Advertise Here !


အောင်မြင်ချင်သူတစ်ယောက်အနေနဲ့ အရှုံးတွေကို သည်းခံနိုင်ဖို့၊ လူတွေရဲ့ ဝေဖန်ပြစ်တင်ကဲ့ရဲ့ ရှုံချမှုတွေကို သည်းခံနိုင်ဖို့ လိုအပ်ပါတယ်။ အရှုံးတွေနဲ့ ရင်ဆိုင်လာရရင် စိတ်မပျက်ပါနဲ့။ အားသစ်လောင်းပြီး ရှေ့ဆက်ပါ။
ဘ၀မှာ ဘရာဇီးလို ချန်ပီယံတောင် (၇) ဂိုး (၁) ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်နိုင်ပါတယ်။ ရှုံးနိမ့်လာတဲ့ အခါ လူတွေရဲ့ ပြစ်တင်ကဲ့ရဲ့ ရှုံ့ချသံတွေက အောင်မြင်ခဲ့စဉ်က ချီးကျူးသံတွေထက် ပိုကျယ်လောင်ပါတယ်။

မတုန်လှုပ်ပါနဲ့။ ဒါက လူတွေရဲ့ သဘာဝပါပဲ။ ရှေ့ဆက်ပါ။ ကျရှုံးတယ်ဆိုတာ အောင်မြင်ဖူးလို့ပါ။ သင် မအောင်မြင်ဖူးရင် ဘယ်တော့မှ မကျရှုံးပါဘူး။ ပြုတ်ကျတယ်ဆိုတာ အမြင့်ကို ရောက်လို့ပါ။ သင်အမြင့်ကို မရောက်ဖူးရင် ဘယ်တော့မှ မပြုတ်ကျပါဘူး။

သင်အလုပ် သေးသေးလေးလုပ်ရင် လူတွေက သေးသေးလေး ဝေဖန်ပါလိမ့်မယ်။ သင်အလုပ် အကြီးကြီးလုပ်ရင် လူတွေက အကြီးကြီးဝေဖန်ပါလိမ့်မယ်။ လူတွေရဲ့ ဝေဖန်တာကို မခံနိုင်ဘူးဆိုရင် သင် ဘာမှမလုပ်ဘဲ အိပ်နေမှဘဲ ရပါလိမ့်မယ်။

လင်းသိုက်ညွှန့်(မြန်မာ့မြေ)
ref - WunZinn
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org




Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !