-----
Advertise Here !
၁။ အချိန်ဆိုတာ အဆုံးအစမဲ့မဟုတ်ဘူး။မသိလိုက်၊ မသိဘာသာဖြစ်ဖြစ်၊ သိရက်နဲ့ဖြစ်ဖြစ်၊ မသိချင်ယောင်ဆောင်ပြီးတော့ ဖြစ်ဖြစ် လူတော်တော်များများဟာ အချိန်ဖြုန်းနေတတ်ကြပါတယ်။အချိန်ဆိုတာ အဆုံးအစမဲ့ မဟုတ်ပါဘူး။ ကုန်ဆုံးတတ်ပါတယ်။ မြင်သာအောင် ပြောရရင် ကုန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကို သင်ဘယ်တော့မှ ပြန်မရနိုင်တော့ပါဘူး။၂။ အထင်ကြီးလွန်းမယ်၊ သိမ်ငယ်လွန်းမယ်။ဆယ်ကျော်သက်အရွယ် ကျော်ကာစ အသက်နှစ်ဆယ်အရွယ်တွေမှာ အဖြစ်များတာကတော့ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းတဲ့ ပြသနာနဲ့ကိုယ့်ကိုယ်ကို သိမ်ငယ်လွန်းတဲ့ ပြသနာတို့ပါပဲ။ ဒီ နှစ်ခုရဲ့ အလယ်မှာမှ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းဆိုတဲ့ ဘဝအတွက် အရေးကြီးတဲ့စွမ်းအားတစ်ခု ရှိတာပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ရှာဖွေပါ။၃။ မနက်ခင်းတိုင်းမှာ စွမ်းရည်မြင့်မားတယ်။ငယ်ရွယ်စဉ်မှာ သင့်အိပ်ချိန်နဲ့ အိပ်ရာထချိန်ကို ဘယ်လိုပဲ ပြုမူခဲ့တယ်ဖြစ်စေ အသက်နှစ်ဆယ်ကျော်လာပြီဆိုတာနဲ့ အိပ်ချိန်မှန်သင့်ပါပြီ။ အများစုက ညဆယ့်နှစ်နာရီကနေ မနက် နှစ်နာရီ ဝန်းကျင်အထိ မအိပ်သေးဘဲ အချိန်ဖြုန်းနေလေ့ရှိပါတယ်။ အိပ်ချိန်မမှန်တာဟာ ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင်သင့် စွမ်းဆောင်ရည်တွေကိုလည်း ကျဆင်းစေပါတယ်။ ဒါကြောင့် ညကိုအချိန်သတ်မှတ်ကာ စောစောအိပ်ပြီး မနက်စောစောထသင့်ပါတယ်။လန်းဆန်းနေတဲ့ သင့်မနက်ခင်းဟာ သင့်တစ်နေ့တာလုံးကို အထောက်အကူဖြစ်စေမှာပါ။၎။ လူမှုကွန်ရက် (Facebook) အပေါ် သေချာနားလည်ပါစေ။ ပြင်ပလောကက အပေါင်းအသင်းတွေကို ဂရုစိုက်ပါ။Facebook ဆိုတဲ့ virtual world ဟာ ပြင်ပက မိတ်ဆွေတွေနဲ့ အဆက်အသွယ်မပြတ်စေဖို့နဲ့ ကိုယ့်အတွက် အရေးပါတဲ့ မိတ်ဆွေတွေကို ရှာဖွေဖို့ဆိုတာသင် သိသင့်တဲ့အရွယ်ရောက်ပါပြီ။ Facebook အပေါ် အချိန်အရမ်းပေးပြီး ပြင်ပက အပေါင်းအသင်းတွေအတွက် အချိန်မရှိတော့ဘူးဆိုရင်တော့သင်အမှားအကြီးကြီးကို ကျူးလွန်နေပါပြီ။၅။ ဖုန်းအသုံးပြုပါ။ လူချင်းတွေ့ပါ။Keyboard ကတစ်ဆင့် စကားပြောနေတာတွေ လျှော့ချလိုက်ပါတော့။ ဖုန်းဆက်ပြီး နွေးထွေးတဲ့အသံနဲ့ သင့်သူငယ်ချင်းတွေဆီ ဖုန်းဆက်ပါ။လက်ဖက်ရည်ဆိုင်အတူထိုင်ရင်း ရင်းနှီးမှုတွေ မျှဝေပါ။၆။ သူများပြောတဲ့ထိ စောင့်မနေပါနဲ့။အသက် ၂၀ ကျော်လာပြီဆိုတာက သင်လူကြီးတစ်ပိုင်း ဖြစ်လာပြီလို့ ဆိုလိုတာပါပဲ။ ဒီတော့ သင့်လိုအပ်ချက်တွေကိုပြင်ဖို့ သူများလက်ညှိုးထိုးခံရတဲ့ထိစောင့်မနေပါနဲ့။ သင်အရွယ်ရောက်လာပါပြီ။ သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ပါ။၇။ တာဝန်ယူမှုရှိပါစေ။အရွယ်ရောက်လာတဲ့ သင့်အတွက် တာဝန်ယူမှုတွေရှိပါတယ်။ သင်နိုင်တဲ့ ဝန်ကနေစထမ်းပါ။ အရင်ဆုံး မိဘကို အားမကိုးဘဲသင့်တာဝန်သင် ယူကြည့်ပါ။ ယုံကြည်မှုတွေလည်း တိုးပွားလာပါလိမ့်မယ်။၈။ တစ်ခုခုအပေါ်မှာ ဇောက်ချလုပ်ပါ။အသက် ၂၀ အရွယ်ဟာ သင်ဘဝမှာ ဘာဖြစ်ချင်လဲဆိုတဲ့ မေးခွန်းကို မေးနေတာထက်စာရင် သင်လုပ်ချင်တာတစ်ခုခုကို လုပ်နိုင်ဖို့အတွက်သင့်ကိုယ်သင် ပြင်ဆင်နေရမယ့် အရွယ် ရောက်နေပါပြီ။၉။ အားကျရတဲ့သူ ၃ ဦး။ဘဝအမှာ အထင်ကြီးအားကျရတဲ့သူ ၃ ဦးကိုရွေးထုတ်ပြီး သူတို့တွေရဲ့ အထူးခြားဆုံးစွမ်းရည်တွေကို လေ့လာပါ။ ပုံတူကူးချဖို့ မဟုတ်ပါဘူး။ဘာကြောင့် အားကျစရာကောင်းလဲဆိုတဲ့အချက်ကို သင်သိသွားရင် သင်လည်း ဘာတွေ ပြင်ဆင်ရမလဲဆိုတာ သဘောပေါက်လာမှာပါ။၁၀။ စာဖတ်ပါ။အသက် ၂၀ မှာ စာဖတ်ခြင်းအလေ့အထကို မမွေးမြူနိုင်သေးဘူးဆိုရင် အသက်ကြီးမှာ စာစဖတ်လို့ အဆင်မပြေနိုင်ပါဘူး။(စာဖတ်ရတာဟာ ပျင်းစရာကောင်းတယ်လို့ ခံစားသွားရနိုင်ပါတယ်)၁၁။ မိတ်ဆွေတွေ စုဆောင်းပါ။ငယ်ငယ်ကတည်းက ခင်မင်ရတဲ့ သူငယ်ချင်းတွေ ရှိပါလိမ့်မယ်။ ဒါပေမယ့် ဘဝမှာ အတူလျှောက်လှမ်းရမယ့် မိတ်ဆွေဆိုတာလည်း ရှိပါတယ်။ဒီအရွယ်မှာ ဒီလိုမိတ်ဆွေတွေကို စတင်ရှာဖွေရမယ့် အရွယ်ရောက်ပါပြီ။၁၂။ ဘဝရည်မှန်းချက်။ငယ်ငယ်က ဆေးကျောင်းတက်ခဲ့လို့ ဆရာဝန်လုပ်ရမယ်လို့ မဆိုလိုပါဘူး။ ဒီအချိန်မှာတော့ ဘဝမှာ သင်တကယ်ဖြစ်ချင်တာကို Plan ချပြီး ရဲရဲကြီး လျှောက်လှမ်းသင့်ပါတယ်။ရွှေညာမောင် (Focus Youth E-magazine)
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb
UserCloud Download Link
Tusfiles Download Link
Mediafire1 Download Link
Back To Top
Post A Comment:
0 comments: