Advertise Here !



ကျွန်ုပ်တို့ဟာ "နည်းပညာက ကျန်းမာရေးအတွက် မကောင်းဘူး" ဆိုတဲ့ မက်ဆေ့ဂ်ျကို ထပ်ခါထပ်ခါ ကြားနေခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီ မက်ဆေ့ဂ်ျတွေကလည်း ကျွန်ုပ်တို့ကို နည်းပညာ တွေ အသုံးပြုနေခြင်းကနေ မရပ်တန့်စေခဲ့ပါဘူး။ ဒါပေမယ့်လည်း နောက်ထပ် တစ်ကြိမ် သတိပေးစရာရှိလာတာက ကျွန်ုပ်တို့ရဲ့  စမတ်ဖုန်းတွေဟာ ကျွန်ုပ်တို့ကို စမတ်ဖုန်း လက်သန်းတွေ ဖြစ်သွားစေတာပါပဲ။ 
စမတ်ဖုန်းလက်သန်းဆိုတာဟာ ကျွန်ုပ်တို့ ဖုန်းကို ကိုင်ထားတဲ့ ပုံစံအနေအထားကြောင့် လက်သန်းဟာ နဂို အနေအထားထက် အနည်းငယ် ပို ကွေးကောက်သွားတာကိုဆိုလိုချင်တာဖြစ်ပါတယ်။ Twitter အသုံးပြုသူတွေဟာ သူတို့ရဲ့  အနည်းငယ် ကွေးကောက်သွားတဲ့ လက်သန်းပုံတွေကို ဓါတ်ပုံရိုက်တင်လာကြပြီး  စမတ်ဖုန်းတွေကြောင့်လို့ အပြစ်တင်ပြောဆိုနေကြပါတယ်။ 
ဒါပေမယ့် ဂျပန်နိုင်ငံက မိုဘိုင်းဖုန်း ကုမ္မဏီတစ်ခုဖြစ်တဲ့ NTT Docomo ကုမ္မဏီက ထုတ်ဖော်ပြောကြားလာတာကတော့ အခုလို ဖြစ်နေရခြင်းအကြောင်းအရင်းဟာ ကျွန်ုပ်တို့ရဲ့  စမတ်ဖုန်းတွေကို ကိုင်တွယ်ပုံ အနေအထားကြောင့်ဖြစ်တယ် ဆိုတာပါပဲ။ ကျွန်ုပ်တို့ဟာ စမတ်ဖုန်းကို ကိုင်ထားတဲ့အခါမှာ ဖုန်းတစ်လုံးရဲ့  အလေးချိန်ကို လက်သန်းတစ်ခုတည်းနဲ့ ထိန်းထားတဲ့ အနေအထားမှာ ကိုင်တွယ်မိကြလို့ပါ။ 
အဲဒီအတွက်လည်း NTT Docomo ကုမ္မဏီက မိုဘိုင်းလ်ဖုန်းတွေနဲ့ ပတ်သက်ပြီး ဘေးထွက်ဆိုးကျိုးနဲ့ ထိခိုက်မှု နည်းပါးစေဖို့ ဘယ်လို ကိုင်တွယ်ရမယ်ဆိုတဲ့ လမ်းညွှန်ချက်တွေကိုလည်း ထုတ်ပြန်ထားပါတယ်။ Cosmopolitan သတင်းဌာနကတော့ ဒီ ကိစ္စရပ်နဲ့ ပတ်သက်ပြီး ဆင့်ကဲ ဖြစ်စဉ်တစ်ခုလို့သာ သတ်မှတ်ထားတယ်လို့ ဖော်ပြထားပါတယ်။ 
Ref:cosmopolitan http://www.trend.com.mm/

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !