-----
Home
ဗဟုသုတ
ကိုယ်လုပ်တဲ့အရာပဲ ကိုယ်ဖြစ်မယ် (ဗဟုသုတ)
Advertise Here !
=================
အောင်မြင်မှုကို မရှာဖွေဘဲ အောင်မြင်မှုဆိုတာကို မတွေ့နိင်ပါဘူး။
ပျော်ရွှင်မှုဆိုတာကိုလည်း မရှာဖွေဘဲ ပျော်ရွှင်မှုဆိုတာကိုလည်း မတွေ့နိုင်ပါဘူး။ ဘဝကို အဓိပ္ပာယ်ရှိအောင်မနေဘဲလည်း ဘဝရဲ့အဓိပ္ပာယ်ကို မသိနိုင်ပါဘူး။
.
လူဆိုတာ ကိုယ်လုပ်နေတဲ့အရာကိုပဲ ကိုယ်ရမယ်။
ကောင်းတာတွေလုပ်နေတဲ့အခါ အချိန်တန်တဲ့အခါ ကောင်းတာတွေ ဖြစ်လာမယ်။ မကောင်းတာတွေလုပ်နေရင်လည်း အချိန်ကျလာတဲ့အခါ မကောင်းတာတွေ ဖြစ်လာမယ်။
.
ကြမ်းပြင်ကို စိုက်ကြည့်နေပြီးတော့ သက်တန့်ကို မတွေ့နိုင်ပါဘူး။
ကောင်းကင်ကြီးကို ငေးပြီးတော့လည်း မြက်ပင်စိမ်းတွေကို မမြင်နိုင်ပါဘူး။
.
ဒါဆိုရင် အောင်မြင်ချင်တယ်ဆိုရင် ဘာလုပ်ရမလဲလို့ သိပ်ခက်ခက်ခဲခဲ စဉ်းစားနေစရာမလိုပါဘူး။ အောင်မြင်မှုတွေရှိတဲ့လမ်းကို လျှောက်ပြီး၊ အောင်မြင်နိုင်မယ့်အရာတွေအတွက် ကြိုးပမ်းရုံပါပဲ။
ပျော်ရွှင်ချင်တယ်ဆိုရင်လည်း ကိုယ့်ရဲ့ပျော်ရွှင်မှုတံခါးကို ဖွင့်ထားပြီး ပျော်ရွှင်မှုတွေကို လက်ခံကြိုဆိုရုံပါပဲ။
________
ရွှေညာမောင် (Focus Youth) , focusyouthmyanmar

-
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb
UserCloud Download Link
Tusfiles Download Link
Mediafire1 Download Link
Back To Top
Post A Comment:
0 comments: