတ်ခြင်းသည် မိနစ် အနည်းငယ်မျှ ကြာမြင့်မှာဖြစ်ပါတယ်။
Scan ဖတ်ပြီးသွားပါ၊ သင့်ရဲ့ ပျောက်ဆုံးနေသော Files များကို ပြန်လည်ရယူနိုင်ပြီပဲဖြစ်ပါသည်။
-
ref- http://www.myanmarithub.com/
-
Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

1 comments:

  1. google driveနဲ့ဒေါင်းမရလို့တခြားlinkနဲ့တင်ပေးနိုင်မလားခင်ဗျာ

    ReplyDelete

Please click on advertisement !