Advertise Here !



တစ်နေ့မှာ ကောင်လေးတစ်ယောက်ဟာ စတိုးဆိုင်တစ်ဆိုင်ကိုလာပြီး
ဖုန်းလေးဆက်ပါရစေဆိုပြီး တောင်းဆိုပါတယ်။
ဆိုင်ရှင်လည်း ခွင့်ပြုလိုက်ပြီး သူဘာပြောလဲဆိုတာ 
တိတ်တဆိတ်နားထောင်နေလိုက်ပါတယ်။
ကောင်လေးသည် အမျိုးသမီးတစ်ယောက်ဆီကို ဖုန်းခေါ်တာဖြစ်ပါတယ်။
.
ကောင်လေး - အန်တီ ကျွန်တော် အန်တီ့ဆိုင်မှာ မြက်တွေဖြတ်တဲ့အလုပ်ကို လုပ်လို့ရမလား
.
အမျိုးသမီး - ငါ့ဆီမှာ မြက်ဖြတ်တဲ့ကောင်လေး တစ်ယောက်ရှိပြီးသားပါ။
.
ကောင်လေး - ကျွန်တော်သူယူတဲ့ လစာရဲ့ တစ်ဝက်ကိုပဲယူပါ့မယ်။
ကျွန်တော့်ကိုအလုပ်ခန့်ပါ။
.
အမျိုးသမီး - ငါ သူ့ရဲ့လုပ်ရည်ကိုင်ရည်ရော၊ ကိုယ့်ကျင့်တရားကိုရော သဘောကျတယ်။ အဲ့ဒါကြောင့် သူ့ကိုအလုပ်မဖြုတ်နိုင်ဘူး။
.
ကောင်လေး - ကျွန်တော် မြက်ခင်းဖြတ်တဲ့အလုပ်အပြင် တံမြတ်စည်းလှည်းတဲ့အလုပ်ပါလုပ်ပေးပါ့မယ်။
.
အမျိုးသမီး - မလိုတော့ပါဘူးကွယ်၊ ကျေးဇူးပါ။
.
ဖုန်းချပြီးသည့်နောက် ကောင်လေးသည်ကျေနပ်စွာပြုံးလိုက်ပြီး
ကောင်လေးအနားသို့ သူ့ဖုန်းဆက်နေတဲ့ဆိုင်မှ ဆိုင်ပိုင်ရှင်ရောက်လာခဲ့ပါတယ်။
.
ဆိုင်ရှင် - ကောင်လေး၊ မင်းရဲ့စိတ်ဓာတ်ကိုငါသဘောကျတယ်၊ မင်းအလုပ်လိုရင် ငါ့ဆိုင်မှာအလုပ်လုပ်နိုင်ပါတယ်
.
ကောင်လေး - ဟုတ်ကဲ့ကျေးဇူးပါ၊ ကျွန်တော်မလုပ်တော့ပါဘူး
.
ဆိုင်ရှင် - ဘာလို့လဲ၊ မင်းခုနက အလုပ်ရဖို့တောင်းတောင်းပန်ပန်ပြောနေတာမဟုတ်လား
.
ကောင်လေး - မဟုတ်ပါဘူး၊ ကျွန်တော့်အလုပ်ရှင်ရဲ့ကျွန်တော့်အပေါ်သဘောထားကို စမ်းသပ်ကြည့်တာပါ။
ခုနကဖုန်းဆက်တဲ့အမျိုးသမီးက ကျွန်တော့်အလုပ်ရှင်ပါ။

(သူများတွေနဲ့ လိုက်နှိုင်းယှဉ်နေမယ့်အစား ကိုယ့်ကိုကိုယ်ပြန်နှိုင်းယှဉ်ပြီး
ကိုယ့်ကိုကိုယ် ကောင်းသထက်ကောင်းအောင် ကြိုးစားနေဖို့ပဲလိုပါတယ်။) 
__________
ဘာသာပြန်
(လင်းထက်မော်)
Ref : Moral Stories 
အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !