-----
Advertise Here !
တစ်နေ့မှာ ကောင်လေးတစ်ယောက်ဟာ စတိုးဆိုင်တစ်ဆိုင်ကိုလာပြီးဖုန်းလေးဆက်ပါရစေဆိုပြီး တောင်းဆိုပါတယ်။ဆိုင်ရှင်လည်း ခွင့်ပြုလိုက်ပြီး သူဘာပြောလဲဆိုတာ တိတ်တဆိတ်နားထောင်နေလိုက်ပါတယ်။ကောင်လေးသည် အမျိုးသမီးတစ်ယောက်ဆီကို ဖုန်းခေါ်တာဖြစ်ပါတယ်။.ကောင်လေး - အန်တီ ကျွန်တော် အန်တီ့ဆိုင်မှာ မြက်တွေဖြတ်တဲ့အလုပ်ကို လုပ်လို့ရမလား.အမျိုးသမီး - ငါ့ဆီမှာ မြက်ဖြတ်တဲ့ကောင်လေး တစ်ယောက်ရှိပြီးသားပါ။.ကောင်လေး - ကျွန်တော်သူယူတဲ့ လစာရဲ့ တစ်ဝက်ကိုပဲယူပါ့မယ်။ကျွန်တော့်ကိုအလုပ်ခန့်ပါ။.အမျိုးသမီး - ငါ သူ့ရဲ့လုပ်ရည်ကိုင်ရည်ရော၊ ကိုယ့်ကျင့်တရားကိုရော သဘောကျတယ်။ အဲ့ဒါကြောင့် သူ့ကိုအလုပ်မဖြုတ်နိုင်ဘူး။.ကောင်လေး - ကျွန်တော် မြက်ခင်းဖြတ်တဲ့အလုပ်အပြင် တံမြတ်စည်းလှည်းတဲ့အလုပ်ပါလုပ်ပေးပါ့မယ်။.အမျိုးသမီး - မလိုတော့ပါဘူးကွယ်၊ ကျေးဇူးပါ။.ဖုန်းချပြီးသည့်နောက် ကောင်လေးသည်ကျေနပ်စွာပြုံးလိုက်ပြီးကောင်လေးအနားသို့ သူ့ဖုန်းဆက်နေတဲ့ဆိုင်မှ ဆိုင်ပိုင်ရှင်ရောက်လာခဲ့ပါတယ်။.ဆိုင်ရှင် - ကောင်လေး၊ မင်းရဲ့စိတ်ဓာတ်ကိုငါသဘောကျတယ်၊ မင်းအလုပ်လိုရင် ငါ့ဆိုင်မှာအလုပ်လုပ်နိုင်ပါတယ်။.ကောင်လေး - ဟုတ်ကဲ့ကျေးဇူးပါ၊ ကျွန်တော်မလုပ်တော့ပါဘူး.ဆိုင်ရှင် - ဘာလို့လဲ၊ မင်းခုနက အလုပ်ရဖို့တောင်းတောင်းပန်ပန်ပြောနေတာမဟုတ်လား.ကောင်လေး - မဟုတ်ပါဘူး၊ ကျွန်တော့်အလုပ်ရှင်ရဲ့ကျွန်တော့်အပေါ်သဘောထားကို စမ်းသပ်ကြည့်တာပါ။ခုနကဖုန်းဆက်တဲ့အမျိုးသမီးက ကျွန်တော့်အလုပ်ရှင်ပါ။(သူများတွေနဲ့ လိုက်နှိုင်းယှဉ်နေမယ့်အစား ကိုယ့်ကိုကိုယ်ပြန်နှိုင်းယှဉ်ပြီးကိုယ့်ကိုကိုယ် ကောင်းသထက်ကောင်းအောင် ကြိုးစားနေဖို့ပဲလိုပါတယ်။) __________ဘာသာပြန်(လင်းထက်မော်)Ref : Moral Stories
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb
UserCloud Download Link
Tusfiles Download Link
Mediafire1 Download Link
Back To Top
Post A Comment:
0 comments: