Advertise Here !


Ooredoo ၏ တိုင်းတာချက်အရ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း အင်တာနက် အသုံးပြုမှုသည် ၂၀၁၅ ခုနှစ် နောက်ဆုံးလေးလ၌ တစ်ဦးချင်းစီ၏ အသုံးပြုမှုပမာဏမှာ တစ်လလျှင် ပျမ်းမျှ 581MB ရှိခဲ့ပြီး အဆိုပါပမာဏသည် ဥရောပရှိ မိုဘိုင်းဖုန်းအင်တာနက် အသုံးပြုသည့် ပမာဏနှင့် တူညီမှုရှိနေသည်ဟု သိရသည်။
Ooredoo ၏ ဆက်သွယ်ရေး ကွန်ရက်၌ အသုံးပြုသူ ၆ သန်းနီးပါးရှိပြီး အဆိုပါ အသုံးပြုသူအနက် ၈၆ ရာခိုင်နှုန်းသည် အင်တာနက် အသုံးပြုသူများဖြစ်ကြသည်ဟု သိရသည်။ အလားတူ မိုဘိုင်းဖုန်းနှင့် အင်တာနက်အသုံးပြုခြင်းသည်လည်း ၅ ဆခန့် မြင့်တက်လာခဲ့သည်ဟု Ooredoo က ထုတ်ပြန်ခဲ့သည်။

Telenor ၏ စစ်တမ်းများအရ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းအင်တာနက် အသုံးပြုမှုသည် ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်နေသည့် ထိုင်းနှင့် မလေးရှားနိုင်ငံတို့ကို ယှဉ်ပြိုင်နိုင်သည်ဟု သိရသည်။ ၂၀၁၅ ခုနှစ် စတုတ္ထသုံးလပတ် စစ်တမ်းအရ Telenor က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ဆင်းမ်ကတ်အသုံးပြုသူ ၁၄ သန်းအနက် ၅၂ ရာခိုင်နှုန်းသည် မိုဘိုင်းအင်တာနက်စနစ်ကို အသုံးပြုနေကြခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ် နှစ်အစပိုင်းတွင် ဆင်းမ်ကတ် ၁.၇ သန်းခန့် အင်တာနက်စနစ်ကို အသုံးပြုနေကြသည်ဟု Telenor က သတင်းထုတ်ပြန်ခဲ့ပြီး ယခုအခါ မိုဘိုင်းဖုန်းအင်တာနက် အသုံးပြု မှု ၅ ဆခန့် တိုးတက်လာခဲ့သည်ဟု Ooredoo ကလည်း သတင်းထုတ်ပြန်ထားသည်။

Credit Internetjournal

သီဟထိုက်
www.thihahtike.com

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !