Advertise Here !



အိန္ဒိယမှ လူငယ်လေး တစ်ယောက် ဂျပန်သို့ ရောက်သွားတဲ့ အခါမှာ ရထားစီးပါတယ်။ အဲဒီမှာ သူ၏ အကျင့်အတိုင်းပဲ သူ့ရှေ့က ခုံကို ခြေထောက်နဲ့ ကန်ပြီး စီးခဲ့ပါတယ်။ အဲဒီမှာ ဂျပန် အဖိုးကြီး တစ်ယောက် ရောက်လာပြီး သူကန်ထားတဲ့ ခြေထောက်နေရာကို ဝင်ထိုင်လိုက်ပါတယ်။ အဲဒီအခါမှာ အိန္ဒိယ လူငယ်လေးက စိတ်တိုသွားပါတယ်။

ဒါနဲ့ပဲ အိန္ဒိယက လူငယ်လေးက "ဒီမှာ ဟေ့လူ အခြားနေရာတွေ အများကြီး ရှိနေရဲ့နဲ့ ဘာဖြစ်လို့ ကျွန်တော် ခြေထောက်တင်ထားတဲ့ နေရာကို ထိုင်ရတာလဲ။"

ဂျပန် အဖိုးကြီးကလည်း "မင်းဟာ ငါတို့နိုင်ငံရဲ့ ပစ္စည်းတွေကို ဖျက်ဆီးတဲ့ သူ။ ငါ မင်းကို အရမ်းစိတ်ဆိုးတယ်။ ဒါပေမယ့် မင်းဟာ ဧည့်သည် တစ်ယောက် ဖြစ်နေတဲ့အတွက် လူရှေ့ သူရှေ့မှာ မင်းကို ငါ မဆဲပါဘူး။ မင်းဟာ ရှေ့တည့်တည့်က ခုံကို ခြေထောက်နဲ့ ကန်ပြီး ထိုင်တာ မင်းရဲ့ ပင်ကိုယ် အကျင့် ဖြစ်မယ်လို့ ငါထင်တယ်။ မင်းဘာသာ ဘယ်လိုပဲ နေတတ်နေတတ် ငါတို့ နိုင်ငံရဲ့ ပစ္စည်းတွေကိုတော့ ငါ အပျက်အစီး မခံနိုင်ဘူး။ ဒါကြောင့် မင်းအဲဒီလို မျက်စိရှေ့က ခုံကို ခြေထောက်နဲ့ ကန်ပြီး မထိုင်ပါနဲ့။ ငါ့အပေါ်ကို မင်းခြေထောက်တွေ တင်လိုက်ပါ။"

အဲလို ပြောလိုက်တဲ့ အဖိုးအိုကို အိန္ဒိယ လူငယ်လေး အရမ်း လေးစားသွားပါတယ်။

အဖိုးအိုက ဆက်ပြီး ပြောတယ်။ " ဒီပစ္စည်းတွေဆိုတာဟာ ပြည်သူတွေရဲ့ ပိုက်ဆံနဲ့ ဝယ်ထားတဲ့ ပြည်သူပိုင် ပစ္စည်းတွေပါ။ ဒါကြောင့် ဒီလို အများပိုင် ပစ္စည်းတွေကို ငါတို့ ပြည်သူတွေက ထိန်းသိမ်း စောင့်ရှောက်ရမယ်။ မင်းအနေနဲ့ အခြား နိုင်ငံသို့ အလည်ပတ် သွားတဲ့အခါ ယခုလို လုပ်မယ်ဆိုရင် မင်း အဆဲခံရလိမ့်မယ်" လို့ ဂျပန် အဖိုးအိုက ပြောခဲ့ပါတယ်။

သင်ခန်းစာ - နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ပြည်သူပိုင် ပစ္စည်းတွေဆိုတာ ရှိပါတယ်။ ဒီ ပြည်သူပိုင် ပစ္စည်းတွေကို ထိန်းသိမ်း ရမှာက ပြည်သူတွေပါပဲ။

Ref - The Logical Indian
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !