-----
Home
ဗဟုသုတ
အရမ်းပူတဲ့ရာသီဥတုမှာ အဲကွန်းမရှိပဲနဲ့တောင် အေးစေမယ့်နည်းလေးများ
Advertise Here !
နေ့လည်းပူ ညလည်းပူတဲ့ အခုလိုနွေရာသီမှာ အားလုံးအတွက် အပူဒဏ်သက်သာစေမယ့် ရိုးရှင်းတဲ့နည်းလေးတွေကို ဖော်ပြလိုက်ပါတယ်။
ရေခဲရေမဟုတ်ပဲ ရိုးရိုးရေများများသောက်ဖို့ကိုတော့ မဖြစ်မနေလုပ်ကိုလုပ်သင့်တဲ့အချက်အဖြစ် အထူး သတိတရပြောပါရစေ။ တန်ဆေးလွန်ဘေးဖြစ်နိုင်တာကြောင့် အပူဒဏ်သက်သာရုံသာ ချင့်ချိန်ပြုလုပ်ကြဖို့တော့ လိုအပ်ပါတယ်။
(၁) ချည်ထည်စစ်စစ် သို့မဟုတ် ချည်သားများများပါတဲ့ အ၀တ်အထည်ကိုသာ ရွေးချယ်ဝတ်ဆင်ပါ။ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်နဲ့ ခြင်ထောင်ကိုလည်း ချည်သားကိုသာ ရွေးချယ်ပါ။အတွင်းခံအ၀တ်အစားကိုလည်း ချည်သားများတဲ့အထည်ကိုပဲ ရွေးချယ်ဝတ်ဆင်ပါ။
(၂) ညနေအလုပ်ကပြန်ရောက်လာတဲ့အခါ ခဏနား ရေသောက်ပြီး ရေချိုးပါ။ တစ်နေကုန်စုလာခဲ့တဲ့ အပူများကို ရေချိုးပြီးထုတ်ပစ်ရမှာဖြစ်ပါတယ်။ အိမ်ပြန်ရောက်ပြီး အကြာကြီးနေပြီးမှ ရေချိုးတာ က အပူကိုစွန့်ထုတ် နိုင်ခြင်းသိပ်မရှိတော့လို့ အပြင်ကပြန်ရောက်ပြီး တစ်နာရီနောက်ပိုင်း ရေချိုးတာက အထိရောက်ဆုံးပါပဲ။
(၃) အရမ်းပူလို့အိပ်မရဖြစ်နေရင် ခြင်ထောင်ကိုရေအနည်းငယ်ဆွတ်ပြီးမှ ထောင်ပါ။ ရေငွေ့လေးတွေက သင့်ကို အေးစေပါလိမ့်မယ်။ မီးသီးမီးချောင်းရဲ့အပူကလည်း နွေရာသီမှာ သိသာတာကြောင့် မီးဖွင့်အိပ်တတ် သူများ တတ်နိုင်ရင် မီးပိတ်ထားပါ။
(၄) ပန်ကာကို ပြတင်းပေါက်နားမှာထားပါ။ အပြင်ကလေထုက ပူနေခဲ့ရင် ပန်ကာကို အပေါ်မြှောက်ပြီး ဖွင့်ထားပါ။ လေပူများကို အပေါ်ကိုပို့လိုက်ပြီး လေအေးတွေကို အစားထိုးဝင်ရောက်စေလို့ အရင်ထက် ပိုအေးလာပါလိမ့်မယ်။
(၅) ပြတင်းပေါက်မှာ အ၀တ်ရေစိုကို လှန်းထားတဲ့နည်းကလည်း အိမ်ထဲကိုလေအေးတွေဝင်စေမှာဖြစ်ပါတယ်။ လေပူတွေက အပေါ်ကိုတက်တတ်တာကြောင့်အိပ်ရာအမြင့်ပေါ်မှာ အိပ်နေသူများက ကြမ်းပြင်ပေါ်ဆင်းအိပ် ရင်လည်း အပူဒဏ်ကို သက်သာစေမှာ ဖြစ်ပါ တယ်။
Photo - greatest.com
စံဝန်းနီ(ရိုးရာလေး)
#swn_yyl
#lifestyle_yyl
www.yoyarlay.com
အဆင်ပြေပါစေ..
မောင်ပေါက်< Knowledge Note >
www.maungpauk.org
Soft : Mb
UserCloud Download Link
Tusfiles Download Link
Mediafire1 Download Link
Back To Top
Post A Comment:
0 comments: