Advertise Here !



အသံနည်းပညာနှင့်ပတ်သတ်ပြီး အများထက်ဦးအောင် အသစ်အဆန်းများထွင်ကာ ဈေးကွက်ကို ကြီးစိုး ထားသော ကုမ္ဗဏီ တစ်ခုဖြစ်သော Sony သည် လက်ရှိ မည်သည့်နားကြပ်များနဲ့ လုံးဝမတူသည့် ထူးခြားသော နားကြပ်တစ်မျိုးကို SXSW ပွဲတွင် ပြသခဲ့ပါတယ် ။အဲ့ဒီ့ နားကြပ်က လည်ပင်းမှာတပ်ထားရုံပဲ ဖြစ်ပြီး တစ်ခြားနားကြပ်တွေလို နားကို earpad လေးတွေထိုးထည့်ထားစရာမလိုအပ်ပါဘူး ။ ဒီ လည်ပင်းမှာတပ်ထားတဲ့ ဒီနားကြပ်ကနေ အသံလှိုင်းကို သင့်နား စီကိုပဲတိုက်ရိုက်ရောက်အောင်လုပ်ပေးမှာဖြစ်ပါတယ် ။ အဲ့ဒီ့လို အသံလှိုင်းကို ထုတ်လွင့်တဲ့နေရာမှာ သင်တစ်ယောက်ထဲသာကြားရအောင် ပြုလုပ်ထားမှာဖြစ်ပြီးတော့ တစ်ခြားနားကြပ်တွေလိုမျိုး ဘေးနားကလူက အဲ့ဒီ့အသံကို ကြားရမှာမဟုတ်ပါဘူး ။ Sony၏ အဓိက ရည်ရွယ်ချက်မှာ လက်ရှိ ဈေးကွက်တွင် ရှိပြီးသား နားကြပ်များထက် သာလွန်ကောင်းမွန်တဲ့ နားကြပ်တစ်ခုကို ဖန်တီးခြင်းပဲဖြစ်ပါတယ်။ ယင်း နားကြပ်ကို လက်ရှိတွင် Concept N ဟုအမည် ပေးထားပါသည်။
sony-future-lab-project-n-sxsw-2016-2.0.0
Concept N ဟာ နားတွင် နားကြပ်ပလက် ထိုးထားစရာ မလိုတဲ့ အတွက် ဘေးနားပတ်ဝန်းကျင်က တစ်ခြားအသံတွေကိုလဲ ကြားခွင့်ရမှာဖြစ်ပါတယ် ။ အားသာတဲ့အချက်က လမ်းလျှောက်ရင်းနားထောင်တဲ့ အခါ စက်ဘီးစီးရင်း နားထောင်တဲ့အခါ ပတ်ဝန်းကျင်နဲ့ အဆက်မပြတ်စေတော့ဘူး ဖြစ်ပါတယ်။ နားကြပ်ကိုတော့ ဖုန်းကနေ Bluetooth connection သုံးပြီး ချိတ်ပြီးသုံးရမှာဖြစ်ပါတယ်။
Concept N သည် ယခင် head phone စနစ်များ အတိုင်း အသုံးပြုနိုင်ရန်အတွက် လည်းပင် အပတ်နှင့် တွဲဖက်အသုံးပြုနိုင်သည့် ကန်တော့ချွန်ပုံစံ ear pads လေးများလည်း ပါရှိပါသည်။ ၄င်း ear pod များနှင့် တွဲဖက် နားထောင်ပါက ရင်တော့ ဘေးက တစ်ခြားအသံတွေကိုတော့ ကြားရတော့မှာ မဟုတ်ပါဘူး ။
DSCF3380
Concept N တွင် Voice Control နှင့် Camera ပါတွဲဖက်ပါရှိပါသေးသည်။ ထိုပြင် အသံအတိုးအချဲ့ကို အလွယ်တကူပင်ပြုလုပ်နိုင်ပါတယ်။ N ကို အစမ်းအသုံးပြုဖူးသူများ၏ ပြောကြားချက်များအရ N အသံထွက်မှာ အလွန်အမင်း ကြည်လင်ပြတ်သားပြီး ဘေးပတ်ဝန်းကျင်မှ အသံများကို ပါ မနှောက်ယှက်နိုင်အောင် တားစီး ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် N အပြင်ပန်း အသွင်းအပြင်မှာ လည်း တကယ့်ကို ခေတ်မှီပြီး လှပတဲ့ အသွင်အပြင်ရှိတာပဲဖြစ်ပါတယ်။
ref - myanmarithub
-

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !