-----
Home
ဗဟုသုတ
မနာလိုစိတ်ကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများ
Advertise Here !
(၁) ကိုယ့်ကိုယ်ကို သိမ်ငယ်စေတယ်။မနာလိုစိတ်ဆိုတာ အများအားဖြင့်တော့ တစ်ဖက်သား ကောင်းကျိုးချမ်းသာဖြစ်နေချိန်မှာ ကိုယ့်စိတ်ထဲ မတင်မကျဖြစ်တာမျိုး၊ မကောင်းတဲ့စိတ်ဖြစ်တာမျိုးတွေ ဖြစ်တာဖြစ်ပါတယ်။ ဒီလိုစိတ်ဝင်လာတာနဲ့ ကိုယ့်ကိုယ်ကို သိမ်ငယ်တဲ့စိတ် အလိုလျောက်ဖြစ်လျက်သား ဖြစ်နေပါတယ်။ကိုယ်ဟာ သူ့လောက် အစွမ်းအစမရှိဘူးဆိုတာကိုလည်း ကိုယ့်ကိုယ်ကို ဝန်ခံမိသလိုပါပဲ။ ဒါကြောင့် မနာလိုစိတ်ဟာ သင့်ရဲ့ ယုံကြည်မှုကိုလည်းပျက်စီးစေပါတယ်။(၂) သွေးတိုးစေတယ်။ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင် မနာလိုစိတ်ဟာ သင့်ရဲ့သွေးခုန်နှုန်းကို မြင့်မားစေပြီး သွေးတိုးခြင်းကိုဖြစ်စေပါတယ်။မနာလိုစိတ်ကြောင့် သင့်စိတ်ထဲမှာလည်း မသက်မသာခံစားရရင်း ဒီခံစားမှုဟာ စိတ်ကျန်းမာရေးကိုသာမကဘဲ ကိုယ်ကျန်းမာရေးကိုပါထိခိုက်စေပါတယ်။(၃) မီးလောင်ရာလေပင့်။ကိုယ့်ရဲ့ မကောင်းတဲ့အကျင့်တစ်ခုကြောင့် မနာလိုစိတ်ဖြစ်စေတယ်ဆိုရင် အဲဒီမနာလိုစိတ်ကြောင့်ပဲ ကိုယ့်ရဲ့မကောင်းမြင်စိတ်တွေ ပိုဆိုးလာစေပါတယ်။ ဒီစိတ်လေးဟာ သိပ်အရေးမပါဘူးလို့ ထင်ရပေမယ့် ဘဝမှာဖြတ်သန်းရတဲ့ ကာလတစ်လျှောက် သင့်ကို အမျိုးမျိုးဒုက္ခပေးပါလိမ့်မယ်။ မနာလိုစိတ်ဟာ တစ်ဖက်သားကို ထိခိုက်မှုမဖြစ်စေခင် ကိုယ့်ကိုယ်ကို အရင်ဆုံးထိခိုက်စေတယ်ဆိုတာ သင်သိသင့်ပါတယ်။(၄) ဖိအားနဲ့ ဖိစီးမှုတွေကတစ်ဆင့် အရှုံးကိုတောင်ဖြစ်စေတယ်။မနာလိုစိတ်ဟာ သင့်စိတ်ကို ဖိစီးမှုတွေဖြစ်စေပါတယ်။ တစ်ဖက်သားကို ဂရုစိုက်လိုက်ရတဲ့အတွက် သင့်ရဲ့စွမ်းရည်တွေကိုလည်းအပြည့်အဝအသုံးမချနိုင်တာမျိုး ရှိနိုင်ပါတယ်။ တစ်ဖက်သားရဲ့အောင်မြင်မှုတွေတိုင်းဟာ သင့်စိတ်ကို မသက်မသာဖြစ်စေပြီး ဒီစိတ်တွေဟာသင့်ဘဝရဲ့အောင်မြင်ရေးကိုတောင် အဟန့်အတားဖြစ်စေနိုင်ပါတယ်။(၅) အပေါင်းအသင်းတွေ ဆုံးရှုံးမယ်။သင့်မှာ မနာလိုစိတ်တွေရှိနေမယ်ဆိုရင် သင်ဟာ လူတွေအပေါ် မကောင်းမြင်စိတ်နဲ့ မကြည့်နိုင်တော့ပါဘူး။ ဒီတော့ သင့်ဘေးမှာလည်းသင့်အပေါ်ကောင်းနိုင်မယ့် မိတ်ဆွေကောင်းဆိုတာလည်း ရှိဖို့မရေရာတော့ပါဘူး။ မနာလိုစိတ်ဟာ သင့်လူမှုဘဝရဲ့ အောင်မြင်မှုတွေကိုလည်းဝါးမြိုဖျက်စီးနိုင်ပါသေးတယ်။ဘယ်လိုလုပ်မလဲ?- တစ်ဖက်သားရဲ့ အောင်မြင်မှုတွေကို မနာလိုစိတ်ဖြစ်မယ့်အစား ကိုယ်လည်း အောင်မြင်အောင်ကြိုးစားပါ။- လောကမှာ ကိုယ့်ထက်သာတဲ့သူတွေရှိတယ်ဆိုတာ လက်ခံပြီး ကိုယ့်ဘက်ကလည်း ကောင်းသထက်ကောင်းအောင် ပြင်ဆင်ပါ။- တစ်ဖက်သားရဲ့ အောင်မြင်မှုကို လက်ခုပ်တီးရင် ကိုယ့်အောင်မြင်မှုအတွက်လည်း လက်ခုပ်သံတွေ ကြားရပါလိမ့်မယ်။ရွှေညာမောင် ref ; (Focus Youth E-magazine)
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb
UserCloud Download Link
Tusfiles Download Link
Mediafire1 Download Link
Back To Top
Post A Comment:
0 comments: