![](https://scontent.xx.fbcdn.net/hphotos-xft1/v/t1.0-9/12814401_1039165932793325_729041802321807883_n.jpg?oh=2840a72e45159f02a7f8627a3dbf99b4&oe=574B6A26)
၁။ ကူညီမူကို လိုအပ်မှ ယူပါ
သူတစ်ပါးဆီကနေ တစ်စုံတစ်ခုကို အကူအညီ ယူလိုက်ပြီဆိုတာနဲ့ သင့်အပေါ်မှာ သူဟာ ကျေးဇူးရှိတဲ့သူ ဖြစ်သွားပါပြီ။ တကယ်လိုအပ်မှာသာ ကူညီမူကို ယူပါ။
၂။ ကျေးဇူးတရားဆိုတာ မဆပ်နိုင်သော်လည်း မစော်ကားမိစေနဲ့
ကူညီမူ တစ်ခုခုကို ယူလိုက်ပြီ ဖြစ်လို့ ကျေးဇူးဆိုတာ ရှိသွားပါပြီ။ ဒါကြောင့် ကျေးဇူးဆပ်ဖို့ လိုအပ်ပါတယ်။ ကျေးဇူးမဆပ် နိုင်ရင်တောင် ကျေးဇူးကန်သူတော့ မဖြစ်ပါစေနဲ့။
၃။ ကူညီတယ်ဆိုရင် ပြန်မမျှော်လင့်ပါနဲ့
မိမိအနေဖြင့် တစ်ပါးသူအား ကူညီလိုက်ရတယ်ဆိုရင် အခြားသူဆီက ပြန်လည် ကူညီမူကို မမျှော်လင့်မိပါစေနဲ့။ ကူညီမူဆိုတာကို စွန့်လွှတ်မူ အနေဖြင့်သာ တွေးတောထားပါ။
၎။ ကိုယ်လိုအပ်တဲ့အခါယူ သို့သော် သူတောင်းတဲ့ အခါမှာလည်း ပေးနိုင်ပါစေ
အကူအညီကို မိမိ လိုအပ်တဲ့ အခါမှကျတော့ တောင်းယူပြီး သူတစ်ပါးဆီကနေ ပြန်လည် တောင်းခံလာခဲ့တဲ့ အခါမှာ ရှောင်ပြေးသူ မဖြစ်ပါစေနဲ့။ နောက်ဆုံး မိမိအား ကူညီခဲ့တဲ့ လက်တစ်စုံကို ရိုက်ချိုးတဲ့ လူသား တစ်ယောက်လည်း မဖြစ်ပါစေနဲ့။
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com
အဆင်ပြေပါစေ..
![](https://1.bp.blogspot.com/-Lqah3a6HHW8/VtptJzArzWI/AAAAAAAAGq4/4kjwcZBp_nA/s1600/09978075760.gif)
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb
Post A Comment:
0 comments:
Please click on advertisement !