Advertise Here !


Facebook သည် Windows 10 Messenger app နှင့်စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်ကို Microsoft ၏ Windows Store တွင်ဖော်ပြခဲ့သည်။ သို့ရာတွင် အဆိုပါ beta app ကို download ပြုလုပ်၍ မရသေးပေ။
Windows 10 Messenger app သစ်သည် WindowsBlogItaliaဆိုက်မှ အသေးစိတ်ဖော်ပြခဲ့ပြီး တစ်ရက်အကြာတွင် Microsoft Store ၌ ထွက်ပေါ်လာခြင်းဖြစ်သည်။

Windows 10 Messenger app သည် iPad အတွက်ဖြန့်ချိထားသော Messenger app နှင့်ဆင်တူပြီး Windows 10 သုံးစွဲသူများက Messenger ကို ဝက်ဘ်ဗားရှင်းမှတစ်ဆင့် အသုံးပြုသည့် feature များအတိုင်း ထောက်ပံ့ပေးထားသည်။

Facebook ၏ ရေးသားဖော်ပြချက်တွင်မူ အဆိုပါ app ၌ notification အထောက်အပံ့များနှင့် စောင့်ဆိုင်းနေသည့် message များကို live tile တွင်ဖော်ပြပေးမည့် လုပ်ဆောင်ချက်များပါဝင်ကြောင်း သိရသည်။

ထို့အပြင် သုံးစွဲသူများသည် ဓာတ်ပုံများ၊ ဗီဒီယိုများ၊ GIF များအပြင် စတစ်ကာများကိုလည်း ပေးပို့နိုင်မည်ဖြစ်သည်။ လက်ခံရရှိသူက message ကို မြင်တွေ့သည့်အခါတွင်လည်း ပေးပို့သူက သိရှိနိုင်မည်ဖြစ်သည်။

လတ်တလောတွင် Windows 10 app ကို နိုင်ငံအချို့ရှိ သုံးစွဲသူအနည်းငယ်ထံတွင် စမ်းသပ်လျက်ရှိကြောင်း Facebook မှ ပြောကြားခဲ့သည်။

Ref: ZDNet

သီဟထိုက်
www.thihahtike.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !