-----
Home
ဗဟုသုတ
သင့်စိတ်တွေ လွတ်လပ်ပေါ့ပါးလိုပါသလား? ဒါတွေကိုလျော့ပါ
Advertise Here !
၁။ တစ်ဖက်သားကို ဘယ်လိုလူလဲဆိုတာ သတ်မှတ်ခြင်း။ကိုယ့်ကိုယ်ကိုတောင် အပြည့်အဝနားမလည်တဲ့လောကကြီးမှာ သူများဟာ ဘယ်လိုလူစားလဲဆိုတာ သတ်မှတ်ဆုံးဖြတ်တတ်တာ အဆင်မပြေပါဘူး။အထူးသဖြင့် ဒီလူဟာ လူဆိုး၊ လူညာ စသဖြင့် မကောင်းတဲ့ တံဆိပ်ကပ်နှိပ်တတ်တဲ့အကျင့်က သင့်စိတ်ကိုလေးလံစေပါတယ်။ လူတွေကိုသံသယအမြင်နဲ့ကြည့်တတ်တဲ့အကျင့်လည်း စွဲသွားနိုင်ပါတယ်။ လူတိုင်းမှာ ကိုယ်မသိ၊နားမလည်နိုင်တဲ့ အကြောင်းအရာ ကိုယ်စီရှိပါတယ်။၂။ အနာဂတ်ကို စိုးရိမ်ခြင်း။အနာဂတ်ကိုစိတ်မဝင်စားလို့ မစိုးရိမ်တဲ့သူရယ်၊ အနာဂတ်မရေရာလို့ စိတ်ပူတဲ့သူရယ်၊ ခိုင်မာတဲ့ အနာဂတ်ရှိလို့ စိတ်ချတဲ့သူရယ်ဆိုပြီး လူသုံးမျိုးရှိပါတယ်။သင်ဟာ အနာဂတ်အပေါ် စိုးရိမ်တယ်ဆိုရင်တော့ ဒုတိယအမျိုးအစားထဲမှာ ပါနေပါပြီ။အနာဂတ်ကို သေချာပြင်ဆင်ထားတဲ့ သူတစ်ယောက်အတွက် အနာဂတ်ဆိုတာ စိုးရိမ်စရာမရှိပါဘူး။ ရင်ဆိုင်စရာပဲလိုတာပါ။ အနာဂတ်ကို စိုးရိမ်၊စိတ်ပူတတ်တယ်ဆိုရင်တော့ တစ်ခုတည်းသော ဖြေရှင်းနည်းဟာ သေချာအစီအမံ (Plan) ချတာနဲ့ ရည်မှန်းချက်ထားတာပါပဲ။၃။ မျှော်လင့်ချက်တွေ မထားပါနဲ့။ယုံကြည်ချက်ရှိရပါမယ်။ ထက်သန်စိတ်ရှိရပါမယ်။ ဇွဲလုံလ ရှိရပါမယ်။ ဒါဆို အောင်မြင်ဖို့အတွက် လုံးလောက်ပါပြီ။ မျှော်လင့်ချက်တွေကမရေရာနိုင်သလို သင့်စိတ်ကို လေးလံစေပါတယ်။၎။ အငြိုးအတေးတွေ ထားခဲ့ပါ။သင်မကျေနပ်ရင် မကျေနပ်ကြောင်းပြောပါ။ သင် လက်မခံနိုင်ရင် လက်မခံနိုင်ကြောင်းပြောပါ။ သင့်ခံစားချက်တွေကို မြိုသိပ်ပြီး တနုံ့နုံ့ ခံစားနေဖို့မလိုပါဘူး။နောက်ပြီး လူတစ်ယောက်အပေါ် အငြိုးအတေးနဲ့ မုန်းတီးချက်တွေလည်း ကိုယ့်ရင်ဘတ်ထဲထည့်ပြီး သယ်ဆောင်လာစရာမလိုပါဘူး။လူ့ဘဝဆိုတာ တိုတောင်းလွန်းပါတယ်။ အငြိုးအတေးတွေအတွက် သင့်မှာ နေရာမပေးသင့်ပါဘူး။၅။ မုသားတွေ လျော့။ ဖုံးကွယ်တာတွေလျော့။တစ်စုံတစ်ယောက်ကို သင် မုသားသုံးလိုက်ရပြီဆိုတာနဲ့ သင့်စိတ်တွေ မပေါ့ပါးနိုင်တော့ပါဘူး။ ဒီကြားထဲ တမင်တကာပဲဖြစ်ဖြစ်၊ မတော်တဆပဲဖြစ်ဖြစ်ရေရှည်ဖုံးကွယ်စရာ ကိစ္စမျိုး ကြုံလာပြီဆိုရင်တော့ သင့်စိတ်တွေ ပင်ပန်းရပါတော့မယ်။ အမှန်အတိုင်း ရှိပါစေ။ အမှန်တရားဟာ တစ်ခါတစ်ရံ ခါးသီးပေမယ့်လူတိုင်းနဲ့ တည့်ပါတယ်။၆။ သာယာမှုနယ်ပယ်ထဲက ထွက်ဖို့လုပ်။အလုပ်များလွန်းရင် စိတ်ဖိအား ဝင်တတ်သလို၊ အလုပ်မှာ စိန်ခေါ်မှုမရှိရင်လည်း စိတ်ကျတတ်ပါတယ်။ ဒီနှစ်ခုအကြားမှာ သင့်စိတ်ကိုအဆင်ပြေအောင်ထားပါ။၇။ သူများတွေ သင့်ကို ဘယ်လိုထင်မလဲ စိတ်မပူပါနဲ့။လူဆိုတာ အသိုင်းနဲ့အဝိုင်းနဲ့ နေရတဲ့အတွက် ပတ်ဝန်းကျင်နဲ့ ကင်းကွာလို့ မရတာမှန်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ ဘေးစကားတွေကို ခေါင်းထဲမထားဘဲကိုယ်လုပ်ချင်တာလုပ်ရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် ပတ်ဝန်းကျင်က ပြောသမျှကို နှလုံးသားထဲထိ လိုက်ထည့်ပြီး ခံစားနေဖို့တော့ မလိုပါဘူး။သင်ကောင်းတာလုပ်နေတာ သေချာရင် ဘယ်သူကမှ မကောင်းတာပြောလို့ မရပါဘူး။ ဒီတော့ ကိုယ့်ကိုယ်ကို ကောင်းဖို့နဲ့ ကောင်းတာတွေ လုပ်နေဖို့ကိုပဲဂရုစိုက်ပါ။ ဘေးက စကားတွေကို ဂရုမစိုက်ပါနဲ့။ရွှေညာမောင် (Focus Youth E-magazine)
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb
UserCloud Download Link
Tusfiles Download Link
Mediafire1 Download Link
Back To Top
Post A Comment:
0 comments: