Advertise Here !


လေယာဉ်ပြတင်းတံခါးများ ဘာ့ကြောင့် ဝိုင်းနေတာလဲဆိုတာ စူးစမ်းချင်စိတ်ဖြစ်ဖူးပါသလား။ လေယာဉ်ပြတင်းပေါက်ပုံစံအနေအထားတွေဟာ တကယ့်ကို အရေးကြီးပါတယ်။
အရင်တုန်းက စတုန်ရန်းပုံသဏ္ဍာန် ပြတင်းပေါက်တွေ အရမ်းခေတ်စားခဲ့ပြီး အစောပိုင်း လေယာဉ်ဒီဇိုင်းအများစုမှာ ယင်းပုံစံတွေ ထည့်သွင်းခဲ့ကြပါတယ်။
ဒါပေမယ့် ၁၉၅၀ ခုနှစ်များကာလ ရောက်လာတဲ့အချိန်မှာ commercial jetliner ဟာ နာမည် ကျော်ကြားခဲ့တယ်။ ဒီအချက်က ပြသနာတွေ စတင်ဖြစ်ပေါ်ခဲ့တဲ့ အချိန်ဖြစ်ပါတယ်။
လေယာဉ်သစ်တွေဟာ အရင်လေယာဉ်များထက် ပိုမိုလျင်မြန်တဲ့ အရှိန်အဟုန် နောက်ပြီး မြင့်မြင့် ပိုမို ပျံသန်းနိုင်ခဲ့ကြပါတယ်။ သို့သော် မကြာခင်မှာပဲ သူတို့ထဲက ၂ စီးက စတုရန်းပုံသဏ္ဍာန် ပြတင်းပေါက်များကြောင့် ဝေဟင်မှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားခဲ့ကြပါတယ်။
စတုရန်းပုံစံက တမူထူးခြားကောင်း ထူးခြားနိုင်ပေမယ့် ထောင့်စွန်းလေးတွေ ပိုင်ဆိုင်ထားကြပါတယ်။
ယင်းထောင့်စွန်းလေးတွေက အလိုအလျောက် အားနည်းချက်တွေဖြစ်သွားကြကာ လေဖိအားပြောင်းလဲမှုများကြောင့် ဖိတွန်းမှုခံရပြီး အားနည်းမှု ဖြစ်နိုင်ခြေပိုများပါတယ်။ ဒါ့အပြင် လေထုနဲ့ အံတုခရီးနှင်ရတဲ့ အခါမျိုးမှာ ဘေးဒုက္ခရောက်စေတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။
ပြတင်းမှန်ကွေးတွေမှာဆိုရင် ဆုံချက် မရှိပါဘူး။ နောက်ပြီး အက်ကွဲ၊ ကျိုးပဲ့ဖြစ်ပွားနိုင်ခြေ လျော့နည်းစေပါတယ်။
ပြတင်းမှန်အဝိုင်းတွေဟာ ပိုမိုတောင့်တင်းပြီး ပုံပျက်ရွဲ့စောင်းမှု ခံနိုင်စွမ်းရှိကြပါတယ်။ ဆိုလိုတာက လေယာဉ်အတွင်းနဲ့ အပြင်နှစ်ခုကြား လေဖိအား အလွန်ခြားနားတဲ့ခါမျိုးတွေမှာ ပိုအဆင်ပြေပါတယ်။ 
Ref: The Sun ,trend.com.mm
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !