Advertise Here !


Microsoft ၏ AR/VR ထုတ်ကုန်တစ်မျိုးဖြစ်သော HoloLens ၏ အသေးစိတ်အချက်အလက်များ ထွက်ပေါ်လာခဲ့သည်။ အဆိုပါ HoloLens ထုတ်ကုန်တွင် Conker ဂိမ်းသစ်ပါဝင်ပြီး developer များအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါသတင်းကို Forbes မှ ကနဦး ဖော်ပြခဲ့ပြီးနောက် Reddit သုံးစွဲသူတစ်ဦးက ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

Microsoft ၏ HoloLens development kit ကို ကန်ဒေါ်လာ ၃,၀၀၀ ဖြင့် ဖေဖော်ဝါရီလ ၂၉ ရက်မှစတင်၍ ကြိုတင်မှာယူနိုင်ပြီဖြစ်ကာ မတ်လ ၃၀ ရက်တွင် တင်ပို့ပေးသွားမည် ဖြစ်သည်။ အဆိုပါ “Development Edition” VR ထုတ်ကုန်တွင် အသုံးပြုပုံပြသသည့် ဗီဒီယိုနှင့် မှတ်တမ်းရုပ်သံများစွာ ပါဝင်သလို Microsoft မှ ဖန်တီးထားသော ဂိမ်း ၃ ခုလည်း ပါဝင်လာသည်။

Rare ဗီဒီယိုဂိမ်းကုမ္ပဏီမှ ဖန်တီးထားသော နာမည်ကျော် ရှဥ့်ဇာတ်ကောင် ပါဝင်သည့် Young Conker ဟု အမည်ရသော ဂိမ်းတစ်မျိုးလည်း ပါဝင်လာသည်။ အဆိုပါဂိမ်းကို Asobo Studios မှ ဖန်တီးထားပြီး ကစားသူ၏ အစစ်အမှန်ကမ္ဘာပေါ် အခြေခံ၍ ဂိမ်းအတွင်းရှိ ပတ်ဝန်းကျင်ပြောင်းလဲမှုများ ဖြစ်ပေါ်မည်ဖြစ်သည်။

“အခုလိုမျိုးဆိုရင် ဂိမ်မာတိုင်းရဲ့ ပြင်ပကမ္ဘာအတွေ့အကြုံဟာ ထူးခြားနေတဲ့အတွက် လူတိုင်းအတွက် ထူးခြားတဲ့ gameplay အတွေ့အကြုံ ရရှိလာမှာပါ။ သုံးစွဲသူရဲ့ ဧည့်ခန်းနဲ့ မီးဖိုခန်း ဒါမှမဟုတ် အိပ်ခန်းမှာ Conker ဂိမ်းကစားတဲ့ အတွေ့အကြုံ ဘယ်လို တစ်မူထူးခြားတယ်ဆိုတာ အံ့အားသင့်စေမှာပါ။ ဒါ့အပြင် အခန်းတစ်ခုတည်းမှာပဲ ပုံစံအမျိုးမျိုးနဲ့ ဂိမ်းစတင်ရာမှာ gameplay အင်အားသစ်တစ်ခုလုံးကို ဖန်တီးနိုင်ပါတယ်” ဟု Microsoft ကော်ပိုရေးရှင်းဆိုင်ရာ ကူဒိုတီဆုနိုဒါက ပြောကြားခဲ့သည်။

Microsoft အနေဖြင့် Young Conker ဂိမ်းအတွက် trailer ကို ဖြန့်ချိခဲ့သလို တရားဝင်သတင်းအဖြစ်လည်း ထုတ်ပြန်ခဲ့သည်။ Developer များသည် ကန်ဒေါ်လာ ၃,၀၀၀ ဖြင့် headset နှင့် ဘူးတစ်ခုပါဝင်သော HoloLens Development Edition ကို ဝယ်ယူနိုင်ပြီ ဖြစ်သည်။

အခြားဂိမ်းနှစ်ခုမှာ RoboRaid နှင့် Fragments ဟု အမည်ရသော သေနတ်ပစ်ဂိမ်းများ ဖြစ်သည်။ Fragments ဂိမ်းတွင် ကစားသူများသည် ၎င်းတို့၏ နေအိမ်ဧည့်ခန်းအတွင်း မှုခင်းဇာတ်လမ်းနှင့် ကစားရမည်ဖြစ်ပြီး စုံစမ်းစစ်ဆေးသူအနေဖြင့် မှုခင်းများကို ဖြေရှင်းရမည် ဖြစ်သည်။

“Fragment မှာ အခြားဂိမ်းတွေထက် ပိုပြီး ဒီဂျစ်တယ်ကမ္ဘာနဲ့ ပြင်ပကမ္ဘာအကြားက မျဉ်းကို ပေါင်းစပ်ထားပါတယ်။ ဂိမ်းကစားသူရဲ့ ဧည့်ခန်းကို ဇာတ်လမ်းတည်ဆောက်တဲ့နေရာမှာ အသုံးပြုချိန်မှာ တကယ့်အဖြစ်အပျက်လိုမျိုး မှတ်ဥာဏ်တွေကို ဒီဂျစ်တယ်နည်းလမ်းနဲ့ ဖော်ပြပေးမှာပါ။ ယခင်က အသုံးမပြုဖူးတဲ့ ဇာတ်လမ်းပုံစံသစ်ကို အသုံးပြုပြီး စိတ်ပိုင်းဆိုင်ရာကို ဆက်သွယ်ပေးတဲ့ အတွေ့အကြုံရရှိမှာပါ” ဟု ကူဒိုတီဆုနိုဒါက ပြောဆိုခဲ့သည်။

HoloLens development kit တွင် app များစွာပါဝင်ပြီး အစစ်အမှန်ကမ္ဘာထဲတွင် 3D များ ဖန်တီးနိုင်သည့် HoloStudio နှင့် အဆင့်မြှင့်တင်ထားသည့် နာမည်ကျော် messaging ဝန်ဆောင်မှု Skype လည်း ပါဝင်သည်။
HoloLens တွင် ရောမနှင့် မတ်ဟူပီဟူကဲ့သို့ သမိုင်းဝင်နေရာများကို ၃၆၀ ဒီဂရီ panoramic display များဖြင့် ကြည့်ရှုနိုင်မည့် HoloTour လည်း ပါဝင်လာသည်။

Microsoft အနေဖြင့် သုံးစွဲသူများအတွက် ထုတ်လုပ်မည့် HoloLens ဈေးနှုန်းနှင့် နေ့ရက်ကို ထုတ်ပြန်မရှိသေးသော်လည်း Kinect ကဲ့သို့ အဖြစ်မျိုးကို ရှောင်လွှဲနိုင်ရန် ဈေးကွက်အတွင်းသို့ အလျင်စလို ဖြန့်ချိသွားမည်မဟုတ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

Ref: CNET

Credit Internetjournal
သီဟထိုက်


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org



Soft : Mb

UserCloud Download Link

Tusfiles Download Link

Mediafire1 Download Link



Axact

MaungPauk

အပမ်းမကြီးရင် ကြော်ငြာလေးတွေ နှိပ်ခဲ့စေချင်ပါတယ်..

Post A Comment:

0 comments:

Please click on advertisement !