Advertise Here !



Messenger ဟာ Facebook Application အတွင်းမှာ မဟုတ်တော့ပဲ၊ သီးခြား Application တစ်ခုအဖြစ် ရပ်တည်နေ တာကြာပြီပဲဖြစ်ပါတယ်။ အချိန်ကြာလာသည် နှင့် အမျှ Messenger Application ဟာ ပိုမို လူသုံးများ နာမည် ကြီးလာခဲ့ကာ Facebook မှ ဝယ်ယူခဲ့သည့် နာမည် ကြီး Apps တစ်ခုဖြစ်တဲ့ WhatsApp နှင့်ပါ ယှဉ်ပြိုင်လာ နိုင်ပြီဖြစ်ပါသည်။ သို့သော် Messenger နှင့်ပတ်သတ်ပြီး Battery ပိုကုန်ခြင်း၊ RAM ပိုစားခြင်း စ သည့် ပြဿနာ များကတော့ တစ်နေ့ထက်တစ်နေ့ပိုမို ကြုံတွေ့လာနေရပါတယ်။
Facebook Messenger Application ဟာ အခြား Application များထက် သိသိသာသာကို Battery ကော၊ RAM ပါ ပိုအသုံးပြုပါတယ်။ အဘယ်ကြောင့်ဆိုသော် Facebook ဟာ notification များနှင့် update များကို အလျှင်အမြန် သိစေရန် စီစဉ်ပေးထားသောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ဖုန်းလိုင်းမမိ ချိန် များတွင် တောင်မှ ပြောထားပြီးသား Message များကို Messenger ထဲတွင် စိတ်ကြိုက် ပြန်လည်ရှာဖွေနိုင်မှာဖြစ်ပါတယ်။ Messenger Application သည် 100MB လောက် Storage ထဲတွင် နေရာယူထားသော Application တစ်ခုပဲဖြစ်ပါတယ်။
တကယ်လို့ Facebook Messenger ကသင့်ဖုန်းမှာ ပြသနာပေးတယ်လို့ ယူဆရင် Facebook Messenger App ကို uninstall လုပ်ပြီး သူ့ရဲ့ messenger service ကို တစ်ခြား သူတွေတီထွင်ထားတဲ့ application တွေကနေတစ်ဆင့် သုံးလို့ရပါတယ် ။ Metal App ဒါမှ မဟုတ် Tinfoil App စတဲ့ application တွေကနေ Facebook messenger service ကို သုံးလို့ရပါတယ် ။ အဲ့ဒီ့ Application တွေက မူလFacebook Messenger App ထက်စာရင် ဘတ်ထရီစားတာလဲ ပိုသက်သာသလို Ram memory မှာနေရာယူတာလဲပိုသက်သာပါတယ် ။
unnamed
Metal Facebook app

ဒါမှ မဟုတ်ရင်တော့ Facebook Messenger ကို ဖုန်း Browser မှပြန်ဖွင့်ကာ တိုက်ရိုက်အသုံးပြုခြင်းဖြင့် ဖုန်း၏ Storage ကိုပို ထွက်လာစေမှာပဲဖြစ်ပါတယ်။
Message မထွက်ခြင်းနှင့် လက်ခံ၍ မရခြင်းပြဿနာ
တစ်ခါတစ်လေ Messenger မှ ကိုယ်ပို့သော Message များမထွက်ခြင်းဖြစ်တတ်သလို၊ အခြားသူမှ မိမိ ကိုယ်ပို့သော Message များ မဝင်ခြင်းလည်း ဖြစ်တတ်ပါသည်။ အထူးသဖြင့် Sticker များ အပြန်အလှန်ပို့ရာတွင် Message မထွက်လည်းမထွက်တော့သလို၊ အဝင်လည်း လက်ခံလို့မရတော့ပါဘူး။ ထိုပြဿနာ ၏ အဓိက အကြောင်းအရာမှာ Messenger Up to Date မဖြစ်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ယင်းကဲ့သို့ ကြုံတွေ့လာရပါက Play Store (သို့) အခြား Store တစ်ခုခုမှ နေပြီး Messenger App ကို Update ပြုလုပ်လိုက်ခြင်းဖြင့် ဖြေရှင်းနို်င် ပါသည်။
Message များ အလို လျောက်ပျက်သွားခြင်း
သင့် Messenger Apps ထဲမှ Message များမှာ အလိုလျောက် ပျောက်သွားခြင်း၊ archive ဖြစ်သွားခြင်း စသည့်တို့ တစ်ခါတစ်လေတွင် ဖြစ်တတ်ပါသည်။ ထိုအခါ ပြန်လည် ရှာဖွေလိုပါက Facebook ကို Browser တွင် Sign-In လုပ်ကာ Message Tab သို့ဝင်ပြီး See All>More>Archived ကို နှိပ်ကာ ရှာဖွေနိုင်ပါသည်။
Facebook Messenger is not working
Messenger ကိုဖွင့်လိုက်စဉ်တွင် ဘာမှမပေါ်လာပဲ၊ အမဲရောင် Screen သာပေါ်လာပြီး crash ဖြစ်သွားခြင်း၊ (သို့မဟုတ်) Unfortunately Facebook Messenger has stopped စသည့် Dialog box များ ပေါ်လာပါက
ပထမဦးစွာ မိမိ Android OS Version Up-to-Date ဖြစ်မဖြစ်ကို စစ်ပါ။ ၄င်းကို Setting>About Device>Software Update> Update now တွင် ဝင်ရောက် ကြည့်ရှုစစ်ဆေးနိုင်ပါသည်။ ထိုသို Update ပြုလုပ်ရန် အတွက် Wifi တစ်ခုခုနှင် ချိတ်ဆက်ထားရန် လိုအပ်ပြီး၊ Battery အား အနည်းဆုံး ၅၀ ခန့်ရှိရမှာဖြစ်ပါတယ်။
ပြီးနောက် Setting > Application > Application Manager > All > Messenger ထဲသို့ဝင်ကာ Clear Cache ပြုလုပ်ပေးခြင်းဖြင့် ဖြေရှင်းနိုင်ပါသည်။
ထို့ပြင် မိမိ Messenger App ကိုလည်း Latest Version ဖြစ်အောင် Download ပြုလုပ်ထားရမည်ဖြစ်ပြီး၊ လုံးဝ ပြန်မပွင့်လာပါက Setting ထဲဝင်ကာ Reinstall ပြုလုပ်ခြင်းဖြင့် ဖြေရှင်းနိုင်ပါသေးသည်။

ref - http://www.myanmarithub.com/
- အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !