Advertise Here !


လူတိုင်းရဲ့ရင်မှာ အချစ်ခဲ့ရဆုံးသောသူဆိုတာ ရှိခဲ့ကြဖူးပါတယ်။ ပြန်တွေးလိုက်တိုင်း ပျော်စရာတွေ မျှဝေဖူးတဲ့သူ၊ နာကျင်မှုတွေ ဖြစ်စေခဲ့တဲ့သူ၊ ကိုယ်မှဟုတ်ခဲ့ရဲ့လားလို့ တွေးမိရလောက်အောင် ကိုယ့်ကို ပြုစားခဲ့တဲ့သူ။ ဒီလိုလူတစ်ယောက်ဟာ လူတိုင်းရင်မှာ ရှိခဲ့ဖူးပါတယ်။
.
အချိန်တန်တဲ့အခါ ကိုယ့်ရဲ့နံဘေးမှာ ချစ်ရမယ့်သူတစ်ယောက် ရှိကောင်းရှိလာလိမ့်မယ်။ ဒါပေမယ့် တွေးမိတဲ့အခါတိုင်း စွဲလန်းနေရတဲ့သူ၊ မုန်းတီးနေရတဲ့သူ၊ တမ်းတမိတဲ့သူ။ နာကျင်မှုဝေဒနာတွေ မရှိတော့ရင်တောင် တိုက်ဆိုင်တဲ့အခါတိုင်း "သူရော ဘာတွေလုပ်နေမလဲ" ဆိုပြီး တွေးမိရလောက်တဲ့သူမျိုးပေါ့
.
အချိန်ဟာ အကောင်းဆုံး ဆေးဆရာတဲ့လား? ဟုတ်ကောင်းတော့ ဟုတ်ပါလိမ့်မယ်။ အချိန်ကြောင့်ပဲ နာကျင်ခြင်းတွေ သက်သာစေခဲ့တယ်။ ဝမ်းနည်းခြင်းတွေ ပျောက်ကွယ်စေခဲ့တယ်။ မျက်ရည်စတွေလည်း ခမ်းခြောက်လာခဲ့တယ်။
.
ဒါပေမယ့် အချိန်က ပြုံးရယ်နေတဲ့ သူရဲ့ပုံရိပ်လေးကို အတွေးထဲက ထုတ်မပစ်နိုင်ခဲ့ဘူး။ လျှောက်ခဲ့ဖူးတဲ့ ရပ်ကွက်ထဲက လမ်းသွယ်လေးတွေကို ဖျက်ဆီးမပစ်နိုင်ဘူး။ အတူဖန်တီးခဲ့ဖူးတဲ့ အမှတ်တရတွေကို ဝေဝါးမသွားစေခဲ့ဘူး။ အချိန်ဟာ ဝေဒနာတွေကို ကုသနိုင်မယ့် ဆေးဆရာတဲ့လား? မဟုတ်ဘူး.. အချိန်ဆိုတာ ဝေဒနာတွေကို ထုံထိုင်းသွားစေမယ့် ထုံဆေးသက်သက်ပါပဲ..
____________
ရွှေညာမောင် (Focus Youth)

(Focus Youth E-magazine )



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !